တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်(ဇင်းမယ်)မြို့သို့၊ ရွာဦးကျောင်း ဆရာတော်နှင့်အတူ ရောက်ရှိသွားလေ၏။ အကျွန်ုပ်သည်ကား အလွန်တရာ စပ်စုတတ်လွန်းသည် အားလျှော်စွာ၊ ဟိုစပ်စပ် ဒီင်္ိစပ်စပ်လုပ်လေတော့၏၊
သွားရောက်စပ်စုခဲ့သော နေရာများတွင် အကျွန်ုပ်စိတ်အဝင်စားဆုံးသော နေရာများမှာ၊ ချင်းမိုင်တက္ကသိုလ်၊ ပရဟိတအလုပ်ကို အားကျိုးမာန်တက်လုပ်ဆောင်နေသော၊ ဝပ်စုဖရီဖန္န ကျောင်းတိုက်ကြီင်္းနှင့်၊ ရိုးရာအဝတ်အစားများဖြင့် လှပသေသပ်စွာ ကပြဖျော်ဖြေနေကြသော ချင်းမိုင်တောင်ပေါ်မှ ထိုင်းလှပျိုဖြူလေးများပင် ဖြစ်လေ၏။
ချင်းမိုင်တက္ကသိုလ်တွင် ဘာသာရပ်အလိုက် သင်ကြားပို့ချနေသော ဆရာဆရာမများ မြန်မာရဟန်းတော်များ မြန်မာကျောင်းသား ကျောင်းသူများနှင့် ဗဟုသုတ ဖလှယ်ခဲ့ရခြင်းသည်လည်း၊ အကျွှွှွှွှန်ုပ်အတွက် အလွန်တရာမှ အားရကျေနပ်ဖွယ်ပင်၊
တွေ့ဆုံဆွေးနွေးပွဲတွင် ရွာဦးကျောင်းဆရာတော်၏ ကမ္ဘာကြီးပူနွေလာမှူ အကြောင်းနှင့် ကူးဆက်ရောဂါ များအကြောင်း၊ ဘုန်းကြီးနှင့် ပရဟိတအကြောင်း၊ မန္တလေးတိုင်း ရန်ကင်းတောင်အနီးမှ စိန်ခနောင့်တောင် ကျေးရွာအကြောင်း၊ စသည်စသည်အားဖြင့် အကြောင်းအရာများစုံလင်လှတော့၏။
ချင်းမိုင်တက္ကသိုလ်အဝင်လမ်း
ကမ္ဘာကြီးပူနွေးလာမှူအား ဆွေးနွေးနေကြသော မြန်မာရဟန်းတော်များနှင့် ကျောင်းသား ကျောင်းသူများ
ကပ္ပိယကျော်ခေါင်နှင့် ချင်းမိုင်တက္ကသိုလ်
ပရဟိတ လုပ်ငန်းကို လုပ်ကိုင်နေသော ဝပ်စုဖရိဖန္န၊ မိမိ၏တပည့်ငယ်များဖြင့် ဆောက်လုပ်ထားသော ငွေထည်သိမ်ကျောင်းတော်
၎င်း ဝပ်စုဖရိဖန္နကျောင်းတိုက်သည်ကား၊ ပတ်ဝန်းကျင်းရှိ မရှိဆင်းရဲသားများနှင့် မိဘမဲ့ခလေးသူငယ်များကို ပြုစုပျိုးထောင်းနေသော ကျောင်းတစ်ကျောင်းဖြစ်သည်။
ဝပ်စုဖရိဖန္နကျောင်း ဆရာတော်
ငွေထည်ပစ္စည်းများကို ပန်းဆိုင်းပန်းဆွဲများ ထုလုပ်နေသော ဝပ်စုဖရိဖန္နကျောင်းရှိ ပရဟိတ ကျောင်းသားပညာရှင်များ
ကျောင်းအတွင်းရှိ ငွေထည်ပစ္စည်းအရောင်းဆိုင်ခန်း
၎င်းဆိုင်ခန်းလေးရှိ လှပသေသပ်စွာ ပြုလုပ်ထားသော လက်ဝတ်ရတနာပစ္စည်းများမှာ ပရဟိတကျောင်းသားလေးများ၏ လက်ရာဖြစ်ပါသည်။ ရရှိလာသော အမြတ်ငွေကြေးများဖြင့် သူတို့လေးတွေ၏ ဘဝကို မြင့်တင်ပေးကြောင်းကိုလည်း ကျေနပ်အားရဖွယ်ရာ သိရှိခဲ့ရပါသည်။
လမ်းလျှောက်ရင်း လေ့လာရေးခရီ်းကြွချီနေကြသော ရဟန်းတော်များ
ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေကြသော ချင်းမိုင်သူလေးများ
ရိုးရာအဝတ်များဝတ်ဆင်ထားသော ရင်သွေးငယ်လေးတစ်ဦး
မစားရတာ ကြာပြီဖြစ်သော မြန်မာအစားအစာများအား ချင်းမိုင်မြို့အလယ်တွင် ဖွင့်လစ်ထားသော မြန်မာထမင်းဆိုင်၌ စားသုံးခဲ့ကြသေးသည်။
ဆက်ဖတ်ရန်.
လာအားပေးတာ ကျေးဇူးတင်ပါတယ်..

ပြီးစီးသွားပါက ဤကဲ့သို့ ဖူးတွေ့ရမည်ဖြစ်သည်
တစ်နေ့သ၌ အကျွနုပ်ကပ္ပိယကျော်ခေါင်သည် ရွာဦးကျောင်းဆရာတော်နှင့် အတူ ဖူးခက်မြို့သို့ အလည် အပတ်ရောက်ရှိသွားခဲ့လေတော့၏၊ ဖူးခက်မြို့သည် ထိုင်းနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိပြီး ဘန်ကောက်မြို့မှ အဝေးပြေးကားကြီးများဖြင့် သွားလျှင် ၁၂- နာရီ တိတိကြာမြင့်လေသည်။
ဆရာတော်နှင့် လိုက်ပါသွားခဲ့သဖြင့်၊ အကျွန်ုပ် လည်ပတ်လိုသော ကမ်းခြေများသို့ မရောက်ဖြစ်ခဲ့ပေ။ သို့သော်လည်း အလွန်တရာမှ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ဝပ်ချလောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးခဲ့ရခြင်းသည်ပင် အကျွန်ုပ်အတွက် အဖိုးမဖြတ်နိုင်သော ဝမ်းသာပိတီများဖြစ်ခဲ့ရလေသည်။
အမှန်အားဖြင့် ဖူးခက်မြို့သို့ သွားရောက်လည်ပတ်သူများသည် များသောအားဖြင့် ပင်လယ်ကမ်းခြေ အပတ်ဖြေ စခန်းများတို့၌သာ အချိန်ကုန်တတ်ပြီး၊ ထိုကဲ့သို့ ဘာသာရေး အထိန်းအမှတ်များရှိရာများသို့ သွားခဲကြသည်ဟု သိရလေ၏။

ဝပ်ချလောင်းဗုဒ္ဓရုပ်ပွားတော်ကြီးအား ဘေးတိုက်ဖူးတွေ့ရပုံ
"
ဝပ်ချလောင်းရုပ်ပွားတော်ကြီး၏ ကိုယ်ထည်မှာ အင်္ဂတေနှင့်ပြုလုပ်ထားပြီး သင်္ကန်းတော် အဖြစ် စလင်းကျောက်ပြားများကို ကပ်ထားခြင်းဖြစ်လေသည်။

ဝပ်ချလောင်းဗုဒ္ဓရုပ်ပွားတော်ကြီးအား နောက်ဖက်မှ ဖူးတွေ့ရပုံ
ဝပ်ချလောင်းဘုရားတောင်းကုန်ပေါ်မှနေ၍ ကြည့်လိုက်လျှင် အလွန်တရာမှ အပြောကျယ်လှသော ပင်လယ်ကြီး နှင့် ကမ္ဘာအရပ်ရပ်မှ လာရောက်လည်ပတ်သည် ဆိုသော ဖူးခက်ကမ်းခြေကို တမျှော်တစ်ခေါ်တွေ့ ရလေသည်။
ဘုရားဂေါပကလူကြီးများ


ဘုရားပလ္လင်ပေါ်၌ကပ်ရန် စလင်းကျောက်ဖြင့်အဆင်သင့်ပြုလုပ်ထားသော ကြားပန်းပွင့်ချပ်တစ်ခု
၎င်းဝပ်ချလောင်းဘုရားကြီးကို ၂၀၀၂- ခုနစ်ကတည်းက စတင်တည်ဆောက်လာပြီင်္း ယခုအခါတင် ဘုရားကြီးကိုယ်ထည်မှာ အပြီးသတ်ခါနီးဖြစ်ပြီး၊ ရုပ်ပွားတော်ကြီး၏ အတိုင်းအတာကို ထိုင်းစာမတတ်သဖြင့် အတိအကျမပြောနိုင်သော်လည်း အမြင့်အားဖြင့် ၁၀ ထပ်တိုက် တစ်လုံးစားမျှ မြင့်မားကြီးကျယ်လေသည်။
ဝပ်ချလောင်းဘုရားပေါ်မှ လှမ်မျှော်တွေ့ရသော ဖူးခက်ကမ်းခြေ
ဆက်ဖတ်ရန်.
လာအားပေးတာ ကျေးဇူးတင်ပါတယ်..
တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင် သည် အလွန်တရာမှ ထူးဆန်း အံ့သြဖွယ် ကောင်းသော သတင်း တစ်ပုဒ်ကို ကြားသိရ၍၊ သွားရောက် ကြည့်ရှုလိုစိတ်များ တဖွားဖွား ဖြစ်လျှက်ရှိပေသည်။
ကြားရသော သတင်းမှာ အောက်ပါ အတိုင်းဖြစ်လေသည်။
ကျားနှင့် အတူ လမ်းလျှောက်နေသော ဘုန်းတော်ကြီးများ
ထိုင်းနိုင်ငံ၏ မြို့ငယ် တစ်မြို့တွင်၊ အလွန်တရာမှ ရက်စက်ရိုင်းစိုင်းသော အသားစား ကျားသတ္တဝါ များသည်၊ ဘုန်းတော်ကြီးများ၏ ပို့ သသော မေတ္တာတော်ကြောင့်၊ လူသားကို စားမည့် နေနေ သာသာ ခလေးသူငယ်များဖြင့် ကြောင်းကလေးများပမာ ဆော့စကားနေသည်ဟု ထူုးဆန်းစွာ ကြာသိခဲ့ရလေသည်။
ပြောသံကြားရုံမျှဖြင့် လက်ခံလေ့ မရှိသော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ လက်တွေ့  ကြည့်လို မြင်လိုစိတ်များကို တားမနိုင်ဆီးမရ ဖြစ်နေလေတော့၏။
မေတ္တာပို့ ထားရုံသက်သက်ဖြင့် လူကို ရန်မမူ ဟု ဆိုသော သတင်းကို အကျွန်ုပ်ကပ္ပိယ ကျော်ခေါင် မယုံသည်မှာလည်း၊ အထူးအဆန်းတော့ မဟုတ်ပေ။ များမကြာသေးသော နစ်များက မှ မေတ္တာပို့ လမ်းလျှောက်ကြသည် ဟု ဆိုကာ ထောင်ကျသောဘုန်းကြီးက ကျ၊ သေနပ်နဲ့  အပစ်ခံရသောဘုန်းကြီးက ခံရ၊ တိုင်းတစ်ပါးသို့ ထွက်ပြေးသော ဘုန်ြးုကီးက ထွက်ပြေးရနှင့်၊ ဗြောင်ဆန်သွားသေးသည် မဟုတ်ပါလား။ ထားပါတော့။
သို့နှင့် အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ထိုင်းနိုင်ငံသို့ ရောက်တုန်း ရောက်ခိုက်၊ မမြင်ဖူးသည်များကို မြင်ဖူးရလေအောင် ဟု ဆိုကာ၊ ၄င်း လူကို မကိုက်သော ကျားများကို သွားရောက် ကြည့်ရှူရလေတော့၏( ရွာပြန်ရောက်တော့လည်း ကြွားရတာပေါ့လေ)။
အကျွန်ုပ် ကဲ့သို့သော တောသား တစ်ယောက်က တောတိရိစ္ဆာန်ကို ငွေပေး၍ ကြည့်ရသည် ဆိုပြန် တော့လည်း ရာဇဝင်များရိုင်းလေမလား ဟု စိုးရိမ်မိပြန်သေး၏၊ သို့သော်လည်း မတတ်နိုင်တော့ပေ၊ ဘုန်းတော်ကြီးများ ပို့သသော မေတ္တာကို ခံယူရသောကြောင့် လူကို ရန်မမူ ဟု ဆိုသော ဂုဏ်ထူး ဝိသေသ ကြောင့်ပင်လျှင် ကြေစေတော့။
ကျားနှင့်ဆော့ကစားနေသော ထိုင်းလှပျိုဖြူးလေး တစ်ဦး
အကျွန်ုပ်ရောက်သွားပြီး လက်တွေ့ မြင်လိုက်ရတော့မှ = အား…ပါး…ပါး၊ ကိုးတောင် ဆယ်တောင် ဆယ့်နစ်တောင် ကျားကြီးတွေ ပါလား……….။ တစ်ကောင်… နစ်ကောင်… သုံးကောင်း…. အကျွန်ုပ် ရေကြည့်မိသေးသည်။
ဘုန်းတော်ကြီးတွေ မေတ္တာကို ခံယူရရှိထားလို့ လူကို မကိုက်ဘူး..တဲ့။ အဟင်း……သူတို့က မေတ္တာကို ခံယူတတ်ကြသကိုး..။
၎င်း ကျားကျောင်း ခေါ် ဝပ်ဖလောင်တဘူ ကျောင်းသည် Wat Pha Luang Ta Bua, ကင်ချနပူရီမြို့၊ စီယွတ်နယ်တွင် တည်ရှိပြီး၊ မြန်မာနိုင်ငံနယ်စပ်မှ ကီလိုမီတာ ၃၂၃ သာ ကွာဝေး ပါသည်၊ ဘန်ကောက်မြို့မှ နေ့ချင်းပြန် ကားများဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။
ကျားများကို မကိုင်ရဲသော်လည်း အားငယ်စရာမလို
လက်ရှိတွင် ၄င်းကျောင်းတိုက်၌ ကျားအကောင် ၄၅ ကောင်ခန့်ရှိပြီး၊ တစ်ခြား သားငှက်တိရိစ္ဆာန် စုံလင်စွာ တွေ့မြင်နိုင်ကြောင်း အသိပေးအပ်ပါသည်။
ဆက်ဖတ်ရန်.
လာအားပေးတာ ကျေးဇူးတင်ပါတယ်..