အလိုတော်ပြည့်ဆရာတော်ကြီင်္း၏ စင်ကာပူတရားစခန်း



5 Days Intensive Vipassana Meditation Course taught by
the most Venerable His Holiness Alodawpyeit Sayadaw Baddanta
Dr. Ariyavamsa, is being organized at the address for Meditation
Retreat is as follow  (FAIRY POINT CHALLET 2,ALOHA CHANGI).
on and from 14th to 19th August 2010. Singapore  is a land where there was always an
influence of an intrinsic human power which
we acquire from meditation. This is a process which
dates back to the ancient ages. In Pali
(ancient Indian Language) Meditation is known as Vipassana.
By practicing Vipassana, the power to develop
the concentration of mind in turn helps in doing well in life.
It is a therapy to bring in peace and tranquility of mind.
As our mind and body are closely related, the healthy
mind transmits healthy stimulation to the body.
Meditation is more relevant in the present day world.

ဆက်သွယ်စုံစမ်းနိုင်ရန်အတွက် တပည့်ဒကာ ဒကာမ များ ကိုသိန်းထွန်းအောင် ဖုန်း98356554
ဒေါ်ရတနာရှိန် ဖုန်း90484205 ဒေါ်သန္တာမြင့် ဖုန်း 90603792 သို့ဆက်သွယ်မေးနိုင်ပါတယ်
မှတ်ချက်။  ။ အလိုတော်ပြည့်တရားစခန်းသို့ ၀င်ရောက်လိုသောယောဂီများ(၁.ရ.၂၀၁၀)မှစ၍စာရင်းပေးသွင်းနိုင်ပါသည်
တရားစခန်းယာယီကျောင်းဆောင်၊တရားဟောခန်းမ၊ကမ္မဋ္ဌာနာစရိယဆရာတော်လေယာဉ်လက်မှတ်၊အရုဏ်ဆွမ်း၊
သောက်ရေသန့်၊အအေး၊လှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
 
ဆက်သွယ်လှူဒါန်းရန်။     Mahamuni Buddhist Society
No.264.Westwood Ave,(Off jurong West Ave 5) Singapore 648464
Tel:6777 7018 - 67909279 - Hp: 91852924
for more information to visit www.alodawpyei.org
email: contact@alodawpyei.orgThis e-mail address is being protected from spambots. You need JavaScript enabled to view it

ဆက်ဖတ်ရန်.

အလိုတော်ပြည့်ဆရာတော်ကြီင်္း၏ စင်ကာပူတရားစခန်း




ပြည်တွင်း ပြည်ပ အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ အလိုတော်ပြည့် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အရိယ၀ံသ (Dr. of Tripitaka (India) Ph. D. (Philosophy-Italy) ဆရာတော်ကြီး မှ၊
ဝိပဿနာအလုပ်ပေးတရားစခန်းကို ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးမည် ဖြစ်ပါ၍၊ တရားအားထုပ်လိုသူ မည်သူမဆို အောက်ပါလိပ်စာများတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း နိဗ္ဗာန်ကို အကျိုးမျှော်၍၊ နိုးဆော်တိုက်တွန်းအပ်ပါသည်။


ဆက်သွယ်စုံစမ်းနိုင်ရန်=
ကိုသိန်းထွန်းအောင် ဖုန်း 98356554   
ဒေါ်ရတနာရှိန် ဖုန်း 90484205 
ဒေါ်သန္တာမြင့် ဖုန်း 90603792 များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 
မှတ်ချက်။  အလိုတော်ပြည့်တရားစခန်းသို့ ၀င်ရောက်လိုသောယောဂီများသည် (၁.ရ.၂၀၁၀)မှစ၍ စာရင်းပေးသွင်းနိုင်ပါသည်
တရားစခန်းယာယီကျောင်းဆောင်၊ တရားဟောခန်းမ၊ ကမ္မဋ္ဌာနာစရိယဆရာတော်လေယာဉ်လက်မှတ်၊ အရုဏ်ဆွမ်း၊
သောက်ရေသန့်၊ အအေး၊ လှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
 
ဆက်သွယ်လှူဒါန်းရန်။     Mahamuni Buddhist Society
No.264.Westwood Ave,(Off jurong West Ave 5
Singapore 648464
 
Tel:6777 7018 - 67909279 - Hp: 91852924
for more information to visit www.alodawpyei.org
email: contact@alodawpyei.orgThis e-mail address is being protected from spambots. You need JavaScript enabled to view it

ဆက်ဖတ်ရန်.

ကပ္ပိယကျော်ခေါင်နှင့် M.B.B.S

တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ကပ္ပိယတစ်ယောက်၏ ရှိသင့်ရှိထိုက်သော စတိုင်လ် အပြည့်ဖြင့်၊ ဘင်္ဂလားပင်လယ်ပြင်ကို ဗဟိုပြုပြီးခုပ်မောင်းလာသော မလိခ အပြန်ရေယာဉ်ပေါ်တွင် အခန့်သား စီးနင်းလိုက်ပါလာလေတော့၏၊ အကျွန်ုပ်သည်ကား အလွန်အင်မတန်မှ လူကဲခပ်တော်သူဖြစ်သည်အားလျှော်စွာ၊ ဘေးဘီးဝဲယာကို အကဲခပ်လျှက်၊ နေမိလေတော့၏။
ထိုအထည့်တွင် အကျွန်ုပ် စိတ်အဝင်စားဆုံးမှာကား၊


မလှန်းမကမ်းတွင် ရှိသော သစ်သာ သေတ္တာကြီးတစ်လုံးဖြစ်လေ၏၊ ထိုသေတ္တာကြီင်္းဘေးတွင်လည်း ပုတ်သင်ညိုကို ဥညှစ်ထားသော ပုံစံဖြင့်၊ လူတစ်ယောက် ထိုင်နေသေး၏၊ မည်သို့မျှ သောတ္တာနဲ့ လူ ပနံမသင့်လှ ဟုလည်း ကောက်ချက်ချမိလိုက်သေး၏၊

သောတ္တာကြီ်းတွင် ရေးထားသောစာမှာကား၊ M B B S ဟုဖြစ်လေ၏၊ သို့သော်လည်း ၄င်းသေတ္တာဘေးတွင် ထိုင်နေသောလူသည် M B B S မဆိုထားဖိ၊ သူငယ်တန်းကြီ်းကိုတောင် အမှတ်ကောင်းခဲ့ပုံမပေါ်ပေ၊ ထိုထက်စိတ်ဝင်းစားဖို့ကောင်းသည်မှားကား။
၎င်းသေတ္တာကြီး၏ အခြားတစ်ဖက်တွင်ထိုင်နေသော ကောင်မလေးသုံးယောက်၏ တီးတိုးဝေဖန်နေသော အသံ ဖြစ်လေသည်။

သူတို့ပြောနေသော စကားများထဲတွင်၊ ဤသင်္ဘောပေါ်၌ မြို့နယ် ဆရာဝန်တစ်ယောက် ပါလာကြောင်း နှင့် သူတို့ရှေ့က တင်ထားသော သေတ္တာကြီးမှာ ၄င်းဆရာဝန်၏၊ သောတ္တာသာဖြစ်နှိုင်ကြောင်း စသည်စသည်၊ အကြောင်းအရာများ ဖြစ်လေ၏။
အကျွန်ုပ်သည်လည်း အရာရာကို သဘောပေါက်သွားပြီးဖြစ်ရကာ၊ မိမိ၏ ခရီင်္းစဉ်ကိုသာ တွေးနေမိလေတော့၏။

များမကြာမီ မိမိတို့သွားလိုရာ မာန်အောင်သင်္ဘောဆိပ်သို့  ရောက်ခဲ့လေ တော့၏။ ကမ်းပေါ်တွင် မိမိနှင့်သိသူ တစ်စုံတစ်ယောက်များ ရှိလေမလားဟု၊ ကြည့်မိရာ၊ အရာရှိကြီးငယ်တို့ဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရသဖြင့်၊ သင်္ဘောပေါ်တွင် ပါလာသော၊ ဆရာဝန်ကို လာရောက်ကြိုဆိုနေသူများသာ ဖြစ်မည်ဟု မှတ်ချက်ချကား၊ ဘာမှဂရုမစိုက်ဟူသော စတိုင်လ်ဖြင့်ပင်၊ ကမ်းပေါ်သို့ တက်လိုက်လေ၏။

