ဆက်ဖတ်ရန်.

ဘဒ္ဒန္တအရိယ၀ံသ (Ph.D) အလိုတော်ပြည့်ဆရာတော်

အလိုတော်ပြည့်ဆရာတော်ကြီး၏(၇)ရက် ၀ိပဿနာ အလုပ်ပေး တရားစခန်း တစ်နေ့တာလုပ်ငန်းစဉ် အချိန်ဇယား

၁။ နံနက် (၀၅း၀၀) နာရီမှ (၀၆း၀၀) နာရီထိ တရားထိုင်ချိန်

၂။ နံနက် (၀၆း၀၀) နာရီမှ (၀၇း၀၀) နာရီထိ နံနက်စာသုံးဆောင်ရန်

၃။ နံနက် (၀၇း၀၀) နာရီမှ (၀၈း၀၀) နာရီထိ တရားနာရန်

၎။ နံနက် (၀၈း၀၀) နာရီမှ (၀၉း၀၀) နာရီထိ စင်္ကြန်လျှောက်ရန်

၅။ နံနက် (၀၉း၀၀) နာရီမှ (၁၀း၀၀) နာရီထိ တရားထိုင်ချိန်

၆။ နံနက် (၁၀း၀၀) နာရီမှ (၁၁း၀၀) နာရီထိ ရေချိုးချိန်

၇။ နံနက် (၁၁း၀၀) နာရီမှ (၁၂း၀၀) နာရီထိ နေ့လည်စာသုံးဆောင်ရန်

၈။ နေ့လည် (၁၂း၀၀) နာရီမှ (၀၁း၀၀) နာရီထိ နားနေချိန်

၉။ နေ့လည် (၀၁း၀၀) နာရီမှ (၀၂း၀၀) နာရီထိ တရားထိုင်ချိန်

၁၀။ နေ့လည် (၀၂း၀၀) နာရီမှ (၀၃း၀၀) နာရီထိ စင်္ကြန်လျှောက် (တရားစစ်) ရန်

၁၁။ ညနေ (၀၃း၀၀) နာရီမှ (၀၄း၀၀) နာရီထိ တရားနာချိန်

၁၂။ ညနေ (၀၄း၀၀) နာရီမှ (၀၅း၀၀) နာရီထိ ရေချိုးချိန်

၁၃။ ညနေ (၀၅း၀၀) နာရီမှ (၀၆း၀၀) နာရီထိ တရားထိုင်ချိန်

၁၄။ ညနေ (၀၆း၀၀) နာရီမှ (၀၇း၀၀) နာရီထိ စင်္ကြန်လျှောက်ချိန်

၁၅။ ည (၀၇း၀၀) နာရီမှ (၀၈း၀၀) နာရီထိ တရားနာချိန်

၁၆။ ည (၀၈း၀၀) နာရီမှ (၀၉း၀၀) နာရီထိ တရားထိုင်ချိန်



မှတ်ချက်။ ။သတ်မှတ်ချိန်မတိုင်မီ (၁၅) မိနစ်စော၍ ကြိုတင်အသိပေးပါမည်။



တရားထိုင်ချိန် (၅) ကြိမ် တရားနာချိန် (၃) ကြိမ် စင်္ကြန်လျှောက်ချိန် (၃) ကြိမ် အလိုတော်ပြည့်ကျောင်းတိုက်များ၏အဓိပြည်တွင်း-ပြည်ပသာသနာပြုအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယ၀ံသ (Ph.D)အလိုတော်ပြည့်ဆရာတော်၏ သတိပဋ္ဌာန်ရှုမှတ်ရာ၌ ယောဂီများ လိုက်နာရမည့် စည်းကမ်းချက်များ

၁။ တရားစခန်း ၀င်ရောက်သည့်နေ့မှစ၍ ကိုးပါးသီလ နေ့စဉ်လုံခြုံအောင် ထိန်းသိမ်းရမည်။

၂။ အရုဏ်မတက်မီ အစာမစားရန် သတိပြုရပါမည်။

၃။ ဘုရားနှင့် ဆရာတော်များအား ကန်တော့သောအခါ ထိခြင်းငါးပါးနှင့် ကန်တော့ရမည်။

၎။ ဓမ္မာရုံတွင်းသို့ တရားနာ၊ တရားအားထုတ်လာရောက်သောအခါ လက်ကို ပိုက်ထားလျက် မှတ်စိတ်ဖြင့် လာရမည်။

၅။ တရားအားထုတ်ရာ ဓမ္မာရုံတွင်းသို့ ၀င်ရောက်သောအခါ လက်အုပ်ချီ၍ ၀င်ရမည်။

၆။ ယောဂီများသည် အလုပ်ကိစ္စနည်းစေပြီး တရားအားထုတ်ချိန်များများရအောင် ကြိုးစားရမည်။

၇။ တရားအားထုတ်ရာ ဓမ္မာရုံတွင်း၌သာ စုပေါင်း၍ တရားအားထုတ်ရည်။ ကျန်းမာရေး မကောင်းသောအခါ၌မူ တရားပြဆရာတော်၏ ခွင့်ပြုချက်ဖြင့် မိမိအဆောင်၌ အားထုတ်နိုင်သည်။

၈။ သက်ဆိုင်ရာ ဆရာတော်များ၏ ခွင့်ပြုချက်မရဘဲ မည်သည့်အကြောင်းကြောင့်မျှ ရိပ်သာအပြင်သို့ မထွက်ရ။ မြို့တွင်း၊ ရွာတွင်းသို့ မသွားရ။

၉။ ရဟန်း၊ ရှင်၊ လူ မည်သည့်ယောဂီမဆို ရိပ်သာ ၀င်နေဆဲရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်း လုံးဝမပြုလုပ်ရ။

၁၀။ တရားစစ်ချိန်များတွင် တရားလျှောက်ရမည်။ တရားရိပ်သာ ၀င်ရောက်နေစဉ် ယောဂီ အချင်းချင်း တရားမဆွေးနွေးရ။ စာမဖတ်ရ။ တရားကိုသာ အချိန်ပြည့် အားထုတ်ရမည်။ တရားနှင့်ပတ်သက်၍ သိလိုမေးလိုလျှင် တရားပြဆရာတော်အား မေးမြန်းလျှောက်ထားရမည်။

၁၁။ ယောဂီများ နှစ်ယောက်၊ သုံးယောက် စုဝေး၍ စကားမပြောရ။ သွားလာရာတွင် ယောဂီ နှစ်ယောက်၊ သုံးယောက် ဘေးချင်းယှဉ်ပြီး မသွားလာရ။ လမ်းလျှောက်နေစဉ် စကားမပြောရ။

၁၂။ သတ်မှတ်ထားသောအချိန်၌သာ ရေချိုးရမည်။ ရေချိုးရာတွင် ဆူညံစွာ မချိုးရ။ ရေချိုးနေစဉ် စကားမပြောရ။ ယောဂီပီပီ မှတ်စိတ်ဖြင့် ရေချိုးနိုင်ရမည်။

၁၃။ အမျိုးသမီး ယောဂီများသည် ဟိရီသြတ္တပ္ပကင်းမဲ့သော ဘောင်းဘီ၊ ဂါဝန် မ၀တ်ရ။ လည်ဟိုက်အင်္ကျီ၊ ပုံဆန်းအင်္ကျီများကို မ၀တ်ရ။ တောက်ပြောင်လွန်းသော အ၀တ်ကြောင်ကြားသော အ၀တ်တို့ကို မ၀တ်ရ။ အဖြူရောင်အင်္ကျီနှင့် အညိုရောင် လုံချည်တို့သည် ယောဂီများအတွက် အသင့်လျော်ဆုံး ၀တ်စုံဖြစ်ပါသည်။ျ

၁၄။ ဆံပင်ကို ဖို့ရို့ဖားလျား ပိုးတို့ပွတ ထိုးထိုးထောင်ထောင် ရှုပ်ရှုပ်ပွေပွေ မရှိစေဘဲ အမြဲတစေ သပ်သပ်ရပ်ရပ် ရှိနေအောင် အထူးဂရုစိုက်ရမည်။

၁၅။ စကားပြောစရာရှိလျှင် တိုးတိုးတိုတိုပြောပါ။ လမ်းသွားရာတွင် ခြေသံမကြားရအောင် သွားလာပါ။ တံခါးကို ဖြည်းဖြည်းဖွင့်ရ/ပိတ်ရမည်။

၁၆။ မိမိထံ ရောက်လာသောဧည့်သည်ကို ကြာရှည်စွာ စကားပြော၍ ဧည့်မခံရ။ လိုရင်းစကားကို တိုးတိုးတိုတိုပြော၍ ပြန်စေရမည်။

