ကပ္ပိယကျော်ခေါင် နှင့် ကမ္ဘာလောကကြီး
လောကကြီးကို သင် ဘယ်လို မြင်သနည်း၊ သင့်ကိုရော လောကကြီးက ဘယ်လို မြင်မည်ဟု သင် ယူဆပါသနည်း? ၊
အားလုံးမင်္ဂလာပါ၊... ယနေ့ အကျွှန်ုပ် ကပ္ပိယကျော်ခေါင် စကားကြီးစကားကျယ် နည်းနည်းပါးပါး ပြောဖို့ စိတ်ကူမိထားကြောင်းပါ။ သို့သော် အလွန်တရာမှ ရိုးရှင်းသော စကားများကိုသာ အကြီးကျယ်ဆုံး ပြောကြားမည်ဖြစ်ကြောင်းကိုလည်း ကြိုတင် အသိပေးပါရစေ။
အကျွန်ုပ် ကပ္ပိယကျော်ခေါင် နှင့် ဟောဒီကမ္ဘာလောက လူသားတွေအကြားမှာ နားလည်မှူတွေနဲ့ သံသယတွေကို မရှင်းမလင်း ဖြစ်စေဖို့အတွက်၊ အင်မတန်မှ ပါးလွှားနုးညံ့သော ရေစိုစက္ကူပါးပါးလေးတစ်ချပ် ကာဆီထားကြောင်းကို အကျွန်ုပ်သိ၏။ ၄င်းစက္ကူပါးပါးလေးကို နုးညံ့ပျော့ပျောင်းသော လက်ကလေးဖြင့် ထမင်းစားရင်း ရေသောက်ရင်းနဲ့ အကျွန်ုပ်ခွါမည်ဆိုပါက ခွါချနိုင်၏ ၊ သို့သော်လည်း အကျွန်ုပ်ကပ္ပိယကျော်ခေါင် သည်၊ ငါ..ဟေ့... ကပ္ပိယ ဟုဆိုအပ်သော အတ္တမာနကလေးဖြင့်၊ လောကလူသားတွေက ဝတ္တရားရှိရှိ လာရောက်ခွါပေးသော အချိန်ကို၊ စောင့်ဆိုင်း နေထိုင်ခဲ့၏။ ယနေ့အထိ မည်သူတစ်ဦး တစ်ယောက်ကမျှ လာရောက်ခွါပေးခြင်းမရှိပေ။ သို့နှင့် အကျွန်ုပ်သည် စိတ်မရှည်တော့သည်ဖြစ်၍၊ နင်လားဟေ့...လောကဓံ.. ဟူသော ကျုံးဝါးသံနှင့် အတူ မျက်စိစပါးမွေးစူးနေသော ၄င်းရေစိုစက္ကူပါးပါးလေးအား တအားဆောင့်ကန်လိုက်လေရာ၊ လင်းခနဲပွင့်သွားပြီး အရာရာကို အကျွန်ုပ်တွေ့ရလေတော့၏၊
အံ့သြော် စရာကောင်းသည်မှာကား..
အားပါးပါး......လောကလူသားတွေရှေ့မှာလည်း အကျွန်ုပ်ကဲ့သို့ စက္ကူပါးပါးလေးတစ်ချပ်စီ ကာရံထားကြပါလား၊ သူတို့လည်း လာရောက်ခွါပေးမယ့် တစ်ခြား လောကလူသားတွေကို အကျွန်ုပ်ကဲ့သို့ စောင့်နေကြတယ်ဆိုပါလား...။
ထိုထက်.. အံ့သြော်စရာကောင်သည်မှာကား..
.အကျွန်ုပ်ကလည်း သူတို့အား ဤသို့ ဤပုံ ခွါရကြောင်းကို တစ်လုံးတစ်ပါဒမျှ မပြောမိခဲ့ခြင်းပါပေတည်း။ လောကကြီးကို သင်ဘယ်လို မြင်သနည်း၊ သင့်ကိုရော လောကကြီးက ဘယ်လို မြင်မည်ဟု သင် ယူဆပါသနည်း? ၊ ။
ဆက်ဖတ်ရန်.
ဝိပဿနာအလုပ်ပေးတရားစခန်းများဖွင့်လှစ်မည်
အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု၊ ဒေါက်တာဘဒ္ဒန္တအရိယဝံသ(Ph.D)အလိုတော်ပြည့်ဆရာတော်ဘုရားကိုယ်တိုင် စင်ကာပူနိုင်ငံတွင် (ရ)ရက် ဝိပဿနာအလုပ်ပေး တရားစခန်းကို တန်းဆောင်မုန်းလ္ဆန်း (၄)ရက် (21-10-2009)ဗုဒ္ဓဟူးနေ့တွင် စတင်ဖွင့်လစ်မည်ဖြစ်ပြီး၊ တန်းဆောင်မုန်းလ္ဆန်း (၁၀)ရက် (27-10-2009)အင်္ဂါနေ့တွင် စင်ကာပူ(ရ)ရက် ဝိပဿနာအလုပ်ပေးတရားစခန်း ပြီးဆုံးမည်ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ် Ashin kumara @ UZinBlue.... www.alodawpyi.multiply.com Email:alodawpyei@gmail.com : alodawpyei@myanmar.com.mm pfingo talk :065.31506839, Singapore Contact for all. ဦးစိန်မြင့် :91791988, ကိုသိန်းထွန်းအောင် :98356554, ဒေါ်ရတနာရှိန်: 90484205, 67265937
ဆက်ဖတ်ရန်.
ကပ္ပိယကျော်ခေါင် နှင့် ရွာသူကြီးဖိုးလူ
တစ်နေ့သ၌ ကပ္ပိယကျော်ခေါင်သည်၊ မျက်နှာဖရိုဖရဲဖြင့်၊ ရွာဦးကျောင်းဆရာတော်အား ဤသို့ လျှောက်ထားလေ၏၊ “
မှန်လှပါဘုရား…မနေ့ကဆိုလား ဟိုတစ်နေ့ကဆိုလား ပဲ…တဲ့ ဘုရား၊ ဟိုဖက်ရွာမှာ ဆိုလား ဒီဖက်ရွာမှာဆိုလား ပဲ…တဲ့၊ အဲဒီမှာ အမျိုးသမီး ဆိုးလား အမျိုးသားဆိုလား ပဲ…တဲ့ဘုရား၊ နွားခွေ့တယ် ဆိုလာ ကျွဲခတ်တယ် ဆိုလားပဲ၊ အဲဒါ့နဲ့ အခု ဆေးရုံး တက်နေရတယ် ဆိုလား ဘာဆိုလားပဲ..တဲ့၊ အခုဆိုတော့လည်း သေသွားတယ် ဆိုလား ဘာဆိုလားပဲ..တဲ့ ဘုရား၊ ဟူ၍ လျှောက်ထားလိုက်လေရာ၊ ထိုအခါ= ရွာဦးကျောင်းဆရာတော်က . “ဟေ့ ငကျော်ခေါင် မင်း ဒီသတင်းကို ဘယ်ကကြားတာလဲ ပြောစမ်း“ ဟုမေးလေ၏။ “မှန်လှပါဘုရား ..တပည့်တော်ကို ရွာသူကြီးဖိုးလူ ပြောတာပါ ဘုရား၊ အရှင်ဘုရားမယုံရင် သူကြီးကို မေးကြည့်ပါဘုရား ဟူ၍ အားရပါးရ လျှောက်ထားလေ၏။
ထိုအခါ ရွာဦးကျောင်းဆရာတော်က ..“အံမယ် ဒီဥနှောင့် မရှိတဲ့ကောင်ပြောတာကို မင်းမို့ယုံတာ“ ဟူ၍ ပြောဆိုလိုက်လေရာ၊ ကပ္ပိယကျော်ခေါင်သည် မိမိ၏ စကားကို ပယ်ချခံရသဖြင့် အလွန့်အလွန် အားမလို အားမရ ဖြစ်ပြီး၊ ဤသို့ ပြန်လေလျှောက်ထားလိုက်လေ၏။
“ဆရာတော်ကလည်း ကိုယ့်ရွာကို အုပ်ချုပ်နေတဲ့ ဥက္ကဌကို အဲလို့ မပြောပါနဲ့ ဘုရား၊ သူ့မှာ ဥနှောင့်မရှိ ပေမယ့် ..ဒါ ..ရှိတယ်လေ ဘုရား.‘‘ ဟူ၍ လက်ညှိုးကို ကွေး၍ကွေး၍ ပြလေတော့သတည်း။ ။
ဆက်ဖတ်ရန်.
ငါ
မနက်စောစော အိပ်ရာထ
တောက်တိုမယ်ရ ဗရပွနဲ့
ကမ္ဘာကို ခြေကန်ချင်နေတဲ့ ငါ
ကောင်းကင်ကို မော့ကြည့်ရင်း
မြေကြီးကို လက်သီးထိုးမိခဲ့ ။ ။
ဆက်ဖတ်ရန်.
ကပ္ပိယကျော်ခေါင်း နှင့် တစ်ပွဲစားဖိုးတေ
ထိုအခိုက် တစ်ပွဲစားဖိုးတေ ရောက်ချလာပြီး ကောင်မလေးများနှင့် ဝိုင်းဖွဲ့ကာ ရောက်တတ် ရာရာများကို ပြောဆိုနေလေ၏ ၊ တစ်ပွဲစားဖိုးတေ ဟူသည်ကား ရွာဦးကျောင်းဆရာတော်၏ တူတော်မောင် ဖြစ်လေ၏၊ တစ်ပွဲစားဟုသော နာမဝိသေသကိုလည်း သမန်ကာချန်ကာ ရယူထားသူတစ်ယောက်တော့ မဟုတ်ပေ၊ သူသည် ရွာဦုးကျောင်းက ကြည်းစည်ခေါက်လိုက်သည်နှင့် တစ်ပြိုင်နဲ အချိန်မှန်မှန် ဆွမ်းတော် လာ စွန့် သူ တစ်ယောက်အဖြစ်နာမည်ကြီးလေ၏၊ ထို့ကြောင့် ကပ္ပိယကျော်ခေါင်၏ ပညာပေးခြင်းကို ခံရလေ့ရှိ၏ ။
ကပ္ပိယကျောင်ခေါင်၏ ပညာပေးပုံမှာ ဤသို့ ဖြစ်လေ၏ ။ ကပ္ပိယကျော်ခေါင်သည် မောင်ဖိုးတေ အား ဦးဦးဖျားဖျား ဆွမ်းတော်ကို စားသည်ဟုဆိုကာ ဆွမ်းဝိုင်း၌ ထမင်း တစ်ပွဲသာ စားခိုင်းလေ၏ ၊ သူ၏ ထမင်းပွဲသည်ကား ကြောင်တစ်ကောင်စာ သာသာလေးသာရှိ၏ ၊ သို့ သော် ကပ္ပိကျော်ခေါင် မရှိသော နေ့များတွင်ကား သူစားသော ထမင်း တစ်ပွဲသည် ရွာဦးကျောင်း ဆရာတော်၏ သပိတ်တစ်လုံးစာခန့် ရှိလေ၏ ။ ထိုအကြောင်းတရား ၂ ပါးကြောင့် သူ့ ကို သူ့ရှေ့ တွင်ပင်လျှင် တစ်ပွဲစားဖိုးတွေ ဟူ၍ ခေါ်ဆို သမုတ်ကြလေ၏ ။ သူ့ နောက်ကွယ်တွင်မူ ကျပ်မပြည့်ဖိုးတေး ဟူ၍လည်း ချစ်စနိုး ခေါ်ကြသူများ ရှိသေး၏ ။ ဤကား တစ်ပွဲစားဖိုးတေ (ဝါ) ကျပ်မပြည့်မောင်ဖိုးတေး ၏ ၊ ရှိစု မဲစု ဂုဏ်ထူးဝိသေသ များဖြစ်တော့သတည်း ။
သို့သော် တစ်ပွဲစားဖိုးတေ၏ အားသာချက်များကား ဤသို့ရှိသေးလေ၏ ။ သူသည် တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် ဗူးဆို ဖရုံသီးသူ မဟုတ်ပေ၊ ထို့ ကြောင့် ဘယ်သူပင် ဘယ်လောက် နှိမ်စေကာမူ ရွာလယ်က နန်းကုတ်ကုတ် ဆိုသော ညိုပြာညက်ကလေး၏ အသည်းစွဲဖြစ်လေ၏၊ ကပ္ပိယကျော်ခေါင်မှာမူ ဆွမ်းလာပို့ သူလုံးမပျော်လေးများအားလုံးကို လိုက်ပိုးနေသောကြောင့် သူ့ကောင်မလေး ဟူ၍ လက်ညှိုညွန်ပြစရာ အတည်တကျ မရှိသေးပေ၊ သို့ သော် သူ၏ စိတ်ထည့်တွင်ကား ရွာလယ်က ဒေါ်ပု ကုန်စုံဆိုင်မှ ဈေးရောင်းအကူ နော်ဖိုးဖိုး သည် သူပြောလိုက်လျှင် အလိုက်သင့် ပါလာနိုင်သည်ဟူ၍ အပိုင်တွက်ထားသော စာရင်းများထဲ့တွင် တတိယ နေရာကို ရယူထားသူကလေး ဖြစ်လေတော့သတည်း။ ။
ဆက်ဖတ်ရန်.
ဆရာကို ဆရာကြီးလုပ်ချင်ကြသူများအကြောင်း
ကြည့်... ဘ၀ဆိုတာ ဟိုတလောကပဲ လူဂုဏ်ထန်တွေ ကြားမှာ စကားကြီး စကားကျယ်တွေ ပြောလို့ ၊ဒီနေ့တော့လည်း ဆင်းရဲသား ရပ်ကွက်က စုတ်ချာချာ နေရာ တစ်ခုမှာ ခပ်စွာစွာ လူတစ်စုရဲ့ ဆူပူ ကြိမ်းမောင်း တာကို ခံနေရပြန်ရော့။
အင်း....ဘ၀ဆိုတာ ဒါပဲလား...... မဟုတ် သေးဘူး... မဟုတ် သေးဘူး..။ ဒါနဲ မပြီးသေးဘူး နောက်ရှိ သေးတယ်၊ ...ကြည့်လေ.. အကြီးတကာ့ အကြီးဆုံး အဆောက်အဦး ကြီးမှာနေပြီး၊ အကောင်းတကာ့ အကောင်းဆုံး အစားအစာတွေကို စား၊ အကောင်းဆုံး စကားတွေကိုပြော၊ အကောင်းဆုံး ဆိုတဲ့ လူတွေရဲ့ အလယ်မှာ တင့်တယ်လို့ စံမြန်းခဲ့သေးတယ်။
သိပ်မကြာ ပါဘူး၊ မကြာဆိုမှ ခဏလေးပါ၊ တရားခံလိုလို ဘာလိုလိုနဲ့ တောင်ပြေးမြောက်ပြေး ပြေးရပြန်ရော့၊ ဒါ ဘယ်ကောင်တွေ လက်ချက်လည်းလို့  ၊ ငါ တွေးကြည့်သေးတယ်၊ အဖြေကတော့ တွေ့တော့ တွေ့တယ်၊ ဒါပေမယ့် တရားဝင် တွေ့တာ မဟုတ်ဘူးလိုတော့ပြောကြတာပဲ လူဆိုတာလည်း ခက်တော့ ခက်သား၊ ဆရာကိုမှ ဆရာကြီး လုပ်ချင် ကြတာကိုး၊ ဟို တလောက စာအုပ်ထဲ့မှာ ဖတ်ရသေးတယ်၊ ကာတွန်းဆရာကြီး ဦးဘဂျန်း ရေးတာ ဆိုပဲ..၊ ( လူဆိုတာ အမြဲတမ်း လိမ်နေ ပတ်နေ လှည့်ပတ်နေမှ ၊ ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ၊ ပြည့်စုံတဲ့ သတ္တ၀ါ ) တဲ့ ..။
ဆက်ဖတ်ရန်.
ကပ္ပိယကျော်ခေါင်း နှင့် ရွာဦးကျောင်းဆရာတော်
တစ်နေ့သ၌ ကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ကပ္ပိယ ဟု ဆိုအပ်သော ဂုဏ်ထူးဝိသေသကို အဖန်ဖန်သုံးသပ်ရင်း၊ ပိတိဖြစ်နေခိုက်၊ ဟေ့ကပ္ပိယ.... ဟူသောအသံကိုကြားလိုက်ရသဖြင့် အချိုပေါ် သကာလောင်းဆိုသကဲ့သို့ ၊ ၀မ်းသာပိတိ ဂွမ်းဆီထိဖြစ်ကာ ၊ ကျွန်ုပ်အမြဲသုံးလေ့ရှိသော... လာပြီးဗျို ....့ ဟူသောအသံနဲ့ အတူ၊ လျှင်မြန်သောအဟုန်ဖြင့်၊ ဆွမ်းကျောင်းသို့ တက်ကာ ဆရာတော့် ဝေယျာဝေစ္စကို အမြန်ဆုံး စီရင်လေတော့၏။ ကျော်ခေါင် ဟူသော အမည်နှင့် လိုက်ဖက်ညီအောင် လျှင်မြန်ခြင်း၊သွက်လက်ခြင်း၊အလိုက်သိတတ်ခြင်း၊ စသည်စသည် အခြေခံ စွမ်းပကားတွေကြောင့်၊ ရွာဦးကျောင်း ဆရာတော်၏ မေတ္တာတော်ကို အထူရရှိသည်အားလျှော်စွာ၊ ဆရာတော့်အနီးတွင် နေ့စဉ် ဇာတ် နိပါတ် များကို အထူးတလေ ကြားနာမှတ်သားရလေ၏၊ အကျွန်ုပ်၏ အရေအချင်းကိုတီးမိခေါက်မိ ရှိနေပြီဖြစ်သော ၊ ရွာဦးကျောင်းဆရာတော်သည်လည်း၊ ခက်ခဲနက်နဲ သော အမေးပုစ္ဆာ ပြသနာတွေကို အမြဲလိုလို မေးမြန်လေ့ရှိ၏၊ မေးမြန်းသမျှသော အမေးပုစ္ဆာ ပြသနာတွေကို အကျွန်ုပ်ကပ္ပိယကျော်ခေါင်း ဖြေဆိုနိုင်သည်သာ၊။
တစ်နေ့သ၌ ရွာဦးကျောင်းတွင် လူအများစုဝေးရောက်ရှိနေခိုက် ၊ ဆရာတော်သည်၊ အင်မတန်မှ အစွမ်းအစနှင့် ပြည့်စုံသော အကျွန်ုပ်ကပ္ပိယကျော်ခေါင် ကို ခေါ်ကာ၊ ရွာလူကြီးများမဖြေဆိုနိုင်ဟန်တူသော ၊ အမေးပုစ္ဆာတစ်ခုကို မဆိုင်းမထွ မေးမြန်းလေတော့၏ ။ ဆရာတော်၏မေးပုံမှာ အောက်ပါအတိုင်းဖြစ်လေ၏= ဟေ့ ငကျော်ခေါင်း...လောကမှာ ကံအဆိုးဆုံးပုဂ္ဂိုလ် ဟာ ဘယ်သူလဲ...ဟေ့....၊ သြဇာတိက္ကမ အလွန်တရာ ကြီးမားသော ရွာဦးကျောင်းဆရာတော်၏ မေးခွန်သည်၊ အထက်ဘ၀ဂ် အောက်အ၀ီစိသို့ တိုင် ပြန့်နံ့သွားသည့်အလား ထင်မှတ်ရ၏၊ သို့သော် အကျွန်ုပ် ကပ္ပိယကျော်ခေါင် သည်၊ မိဂ သမင်တို့၏ အလယ်တွင် ကျားဘုရင်တို့၏ တင့်တယ်စံပယ်ခြင်းဖြင့်၊ ရွာသူရွာသားများ၏ အလယ်တွင် အစွမ်းကုန်တင့်တယ် စံပယ်လျှက်၊ ဆရာတော်သည် အလွန်တရာလွယ်ကူသော ပုစ္ဆာကိုမေးသည့်အလား၊ ဟန်မပျက်မတ်တတ်ရပ်လျှက်၊ ဤသို့ ဖြေဆိုလိုက်လေ၏၊.....မှန်လှပါဘုရား...ဟု အစချီကာ..ပရိသတ်ကို မျက်လုံးတစ်ချက်ဝေ့ရင်း...လောကတွင်..ကံအဆိုးဆုံး ပုဂ္ဂိုလ်သည်ကား... မြိုင်သာယာကျေးရွာနေ...မသဲမျှင်၏ ချစ်လှစွာသော ခင်ပွန်း၊ တပည့်ကျော် ဗိုက်ကလေး၏ ဆရာယောက်ဖ၊ မုဆိုးကျော် တွတ်ပီ ဖြစ်ကြောင်းပါဘုရား.....ဟူ၍လျှောက်ထားလိုက်လေရာ၊ ရွာသူ ရွာသားအားလုံးတို့သည်။ တ၀ါးဝါးရယ်မောကြလေတော့သတည်း။ ဆရာတော်မှာလည်း စိတ်ဆိုးရမည့်အစား၊ ရယ်သွန်းနှော်လျှက်၊ ဟေ့ကောင် ငကျော်ခေါင် မင်းကို ငါသင်ပေးထားတာ ဒါပဲလားကွ။ ဟု ပြောကာ . သွားစမ်း။ ဟုပြောဆို လိုက်လေတော့၏ ။
ဆက်ဖတ်ရန်.
ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။
"အို ကာလမတို့-
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=
ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။
  © Blogger templates Palm by Ourblogtemplates.com 2008
Back to TOP