ကမ်းပေါ်သို့အရောက်တွင်ကား၊ သင်္ဘောပေါ်တွင်တွေ့ မြင်ခဲ့ရသော၊ ပုတ်သင်ညိုကို ဥညှစ်ထားသကဲ့သို့ ပိန်ရှည်ရှည် လူတစ်ယောက်နှင့်၊ အရာရှိငယ်တစ်ဦး အကြီ်းအကျယ်ပြဿနာ တက်နေသည်ကို မထင်မှတ်ပဲ တွေ့ လိုက်ရသဖြင့်၊ စုံထောက်တစ်ယောက်၏ အကြည့်မျိုးဖြင့် အလျှင်အမြန်သွားရောက် စပ်စုမိလေတော့၏၊

အကြောင်းစုံကို သိရသည်မှားကား၊ သင်္ဘောပေါ်တွင် တွေ့ ခဲ့ရသော ပိန်ရှည်ရှည်လူသည် အရာရှိငယ်၏ ပခုံးပေါ်တွင် ထမ်းထားသော M B B S စားတမ်းပါ သစ်သားသောတ္တာ ကြီ်းအား သူ့သောတ္တာဟုဆိုကာ အတင်းလုယက်နေသည့် ပြဿနာဖြစ်ကြောင်း သိရလေတော့၏၊

အကျွန်ုပ်သည် ပြဿနာ၏ အခြေခံအကြောင်းတရားများကို သေသေချာချာ စစ်ဆေးကြည့်လိုက်သော်အခါ၊ ၄င်း M B B S ဟူသောစားကြောင်းသည်ကား၊ သင်္ဘောပေါ်တွင် ပါလာသော၊ ဆရာဝန်၏ M B B S မဟုတ်ပဲ၊ မောင်ဘိုဘိုစိန် ခေါ် (ပုတ်သင်ညိုကို ဥညှစ်ထားသော ပုံစံရှိသော) ပိန်ရှည်ရှည်လူ၏ M B B S ဖြစ်ကြောင်း သိရှိရလေတော့၏။

ပြဿာနာများ အကုန်အေးအေးဆေးဆေးဖြစ်သွားသောအခါ၊ အကျွန်ုပ်သည် ဆိုက်ကယ်တစ်စီင်္းကို လက်ယတ်ခေါ်လျှက် သွားလိုရားဖက်ကို ဦ်းတည်လိုက်လေတော့၏၊ ဆိုင်ကယ်ပေါ်တွင်ထိုင်ရင်းနှင့်၊ ကိုယ့်ကိုကိုယ့် စဉ်းစားနေမိသည်မှားကား၊ ငါ လူကဲခပ် မဆိုးသေးပါဘူး ဟူ၍ ဖြစ်လေ၏။

ဆက်ဖတ်ရန်.

အလိုတော်ပြည့်ဆရာတော်ကြီး၏ စင်ကာပူတရားပွဲ

ပြည်တွင်း ပြည်ပ အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ အလိုတော်ပြည့် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အရိယ၀ံသ (Dr. of Tripitaka (India) Ph. D. (Philosophy-Italy) ဆရာတော်ကြီး မှ

နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီမြင့် မည်ဖြစ်ပါသဖြင့် တရားတော်နာကြွရောက်ပါရန် စင်ကာပူ နိုင်ငံရှိ တပည့်ဒကာ၊ ဒကာမများတို့အား အသိပေး ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည်နေ့ရက်= ၉- ဇူလိုင် ၂၀၁၀ (သောကြာနေ့)
ကျင်းပမည်အချိန် ညနေ့ ၈ နာရီ မှ ၉ နာရီး ထိ ဟောကြားမည်
ကျင်းပမည်နေ့ရာ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(Clementi ဘုန်းကြီးကျောင်းတိုက်)
23 A – Jalan Mas Puteh Singapore 128628

၂၀၁၀ ခု သြဂုတ်လ ၁၅ ရက် မှ၊ ၂၀၁၀ ခု သြဂုတ်လ ၂၀ ရက်နေ့အထိ
စင်ကာပူနိုင်ငံတွင် အခြေခံဝိပဿနာ အလုပ်ပေးတရားစခန်း ဖွင့်လှစ်မည် ဖြစ်ပါကြောင်းနှင့်၊ ဆက်သွယ်လိုလျှင် အောက် ဖုန်းနံပါတ်
Ph: 67781678-91183961 များသို့  ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။

ဆက်ဖတ်ရန်.

မူလပန်းတိုင်နှင့် နောက်ဆုံးရည်ရွယ်ချက်

ရဟန်းတော်များ၏ မူလပန်းတိုင်၊ ရဟန်းတော်များနှင့် ခေတ်ပညာ၊ ရဟန်းတော်များနှင့် ကွန်ပျူတာအင်တာနက် အစရှိသဖြင့် မေးခွန်းပေါင်းစုံကို အီးမေး တော်တော်များများတွင် ဖတ်ရှူနေရသဖြင့်၊ ဤ မူလပန်းတိုင်ကို ရေးသားလိုက်ပါသည်။


အမြင်အမျိုးမျိုးရှိသည့်အနက် ဤယခု ရေးသားလိုက်ခြင်းသည်လည်း အမျိုးမျိုးရှိသည့်ထဲမှ တစ်မျိုးဟူ၍ မှတ်ယူတော်မူကြပါရန်။
ကမ္ဘာပေါ်ရှိ မည့်သည်အဖွဲ့အစည်းမဆို မူလပန်းတိုင် ဟူ၍ ရှိကြလေသည်။ ဥပမာ အားဖြင့် မြန်မာနိုင်ငံကို ဆိုကြပါစို့…။ မြန်မာနိုင်ငံ၏ မူလပန်းတိုင်သည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီ်းဆီသို့ ဟူ၍ ဖြစ်လေသည်။


ထိုနည်းတူစွာ အဖွဲ့အစည်းစုံ၌ ပန်းတိုင်မျိုးစုံရှိကြလေသည်။ သို့သော် ဤနေရာ၌ အဖွဲ့ အစည်းနှင့် ဝန်ထမ်းကို ကွဲပြား စေချင်သေးသည်။ နိုင်ငံတော်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေသော သူများကို နိုင်ငံဝန်ထမ်းဟု ခေါ်သကဲ့သို့၊ သာသနာတော်၏ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်နေသူုများကိုလည်း သာသနာ့ဝန်ထမ်းဟုခေါ်လေသည်။

ဆိုလိုသည်မှာ နိုင်ငံဝန်ထမ်းတိုင်း နိုင်ငံတော်၏ ရည်ရွယ်ချက်သို့  ဦ်းတည်နေသလော ဟု မေးစရာဖြစ်လာသကဲ့သို့၊ ဦင်္းမတည် တိုင်းလည်း နိုင်ငံဝန်ထမ်းမဟုတ်တော့ ဟူ၍ကား မဆိုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော်.. စာပို့ သမားသည် စာပို့မည်။ ရုံးဝန်ထမ်းသည် ရုံးအလုပ်ကိုလုပ်မည်။ စစ်သားသည် စစ်သားအလုပ်ကိုလုပ်မည်။ ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအလုပ်ကို လုပ်မည်။ ၄င်းတို့အားလုံး နိုင်ငံတော်၏ မူလပန်းတိုင်ဖြစ်သော ခေတ်မီဖွဲ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြမည်မဟုတ်။ စိတ်လည်း ဝင်စားမည်မဟုတ်ပေ။

သူတို့၏ ပုဂ္ဂလိက ရည်ရွယ်ချက်များကိုသာ ဖြစ်အောင် အကောင်အထည်ဖော်နေကြမည်မှာ သေချာသည်။ စာပို့လုလင်သည် စာတိုက်စာရေးကြီးဖြစ်အောင် ကြိုးစားမည်၊ ရုံးဝန်ထမ်းသည် ရုံးအုပ်ကြီ်းဖြစ်အောင် ကြိုးစားမည်၊ စစ်သားသည် ဗိုလ်ဖြစ်အောင် ကြိုးစားမည်၊ ရပ်ကွက် ဥက္ကဋ္ဌသည် မြို့နယ် ဥက္ကဋ္ဌဖြစ်အောင် ကြိုးစားမည်။

ထို့ကြောင့်.. နိုင်ငံတော်၏ မူလပန်းတိုင်သည် ခေတ်မီင်္ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ဟု ဆိုသော်လည်း ဝန်ထမ်းတစ်ဦင်္်း ချင်းစီ၏၊ နောက်ဆုံးရည်ရွယ်ချက်သည်ကား တစ်မျိုးတစ်ဖုံကွဲပြားနေမည် ဖြစ်၏။ သို့သော်လည်း ၄င်းတို့အားလုံးသည်ကား ဝန်ထမ်း ကောင်းများဖြစ်သည်သာမက နိုင်ငံတော်၏ ဦးတည်ချက်ကိုလည်း တစ်နည်းတစ်ဖုံ အကောင်အထည်ဖော်နေသူများသာဖြစ်လေသည်။

ထိုနည်းတူစွာပင်လျှင် သာသနာတည်းဟူသော အဖွဲ့အစည်းကြီင်္း၏ မူလပန်းတိုင်သည်၊ သန္တိသုခ ခေါ် နိဗ္ဗာန် ဖြစ်လေသည်။ နိဗ္ဗာန် သည် အဖွဲ့အစည်းကြီး၏ မူလပန်းတိုင် သို့သော် ၄င်းအဖွဲ့အစည်းကြီး ရည်ရှည်တည်တံ့နိုင်ရန်အတွက်မူ နိဗ္ဗာန်တစ်ခုတည်း မဟုတ် တော့ပေ၊ များလှစွာသော တာဝန်များကို ထမ်းဆောင်နေကြရသော သာသနာ့ဝန်ထမ်းများရှိပေသည်။ ၄င်းသာသနာ့ ဝန်ထမ်းများ သည်ကား မိမိတို့ သန်ရာသန်ရာ တာဝန်များကို နောက်ဆုံးရည်ရွယ်ချက်သို့ရောက်အောင် ထမ်းဆောင်နေကြလေသည်။

တစ်ချို့က ပရိယတ် တစ်ချို့က ပဋိပတ်၊ စသည်အားဖြင့် ပရဟိတပါမကျန် ထမ်းဆောင်နေကြလေသည်။ သို့သော် သာသနာတော်၏ မူလရည်ရွယ်ချက်ကား နိဗ္ဗာန်သည်သာ ဖြစ်၏။ နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အဖွဲ့ကြီင်္းကို စောင့်ရှောက်နေသည်မှာကား ဝန်ထမ်းများသာဖြစ်လေသည်။ ဤသည်ကို လူတိုင်းနားလည်ထားသင့်သည်ဟု ထင်မြင်မိပါသည်။

ဝန်ထမ်းတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို အမြဲတစေကျင့်ကျန် အားထုတ်နေကြသည်မဟုတ်၊ သူ့တာဝန်နှင့်သူ ထမ်းဆောင်နေကြခြင်းသာ ဖြစ်လေသည်။ ဤကဲ့သို့ထမ်းဆောင်နေပါမှလည်း ဤအဖွဲ့အစည်းကြီ်း၏ ဘေးအန္တရာယ်များကို ဘက်ပေါင်းစုံမှ ကာကွယ်နိုင်မည်ဖြစ်သည်။

အဖွဲ့အစည်းကြီးတစ်ခု အစဉ်တည်မြဲနေဖို့အတွက် လူပေါင်းစုံ ဘက်ပေါင်းစုံမှာ တာဝန်ယူရသကဲ့သို့၊ ဤသာသနာ့အဖွဲ့အစည်းကြီး တည့်တံ့ဖို့အတွက်လည်း၊ ဘက်ပေါင်းစုံမှ ပညာရှင်များ၊ လိုအပ်လေသည်၊ ကွန်ပျူတာ ကျွမ်းကျင်သော ဆရာတော်များက ကွန်ပျူတာဖြင့်၊ ဗုဒ္ဓစာပေများကို မှတ်သားထားနိုင်သကဲ့သို့၊ ဘာသန္တရ စာပေများ ကျွမ်းကျင်သော ဆရာတော်များသည်လည်း၊ ဗုဒ္ဓစာပေများကို အခြားသော ဘာသာစကားများ စာပေများဖြင့် ဘာသာပြန်နိုင်လေသည်၊။

အထက်ပါမေးခွန်းများကို မေးမြန်းကြသော မေးခွန်းရှင်များအား အနည်းငယ်သိထားစေချင်သည်မှာ၊ ဘာသာစကားနှင့် ဘာသာတရားကို ကွဲပြားဖို့ လိုလေသည်။ ဘာသာစကားဟူသည်မှာ ဘာသာတရား မဟုတ်သေးသကဲ့သို့၊ ဘာသာတရားသည်လည်း ဘာသာစကား တစ်ခုမဟုတ်သေးပေ၊ မိမိတို့ထင်ထားသည်မှာ ပါဠိစာပေသည်သာ ဗုဒ္ဓစကား၊ ပါဠိစာဖြင့်ရေးသားထားသော စာသည်သာ ဗုဒ္ဓစာပေ ဟူ၍မှတ်သားထားကြသောကြောင့်၊ အထက်ပါ သို့လော သို့လောမေးခွန်းများကို မရှင်းမလင်း နိုင်ကြခြင်းဖြစ်လေသည်။

အမှန်မှာမူ ပါဠိစာပေသည်လည်း ဘာသာစကားတစ်ခုမျှသာ ဖြစ်သောကြောင့်၊ ပါဠိဖြင့်ရေးသားထားမှ ဗုဒ္ဓစကားဟူ၍ မှတ်ထားရန် မသင့်ပေ၊ ပါဠိစကားကို သုံးသော ပါဠိဘာသာကိုပြောသော လူများသည်လည်း၊ မိမိတို့ ပါဠိဘာသာဖြင့် အကြောင်းအရာပေါင်းစုံကို ၄င်းပါဠိစာပေဖြင့်သာ မှတ်သားထားခဲ့ကြပေလိမ့်မည်၊

ထိုအထဲတွင် ဗုဒ္ဓတရားတော်များကိုလည်း ပါဠိဖြင့် မှတ်သားခဲ့ကြသကဲ့သို့၊ အခြားသော လူ့မူရေးအကြောင်းအရာ၊ နိုင်ငံရေး အကြောင်းအရာ၊ စသည်စသည်အားဖြင့် အကြောင်းအရာများ စုံလင်မည်သာဖြစ်၏။

ထိုမျှလောက် သိထားခဲ့လျှင်ပင်၊ ဘာသာခြားစာပေများကို သင်ယူနေကြသော ရှင်ငယ်ရဟန်းငယ်များအပေါ်၊ နားလည် သဘော ပေါက်နိုင်လောက်ပေသည်။ ဘာသာစကားသည် ဘာသာတရားမဟုတ်ဟူသော အသိကို သိရှိထားဖို့ လိုအပ်လှလေသည်။

ဥပမာအားဖြင့် = ပါဠိစာပေသည်သာလျှင် ဗုဒ္ဓဘာသာဟူ ထင်မှတ်ထားသော လူတစ်ယောက်အား အောက်ပါ မေးခွန်းကို ဖြေစေချင်ပါသည်။

အင်္ဂလိပ်စာဖြင့် ရေးသားထားသော ငါးပါးသီလ ကို ဘယ်ဘာသာဟူ၍ ဆုံးဖြတ်ချင်ပါသည်နည်း၊

ထိုနည်းတူစွာ ရဟူဒီ၊ ဘင်ဂါလီ၊ တရုတ်၊ စသည်စသည် ဘာသာစကားများဖြင့် ရေးသားထားသော ဗုဒ္ဓဘာသာလာ အသုံးအနုန်း အခေါ်အဝေါ်များကို တွေ့ ခဲ့လျှင် အသင်သည်၊ ၄င်း အယူအဆများသည်၊ ပါဠိစာပေးဖြင့် ရေးသားထားခြင်း မဟုတ်သောကြောင့် ဟူသော၊ အကြောင်းပြချက်ဖြင့် ဗုဒ္ဓစကားမဟုတ် ဗုဒ္ဓဘာသာလာ အသုံးအနှုန်းများ မဟုတ်ဟု ဆုံးဖြတ်ချင်ပါသလား.။ မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း..။

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP