ပစ္စုပ္ပန်တည့်တည့်မှာသာ နေထိုင်ရင်းနဲ့
ဘယ်သူ တစ်ဦးတစ်ယောက်ဆီကမှ
ဘာကိုမှ မျှော်လင့် မထားချင်တော့တဲ့ 
ကပ္ပိယကျော်ခေါင်ပါ။
ဒါပေမယ့်..လေ…
အရှုံးဆိုလည်း အရှုံး
အမုန်းဆိုလည်း အမုန်းပေါ့
လောကကြီးဆီက တစ်ခုခုများ မရထိုက်တော့ဘူုးလား..။
ပစ္စုပ္ပန်တည့်တည့်မှာသာ နေထိုင်ရင်းနဲ့
ဘယ်သူ တစ်ဦးတစ်ယောက်ဆီကမှ
ဘာကိုမှ မျှော်လင့် မထားချင်တော့တဲ့ 
ကပ္ပိယကျော်ခေါင်ပါ။
ဒါပေမယ့်..လေ…
အရှုံးဆိုလည်း အရှုံး
အမုန်းဆိုလည်း အမုန်းပေါ့
လောကကြီးဆီက တစ်ခုခုများ မရထိုက်တော့ဘူုးလား..။
Posted by ကပ္ပိယကျော်ခေါင် at 6:25 PM 0 comments
Labels: ကဗျာ
တောင်စဉ်ရေမရ ပြောတာမဟုတ်ပါဘူး၊
ပေါက်ကရတော့ မတွေးလိုက်ပါနဲ့ ၊
မျှော်လင့်ချက် နွေတိမ်မှာ၊
ငါ ခြေသလုံး အိမ်တိုင်ထူထားတယ်၊
ရောက်ဖူးချင် လာလည်ပါ၊
ငါ. ကမ္ဘာကြီးမှာ နေပါတယ်၊
စာရေးချင်ရင် ရွာဦးကျောင်းသို့ လိပ်မူလိုက်၊
ငါ. သဘာဝတရားတွေကို လေ့လာဖတ်ရှု့နေတယ်၊
အရာရာဟာ ကောင်းကြပါပေတယ်၊
ဆွေးလိုက် တွေးလိုက် ငေးလိုက်၊
ဟော..ရေးလိုက်တယ် တစ်စေ့တစ်စောင်း၊
သောင်ပြင်က ဂဏန်းခြေရာတွေကိုတောင်၊
အနုပညာ တစ်ရပ်လို့ ခံစားတတ်ခဲ့ရင်၊
ညာနေတာတွေကို မှန်တယ်လို့ လက်ခံနိုင်အောင်၊
ကြိုးစားလိုက်ကြစို့...။
ဟာနေတာတွေဟာ ကဲ့ရဲ့ဖို့သက်သက် မဟုတ်ပါဘူး၊
ဖြည့်စွက်ဖို့လည်းပါတယ်...။
Posted by ကပ္ပိယကျော်ခေါင် at 7:26 PM 0 comments
Labels: ကဗျာ
မနက်စောစော အိပ်ရာထ
တောက်တိုမယ်ရ ဗရပွနဲ့
ကမ္ဘာကို ခြေကန်ချင်နေတဲ့ ငါ
ကောင်းကင်ကို မော့ကြည့်ရင်း
မြေကြီးကို လက်သီးထိုးမိခဲ့ ။ ။
Posted by ရွာဦးကျောင်း ဆရာတော် at 9:28 AM 0 comments
Labels: ကဗျာ
"အို ကာလာမတို့-
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။ ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=
© Blogger templates Palm by Ourblogtemplates.com 2008
Back to TOP