၁၇။ သန့်ရှင်းရေးကို အထူးလေးစားရမည်။ ခြောက်သွေ့သော အ၀တ်အထည်များကို တို့လို့တန်းလန်း မရှိစေဘဲ သပ်ရပ်စွာ ခေါက်သိမ်းထားရမည်။

၁၈။ ယောဂီများအချင်းချင်း အုပ်စုဖွဲ့၍ ဆူညံစွာ စကားပြောခြင်း၊ မိတ်ဖွဲ့ခြင်း၊ မိတ်ဆက်ခြင်းများ ရှောင်ကြဉ်ရမည်။

၁၉။ တရားပြဆရာတော်များ၏ ဆုံးမခြင်းကို ကြည်ဖြူစွာ လက်ခံနိုင်သူဖြစ်ရမည်။

၂၀။ တရားဟော၊ တရားနာ၊ တရားအားထုတ်နေစဉ်အတွင်း ကျယ်လောင်စွာ “သန်း”ခြင်းကို အထူးသတိပြု၍ ရှောင်ကြဉ်ရမည်။

၂၁။ ကျန်းမာရေးကောင်းနေသူဖြစ်ပါလျက် တရားနာချိန်၊ တရားအားထုတ်ချိန်များ၌ ရေသာခို အနားယူနေခြင်းကို အထူးရှောင်ကြဉ်ရမည်။

၂၂။ တရားထိုင်နေစဉ်အတွင်း မျက်လုံးခဏခဏ ဖွင့်မကြည့်ရ။ နာရီမော့မကြည့်ရ။ တရားထိုင်ချိန်ပြီးဆုံးသည့်တိုင် မျက်လုံးမှိတ်ထားရမည်။

စင်္ကြန်လျှောက်ရာ၌ ရှုမှတ်ပုံအကျဉ်း

၁။ စင်္ကြန်လျှောက်၍ တရားရှုမှတ်သောယောဂီသည် လက်ကို တန်းလန်းချမထားရ။ ရှေ့ (သို့မဟုတ်) နောက်သို့ ပိုက်ထားရမည်။

၂။ မျက်လုံးဖွင့်ထားပြီး ရှေ့တစ်ဆုံး မကြည့်ရ။ လေးတောင်ခန့်အကွာအဝေးကို ပိုင်းခြားမှတ်သားကြည့်ရှု၍ မျက်လွှာချထားရမည်။

၃။ စင်္ကြန်လျှောက်ရှုမှတ်စဉ် ဣနြေ္ဒပျက်အောင် ဟိုကြည့်၊ ဒီကြည့် မလုပ်ရ။ ကမ္မဋ္ဌာန်းအပေါ် ရိုသေလေးစားစိတ်ဖြင့် လျှောက်ရမည်။

၎။ စင်္ကြန်လျှောက်ရှုမှတ်စဉ် စကားမပြောရ။ အညောင်းပြေသဘောထားလျှောက်ခြင်းမှ ရှောင်ကြဉ်ရမည်။

၅။ မိမိရပ်လိုသောနေရာရောက်လျှင် ခြေထောက်ကို စုံရပ်ပါ။ ရပ်လျှင် ရပ်တယ်လို့ မှတ်ပါ။ လှည့်သောအခါ ဖြည်းဖြည်းလှည့်ပြီး လှည့်တယ်လှည့်တယ်ဟု ရှုမှတ်ပါ။

၆။ စင်္ကြန်လျှောက်ရာတွင် ပထမအနေဖြင့် သွားတယ် သွားတယ်ဟုလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ဘယ်လှမ်းတယ် ညာလှမ်းတယ်ဟုလည်းကောင်း၊ တတိယ အဆင့်အနေအားဖြင့် ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဟုလည်းကောင်း အဆင့်ဆင့် ရှုမှတ်ရမည်။

၇။ တပိုတပါး သွားရာ၊ ရေချိုးရာ၊ ဓမ္မာရုံသို့ သွားလာရာတို့၌ ဘယ်လှမ်းတယ် ညာလှမ်းတယ်ဟု ရှုမှတ်ရမည်။

၈။ စင်္ကြန်လျှောက် ရှုမှတ်ရာတွင် မြန်မြန်မလျှောက်ရ။ နှေးနှေးဖြည်းဖြည်းသာ သတိကပ်လျက် မှတ်စိတ်ပါအောင် လျှောက်ရမည်။

၉။ စင်္ကြန်လျှောက် ရှုမှတ်ခြင်းသည်လည်း ဘုရားဟောသော နိဗ္ဗာန်ရောက်ကြောင်းနည်း တစ်ခုဟု လေးလေးနက်နက် မှတ်ယူထားရမည်။

တရားထိုင်ပုံအကျဉ်း

၁။ တရားမထိုင်မီ အပေါ့-အလေး စွန့်ထားရမည်။

၂။ တော၊ သစ်ပင်အောက် ဆိတ်ငြိမ်သောနေရာတွင် တရားထိုင်ပါဟု မြတ်ဗုဒ္ဓညွှန်ပြသော ကြောင့် အနည်းဆုံး တရားထိုင်သောနေရာသည် ဆိတ်ငြိမ်မှုရှိရမည်။

၃။ တရားအားထုတ်လိုသည့် ယောဂီသည် ရှေးဦးစွာ တင်လ္လင်ခွေ၍ ထိုင်ပါ။ ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထားပြီး မျက်လုံးကို မှိတ်ထားပါ။

၎။ နှာသီးဝ၌ ၀င်သက်လေ၊ ထွက်သက်လေ သွားနေသည်ကို သတိကပ်၍ ရှုမှတ်ပါ။ လေကို ပြင်းပြင်းရှူခြင်း၊ မြန်မြန်ရှူခြင်း၊ အသက်အောင့်ထားခြင်းများ မပြုလုပ်ရ။

၅။ ၀င်သက်လေ၊ ထွက်သက်လေကို သတိကပ်ရှုမှတ်နေစဉ် အခြားသောမှတ်စရာအာရုံ များ ဖြစ်ပေါ်လာပါက ၎င်းမှတ်စရာအာရုံများကို ရှုမှတ်ပါ။

၆။ မှတ်စရာအာရုံအထူးအထွေ မတွေ့ရှိပါက ၀င်လေထွက်လေကို ပြန်၍ ရှုမှတ်ပါ။

၇။ တရားအားထုတ်ရာတွင် ထင်ရှားသောရုပ်နာမ်ကို ဦးစားပေးရှုမှတ်ရမည်။

၈။ နာမ်တရားထင်ပေါ်က နာမ်တရား၊ ရုပ်တရားထင်ပေါ်က ရုပ်တရားကို ရှုမှတ်ပါ။

၉။ စိတ်ကူးစိတ်များဖြစ်ပေါ်လာလျှင် စိတ်ကူးစိတ်ကို ရှုမှတ်ပါ။

၁၀။ တွေးတောကြံစည် အိပ်ချင် ငိုက်မျဉ်းစိတ်များ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ရာကို ရှုမှတ်ပါ။

၁၁။ ခံစားမှုဝေဒနာဖြစ်ပေါ်လာလျှင် ဝေဒနာကို ရှုမှတ်ပါ။

၁၂။ သဘောတရားဖြစ်ပေါ်လာလျှင် သဘောတရားကို ရှုမှတ်ပါ။

ယောဂီများ အာဟာရစားသုံးရာ၌ ဗဟိုစည်းကမ်းချက်များ

၁။ ဝေယျာဝစ္စအဖွဲ့မှ သတ်မှတ်ထားသောနေရာများ၌သာ အာဟာရသုံးဆောင်ရမည်။ မိမိနေရာသို့ ယူငင်မစားရ။

၂။ ယောဂီအားလုံး နေရာယူပြီးမှ စားဖွယ်အာဟာရကို ပစ္စဝေက္ခဏာဆင်ခြင်ပြီး သတိပဋ္ဌာန်မှတ်စိတ်ဖြင့် စားသုံးရမည်။

၃။ ဆွမ်း၊ ထမင်း၊ ဟင်းလျာတို့ကို မိမိနှင့်သင့်တော်ရုံ အတိုင်းအရှည်သိပြီး စားသုံးရမည်။ အစားကြူးသောယောဂီ မဖြစ်စေရ။

၎။ ဆွမ်း၊ ထမင်းလုတ်ကို ယူတိုင်း၊ စားတိုင်း၊ ၀ါးတိုင်း၊ မျိုချတိုင်း အမှတ်သတိပါအောင် ဂရုစိုက်ရမည်။

၅။ ဆွမ်း၊ ထမင်းဝိုင်း၌ စကားပြောဆိုခြင်း၊ ဇွန်းသံ၊ ပန်းကန်သံ ဆူညံခြင်းမပြုမိအောင် သတိပြုရမည်။

၆။ ဇွန်းဖြင့် ကော်ခပ်ရမည့်နေရာတွင် လက်ဖြင့်နှိုက်မစားရ။ သန့်ရှင်းသပ်ရပ်စွာ စားသုံးရမည်။

၇။ ဝေယျာဝစ္စလုပ်သူများထံမှ ဆွမ်း၊ ထမင်း လိုက်ပါ၊ ဟင်းလိုက်ပါဟု အော်ကြီးဟစ်ကျယ် လိုက်ပွဲမတောင်းရ။ ယောဂီပီပီ တင်းတိမ်ရောင့်ရဲနိုင်သူဖြစ်ရမည်။

၈။ ဆွမ်း၊ ထမင်းလုတ် ပါးစပ်ထံရှိစဉ် ပလုပ်ပလောင်းဖြင့် စကားမပြောရ။ ရှူးရှူးရှုပ်ရှုပ် ပျပ်ပျပ်အသံမြည်အောင် စားသောက်ခြင်းမှ ရှောင်ကြဉ်ရမည်။

၉။ ဆွမ်း၊ ထမင်းဝိုင်းအနီး၌ ချွဲသလိပ်ဟပ်ခြင်း၊ နှပ်ညှစ်ခြင်းစသော စက်ဆုပ်ဖွယ်အပြုအမူ များကို မပြုရ။ မလွှဲသာ မရှောင်သာပါက ဆွမ်း၊ ထမင်းဝိုင်းမှထ၍ သင့်တော်ရာ၌သာ နှပ်ညှစ်ခြင်းစသည် ပြုလုပ်ရမည်။

၁၀။ ချောင်းဆိုးခြင်း၊ ချေဆတ်ခြင်းဖြစ်ပေါ်လာလျှင် ဆွမ်း၊ ထမင်းဝိုင်းမှ မျက်နှလွှဲ၍ ပါးစပ်ကို လက်ဖြင့်ကာလျက်သာ ပြုလုပ်ရမည်။

၁၁။ ဆွမ်း၊ ထမင်းစားပြီးသောအခါ မှတ်စိတ်ဖြင့် ရေသောက်ရမည်။

၁၂။ ယောဂီမစုံမီ အရင်ရောက်နှင့်နေသော ယောဂီများသည် မျက်လုံးမှိတ်ထားပြီး ထိုင်တယ် ထိတယ်ဟု မှတ်နေရမည်။

မှတ်ချက်။ ။စည်းကမ်းမလိုက်နာသော ယောဂီများအား ဆရာတော်နှင့် တရားပြပုဂ္ဂိုလ်များမှ လိုအပ်သလို ဆုံးမသြ၀ါဒပေးပြီး ထိုက်သလို အရေးယူမည်ဖြစ်ပါသည်။

ဆက်ဖတ်ရန်.

ကပ္ပိယကျော်ခေါင် နှင့် သူမသိသေးသော အကြောင်းအရာများ


တစ်နေ့သ၌ ကပ္ပိယကျော်ခေါင်းသည်၊ ရွာဦးကျောင်းနောက်ဖက် ဇရပ်အိုကြီး၌ အနားယူနေစဉ်၊ ဆရာတော်ခေါ်သဖြင့် အပြေးအလွှား ကျောင်းကြီးပေါ်သို့ ရောက်ရှိလာ၏၊ ‘‘အမိန့်ရှိပါဘုရား ’’ ဟု၍ လျှောက်ထားလိုက်ရာ ၊ ဆရာတော်သည်း ဤသို့ အမိန့်ရှိလေ၏ ။ ‘‘ ငကျော်ခေါင်း မင်းနဲ့ ငါ နောက်အပတ်ထဲမှာ အညာဖက်ကို ခရီးအတူသွားကြမယ်ကွဲ့ မင်းလည်း ဗဟုသုတ တိုးတာပေါ့ ’’ ဟူ၍ ပြောဆိုလေ၏ ။ ကပ္ပိယကျော်ခေါင် သည် မရောက်ဖူးသောနေရာကို လိုက်ချင်သော်လည်း၊ သူ့အား ‘‘ဗဟုသုတ တိုးတာပေါ့’’ ဟုပြောဆိုသော ဆရာတော့်စကားကို သိပ်ဘဝင်မကျလှပေ ၊ သူသည် သူ့ကိုယ်သူ အင်မတန် ဗဟုသုတ ရှိသူတစ်ယောက်ဟူ၍ ခံယူထားလေ၏ ၊ ဟုတ်လည်းဟုတ်ပေသည်၊ ကပ္ပိယကျော်ခေါင် သည် ညနေစောင်း အချိန်တိုင်း ရွာလယ်က ဒေါပုကုန်စုံဆိုင်သို့ သွားကာ အိမ်ရှင်မများအား အကဲခတ်လေ့ရှိ၏ ။

"ကပ္ပိယကျော်ခေါင် သည် သူအမြဲမပြတ်လေ့လားထားသော ရှားလော့ဟုမ်း၏ စုံထောက် ပညာ နှင့် ဆားပုလင်းနှင်းမောင် တို့ ၏ ပညာများကို လက်တွေ့ အသုံးချလေ့ရှိ၏ ၊ အိမ်ရှင်မများ၏ ဆွဲခြင်းကို ကြည့်သောအားဖြင့် မနက်ဖြန် ရွာဦးကျောင်း၌ အဘယ်ဟင်းများ နေရာယူမည်ကို သူ သေသေချာချာသိလေသည်၊ သို့သော် သူမသိသေးသည်မှာကား ၊ အိမ်ရှင်မများ၏ ဆွဲခြင်းထဲ့၌ ပါသွားသော ကြက်သား ဝက်သားများသည်း အဘယ်ြေုကာင့် ရွာဦးကျောင်းကို ရောက်မလာခဲ့သနည်း၊ ဤသည်ကား ကပ္ပိယကျော်ခေါင် မသိသေးသော အကြောင်းအရာထည့်တွင် တစ်ခုအပါအဝင် ဖြစ်လေသည်။
ရွာဦးကျောင်းဆရာတော် နှင့် ကပ္ပိယကျော်ခေါင် တို့ ခရီးထွက်ခဲ့လေပြီ ၊။
ရန်ုကုန်တွင် ခရီးစဉ်တစ်ထောက်နား၍ ကပ္ပိယအတွက် လိုအပ်သော အဝတ်အစားမျုားကို ဝယ်ကာ အညာခရီးကို စတင်လေတော့၏ ။ မန္တလေး ဂေါဝိန်ဆိပ်မှ တောင်တို သင်္ဘောကြီးဖြင့် ဧရာဝတီမြစ်ကြော်အတိုင်း စုန်ဆင်းခဲ့လေ၏ ။ ကပ္ပိယကျော်ခေါင် သည် မြင်သမျှတွေ့သမျှအားလုံးကို အတတ်နိုင်ဆုံးမှတ်သားထားလေ၏၊ ညနေစောင်း အချိန်ခန့်တွင် ဆီမီးခုံ မြို့အနီ၌ တောင်တို သင်္ဘောကြီး သောင်တင်သဖြင့် ၊ ငကျော်ခေါင် နှင့် တစ်ကွ ကာလသားများ အားလုံး ရေထဲဆင်ကာ သင်္ဘောအား တွန်းခဲ့ရလေသည် ။ ငကျော်ခေါင် အတွက် အင်မတန်မှ ထူးဆန်းသော ဖြစ်ရပ်ဖြစ်လေ၏ ၊ သူကြားဖူးသည်မှာ ကားကိုသာ ဆင်း၍တွန်းရသည် ဟု ကြားဖူးထား၏ ၊ ယခုမူ သင်္ဘောကို ဆင်းတွန်းရသဖြင့် ဒိုင်ယာရီ မှတ်ထားရမလောက် အံ့အိုနေမိ၏ ။ နတ်တိုလ ရာသီ၏ ဒီရေတိုက်စာမူကြောင့် ဧရာဝတီဖြစ်၏ ရေကြောင်း ပုံမှန်မဟုတ်သည်ကိုကား ငကျော်ခေါင် တစ်ယောက် သိမထားပေ။ သူသည် ထုံစံအတိုင်း မျက်စိကို ပေကလပ်ပေကလပ်လုပ်ကာ ဧရာဝတီ ရှူ့ ခင်းများကို အလွန်ပင် အံ့အိုလာခဲလေ၏ ၊အတော် မိုးချုပ်မှ ဆရာတော် နှင့် ကပ္ပိယတို့ ၊ သွားလိုရာ မြင်းခြံမြို့နယ် ကံတော်ရွာသို့ ရောက်လေတော့၏၊ ဆရာတော်သည် အလွန်ပင်ပန်း သဖြင့် စောစော ကျိန်းစက်လေ၏ ၊ ငကျော်ခေါင်းမှာကား သဘောဖြူ ရွှေညာသူလေးများနဲ့ လေပန်းကာမအိပ်ပဲ ကျန်နေသေး၏ ၊ ငကျော်ခေါင်း ပြောသောစကားထဲ့တွင် မိမိသည်သာလျှင် အဓိက မိမိသည်သာလျှင်ဇာတ်လိုက် ဖြစ်လေ၏ ။ ။ မက်ဆိုပိုးတေးမီယား စစ်မြေပြင်မှာ စွန့်စားခဲ့သော ဂျမဒါ မင်းထင် အကြောင်း ၊ ကမ္ဘာ့ ပထမဆုံး ကွန်မန်ဒို အော်တိုစကော့ဇန်ီ အကြောင်း ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၏ စေခိုင်းချက်အရ ဂျူလူမျိုး ခြောက်သန်းကျော်တို့ ကို အရှင်လတ်လတ် သတ်ခဲ့သူ အဒေါ့အိုက်ခမန်း အကြောင်း၊ သဲကန္ဒာရမြေခွေးဟု အမည်းတွင်ခဲ့သော စစ်သူကြီး ရွမ်းမဲ အကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားရာ အခြေခံအကြောင်းတရားဖြစ်သော ဂျနီဖာ စာချုတ်အကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်ရာ နော်မန်ဒီကမ်းတက်တိုက်ပွဲ အကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ အကြောက်ဆုံးဖြစ်ခဲ့ရသည့် နေးဗရွမ်း တောင်ကုန်းမှ အမြောက်ကြီးများအကြောင်း၊ နပိုလီယံအကြောင်း ၊ ရိုးမသူရဲကောင်း အားခီးလီး အကြောင်း၊ ထရွိုင်းမြို့တော်ကို ပျက်စီးအောင် ဖန်တီးပေးခဲ့တဲ့ ထရိုဂျင်း သစ်သားမြင်းရုပ်ကြီင်္းအကြောင်း နှင့် ပျောက်ဆုံးနေသော မြို့တော် ရှန်ဗေလား (ခေါ်) ရှန်းဂရီးလား အကြောင်း များကို ရေပက်မဝင် တတွတ်တွတ် ပြောနေလေတော့၏ ၊ သို့သော ကပ္ပိယကျော်ခေါင်း သည် ရန်ကုန်တွင် ခေတ္တနားနေခဲ့စဉ် ရွှင်ပျော်ပျော်စားသောက်ဆိုင်တွင် ထမင်းစားရင်း အလည်၌ တည်ထားသော ပန်းအိုးကို ငပိရည်နဲ့ တော့ခဲ့သည်ကိုမူ ယောင်လို့တောင်မှ မပြောဖြစ်ခဲ့ပေ ၊ သဘောဖြူ ရွှေညာသူလေးများမှာလည်း ကပ္ပိယကျော်ခေါင်းကို အလွန်အထင်ကြီးလေးစားကာ ထန်းမြစ်မီးဖုတ်များကို ပျားရည်နှင့် ဧည့်ခံကြလေတော့၏ ၊ ကပ္ပိယကျော်ခေါင် သည် ၄င်းထန်းဖြစ်များအား ပျားရည်တွင်တော့ကာ အီကြာကွေးကို ငရုပ်ဆီနှင့်စားသကဲ့သို့ အခွံမနွှာပဲ အချောင်းလိုက်ကိုက်လေတော့၏ ။ ထိုအခါ အညာသူလေးများသည် ခိခိခစ်ခစ်ရယ်မောကြလေ၏ ၊ ကပ္ပိယကျော်ခေါင် သည်ကာ သူ၏ ပျက်လုံးများကို ရယ်သည်ဟု အမှတ်ဖြင့် ရော၍ ရယ်ရင်း ထန်းမြစ်များကို အချောင်းလိုက် စားမြဲစားလေတော့သတည်း။ ။ ဤသည်မှာလည်း ကပ္ပိယကျော်ခေါင် မသိသေးသော အကြောင်းတရားများတွင် တစ်ပါးအပါအဝင် ဖြစ်လေတော့သတည်း။ ။

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP