မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည် "အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံးရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည် အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည် လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ် ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည် သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင် နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။ သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍ တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကိုတည်ထောင်တော်မူသည်တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှပို့ ချတော်မူခဲ့သည် ၁၉၉၃ ၁၃၅၂ ခု နှစ် မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအားသပိတ်မှောက် သံဃာကံပြုတော်မူကြသည်။ သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည် သပိတ်မှောက်ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအားသြ၀ါဒပေးတော်မူသည် သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့ တိုင်အောင် သာသနာတော်တည်နေခြင်းဖြစ်သည် မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော် သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည် သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည်ဟု မိန်တော်မူသည်အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသော ထင်ရှားသောဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်က အတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည် တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအား သပိတ်မှောက်ကံ ပြုစေတော်မူသည် ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော စစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။ မက်မောလောက်အောင် TV အောက်စက်မှ အစ လှူသည် .. သို့ သော် ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည် အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည် ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွန်လွန်သော် အသုဘသို့ ကြွရောက်ခါ ရစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိဖြစ်ရသည် မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချောတွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ ထိုသတင်းများကို သိခဲ့ရသည် မိသားစုဝင်သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသော အောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များ ပြဿနာ တက်ရတော့မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်။ သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည မြန်မာ့အသံမှ တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည် အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများ အဆက်မပြတ်ထုတ်လွှင့်ခဲ့သည် ဆရာတော်က သပိတ်လှန်လက်မှတ်ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကို ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့် ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည် ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည် ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည် န၀တ အစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း စစ်အစိုးရမှ အာဃာတတရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့  သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်။ ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြား တလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည် မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပိုသည် .. ဆရာတော်အား စစ်ဆေးမည့် ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ မင်းစစ်ဆေးရမဲ့သူက တခြားသူမဟုတ်ဘူး တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ ကောင်းကြွယ်ရေးသားသော တိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည် ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည် ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည် ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့် သတင်းများစွာ လွှင့်ခဲ့သည် ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို သတိထား သတိရ သူများ ရှာဖွေကြပါကုန် တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည် နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ ၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသော သံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍ စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည် ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကို ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။ "သီလကြီးလေးပါး လုံခြုံလျှင် သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည် သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည် ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မက ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင် တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည် သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့် ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည် ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက် ထူးကြီးဆရတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များ လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း ထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင် သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့် ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။ ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ သုံးလာကြသည် မြန်မာနိုင်ငံဝယ် သံဃာဦးရေ အရမ်းများနေသည် သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော် သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့  အစပျိုးခြင်းလားဟု ထင်မိပါသည်။ "အထူးသတိပေးချက်" သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏ ၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု ပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည် အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည် ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ က ယူဆနေကြသော သံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ် ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည် တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအား အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို မြင်ရသောအခါ ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည် ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည် ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည် သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမက ဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန် ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်သြကာသပင်ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည် သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့  အင်မတန်မှ ခက်ခဲလေသည် ။ မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည် သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း သံဃာတော်သည် ကြောင့်ကြမဲ့ နေတော်မမူကြပါပေ မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား .. မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့  သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ မဖြစ်စေဖို့  သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည် သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍ သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေသတည်း ။ အမြဲတမ်း ဘေးမသန်းပဲအေးချမ်းသာယာ သံသရာဝယ် ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။ မှတ်ချက်။ ။ ကိုယ်ပိုင် ဆောင်းပါ မဟုတ်၊ မေးလ်မှတစ်ဆင့် ရလာသော ဆောင်းပါးအား သဘောကျ၍ ပြန်လည် တင်ပြလိုက်သည်။
ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၄-နစ်ပြည့် မွေးနေ့။
Posted by ရွာဦးကျောင်း ဆရာတော် at 7:08 AM 0 comments
Labels: ဆောင်းပါး
ကပ္ပိယကျော်ခေါင် နှင့် ဒန်အိုးပျံ
တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ဦးဇင်းငယ်တစ်ပါးနှင့် လိုက်ပါလျှက် တာမွေမြို့နယ်အတွင်း လှည့်လည်ကာ၊ ဆွမ်းအလို့ငှာ ဖိတ်မန်တကာ့ ပြုနေလေတော့၏၊ ရန်ကုန် စာသင်သားတို့ထုံစံအတိုင်း အိမ်စဉ်လှည့်လည်ကာ ဆွမ်းဖိတ်နေခြင်း ဖြစ်လေသည်။ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ဆွမ်းဖိတ်လာခဲ့သည်မှာ ရပ်ကွက်ပေါင်းမနည်းတော့ပေ၊ သို့သော် အကျွန်ုပ်၏ အားနည်းချက်ကြောင့် ပေလော့၊ သို့တည်းမဟုတ် ဦးဇင်းငယ်၏ ပါရမီဘုန်းကံနည်းပါးခြင်းကြောင့်ပေလော့ မဆိုနိုင်ပေ၊ ညနေ ၆ နာရီ ထိုခါနီး အချိန်ထိ ဆွမ်းခံအိမ်ဟူ၍ မည်မည်ရရ မရသေးချေ။. ရန်ကုန်တွင် ဆွမ်းခံအိမ် လိုက်၍ဖိတ်ရခြင်းမှာ စာသင်သား ရဟန်းပျိုများအတွက် အလွန်တရာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်လေသည်။ မိမိသဘောကျသော စာသင်တိုက်ဖြစ်၍ နေချင်သော်လည်း ဆွမ်းခံအိမ် အလုံအလောက်မရှိခဲ့သော် အခက်ကြုံတတ်ကြရလေသည်။ ဆွမ်းဖိတ်ရာ၌ တွေ့ရတတ်သော အခက်အခဲများမှာ ဤသို့တည်း။ အချို့သော ဒကာ ဒကာများမှာ မိမိတို့အိမ်တွင် ဆွမ်းခံကြွနေသော ကိုယ်တော်လေးများ မြောက်များစွာ ရှိနေကြ၍ လက်မခံလိုကြတော့ကြောင်း ပြောဆိုတတ်ကြခြင်း၊ အချို့သော ဒကာ ဒကာမများမူကာ၊ မိမိတို့ကို မိမိ ဧည့်သည်ဟုဆိုကာ အိမ်ရှင်များ မရှိ၍ လက်မခံလိုကြောင်း ငြင်းတတ်ကြလေသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည်ကား အမှန်စင်စစ် ဧည့်သည်များ ဟုတ် မဟုတ်ကို ကြည့်ရုံနှင့် သိနိုင်လေသည်၊ လက်မခံလို၍ အကြောင်းပြခြင်းသာဖြစ်လေသည်။ ထို့သို့ အစရှိသော အကြောင်းပြချက်ပေါင်းစုံများဖြင့် တစ်နေကုန် ဆွမ်းခံအိမ် ဖိတ်၍ မရသည့်အဆုံးတွင်ကား၊ နောက်ဆုံးအနေဖြင့် ဤတိုက်တစ်လုံးကို တက်၍ ဖိတ်တော့မည်ဟု ဆုံးဖြတ်ချက်ချကာ၊ ရှစ်ထပ်တိုက်ကြီး တစ်လုံးကို ဗဟိုပြုလျှက် နစ်ဦးသားလျှောက်လှမ်းလာခဲ့လေတော့သည်။ တိုက်ပေါ်သို့ မတက်မီ လှေကားဝတွင် မင်္ဂလာမရှိစွာဖြင့်ပင် အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသာတစ်ဦတို့ အားပေါင်အာရင်းသန်သန်ဖြင့် ငြင်းခုံနေကြသည် အကျွန်ုပ်ကပ္ပိယကျော်ခေါင် အကဲခမ်မိခဲ့လေသည်။ ၄င်းအသံသည်ကာ မြေညီထပ်မှသည် ငါးထပ်မြောက်ထိအောင် ဆူညံနေလေတော့၏၊ ဤသို့နှင့်ပင် အကျွန်ုပ်တို့နစ်ဦးသား ဆွမ်းခံအိမ်အလို့ငှာ မရလည်း ရလည်းအမြတ်ဟု ဆိုကာ တိုက်ခန်းများကို တစ်ခန်းပြီး တစ်ခန်း စတင်ဖိတ်လေတော့၏၊ သို့သော် အပေါ်ဆုံးထပ်သို့ ရောက်သည့်တိုင်အောင် မည့်သည့်အိမ်ကမျှ လက်ခံခဲ့ခြင်း မရှိသေးချေတကား။ ထိုအခါ၌ ကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ စိတ်မရှည်တော့သည်ဖြစ်၍ ၄င်းကိုယ်တော်ငယ်အား တော်တော်ဘုန်းကံပါရမီနည်းတဲ့ ကိုယ်တော်ဟု ပြောဆိုကာဖြင့်၊ ဒီတစ်ကြိမ် ငါကိုယ်တိုင်ဖိတ်မည်၊ ကိုယ်တော် အသာနေဟု ဆိုကာ၊ ရှစ်ထပ်မြောက်သို့ တက်ခဲ့လေတော့၏၊ ရှစ်ထပ်မြောက်သို့အတက်တွင်းကား လင်းမယားစကားများသံလိုလို အသံတစ်ခုကိုကြားမိ၍၊ ငကျော်ခေါင် အသေအချာ နားထောင်စမ်း ဒီအသံ ဘယ်ကလာသလဲဟု မေးလေ၏၊ ကျွန်ုပ်သည်ကား အလွန်တရာပါးနပ်သူဖြစ်၍ ဤသို့ပြန်ဖြေလိုက်လေ၏၊ ဒီကိုယ်တော်နှယ် အောက်ထပ်လှေကားတက်ဝမှာ အာပေါင်အာရင်းသန်သန်နှင့် စကားများနေကြတာကို မမြင်ခဲ့ဘူးလား၊ အဲဒီက လာတဲ့ အသံပေါ့ဟု၊ ခပ်တည်တည်ဖြင့်ပင် ပြန်လည်ဖြေကြားလိုက်လေ၏၊ ရှစ်ထပ်သို့ရောက်သည်နှင့် ၄င်းအသံသည်လည်း အနည်းငယ် ပို၍ကျယ်လောင်လာသကဲ့သို့ထင်ရလေသည်။ အကျွန်ုသည်ကား လှေကားများ၏ ပဲ့တင်သံကြောင့် အောက်ထပ်က အသံဟုသာ တစ်ထစ်ကျတွက်ဆလိုက်လေသည်။ တံခါးမ တစ်ခုရှေ့ တွင် ကိုယ်တော်ငယ်နှင့် အကျွန်ုပ်တို့နစ်ဦးသား မတ်တပ်ရပ်လျှက်၊ ဆွမ်းခံဖိတ်ရန် တံခါးကို အကျွန်ုပ်ကိုယ်တိုင် ခေါက်မည်အပြုတွင်၊ ဒုန်းဟူသော အသံတစ်ခုနှင့် ၄င်း တံခါးမကြီးပွင့်ထွက်လာလေတော့၏၊ တစ်ခဏချင်းဖြင့်ပင်လျှ အလွန်လျှင်မြန်သော အဟုန်ဖြင့်၊ တံခါးဝမှ ဒန်အိုးတစ်လုံး ပလူပျံသကဲ့သို့ ထွက်ကျလာပြီးလျှင်၊ အကျွန်ုပ်၏ နားထင်နားမှ ဖြတ်ကျော်ကာ၊ ဒိုင်းဟူသော အသံနှင့်အတူ တစ်ဖက်နံရန်ကို ထိမှန်လေတော့၏၊ အရာအားလုံးကို ကျွန်ုပ်သဘောပေါက်သွားခဲ့လေပြီ၊ အကျွနု်ပ်သည် ငယ်စဉ်က ဆရာအောင်မြင့်ထံတွင် သင်ခဲ့ဖူးသော၊ မှတ်မိသမျှသော ခရာတေးအကွက်ဖြင့် ၄င်းဒန်အိုးပျံအား တိမ်းရှောင်ကာ လေကဲ့သို့လျှင်မြန်သော အဟုန်ဖြင့် စက္ကန့်ပိုင်းအတွင်း ရှစ်ထပ်တိုက်ကြီး၏ မြေညီထပ်သို့တိုင်အောင်၊ ပြေးဆင်းခဲ့ရလေတော့၏၊ အမှန်မှာ ရှစ်ထပ်သို့အတက်တွင် ကြားခဲ့ရသော အသံမှာ၊ မြေညီထပ်က လာသောအသံ မဟုတ်ပဲ၊ ဆွမ်းဖိတ်ရန်အလို့ငှာ အကျွန်ုပ်ကိုယ်တိုင် တံခါးခေါက်ရန် ကြံစည်နေသော တိုက်ခန်းတွင်းမှ လင်းမယားရန်ဖြစ်နေသော အသံသာ ဖြစ်ကြောင်းကို အကျွန်ုပ် နောက်မှ သိရှိခဲ့ရလေသည်၊ အကယ်၍သာ ထိုနေ့ ထိုအချိန်က ထိုတိုက်ခန်းအား တံခါးခေါက်၍ ဆွမ်းဖိတ်မိခဲ့ပါမူ။ .
Posted by ရွာဦးကျောင်း ဆရာတော် at 10:54 AM 0 comments
Labels: ဆောင်းပါး
ထွက်ပေါက်
တစ်လောကလုံးက ငါ့အား မကောင်းဆိုးဝါးကြီးသဖွယ် ကြည့်နေကြပြီ။ စက်ဆုတ်ရွံရှာဖွယ် သတ္တဝါကြီးတစ်ကောင်လို သဘောထားနေကြပြီ။ အန္တရာယ်ကောင်းကြီးသဖွယ် ကျိန်ဆဲနေကြပြီ။ ငါလာရာ လမ်းကြောင်းတစ်လျှောက် အတားအဆီးများစွာတို့ဖြင့် ငါ့အား ကန့်ကွက်နေကြလေပြီ။ ငါ့ကို အပြီးပိုင် တိုက်ထုပ်နိုင်ရန် မဟာစီမံကိန်းကြီးများ ချမှတ်နေကြလေပြီ။ ငါ့၏ကျေးဇူးတရားကိုမျှ မထောက်ထားတော့ပဲ ဆန့်ကျင်နေကြလေပြီတကား၊
ငါ အမှန်အတိုင်း ဝန်ခံရပါမူ လွန်ခဲ့သော အနှစ် ငါးဆယ်ခန့်ကတည်းက ငါ့၏ လွတ်လပ်မှူကို အပြီးပိုင်စွန့်လွတ်ခဲ့ကာ ယနေ့အထိ ငါ လုံးဝ စိတ်ပျက်အားငယ်မှူမရှိပဲ၊ အစွန်းကုန် ကြိုးစားရုန်းကန်လျှက်၊ ပြည်သူလူထုများ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပြီးပြီ။
မရှိမဖြစ်လိုအပ်သော မီး ရရှိရေအတွက် ငါ အစွမ်းကုန် ရုန်းကန်ခဲ့ရပြီးပြီ၊ မရှိမဖြစ်လိုအပ်သော ရေ အတွက်လည်း ငါ့၏ အသွေးအသားများအား ထက်ဝက်ခွဲဝေပေးခဲ့ရပြီးပြီ၊ သဘာဝတောတောင် သယံဇာတများကို ငါအစွမ်းကုန် ကြိုးစားရုန်းကန်လျှက် ထွန်းလင်း တောက်ပ စိမ်းလန်းစိုပြေစေခဲ့ပြီးပြီ။
အနှစ် ငါးဆယ်လုံးလုံး အကျဉ်စံဘဝဖြင့် ငါ အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ပြီးတဲ့ နောက်၊ ငါ အတောင်းတဆုံး အလိုချင်ဆုံးဖြစ်သော လွတ်လပ်မှူကို ရှာဖွေရန် အလွန်တရာကျဉ်းမြောင်းလှသော လှောင်အိမ်ထဲမှ ထွက်ခွါသွားရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
အကျဉ်စံဘဝဖြင့် အနှစ်ငါးဆယ်လုံးလုံး နေခဲ့ရခြင်းသည်လည်း၊ ပြစ်မှူ တစ်စုံတစ်ရာ ကြူးလွန်းခဲ့၍မဟုတ်၊ သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ငါ့အား ချုပ်နှောင်ထားခဲ့ကြခြင်းသာဖြစ်လေသည်။ ငါသည်ကား သဘာဝအလျှောက် အမြဲတမ်း စီးဆင်းနေရမှ ရှင်သန်ရသော အမျိုးဖြစ်လေသည်။
သို့သော် လူတို့၏ အတော်မသတ်နိုင်သော လောဘဇောကြောင့် အနှစ်ငါးဆယ်လုံးလုံး ကျဉ်းမြောင်းကျပ်တည်းလှစွာ အလုပ်လုပ်ခဲ့ရလေသည်။
အခု ငါ ထွက်ခွါသွားတော့မည် ငါ့အား မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးမှူမပြုနှင့်တော့။
မည်သို့ပင် တောင်းမန်သော်လည်း ငါလာရာ လမ်းတစ်လျှောက် ငါ့အား အမျိုးမျိုး အဖုံဖုံသော အတားအဆီးများဖြင့် မရ ရအောင် ပိတ်ပင်ကြလေသည်၊ သို့သော် ငါ့ကို ချစ်၍တားကြသည်မဟုတ်၊ ငါ့အား မကောင်းဆိုးဝါးကြီးတစ်ကောင် သဖွယ် တားဆီးကြခြင်းသာ ဖြစ်လေသည်။ ငါသည်ကား မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်မဟုတ်၊ သက်ရှိ သက်မဲ့ မှန်သမျကို အကျိုးပြုနေသော၊ သဘ၀အတိုင်း စီးဆင်းနေသော ရေ သာလျှင် ဖြစ်လေသည်။
ရေ ဟု ဆိုအပ်သော ထိုငါအား၊ လွန်ခဲ့သော နစ်ပေါင်းများစွာကတည်းက ပိတ်လှောင်၍ အလွန်တရာကြီးကျယ်လှသော ရေလှောင်ကန်ကြီးဖြင့်၊ စုဆောင်းထားခဲ့ရမှ ယနေ့ တားမနိုင်ဆီးမရဖြစ်ကာ၊ ပွင့်အန် ထွက်ချလာခြင်းသာဖြစ်လေသည်၊ လူသားတို့အား ဒုက္ခပေးရန် ငါ စောင့်ဆိုင်း၍ နေခဲ့သည်မဟုတ်။
မည်သူက မည်မျှပင်တားတား ငါ လုံးဝ နောက်ဆုတ်တော့မည်မဟုတ်၊ တား၍လည်း ရမည်မဟုတ်တော့၊ ငါ၏ သွားလိုရာကား ငါတို့အမျိုးအနွယ်တို့၏ ပျော်စံရာ မဟာသမုဒ္ဒရာပင် ဖြစ်လေသည်။
သို့သော်လည်း လူတို့သည် ပြုခဲ့ဖူးသော ငါ့၏ကျေးဇူးကိုမျှမထောင်ထားပဲ၊ အမျိုးမျိုးအဖုံဖုံ နှောင့်ယှက် တားဆီး နေလေတော့သတည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 6:19 AM 0 comments
Labels: ဆောင်းပါး
ထိုင်းဘုရင်းမကြီး သိရိခေတ်
ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။
အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒာမဟီဒိုး နတ်ရွာစံပြီးနောက် နန်းတက်လာသော၊ လက်ရှိ နဝမမြောက် ရာမဘုရင် ဘူမိဘော အဒူလျာဒက်(ဂ်ျ)နှင့် ၁၃၉၅ ခုနစ် ဧပြီလ ၂၈ ရက်နေ့တွင် စုလျာရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။
မိဘုရားသိရိခေတ်နှင့် ဘုရင်ဘူမိဘော တို့သည်၊ ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားနေခဲ့စဉ် ကတည်းက မေတ္တာမျှနေခဲ့ကြသည် ဟု လူသိများကြလေသည်၊ မင်းသမီးသိရိခေတ်သည်ကား နုပျိုစဉ်အရွယ်က ကမ္ဘာပေါ်ရှိတော်ဝင်မင်းသမီးများ ထဲတွင် အချောဆုံးအလှဆုံး စာရင်ဝင်ခဲ့သူ တစ်ယောက်ဖြစ်လေသည်။
မင်းသမီး သိရိခေတ်သည် ဘုရင်ဘူမိဘော နှင့်အတူ သျှောင်းနောက် ဆံထုံးပါ ဆိုသကဲ့သို့ နယ်စွန် နယ်ဖျားများသို့ လိုက်ပါလျှက် ပြည်သူ ပြည်သားများအား လက်ဆောင်များ ပေးခြင်း ဆေးဝါးကုသပေးခြင်း၊ အစရှိသော လူသား အကျိုးပြုလုပ်ငန်းကို မငြီးမညူ လိုက်ပါ ဆောင်ရွက်လေသည်။
အထူးသဖြင့် ထိုင်းအမျိုးသမီးကလေးများ၏ ဘဝဖူလုံရေး အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားစေရန် အားပေး ကူညီခဲ့လေသည်။
သိရီခေတ်သည် ထိုင်းဘုရင် ဘူမိဘော၏ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး အဖြစ်ဖြင့် နေလာခဲ့သည်မှာ ယနေ့ သက်တော် အားဖြင့် ၇၉ နစ်သို့တိုင်ခဲ့လေပြီ။ သို့သော်လည်း မိဖုရားသိရိခေတ်အား မေတ္တာပျက်သော ထိုင်းပြည်သူတစ်ဦင်္းတစ်ယောက်မျှ မရှိသေးပေ။
အကျွန်ုပ်သည် သူတစ်ပါး တိုင်းပြည့်တွင် လူမဖြစ်ချင်သော်လည်း၊ အကျွန်ုပ် မွေးဖွားသော တိုင်းပြည်တွင်ကား ထိုကဲ့သို့ မင်း မိဖုရားများ ရှိခဲ့ပါမူ ကောင်းလေစွာ့ဟု ဆုတောင်းရင်း၊
တိုင်းသူ ပြည်သားများ အပေါ်တွင် ရင်ဝယ်သားကဲ့သို့ မေတ္တာထားကာ အုပ်ချုပ်နေသော မိဖုရားသီရိခေတ်သည်-၁၂-၈-၂၀၁၁ နေ့တွင် ကျရောက်သော ၇၉ နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာသော ကာလတိုင်အောင်၊ စိုးစံအုပ်ချုပ် မင်းလုပ်နိုင်ပါစေသတည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 6:29 PM 0 comments
Labels: ဆောင်းပါး
အဖြေမသိသော ပုစ္ဆာ
ဘုန်းကြီးဖြစ်ပြီးတော့ ဘာကြောင့် အင်တာနက်သုံးသလဲ၊ ဝိနည်းတော်နှင့် ညီသလားဟု မေးသေး၏၊ ဤသည်ကား တော်ပါပေသေး၏တကား၊ တစ်ချိုလူများဆိုလျှင် အတီတေ ဗာရုဏသီချီလျှက် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဘုန်းကြီးတွေ အင်တာနက်သုံးသလား ဟူ၍ မေးမြန်းကြသေး၏၊ ဒကာတော်ဦးပေါ်ဦးကိုသာ ဒုလ္လဘရဟန်းခံပေးပြီး ဖြေခိုင်းရပါမူကာ ကောင်းလေစွာ့။
သို့သော် ထိုကဲ့သို့သော် မေးခွန်းများကိုမူ ပြည်ပရောက်မြန်မာများနှင့် တစ်ခြားသော ဗုဒ္ဓဘာသာနိုင်ငံများမှ လူများ မေးလေ့မေးထမရှိပေ၊ ပြည်တွင်းမှ အင်တာနက်သုံးသော ညီငယ် ညီမငယ်များသာ မေးမြန်းလေ့ရှိကြ၏၊
အကြောင်းမှာကား၊ ဤသို့တည်း... မြန်မာပြည်အင်တာနက်လောကတွင် အသုံးပြုနေကြသူများမှာ google talk မှ တစ်ပါး အခြားမရှိချေ၊ ၄င်း google talk ဖြင့်လည်း တစ်ဦးနှင့်တစ်ဦး နောက်လိုက် စလိုက် ညာလိုက် ဝါလိုက်ဖြင့်ပင် လူငယ်အများစု အချိန်ကုန်နေကြကြောင်း တွေ့ ရှိရလေသည်၊ အခြားသော ဗဟုသုတဖြစ်ဖွယ်ရာ မည့်သည်ဝက်ဆိုဒ်ကိုမှ ဖွင့်ကြည့်၍မရချေ၊
ထို့ကြောင့်ပင်လျှင် ဦးဇင်းငယ်များကို အင်တာနက်လိုင်းပေါ်တွင် တွေ့ ရှိခဲ့ပါက၊ မိမိတို့ကဲ့သို့ (သူတို့အခေါ်) ကြူနေသည်ဟု တထစ်ချ ထင်မှတ်ကြလေတော့၏၊ အကျွန်ုပ် ရန်ကုန်သို့ ရောက်ခဲ့စဉ်က အင်တာနက်ဆိုင်များသို့ ဝင်မိလျှင် ကိုယ့်ကိုကိုယ် ရှက်ကိုးရှက်ကန်းဖြစ်မိသေး၏၊ အကြောင်းမှာ အများသူငါ ကြူနေသော နေရာတွင် ဝင်ထိုင်နေမိခြင်းကြောင့်ဖြစ်၏၊
ထို့သို့သော အကြောင်းများကြောင့်ပင်လျှင်၊ မေးခွန်းမျိုးစုံ မေးသော လူငယ်မောင်မယ်များအား အကျွန်ုပ်စိတ်မဆိုးနိုင်တော့ပေ၊ ထိုမေးခွန်း၏ အဖြေကိုလည်း အကျွန်ုပ်မဖြေဆိုလိုတော့ပေ၊ ပြည်ပမှာကဲ့သို့ အင်တာနက်လိုင်းများ အားကောင်းပြီး မိမိတို့ဖွင့်လိုသော ဝက်ဆိုဒ်များကို ဖွင့်၍ရသော တစ်နေ့ကိုသာ အကျွန်ုပ်မျှော်လင့် စောင့်စားနေမိသေးတော့၏တကား။
Posted by ရွာဦးကျောင်း ဆရာတော် at 6:56 AM 0 comments
Labels: ဆောင်းပါး
ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၃-နစ်ပြည့် မွေးနေ့။
ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။
သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။
ထို့နောက် ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင် ပညာသင်ကြားခဲ့သည်။ နောင်တော်ဘုရင် အနန္ဒမဟီဒိုး ရုတ်တရက်နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံထီးနန်း၌ စိုးစံလျှက်ရှိသည်။
ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် (၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်) ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ် (Mon Rajawongse Sirikit Kiktiyakara) မင်းသမီးနှင့် ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။
သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကပင် တွေ့မြင်ရင်းနှီးမေတ္တာမျှခဲ့ခြင်းဖြစ်သည်။ သီရီခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင်တွင် အချောအလှဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ စုလျှားရစ်ပတ်ပြီးနောက် ထိုနစ် မေလ ၅ ရက်နေ့၌ပင် ရာဇာဘိသေက အခန်းအနားကို ကြီးကျယ်စွာဆင်ယင် ကျင်းပပြီးဘိသိက်ခံခဲ့သည်။
ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ရွှေနန်းပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြသာဒ်များကို သူ ပိုင်ဆိုင်သည်။ သို့သော် ဘုရင်းတစ်ပါးပင်ဖြစ်သော်ငြား ပြည်သူအကြားသို့ဝင်၍ ပြည့်သူ့ဝန်ကို ထမ်းရွက်နေသူဖြစ်သည်။
ဘုရင်ဘူမိဘောသည်ကား ဆက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်ပေ၊ ထို့ပြင် [အင်နာခင်နှင့် ယိုးဒယား(ထိုင်း) ဘုရင်] ဝတ္ထုထည့်ကလို ဒေါသ မာန်မာနကြီးမား၍ အာဏာစက်ပြင်းလှသော သူ၏ ဘိုးတော်လို ဘုရင်ကြီးလည်းမဟုတ်ပေ။ ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသူ ဖြစ်သည်။ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ အမူအရာခက်ထန်မောက်ကြွားမှုကင်းသည်။ မည်သူ့ကိုမဆို ကူညီရိုင်းပင်းလိုသော လူမှူဝန်ထမ်းစိတ်ရှိ အပြည့်ရှိသည်။ သည်စိတ်ဓာတ်များကြောင့်ပင် သူသည် ရွှေအိမ်နန်း နှင့် ကြငှန်းစံသောဘဝမှနေ၍ မြေကြီးပေါ်သို့ဆင်းကာ ဗျိုက်တော်နှင့် ရွှံ့ညွန်အကြား ခြေစုံပင်ကွဲစေဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် အလုပ်မှန်သမျှ အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ် သယ်ပိုးခဲ့သည်။
လယ်သမားများနှင့် အသိချင်းဖလှယ်ခဲ့သည်။ ဘူမိဘောတိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများလည်းပါသည်။ အထူကုဆရာဝန်များနှင့် သွားအထူးကု ဆရာဝန်များလည်းပါသည်။ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထန်းများက ဒေသခံဆေးရုံများနှင့် ပူးပေင်း၍ အခမဲ့ ကုသပေးသည်။
ယနေ့ထိုင်းနိုင်ငံသည် အာရှတိုက်တွင် ထွန်းသစ်စ စက်မှူနိုင်ငံဘဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်းသည်သာ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံထားသည်။
ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲမွေးတေမှူနှင့် လူမှူပြဿနာရှိနေသမျှ တိုင်းပြည် မတည်ငြိမ်နိုင်ကြောင်း ဘုရင်ဘူမိဘော ကောင်းကောင်း သိသည်။
ထို့ကြောင့်ပင်လျှင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က (ကြိုတင်ကာကွယ်ရေးဆေးဝါး) ဟုတင်စားခဲ့သည်။ ပြည့်သူ့အတွက် ချက်ချင်းဆောင်ရွက်‘‘ ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့  ကျင့်သုံးလျှက်ရှိသည့် ဆောင်ပုဒ်တစ်ခုဖြစ်သည်။
သို့ကလို ပြည်သူ့အကျိုးကို နေ့မအား ညမနား ဆောက်ရွက် ပေးလျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံ တိုင်းသူပြည်သားများ၏ စည်းလုံးညီညွတ်ရေး အထိန်းအမှတ်အဖြစ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ နစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဘူမိဘောနန်းသက်တစ်လျှောက်၌ ကမောက်ကမ ဖြစ်မှူများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။
စစ်တပ်မှ အာဏာသိမ်းပိုက်မှူ ၁၉ ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပျင်ဆင်ရေးအဖွဲ့မှ ၁၀ ကြိမ်နှင့် အကြိမ်ပေါင်း မရေတွက်နိုင်သော ကက်ဘိနက်အစိုးရဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှူများကို တွေ့ကြုံဖြတ်သန်း ခဲ့ရသည်။
ဘုရင်ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်သည်။ သို့ရာတွင် သူကား ပြည့်သူချစ်သော ဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူကိုအလုပ်အကြွေးပြုသော မင်းတစ်ပါးသာ ဖြစ်သည်။ သူ၏ကိုယ်ရေကိုယ်သွေး စွမ်းပကားကား ကြီးမားလှသည်။
သူ၏တည်ဆောက်ရေး လုပ်ငန်းများသည် ထိရောက်အောင်မြင်သော လုပ်ဆောင်မှူများဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သာ ဖြုတ်ချခဲ့သည် ဘုရင်ဘူုမိဘောကိုမူ သစ္စာရှိကြသည်။ အာဏာရယူရေးကိစ္စများတွင် ဘုရင်ဘူမိဘောသည် မည့်သူ့ဖက်မျှမပါဝင်ပဲ သိက္ခာသမာဓိနှင့်နေခဲ့သည်။ ကျောသားရင်သား မခွဲခြားပဲ တရားနည်းလမ်းကျစွာ အဆုံး အဖြတ်ပေးသည်။
ဘူမိဘောသည် ထိုင်းဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏နိုင်ငံတွင် ဒီမိုကရေဆီအပြည့်အဝ ပေါ်ထွန်း ရေးကို ဦးတည်သော လုပ်ဆောင်ချက်များကိုသာ လိုလားနစ်သက်သူဖြစ်သည်။ ထိုင်း ဘုရင်ဘူမိဘော၏ ပုဂ္ဂိုလ်ရေး အာဏာသည် သူ၏ နန်းသက်တစ်လျှောက်တွင် ကြာလေခိုင်မြဲလေ ဖြစ်သည်။ ထိုင်းနိုင်ငံသမိုင်းတွင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့လေပြီ။
ဘုရင်ဘူမိဘောသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို နောင်တော် အနန္ဒမဟီဒိုးမှာ သူ၏ အိပ်ခန်းဆောင်၌ သေနပ်ဒါဏ်ရာဖြင့် ထူးဆန်းစွာလုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် နောင်တော်၏ ထီးနန်းအရိုက်အရာကို ညီတော်ဖြစ်သော ဘူမိဘောက ၁၉၄၆ ခုတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရသည်။
နောင်တော်နတ်ရွာစံစဉ်က ဘုရင်ဘူမိဘောမှာ ၁၈ နစ်သာရှိသေးကာ ဆွစ်ဇာလန်နိုင်ငံ၌ ပညာသင်ကြားနေချိန်ဖြစ်သည်။
ဘူမိဘောသည် ဘုရင်ဖြစ်လာပြီးနောက် နဝမမြောက်ရာမဘုရင် ဘွဲ့ကိုသာမက မဟာရာဇာ ဘွဲ့ကိုပါ ပြည်သူ၏ ဆန္ဒနှင့်အညီခံယူခဲ့သည်။
ဘူမိဘောသည် ၁၇၈၂ ခုနစ်ကပင် စတင်ခဲ့သော ချက်ကရီမင်းဆက် အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ဘုမိဘော၏ ဘိုးတော်မှာ မောင်းကွတ်ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီး အကြောင်းကို မှီငြမ်းရေးဖွဲ့ထားသော ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် ပေါ်ထွက်ခဲ့ဖူးသည်၊ အင်နာခင် နှင့် ယိုဒယား (ထိုင်း) ဘုရင် (Anna and the King Siam) ဖြစ်သည်။
ထိုဝတ္ထုကို နောင်အချိန်တွင် ကမ္ဘာကျော် ခေါင်းတုံးမင်းသား ယူလ်ဘရိုင်နား နှင့် ရုပ်ရှင်ပြန်ရိုက်သောအခါ ဘုရင် နှင့် ကျွန်ုပ် (The King and I) အဖြစ် ကျော်ကြားခဲ့လေ၏။
ထီးနန်းကို ဆက်ခံပြီးနောက် နစ်လကြာသောအခါ ဆွစ်ဇာန်နိုင်ငံ သို့ ပြန်သွားကာ လော့ဆန်းတက္ကသိုလ် တွင် သိပ္ပံ၊ ဥပဒေ ပညာ နှင့် နိုင်ငံရေးပညာရပ်များကို ဆက်လက်သင်ယူခဲ့လေသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ရပြီးနောက် ၁၉၅၁ ခုနစ်တွင် ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ခဲ့သည်။
ထိုအချိန်မှအစပြု၍ ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ထိုင်းနိုင်ငံထီးနန်း၌ သက်တမ်းအကြားဆုံး ချက်ကရီမင်းဆက် နဝမမြောက် ရာမဘုရင်အဖြစ်ဖြင့် ယနေ့ တိုင် ဆက်လက်စိုးစံအုပ်ချုပ်လာခဲ့သည်မှာ သက်တော် ၈၃ နစ် မွေးနေ့သို့ တိုင်ခဲ့လေပြီးဖြစ်သည်။
ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သော် ၈၃ နစ် မြောက် မွေးနေ့ မှသည် နောင်နစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ပါစေသတည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 9:28 AM 0 comments
Labels: ဆောင်းပါး
ကဲ့ ..အခု ဘယ်လိုလုပ်မလဲ
တစ်ခါက မြို့ငယ်တစ်မြို့တွင်၊ စီးပွားဥစ္စာ အသင့်အတင့်ရှိသော၊ လက်ထပ်ပြီးခါစ ဗုဒ္ဓဘာသာ ဇနီးမောင်နှံ နစ်ယောက်သည်၊ ဘဝရှေးရေးအတွက် စီးပွားတစ်ခုခုကို လုပ်ကိုင်ရန်ရည်ရွယ်၍၊ မြို့ကြီးတစ်မြို့ကို တက်လာခဲ့လေသည်။
သူတို့ဇနီးမောင်နှံနစ်ယောက်သည်ကား၊ ဟိုစပ်စပ် ဒီစပ်စပ် စီးပွားရေးများကို လုပ်ကိုင်းနေရင်း၊ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ရရှိလေတော့၏၊ ထိုမိတ်ဆွေသည်လည်း သူတို့နည်းတူ လက်ထပ်ခါစ စုံတွဲတစ်တွဲ ဖြစ်လေသောကြောင့် စီးပွားရေးတစ်ခုကို မယ်မယ်ရရ လိုက်ချင်ကိုင်ချင်နေသဖြင့် ဆန္ဒချင်း တူညီနေကာ ပိုမိုရင်းနှီး ခင်မင်သွားကြလေသည်။
တစ်ခု ကွာခြားသည်မှာ နယ်မြို့မှ တက်လာသော ဇနီးမောင်နှံများက ဗုဒ္ဓဘာသာဖြစ်ပြီး၊ မြို့မှ မိတ်ဆွေလင်းမယားသည်ကာ၊ မူဆလင်ဘာသာဝင်များဖြစ်လေသည်။ သို့သော် သူတို့ မိသားစုများသည် ညားခါစ မိသားစုလေးများဖြစ်နေခြင်း၊ စီးပွားတစ်ခုကို ဇောက်ချ၍လုပ်ကိုင်လိုခြင်း အစရှိသော တူညီချက်ကလေးများကြောင့်ပင်၊ အလွန်ရင်းနှီးသွားကြလေသည်။
ဗုဒ္ဓဘာသာ ဇနီးမောင်နှံများက အမြဲတမ်း ဘုရားသွား ကျောင်းတက် လုပ်သကဲ့သို့ မူဆလင် ဇနီးမောင်နှံများသည်လည်း အမြဲတမ်း ဗလီတက် ဝတ်ပြုလေ့ရှိကြသေလည်။ သူတို့စုံတွဲများသည် မိမိတို့ ကိုးကွယ် ဆည်းကပ်သော ဘာသာတရားများကို အလွန်ရိုသေလေးစားသူများ ဖြစ်ကြလေသည်၊ ၄င်းဇနီးမောင်နှံ မိတ်ဆွေများသည်၊ အလုပ်တစ်ခုကို စပ်တူလုပ်ကိုင်းရင်း မြို့မျက်နှာဖုံးတမျှ ကြီးပွားတိုးတက် လာလေတော့သည်။
ဘာသာတရားများနှင့် ပတ်သက်၍မူ မည်သူကမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ၊ တကယ့် မိတ်ကောင်း ဆွေကောင်းများအဖြစ် နေထိုင်လုပ်ကိုင်လာခဲ့ကြလေသည်၊ ဗုဒ္ဓဘာသာ ဇနီးမောင်နှံများမှာလည်း၊ ဘာသာတရားကို လိုက်စားသူများပီပီ အလွန်အေးချမ်းသော မိသားစုလေး တစ်စုဖြစ်လေ၏၊ ထို့အတူ မူဆလင်ဇနီးမောင်နှံတို့သည်လည်း အလွန်အေးချမ်းစွာ နေထိုင်တတ်သော ဇနီးမောင်နှံများ ဖြစ်ကြလေသည်။
နစ်ကာလများကြာလာသည်နှင့်အမျှ မူဆလင်ဇနီးမောင်နှံတွင် သားယောက်ျားလေးတစ်ယောက် ထွန်းကားပြီး၊ ဗုဒ္ဓဘာသာ ဇနီးမောင်တို့တွင် သမီးလေးတစ်ယောက် ထွန်းကားလေတော့၏၊ မူဆလင်းသားလေးသည် မိဘစကားကို အလွန်ရိုသေသူပီပီ မူဆလင်ဘာသာတရားကိုလည်း အလွန်ယုံကြည် သက်ဝင်သူတစ်ယောက် ဖြစ်လာလေ၏။
ထို့အတူ ဗုဒ္ဓဘာသာ သမီးလေးသည်လည်း မိဘစကားကို မြေဝယ်မကျနာခံတတ်ပြီး၊ ငယ်စဉ်ကတည်းက ဥပုသ်သီလများ ဆောက်တည်ကား နွေရာသီကျောင်းပိတ်ရက်များတွင်၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် ဝိပဿနာ ၇ ရက်တရားစခန်းများကိုပင် အရွယ်နှင့်မလိုက်အောင် ဝင်ရောက်တရားထိုင်ဖြစ်လေ၏။
နစ်ဖက်မိဘများ ရင်းနှီးမူကို အကြောင်းပြုကာ သူတို့လူငယ်နစ်ဦးသည် ငယ်စဉ်ကတည်းကပင် ရင်းနှီးသော သူငယ်ချင်းများအဖြစ် နေထိုင်လာခဲ့ကြသည်မှာ၊ ယခု အရွယ်ရောက်သည် အထိဖြစ်လေ၏။ အရွယ်ရောက်လာသည်နှင့်အမျှ၊ လူငယ်တို့သဘာဝ မေတ္တာမျှသွားကြမည်ကိုလည်း နစ်ဖက်မိဘများ စိုးရိမ်းလျှက်ရှိကြလေသည်၊ သို့သော်လည်း မိဘများ၏ မျက်နှာကြောင့်ပင်လျှင် ကောင်လေးနှင့် ကောင်မလေး တစ်တွဲတွဲသွားလာနေသည်ကို မတားရက်နိုင်ကြပေ။
မူဆလင်းမိဘများသည်ကား ၄င်းတို့၏ တစ်ဦးတည်းသောသားကို ဘာသာတူ မူဆလင်းသမီးပျိုတစ်ဦးနှင့် လက်ဆက်ပေးရန် ရွယ်ထားသကဲ့သို့၊ ဗုဒ္ဓဘာသာ မိဘများသည်လည်း မိမိတို့၏ တစ်ဦးတည်းသော သမီးလိမ္မာလေးကို ဘာသာတူ အယူတူသူနှင့်သာ နီးစပ်စေချင်နေလေတော့၏။
သို့သော် အလွန်တရာမှ ရင်းနှီးပြီး စီးပွားအတူလုပ်နေကြသော မိဘများသည်၊ သူတို့၏ သားမသီးများကို မိမိတို့၏ အလိုဆန္ဒအတိုင်း ဖြစ်စေချင်ခဲ့သော်လည်း နောက်ဆုံးတွင်၊ မူဆလင်းသားလေးနှင့် ဗုဒ္ဓဘာသာ သမီးလေးတို့သည် မိဘများတားသည့်ကြားကပင်လျှင် ခိုးရာလိုက်ပြေးသွားတော့၏။
နစ်ဖက်မိဘများ၏ ရင်းနှီးမူကို အခြေခံ၍၊ သူတို့ဇနီးမောင်နှံသည်လည်း၊ ညားခါစတွင် ဘာသာတရားကိုးကွယ်မှူကို၊ မိခင်ဘာသာများကိုသာ စိတ်ကြိုက်ခွင့်ပြုပေးထားလေတော့၏၊ သို့သော် ယခုလက်ရှိအချိန်တွင် သားယောက်ျားလေးတစ်ယောက် ထွန်းကားနေပြီဖြစ်၍၊ မူဆလင်ဘာသာဝင် လင်တော်မောင်ကလည်း မိမိ၏သားလေးကို မူဆလင်ဖြစ်စေချင်နေသကဲ့သို့၊ ဗုဒ္ဓဘာသာ မိခင်သည်လည်း မိမိ၏ သားလေးကို ဗုဒ္ဓဘာသာတို့ ထုံးစံအတိုင်း ရှင်ပြုရဟန်းခံများ ပြုလုပ်ပေးချင်လျှက်ရှိပေသည်။
------------------------------------------------------------------------------
တောမှတက်လာသော ဗုဒ္ဓဘာသာဇနီးမောင်နှံများနှင့် စပ်တူစီးပွားလုပ်တော့မည့်ဟု သိရစဉ်တုန်းက၊ မြို့ပေါ်မှ မူဆလင်ဇနီးမောင်နှံကို ဗလီဆရာများက တားခဲ့သော်လည်း ကိုယ့်စိတ်ကို ကိုယ်နိုင်သည်ဟု ဆိုကာ တားဆီး၍မရခဲ့ဟုသိရသကဲ့သို့၊ ဗုဒ္ဓဘာသာ ဇနီးမောင်နှံများကိုလည်း မူဆလင်များနှင့် အလုပ်အတူတွဲမလုပ်ရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှ တားခဲ့သည်က၊ို မိမိတို့သည် မည်သည့်အကြောင်းကြောင့်မျှ ဘာသာမပြောင်းပါ ဟုဆိုကာ စီးပွားလုပ်ဖြစ်သွားကြသည်ဟု သိရပါသည်။
ယခုလက်ရှိအနေအထားတွင်ကား မိမိတို့သားသမီးများ လက်ထက်ကို ရောက်မှန်းမသိ ရောက်ရှိလာပြီဖြစ်၍၊ မူဆလင်မိဘများ ကိုယ့်စိတ်ကို ကိုယ်နိုင်ခဲ့သကဲ့သို့ ၄င်းတို့၏သားမှာ နိုင်တော့မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာမိဘများသည်လည်း မည်သည့်အကြောင်းကြောင့်မျှ ဘာသာမပြောင်းပဲ နေနိုင်ခဲ့သော်လည်း ၄င်းတို့၏သမီးငယ် နေနိုင်မည်မဟုတ်တော့ပေ၊ သမီးငယ်လေးက နေနိုင်သည်ထားဦးတော့၊ မီမီတို့၏ မြေးလေးသည်ကာ လုံးဝမသေချာတော့ပေ။
အထက်ပါအဖြစ်အပျက်ကို ဖတ်ရူ့ပြီး ယခုကဲ့သို့၊ မိဘနစ်ပါးနှင့် ဘိုးဘွားများ ဗျာများနေရခြင်းသည်၊ မည်သူ့အပြစ် ဟု စာဖတ်သူများရူ့မြင်သုံးသတ်ပါသနည်။
Posted by ရွာဦးကျောင်း ဆရာတော် at 3:22 AM 0 comments
Labels: ဆောင်းပါး
G-mail တစ်ခု ဝယ်ချင်သူ
စာရေးသူတို့နိုင်ငံသည်ကား ဖွံ့ဖြိုးမှုအားနည်းသော်လည်း နည်းပညာပိုင်ဆိုင်ရာမှာ ညံ့သည်ဟု မဆိုင်နိုင်သေးပေ၊ သို့သော်လည်း ပြည်တွင်းက မြန်မာအများစုမှာ ကွန်ပျုတာနှင့် ပတ်သတ်၍ အခေါ်အဝေါ်များကိုမူ အင်္ဂလိပ်အသံထွက်အတိုင်း တိုက်ရိုက်ယူ၍ပြောဆိုသုံးစွဲကြ၏၊ တစ်ခြားနိုင်ငံများတွင် သူ့ဘာသာစကားတစ်ခုကို တတ်လျှင်ပင်လုံလောက်သော်လည်း၊ မြန်မာနိုင်ငံသားများအတွက် မလုံလောက်သေးပေ၊ တစ်ခြားနိုင်များတွင် မည်သည့်ပစ္စည်ပင်ထုတ်ထုတ် သူ့ဘာသာစကားဖြင့် ထည့်သွင်းထားသောကြာင့် မိမိ မိခင်ဘာသာစကား တစ်ခုကိုတတ်လျှင် အလုပ်ဖြစ်ပြီ။
အစစအရာအရာ ထိမ်းချုပ်ခံထားရသောမြန်မာပြည်မှ လူအများစုသည် မျက်စိပိတ် နားပိတ်လျှက် ကမ္ဘာကြီး၏ ပြင်ပတစ်နေရာကို ရောက်နေသကဲ့သို့ဖြစ်နေသည် ။
ထိုင်း၊ မလေးရှား စသော အိမ်နီးချင်း နိုင်ငံများတွင် ဟန်ဖုန်းကိုလူတိုင်း ကိုင်နိုင်သကဲ့သို့၊ အင်တာနက်ကိုလည်း ဖုန်းသုံးလို့ရသော နေရာတိုင်းတွင် သုံးနိုင်သည် ဖုန်းမှတစ်ဆင့်သော်လည်းကောင်း မော်ဒန်ကဒ်စနစ်ဖြင့် သော်လည်းကောင်းသုံးနိုင်၏၊ သို့သော် မြန်မာနိုင်ငံတွင်းမှာမူ ဖုန်းကိုင်နိုင်လျှင် သူဌေးဟု လူအများမှတ်ထင်နေကြတုန်းသာ ရှိသေး၏၊ ထင်လောက်အောင်လည်း ဟန်းဖုန်းကိုင်နိုင်သူများမှာ ငွေကြေးတတ်နိုင်သူများသာ၊ သာမန်လူများကိုင်နိုင်ဖို့ မဖြစ်နိုင်သေးချေ၊ အင်တာနက်ဆိုလျှင်လည်း မြို့ကြီးပြကြီးများလောက်တွင်သာ ကော်နယ်ရှင်ကျခြင် အစိုးရထိန်းချုပ်ခြင်း စသောချုပ်ချယ်ကန့်သတ်မှု များစွာဖြင့်သာ သုံးစွဲနိုင်၏၊
သို့သော်လည်း Google Talk တစ်ခုမှလွဲ၍၊ အခြား ဗဟုသုတဆိုင်ရာ ဝက်ဆိုဒ်များကိုမူ ဖွင့်မရသလောက် ဖြစ်ချေ၏၊ အင်တာနက်သုံးခြင်းသည် ကောင်လေးနှင့် ကောင်းမလေးများ Q ခြင်းမျှလောက်သာ ထင်မှတ်နေတုန်း ရှိသေး၏၊ ပြည်ပရောက် မိမိတို့သူငယ်ချင်းများ ပို့ပေးသော ဖတ်မှတ်စရာ သတင်းများကိုသာ မိမိတို့ မေးထဲမှာ မရ မက ဖွင့်ကာ ဖတ်နေရတုန်းရှိသေး၏။
တစ်နေ့- စာရေးသူတို့အိမ်နားက အင်တာနက်ကဖေးတွင် အင်တာနက်သွားသုံးစဉ် တောမှ လူကြီးတစ်ယောက်သည်၊ မလေးရှားတွင် အလုပ်လုပ်နေသော သားနှင့် စကားပြောရန်ရောက်ရှိလာလေသည်။
စာရေးသူသည်လည်း သူ့ကိုကြည့်လျှက် အကဲခပ်နေမိသည်၊ ဆိုင်ပိုင်ရှင်နှင့် တစ်ခြားအသိတစ်ဦးမှ အကူအညီပေးမှု့ကြောင့် အွန်လိုင်းက ဂျီတော့ပ်ဖြင့်ပင်လျှင်၊ ကော်နယ်ရှင်ကျလိုက် တက်လိုက် ခက်ခက်ခဲခဲ ပြောနေရှာလေသည်။
တောကလာသော ထိုလူကြီးသည် ကော်နယ်ရှင် ကျသွားသည်ကိုလည်းမသိ တက်လာသည်ကိုလည်း မသိပဲ ပြောချင်တိုင်း ပြောနေလေ၏၊ ဘေးမှလူများက ကော်နယ်ချင်ကျနေတယ် ခဏစောင့်ပါဦးဆိုမှ ရပ်လိုက်သည၊် တော်ကြာနေ ကော်နယ်ရှင်တက်လာသောအခါ ပြန်စကားပြောပြန်သည် ဤကဲ့သို့ ပြောလိုက်ရသည်ကို အလွန်အင်မတန်မှ ပီတိသောမနဿဖြစ်နေသော တောကလူကြီးသည် ဆိုင်ရှင်ကိုလှမ်းမေးလိုက်ပုံမှာ။
ငါ့တူ.. အဘ ဂျီးမေးလ်တစ်လုံးလောက်ဝယ်ချင်တယ်ကွာ ဘယ်လောက်ပေးရမလဲ သားနဲစကားပြောချင်ရင် တစ်ခါတစ်ခါ မြို့ကိုလာရတာမလွယ်ဘူးကွဲ့…….ဟူ၍ ဖြစ်လေတော့သတည်း။
အော်…….မြန်မာပြည်မှာ သူ့လို ဂျီးမေလ်းတစ်ခုလောက် ၀ယ်ထားချင်သူတွေ အများကြီး ရှိကြမှာပါ ဟု တွေးမိလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက လူတော်တော်များများ သူများနိုင်ငံမှာ အလုပ်ထွက်လုပ်နေကြရပြီးလေ၊ သူတိုသားသမိးတွေကို တွေ့ချင် မြင်ချင် စကားပြောချင်ကြမှာပေါ့။
ဗမာပြည်ကပြန်အလာ ထိုင်းနိုင်ငံကိုရောက်ပြန်တော့လည်း မိမိ၏ မိတ်ဆွေ မင်းထက်တစ်ယောက် အိမ်ကို ရောက်လာပြန်သည်။
အင်္ဂလိပ်စာလုံးဝ မတတ်သော်လည်း၊ မိတ်ဆွေအပေါင်းသင်းများ၏ အကူအညီအကြောင့် ကွန်ပျုတာ အင်တာနက်များကို အထိုက်အလျှောက်သုံးစွဲနိုင်သော မောင်မင်းထက်သည် သူသိချင် တတ်ချင်သော အရာများအား၊ မရှက်မကြောက် မေးတတ်သူပီပီ အင်တာနက်မှ ဒေါင်းလုပ်လုပ်တာကို သူပြောလိုက်ပုံက၊
ကိုယ့်လူရယ်… ဟု စချီကာဖြင့်၊ အင်တာနက်က ဒေါင်းမင်းဘယ်လို လုပ်ရတယ် ဆိုတာရယ် မြန်မာလိုင်းကို ဘယ်ကဖမ်းရတယ်ဆိုတာရယ်ကို၊ ခဏသင်ပေးစမ်းပါတဲ့၊ မြန်မာပြည်တွင်နေခဲ့စဉ်က ရေဒီယိုကိုသာ သုံးဖူးခဲ့သော တောသားလေးမောင်မင်းထက်တစ်ယောက၊် အင်တာနက်က မြန်မာလိုင်းကို ဖမ်းဖို့ပြောလာလေပြီတကား။
ကဲ… ကိုယ့်လူတို့ရယ်… မရယ်ချင်ကြနဲ့နော် ဘာတွေကွာသလဲလို့သာ စဉ်စားပေးကြပါတော့။
သူငယ်ချင်းတစ်ယောက်၏ အတွေ့အကြုံကို မိမိ၏ အတွေ့အကြုံများဖြင့် ပေါင်းစပ်ကာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 11:10 PM 0 comments
Labels: ဆောင်းပါး
ကပ္ပိယကျော်ခေါင်နှင့် ကမ္ဘာ့ ဘယ်သန်ကြီးများ
တစ်နေ့သ၌ ရွာဦးကျောင်းရှေ့ သရက်ပင်ကြီးအောက်တွင် ကပ္ပိယကျော်ခေါင် တစ်ယောက် နဂိုကမှ မကြည့်လင်သော သူ၏ မျက်နှာကို ပုပ်သိုးသိုး ဖြစ်အောင် အစွန်းကုန်ဖန်တီးလျှက် ၊ တစ်စုံတစ်ခုကို ဘဝင်မကျသည့် ဟန်ဖြင့် မိမိ၏ လက်မောင်းတို့ကို ကွေးလိုက် ဆန့် လိုက် လုပ်ကာ ၊ ဒေါသ ဖြစ်နေလေ၏။
ထိုအခြင်းအရာကို တွေ့ မြင်သော ရွာဦးကျောင်းဆရာတော်သည်
‘‘ ဟေ့ - ငကျော်ခေါင်း လာခဲ့ စမ်း’’ ဟုခေါ်ကား ၊ မင်းဘာတွေ ဘဝင်မကျဖြစ်နေတာလဲ ပြောစမ်း’’
ဟူ၍ မေးမြန်းလေတော့၏ ။
ထိုအခါ ကပ္ပိယကျော်ခေါင်သည် သူ့၏ ထုံးစံအတိုင်း မျက်စိကို ပေကလပ် ပေကလပ် လုပ်ကာ၊ အတီတေ ဗာရာဏသီ ချီလေတော့၏ ။
‘‘ မှန်လှပါ ဘုရား တပည့်တော် ဟို ငယ်ငယ်လေးကတည်းက ဘယ်သန်လို့ ဘယ်နဲ့ စားရေးလာတာကို ဆရာတော် အသိပါပဲ ဘုရား’’ ။
‘‘အဲဒါ ဘာဖြစ်တာတုန်း ငကျော်ခေါင် ရဲ့ ’’ ၊
မှန်ပါ= အခုမှလာပြီး တပည့်တော်ကို ရွာကကောင်းလေးတွေက ဘယ်ချီးကိုင်လို့ ခေါ်ပါတယ် ဘုရား ။ အဲဒါကို မကြေနပ်လို့ ပါဘုရား။
ထိုအခါ ရွာဦးကျောင်းဆရာတော်သည် မိမိ၏ တပည့်အပေါ် သနားကရုဏာ သက်မိ၍ ။ အောင်ပါ အကြောင်းအရာကို ပြောဆိုကာ အားပေးစကား ပြောလေ၏ ။ ဆရာတော်၏ စကားကို ကြားရပြီးတဲ့နောက်၊ ကပ္ပိယကျော်ခေါင် သည် အင်မတန်မှ လျှင်မြန်သော အဟုန်ဖြင့် ၊ တိုက်ခန်းထဲံတွင်ရှိသော ပိတ်ဖြူစကြီးကို ယူပြီလျှင် ကျောင်းနှင့် မလှန်းမကမ်း တစ်နေရာ၌ အကြီးတကာ့ အကြီးဆုံး ဆိုင်းဘုတ်ကြီးတစ်ခုကို စိုက်ထူလိုက်လေတော့သတည်း ။
၎င်းဆိုင်းဘုတ်ကြီး၌ ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။
( သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ) ။
ပြီးလျှင် ကမ္ဘာကျော် ဘယ်သန်ကြီးများကိုလည်း အောက်ပါအတိုင်း ရေးထားလိုက်လေ၏ ။
၁။ ကပ္ပိယကျော်ခေါင်( ရွာဦးကျောင်း)
၂။ အိုင်စတိုင်း
၃။ ဘေသိုဗင်
၎။ ဘင်ဂျမင်ဖရန်ကလင်
၅။ ဂျူးလီယက်ဆီဇာ
၆။ လီယိုနာဒို ဒါဗင်ချီ
၇။ မက်တွိုင်း
၈။ မိုက်ကယ်အိန်ဂျလို
၉။ နပိုလီယန် ဘိုနာပတ်
၁၀။ ဘတ်ဘလို ပီကာဆို
၁၁။ ၀ိတိုရိယ ဘုရင်မကြီး
၁၂။ စီလင်ဒီယွန်း(ဂီတ)
၁၃။ ဂျော့မိုက်ကယ်(ဘတ်စကက်)
၁၄။ ဂျင်မီဟင်းဒရစ်
၁၅။ ဖီးလ်ကိုလင်း(တင်းနစ်)
၁၆။ ပေါ်လ်မက္ကနေး(us သမ္မတ)
၁၇။ အန်တိုနီပါကင်း
၁၈။ ဘရုစ်လီ
၁၉။ ကာရိုးဘားနတ်
၂၀။ ဒန်နီကာရေး
၂၁။ တွမ်ခရု“
၂၂။ ကီးနူးရိဗ်
၂၃။ မော်ဂန် ဖရီးမင်း
၂၄။ ဆာရာဂျက် ဆီကာ ပတ်ကား
၂၅။ မာရီလင်မွန်ရိုး
၂၇။ အိဗာသွန်ပဆန်
၂၈။ ဂျက်ဆန် အလက်ဇန္ဒြား
၂၉။ ဂျင်ကဲရင်း
၃၀။ ဂျူလီယာရောဘတ်
၃၁။ လုပယ်ရီ
၃၂။ နီကိုကစ်ဒ်မင်း
၃၃။ အော်ပရာဝင်းဖရေး
၃၄။ ပီလီ(ဘောလုံး)
၃၅။ လာရီဘတ်
၃၆။ ဘေးလ်ဝယ်တန်
၃၇။ ဂျင်မီကော်နာစ်
၃၈။ ဂျိမ်းစ် ဂါဖီးလ်
၃၉။ အားဘတ်ဟုးမား
၄၀။ ဟယ်ရီအက်စ် ထရူးမင်း
၄၁။ ဂါးရက်စ်ဖို့ဒ်မင်း
၄၂။ ရော်နယ်လ်ရေဂင်
၄၃။ ဂျော့ဘုခ်ျ
၄၅။ ဘီးလ် ကလင်တန်
၄၆။ ရာဇာနေ၀င်း(ပြည်တွင်းဖြစ်)
၄၇။ အိန္ဒြာကျော်ဇင်( ။ )
၄၈။ သီဟတင်စိုး ( ။ )
၄၉။ သျှီသူုအောင်(ရတီမင်္ဂဇင်းအေဒီတာ) ဟူ၍ ရေးသားထားလေ၏ ။
နဂိုကတည်းကမှ ဆောင့်ကြွကြွနိုင်လွန်းသော ကပ္ပိယကျော်ခေါင်းသည်ကား ၊ ယခုကဲ့သို့ နပိုလီယံက အစ ရာဇာနေ၀င်း အဆုံး ရှိသော ပုဂ္ဂိုလ်များသည်လည်း သူ့ကဲ့သို့ ဘယ်သန်များ ဟု သိလိုက်ရသဖြင့် ။ အလွန်ဂုဏ်ယူ ဝင့်ကြွားလျှက်ရှိလေတော့ သထည်း ။ ။
သြဂုတ်လ ၁၃ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေအာ့း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။ ။
Posted by ရွာဦးကျောင်း ဆရာတော် at 1:17 AM 0 comments
Labels: ဆောင်းပါး
ထိုင်းဘုရင်မကြီင်္း၏ ၇၈ နှစ်မြောက်မွေးနေ့
ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။
အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒာမဟီဒိုး နတ်ရွာစံပြီးနောက် နန်းတက်လာသော၊ လက်ရှိ နဝမမြောက် ရာမဘုရင် ဘူမိဘော အဒူလျာဒက်(ဂ်ျ)နှင့် ၁၃၉၅ ခုနစ် ဧပြီလ ၂၈ ရက်နေ့တွင် စုလျာရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။
မိဘုရားသိရိခေတ်နှင့် ဘုရင်ဘူမိဘော တို့သည်၊ ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားနေခဲ့စဉ် ကတည်းက မေတ္တာမျှနေခဲ့ကြသည် ဟု လူသိများကြလေသည်၊ မင်းသမီးသိရိခေတ်သည်ကား နုပျိုစဉ်အရွယ်က ကမ္ဘာပေါ်ရှိတော်ဝင်မင်းသမီးများ ထဲတွင် အချောဆုံးအလှဆုံး စာရင်ဝင်ခဲ့သူ တစ်ယောက်ဖြစ်လေသည်။
မင်းသမီး သိရိခေတ်သည် ဘုရင်ဘူမိဘော နှင့်အတူ သျှောင်းနောက် ဆံထုံးပါ ဆိုသကဲ့သို့ နယ်စွန် နယ်ဖျားများသို့ လိုက်ပါလျှက် ပြည်သူ ပြည်သားများအား လက်ဆောင်များ ပေးခြင်း ဆေးဝါးကုသပေးခြင်း၊ အစရှိသော လူသား အကျိုးပြုလုပ်ငန်းကို မငြီးမညူ လိုက်ပါ ဆောင်ရွက်လေသည်။
အထူးသဖြင့် ထိုင်းအမျိုးသမီးကလေးများ၏ ဘဝဖူလုံရေး အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားစေရန် အားပေး ကူညီခဲ့လေသည်။
သိရီခေတ်သည် ထိုင်းဘုရင် ဘူမိဘော၏ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး အဖြစ်ဖြင့် နေလာခဲ့သည်မှာ ယနေ့ သက်တော် အားဖြင့် ၇၈ နစ်သို့တိုင်ခဲ့လေပြီ။ သို့သော်လည်း မိဖုရားသိရိခေတ်အား မေတ္တာပျက်သော ထိုင်းပြည်သူတစ်ဦင်္းတစ်ယောက်မျှ မရှိသေးပေ။
သီရိခေတ်တို့၏ မိသားစု
အကျွန်ုပ်သည် သူတစ်ပါး တိုင်းပြည့်တွင် လူမဖြစ်ချင်သော်လည်း၊ အကျွန်ုပ် မွေးဖွားသော တိုင်းပြည်တွင်ကား ထိုကဲ့သို့ မင်း မိဖုရားများ ရှိခဲ့ပါမူ ကောင်းလေစွာ့ဟု ဆုတောင်းရင်း၊
တိုင်းသူ ပြည်သားများ အပေါ်တွင် ရင်ဝယ်သားကဲ့သို့ မေတ္တာထားကာ အုပ်ချုပ်နေသော မိဖုရားသီရိခေတ်သည်-၁၂-၈-၂၀၁၀ နေ့တွင် ကျရောက်သော ၇၈ နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာသော ကာလတိုင်အောင်၊ စိုးစံအုပ်ချုပ် မင်းလုပ်နိုင်ပါစေသတည်း
Posted by ရွာဦးကျောင်း ဆရာတော် at 11:21 AM 0 comments
Labels: ဆောင်းပါး
ရွာဦ်းကျောင်းဆရာတော်နှင့် မနောမယ ဂမ္ဘီရ ရေမန်း
တစ်နေ့သ၌ အင်းစိန်မြို့ ဖော့ကန်ရပ်ကွက် မင်္ဂလာလမ်းတွင် အသက် ၂၅- ၃၀ ဝန်းကျင်ရှိ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ယောက်သည်၊ ရောင်းမထွက်နိုင်သော မိမိ၏ဆိုင်မှ ပေါင်မုန့်များ ကို ပြန်လည် သိပ်ဆည်း ရင်း၊ နှမြှောတသဖြစ်နေခိုက်၊ မိမိ၏ ဆိုင်နှင့်မျက်နှာချင်းဆိုင်တွင်၊ ဆိုင်းခန်းဖွင့်ရန် လာရောက် နေရာချ နေသော တစ်ခြားအမျိုးသမီးငယ်တစ်ယောက်ကို သတိထား မိလေ၏၊
၎င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည်၊ သူမ၏ အတွေ့အကြုံအရ ဤနေရာ ဤဒေသ၌ ဈေးဆိုင် လာဖွင့်သူ မှန်သမျှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပုံများကို ပြန်လည်တွေးကြည့်ရင်း၊ ဆိုင်ခန်းပြင်ဆင် နေသူ အမျိုးသမီး ငယ်လေးကို သနားမိသေးတော့၏။
သူကိုယ်တိုင်းမှာလည်း အရောင်းမသွက်ဖြစ်နေရသည့်အထည့်၊ ဤကဲ့သို့ မိမိဆိုင်နှင့် ကပ်လျှက်နေရာတွင် နောက်ထပ်ဆိုင်တစ်ဆိုင် လာရောက်ဖွင့်ခဲ့ပါက အကျိုးနည်းရချေရဲ့ ဟုလည်း၊ စိတ်ကူးမိလေသည်။ မည်သို့ ပင်ဖြစ်စေ၊ မိမိဆိုင်အရောင်းသွက်ရေးအတွက် မှတ်မိသမျှသော ဂါထာမန္တရားများ ကိုသာ ရွတ်ဖတ် နေမိ လေ၏၊
သို့သော်လည်း နောက်ထပ်ဖွင့်ရန် ပြင်ဆင်နေသော ဆိုင်မှာ မိမိကဲ့သို့ စတိုးဆိုင် မဟုတ်ကြောင်းကို အကဲခပ်မိသဖြင့် အနည်းငယ် နေသာထိုင်သာရှိသွားတော့၏၊ အတော်အသင့် သပ်သပ်ရပ်ရပ်ရှိသော ၄င်းဆိုင်ငယ်လေးသည်၊ စာသောက်ဆိုင်သော်၎င်း၊ ထမင်းဆိုင်သော်၎င်း တစ်ခုခုဖြစ်ရမည်ဟု တွက်ဆထားလိုက်လေ၏။
နောက်တစ်နေ့ နံနက် မိုးလင်း၍ မိမိ၏ စတိုးဆိုင်ကို ဖွင့်ရန်အသွား၊ ပရိတ်သတ်အနည်း ငယ် စည်ကားနေသော ၄င်းဆိုင်ကလေးကို၊ အမှတ်မထင်သတိထားမိသွား၏၊ ရခိုင်မုန့်တီ အာပူလျှာပူဟူ၍လည်း ဆိုင်းပုဒ်ငယ်တစ်ခုကို ခပ်ရိုးရိုးကလေး ချိုတ်ဆွဲထားသေး၏၊
စိတ်ဝင်စားမိ၍ အသေအချုာ လေ့လာကြည့်မိသောအခါတွင်ကား။ ဆိုင်ခန်း၏ ခေါင်းရင်း ဖက်တွင်၊ အသက် ၂၀ ဝန်းကျင်ရှိ ရဟန်းငယ်တစ်ပါးလည်း ရှိနေသည်ကို တွေ့ရသဖြင့် ပို၍ပင် စိတ်ဝင်စားစွာ မိမိဆိုပေါ်မှ နေ၍ အစအဆုံး ဂရုတစိုက် ကြည့်နေမိ၏။
ခဏအကြာတွင် ၄င်းရဟန်းငယ်သည်၊ မိမိ၏ရှေ့တွင်ချထားသော သောက်ရေခွက်ကို ဟန်ပါပါဖြင့် ထက်ဝက်ခန့် သောက်ပြီးနောက်၊ ကျန်ထက်ဝက်ခန့်ကို ပလပ်စတိတ်အိပ်ငယ် တစ်လုံးတွင် ထည့်ကာ၊ ဆိုင်ရှင်အမျိုးသမီးငယ်အား၊ ရော့..ဟူ၍လှမ်းပေးလိုက်လေ၏ ပြီးလျှင် ၄င်းရဟန်းငယ်သည် ဆိုင်ခန်းထဲရှိ လူသူများကို ခပ်ဆပ်ဆပ် စကားအနည်းငယ် ပြောပြီးလျှင်၊ မုန့်တီတစ်ခွက်ကို အားရပါးရ သုံးဆောင်နေလေတော့၏။
ဆိုင်ရှင်အမျိုးသမီးသည်၊ ရဟန်းငယ်ပေးသော ပလပ်စတိတ်ရေထုပ်ကလေးကို တရိုသေ ယူဆောင် လာပြီးလျှင်၊ စာပွဲခင်းကျင်းထားရာ အပေါ်တွင် ကြိုးတစ်ချောင်းဖြင့် တပ်ဆင်လိုက်၏၊ ထိုသို့တပ်ဆင် နေစဉ်တွင်လည်း ၄င်းရဟန်းငယ်မှ မကြာမကြာ အမိန့်ပေးနေသကဲ့သို စကားများ လှန်းလှန်း ပြောနေ သည်ကို ဝိုးတဝါး လှမ်းမြင်နေရလေ၏။ ရဟန်းငယ်သည်ကား ၄င်းဆိုင်ခန်းရှိ သူများအပေါ် အတော် သြဇာရှိပုံရ၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်အင်မတန်မှ စိတ်ဝင်းစားမိသဖြင့်၊ ချက်ချင်း ဆိုသလို၊ မိမိဆိုင်ပေါ်မှ ဆင်းကာ၊ ရခိုင်မုန့်တီတစ်ခွက်ကို သွားရောက်အားပေးလိုက်လေ၏၊ ပြီင်္းလျှင် ၄င်းရဟန်းငယ်အား မိမိဆိုင်ပေါ်သို့ ပင့်ကာ၊ အချိုပွဲအချဉ်ပွဲများဆက်ကပ်လိုကြောင်း လျှောက်ထား လေတော့၏၊
ရဟန်းငယ်ကမူ မိမိမှာ စာချတာဝန်ရှိနေသေး၍ နောက်တစ်ပတ် တနင်္ဂနွေ နေ့နှင့် ဥပုသ်နေ့နှင့် တိုက်ဆိုင်ခဲ့လျှင် မုချလာရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဒကာမကြီင်္း၏ စတိုးဆိုင်ပေါ်သို့ မတက်ရောက်တော့ပဲ ဤမုန့်တီဆိုင်ခန်းသို့ လာရောက်ကပ်နိုင်ကြောင်းကို ပြောကြား လိုက်လေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေတော့၏၊ ၄င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီး၏ အထင်မှာ ဤဦ်းဇင်းငယ်သည်၊ ဈေးရောင်းကောင်းရန်အတွက် ရေမန်းဖြင့် သိဒ္ဓိတင်ပေး သည်ဟု အတိအကျ ယူဆထားလေ၏၊
တိုက်တိုက်ဆိုင်ဆိုင်ပင်လျှင် မုန့်တီဆိုင်ကလေးသည်လည်း တစ်ပတ်အတွင်း အတော်လေးကို ရောင်းအားကောင်းလာခဲ့လေတော့၏ အပျင်းပြေမုန့်တီဆိုင်ဖွင့်ကြည့်သည်ဟု ဆိုစေကာမူ တစ်နေ့ကို မုန့်ဖတ် ၁၂ ပိဿာထိ ရောင်းချရလေ၏၊ မနက်အစောကြိးကတည်းက နေ့လည် ၁ နာရီလောက်ထိ လက်လည်သည်ဟူ၍မရှိပေ။
ထိုမထင်မှတ်ပဲ ဈေးရောင်းကောင်းနေသည်ကို မြင်သောအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် ဦးဇင်းငယ် ကြွလာမည့်နေ့ကို တမျှော်မျှော်ဖြင့် စောင့်နေ ရှာ၏၊ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ တိုက်ဆိုင်လျှင် ကြွလာ မည်ဟု ပြောခဲ့သော ဦးဇင်းငယ်၏ စကားကို အမြဲကြာယောင် နေမိလေ၏၊
အမှန်မှာမူ ဦင်္းဇင်းငယ်ဆိုလိုသည်မှာ ဥပုသ်နေ့များတွင်မှ စာဝါပိတ်သောကြောင့် ဥပုသ်နေ့မှ ကြွလာခဲ့မည် ဟု ဆိုလိုခြင်းဖြစ်လေသည်၊ တနင်္ဂနွေနေ့ နှင့် တိုက် ဆိုင်စေချင်သည် မှာကား ဦင်္်းဇင်းငယ်၏ မောင်နှမများ အလုပ်နားသည့်ရက်နှင့် တိုက်ဆိုင်လိုစေသော ကြောင့်ဖြစ် လေည်။
ဤသည်ကိုပင်လျှင် အလွန်အထင်ကြီးနေသော စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာမူ နေ့ထူး နေ့မြတ်ကို ရွေး၍ ကြွလာမည့်ဟု အထင်ရောက်နေလေတော့သည်။
နောက်တစ်ပတ်ကြာလျှင် ဦးဇင်းငယ် ကြွလာပြီး သူအင်မတန်မှ ကြိုက်နစ်သက်သော ရခိုင်မုန့်တီကို အားရ ပါးရ သုံးဆောင်နေလေတော့၏၊ ၄င်းဦးဇင်းငယ်သည်ကား ရခိုင်မုန့်တ်ီကို အလွန်ကြိုက်နစ်သက်၏၊ ငယ်စဉ်က ဆိုလျှင် ရခိုင်မုန့်တီကျွေးမည်ဟု ပြောပြီးကာမှ အကြောင်းအမျိုးမျိုးကြောင်း မကျွေးဖြစ်ခဲ့လျှင်ကား ထိုနေ့အဖို့ မည်သည့် အစားအစာကိုမှ မစားသောက်တော့ပေ။ ယခု အသက်ကြီးလာသည့်တိုင်အောင် ထိုအကျင့်ကို မစွန့်လွတ်နိုင်သေးပေ။
ရခိုင်မုန့်တီသုံးဆောင်ပြီး၍ မကြာခင်ပင်လျှင် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက် အလွန်ရိုသေသော အမူအယာဖြင့် ရောက်လာလေတော့၏၊ ဦးဇင်းငယ်မှာ ဤမျှရိုသေ ကိုင်းရှိုင်း သော အမူအယာဖြင့် မိမိရှေ့ တွင် လာရောက်ထိုင်နေသော အမျိုးသမီး တစ်ယောက်၏ ရှေ့တွင် ကိုယ့်ကိုကိုယ့် မယုံသင်္ကာဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေလေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလျှောက်ထားသည်မှာကား= မှန်လှပါဦင်္းဇင်းလေးဘုရား၊ တပည့်မတော်မ ဆိုင်ခန်းအတွက် ရေမန်းတစ်ပုလင်းလောက် မန်းပေးတော်မူပါဘုရား.. ဟူ၍ဖြစ်လေ၏၊
ဦင်္းဇင်းငယ်သည် အလွန်အံ့သြသော အမူအယာဖြင့် ဘေးဘီးဝဲယာကို အနည်းငယ် အကဲခပ်ကြည့်ပြီးလျှင်၊ ဒကာမကြီး ဘာပြောတာလဲ ဟု မယုံသင်္ခါ မေးမိလေတော့၏၊ ထိုအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး သည် လည်း၊ ဆိုင်ဖွင့်သည့်နေ့က ဦင်္းဇင်းငယ်ကိုယ်တိုင် ထုတ်ပေးခဲ့ သော ရေထုပ်ကလေးကို လက်ညှိုညွန်ပြကာ၊
ဟော..ဟိုက အရှင်ဘုရား မန်းပေးခဲ့တဲ့ မနောမယဂမ္ဘီရ ရေမန်းလိုမျိုး တပည့်တော်မကိုလည်း ချီင်္းမြင့်ပေးပါ ဘုရားဟု ထပ်မံလျှောက်ထား လိုက်လေတော့၏။
ဦင်္းဇင်းငယ်သည် အရာအားလုံးကို သဘောပေါက်သွားသဖြင့် ရယ်ချင်သောစိတ်ကို အောင့်အီးသီးခံပြီး၊ ဤသို့ပြန်လည် ရှင်းပြရလေတော့၏။
အဲဒီင်္ ..ရေထုတ်က ရေမန်းမဟုတ်ဘူး ဒကာမကြီ်ရဲ့ ….ဟု စအချီကာဖြင့်၊ ၄င်းရေထုပ်ငယ် ကို စာပွဲပေါ်မှ နေ၍ ကြိုးတစ်ချောင်းဖြင့် ချည်ထားသည်မှာကား မုန့်ဖတ်နှင့် အခြား တိုလီ မိုလီများ ကို ယင်ကောင် နားမှာစိုး သဖြင့်၊ ယင်ကောင်များကို ခြောက်လှန့်ရန်အတွက် တမင်သက်သက် စာခြောက်ရုပ်ကဲ့သို့ လုပ်ထားသော ရေထုပ်သာဖြစ်ကြောင်း၊ ဘယ်လို မန္တရားကိုမှ မတတ်ကြောင်း ယင်ကောင်များ မလာနိုင်ရန် ၄င်းရေထုတ်ကလေးကို ယိုင်ထိုးလှုပ်ပေးခြင်းဖြင့် ဟန့်တားထား ခြင်းသာ ဖြစ်ကြောင်း ရှင်းပြရလေတော့၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာလည်း မိမိ၏အဖြစ်ကို မိမိသိရှိရသဖြင့် ၄င်းအမျိုးသမီး နှင့် ဆိုင်ခန်းရှိ ညီအစ်ကို မောင်နှမများ အားလုံးတို့မှာ တစ်ညီင်္တစ်ညွတ်တည်း..ဝါး..ဟား..ဟား ဟူ၍ ပြိုင်တူ ထွက်သွား ကြလေတော့သတည်း။
ထိုစဉ်က ရေမန်းမန်းသော ဦးဇင်းငယ်မှာ ကပ္ပိယကျော်ခေါင်၏ဆရာရင်း ရွာဥိးကျောင်းဆရာတော် ဖြစ်လေသည်၊ မုန့်တီဆိုင်ပိုင်ရှင်မှာ ရွာဦင်္းကျောင်းဆရာတော်၏ အစ်မဖြစ်လေသည်၊ စတိုးဆိုင်ပိုင်ရှင် မှာကား ဖော့ကန်ရပ်ကွက်တွင် အလွန်နာမည်ကြီင်္းသော ဦင်္းတင်မောင်စတိုးဆိုင် ဖြစ်လေသည်။
ဤသို့လျှင် လူတို့မည်သည်၊ မိမိတို့၏ အားကိုးရာကို လွဲမှားစွာ ရှာမှီးတတ်ကြလေသည်၊
Posted by ရွာဦးကျောင်း ဆရာတော် at 2:14 AM 0 comments
Labels: ဆောင်းပါး
ကပ္ပိယကျော်ခေါင်နှင့် M.B.B.S
တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ကပ္ပိယတစ်ယောက်၏ ရှိသင့်ရှိထိုက်သော စတိုင်လ် အပြည့်ဖြင့်၊ ဘင်္ဂလားပင်လယ်ပြင်ကို ဗဟိုပြုပြီးခုပ်မောင်းလာသော မလိခ အပြန်ရေယာဉ်ပေါ်တွင် အခန့်သား စီးနင်းလိုက်ပါလာလေတော့၏၊ အကျွန်ုပ်သည်ကား အလွန်အင်မတန်မှ လူကဲခပ်တော်သူဖြစ်သည်အားလျှော်စွာ၊ ဘေးဘီးဝဲယာကို အကဲခပ်လျှက်၊ နေမိလေတော့၏။
ထိုအထည့်တွင် အကျွန်ုပ် စိတ်အဝင်စားဆုံးမှာကား၊
မလှန်းမကမ်းတွင် ရှိသော သစ်သာ သေတ္တာကြီးတစ်လုံးဖြစ်လေ၏၊ ထိုသေတ္တာကြီင်္းဘေးတွင်လည်း ပုတ်သင်ညိုကို ဥညှစ်ထားသော ပုံစံဖြင့်၊ လူတစ်ယောက် ထိုင်နေသေး၏၊ မည်သို့မျှ သောတ္တာနဲ့ လူ ပနံမသင့်လှ ဟုလည်း ကောက်ချက်ချမိလိုက်သေး၏၊
သောတ္တာကြီ်းတွင် ရေးထားသောစာမှာကား၊ M B B S ဟုဖြစ်လေ၏၊ သို့သော်လည်း ၄င်းသေတ္တာဘေးတွင် ထိုင်နေသောလူသည် M B B S မဆိုထားဖိ၊ သူငယ်တန်းကြီ်းကိုတောင် အမှတ်ကောင်းခဲ့ပုံမပေါ်ပေ၊ ထိုထက်စိတ်ဝင်းစားဖို့ကောင်းသည်မှားကား။
၎င်းသေတ္တာကြီး၏ အခြားတစ်ဖက်တွင်ထိုင်နေသော ကောင်မလေးသုံးယောက်၏ တီးတိုးဝေဖန်နေသော အသံ ဖြစ်လေသည်။
သူတို့ပြောနေသော စကားများထဲတွင်၊ ဤသင်္ဘောပေါ်၌ မြို့နယ် ဆရာဝန်တစ်ယောက် ပါလာကြောင်း နှင့် သူတို့ရှေ့က တင်ထားသော သေတ္တာကြီးမှာ ၄င်းဆရာဝန်၏၊ သောတ္တာသာဖြစ်နှိုင်ကြောင်း စသည်စသည်၊ အကြောင်းအရာများ ဖြစ်လေ၏။
အကျွန်ုပ်သည်လည်း အရာရာကို သဘောပေါက်သွားပြီးဖြစ်ရကာ၊ မိမိ၏ ခရီင်္းစဉ်ကိုသာ တွေးနေမိလေတော့၏။
များမကြာမီ မိမိတို့သွားလိုရာ မာန်အောင်သင်္ဘောဆိပ်သို့  ရောက်ခဲ့လေ တော့၏။ ကမ်းပေါ်တွင် မိမိနှင့်သိသူ တစ်စုံတစ်ယောက်များ ရှိလေမလားဟု၊ ကြည့်မိရာ၊ အရာရှိကြီးငယ်တို့ဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရသဖြင့်၊ သင်္ဘောပေါ်တွင် ပါလာသော၊ ဆရာဝန်ကို လာရောက်ကြိုဆိုနေသူများသာ ဖြစ်မည်ဟု မှတ်ချက်ချကား၊ ဘာမှဂရုမစိုက်ဟူသော စတိုင်လ်ဖြင့်ပင်၊ ကမ်းပေါ်သို့ တက်လိုက်လေ၏။
ကမ်းပေါ်သို့အရောက်တွင်ကား၊ သင်္ဘောပေါ်တွင်တွေ့ မြင်ခဲ့ရသော၊ ပုတ်သင်ညိုကို ဥညှစ်ထားသကဲ့သို့ ပိန်ရှည်ရှည် လူတစ်ယောက်နှင့်၊ အရာရှိငယ်တစ်ဦး အကြီ်းအကျယ်ပြဿနာ တက်နေသည်ကို မထင်မှတ်ပဲ တွေ့ လိုက်ရသဖြင့်၊ စုံထောက်တစ်ယောက်၏ အကြည့်မျိုးဖြင့် အလျှင်အမြန်သွားရောက် စပ်စုမိလေတော့၏၊
အကြောင်းစုံကို သိရသည်မှားကား၊ သင်္ဘောပေါ်တွင် တွေ့ ခဲ့ရသော ပိန်ရှည်ရှည်လူသည် အရာရှိငယ်၏ ပခုံးပေါ်တွင် ထမ်းထားသော M B B S စားတမ်းပါ သစ်သားသောတ္တာ ကြီ်းအား သူ့သောတ္တာဟုဆိုကာ အတင်းလုယက်နေသည့် ပြဿနာဖြစ်ကြောင်း သိရလေတော့၏၊
အကျွန်ုပ်သည် ပြဿနာ၏ အခြေခံအကြောင်းတရားများကို သေသေချာချာ စစ်ဆေးကြည့်လိုက်သော်အခါ၊ ၄င်း M B B S ဟူသောစားကြောင်းသည်ကား၊ သင်္ဘောပေါ်တွင် ပါလာသော၊ ဆရာဝန်၏ M B B S မဟုတ်ပဲ၊ မောင်ဘိုဘိုစိန် ခေါ် (ပုတ်သင်ညိုကို ဥညှစ်ထားသော ပုံစံရှိသော) ပိန်ရှည်ရှည်လူ၏ M B B S ဖြစ်ကြောင်း သိရှိရလေတော့၏။
ပြဿာနာများ အကုန်အေးအေးဆေးဆေးဖြစ်သွားသောအခါ၊ အကျွန်ုပ်သည် ဆိုက်ကယ်တစ်စီင်္းကို လက်ယတ်ခေါ်လျှက် သွားလိုရားဖက်ကို ဦ်းတည်လိုက်လေတော့၏၊ ဆိုင်ကယ်ပေါ်တွင်ထိုင်ရင်းနှင့်၊ ကိုယ့်ကိုကိုယ့် စဉ်းစားနေမိသည်မှားကား၊ ငါ လူကဲခပ် မဆိုးသေးပါဘူး ဟူ၍ ဖြစ်လေ၏။
Posted by ရွာဦးကျောင်း ဆရာတော် at 10:37 PM 0 comments
Labels: ဆောင်းပါး
မူလပန်းတိုင်နှင့် နောက်ဆုံးရည်ရွယ်ချက်
ရဟန်းတော်များ၏ မူလပန်းတိုင်၊ ရဟန်းတော်များနှင့် ခေတ်ပညာ၊ ရဟန်းတော်များနှင့် ကွန်ပျူတာအင်တာနက် အစရှိသဖြင့် မေးခွန်းပေါင်းစုံကို အီးမေး တော်တော်များများတွင် ဖတ်ရှူနေရသဖြင့်၊ ဤ မူလပန်းတိုင်ကို ရေးသားလိုက်ပါသည်။
အမြင်အမျိုးမျိုးရှိသည့်အနက် ဤယခု ရေးသားလိုက်ခြင်းသည်လည်း အမျိုးမျိုးရှိသည့်ထဲမှ တစ်မျိုးဟူ၍ မှတ်ယူတော်မူကြပါရန်။
ကမ္ဘာပေါ်ရှိ မည့်သည်အဖွဲ့အစည်းမဆို မူလပန်းတိုင် ဟူ၍ ရှိကြလေသည်။ ဥပမာ အားဖြင့် မြန်မာနိုင်ငံကို ဆိုကြပါစို့…။ မြန်မာနိုင်ငံ၏ မူလပန်းတိုင်သည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီ်းဆီသို့ ဟူ၍ ဖြစ်လေသည်။
ထိုနည်းတူစွာ အဖွဲ့အစည်းစုံ၌ ပန်းတိုင်မျိုးစုံရှိကြလေသည်။ သို့သော် ဤနေရာ၌ အဖွဲ့ အစည်းနှင့် ဝန်ထမ်းကို ကွဲပြား စေချင်သေးသည်။ နိုင်ငံတော်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေသော သူများကို နိုင်ငံဝန်ထမ်းဟု ခေါ်သကဲ့သို့၊ သာသနာတော်၏ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်နေသူုများကိုလည်း သာသနာ့ဝန်ထမ်းဟုခေါ်လေသည်။
ဆိုလိုသည်မှာ နိုင်ငံဝန်ထမ်းတိုင်း နိုင်ငံတော်၏ ရည်ရွယ်ချက်သို့  ဦ်းတည်နေသလော ဟု မေးစရာဖြစ်လာသကဲ့သို့၊ ဦင်္းမတည် တိုင်းလည်း နိုင်ငံဝန်ထမ်းမဟုတ်တော့ ဟူ၍ကား မဆိုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော်.. စာပို့ သမားသည် စာပို့မည်။ ရုံးဝန်ထမ်းသည် ရုံးအလုပ်ကိုလုပ်မည်။ စစ်သားသည် စစ်သားအလုပ်ကိုလုပ်မည်။ ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအလုပ်ကို လုပ်မည်။ ၄င်းတို့အားလုံး နိုင်ငံတော်၏ မူလပန်းတိုင်ဖြစ်သော ခေတ်မီဖွဲ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြမည်မဟုတ်။ စိတ်လည်း ဝင်စားမည်မဟုတ်ပေ။
သူတို့၏ ပုဂ္ဂလိက ရည်ရွယ်ချက်များကိုသာ ဖြစ်အောင် အကောင်အထည်ဖော်နေကြမည်မှာ သေချာသည်။ စာပို့လုလင်သည် စာတိုက်စာရေးကြီးဖြစ်အောင် ကြိုးစားမည်၊ ရုံးဝန်ထမ်းသည် ရုံးအုပ်ကြီ်းဖြစ်အောင် ကြိုးစားမည်၊ စစ်သားသည် ဗိုလ်ဖြစ်အောင် ကြိုးစားမည်၊ ရပ်ကွက် ဥက္ကဋ္ဌသည် မြို့နယ် ဥက္ကဋ္ဌဖြစ်အောင် ကြိုးစားမည်။
ထို့ကြောင့်.. နိုင်ငံတော်၏ မူလပန်းတိုင်သည် ခေတ်မီင်္ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ဟု ဆိုသော်လည်း ဝန်ထမ်းတစ်ဦင်္်း ချင်းစီ၏၊ နောက်ဆုံးရည်ရွယ်ချက်သည်ကား တစ်မျိုးတစ်ဖုံကွဲပြားနေမည် ဖြစ်၏။ သို့သော်လည်း ၄င်းတို့အားလုံးသည်ကား ဝန်ထမ်း ကောင်းများဖြစ်သည်သာမက နိုင်ငံတော်၏ ဦးတည်ချက်ကိုလည်း တစ်နည်းတစ်ဖုံ အကောင်အထည်ဖော်နေသူများသာဖြစ်လေသည်။
ထိုနည်းတူစွာပင်လျှင် သာသနာတည်းဟူသော အဖွဲ့အစည်းကြီင်္း၏ မူလပန်းတိုင်သည်၊ သန္တိသုခ ခေါ် နိဗ္ဗာန် ဖြစ်လေသည်။ နိဗ္ဗာန် သည် အဖွဲ့အစည်းကြီး၏ မူလပန်းတိုင် သို့သော် ၄င်းအဖွဲ့အစည်းကြီး ရည်ရှည်တည်တံ့နိုင်ရန်အတွက်မူ နိဗ္ဗာန်တစ်ခုတည်း မဟုတ် တော့ပေ၊ များလှစွာသော တာဝန်များကို ထမ်းဆောင်နေကြရသော သာသနာ့ဝန်ထမ်းများရှိပေသည်။ ၄င်းသာသနာ့ ဝန်ထမ်းများ သည်ကား မိမိတို့ သန်ရာသန်ရာ တာဝန်များကို နောက်ဆုံးရည်ရွယ်ချက်သို့ရောက်အောင် ထမ်းဆောင်နေကြလေသည်။
တစ်ချို့က ပရိယတ် တစ်ချို့က ပဋိပတ်၊ စသည်အားဖြင့် ပရဟိတပါမကျန် ထမ်းဆောင်နေကြလေသည်။ သို့သော် သာသနာတော်၏ မူလရည်ရွယ်ချက်ကား နိဗ္ဗာန်သည်သာ ဖြစ်၏။ နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အဖွဲ့ကြီင်္းကို စောင့်ရှောက်နေသည်မှာကား ဝန်ထမ်းများသာဖြစ်လေသည်။ ဤသည်ကို လူတိုင်းနားလည်ထားသင့်သည်ဟု ထင်မြင်မိပါသည်။
ဝန်ထမ်းတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို အမြဲတစေကျင့်ကျန် အားထုတ်နေကြသည်မဟုတ်၊ သူ့တာဝန်နှင့်သူ ထမ်းဆောင်နေကြခြင်းသာ ဖြစ်လေသည်။ ဤကဲ့သို့ထမ်းဆောင်နေပါမှလည်း ဤအဖွဲ့အစည်းကြီ်း၏ ဘေးအန္တရာယ်များကို ဘက်ပေါင်းစုံမှ ကာကွယ်နိုင်မည်ဖြစ်သည်။
အဖွဲ့အစည်းကြီးတစ်ခု အစဉ်တည်မြဲနေဖို့အတွက် လူပေါင်းစုံ ဘက်ပေါင်းစုံမှာ တာဝန်ယူရသကဲ့သို့၊ ဤသာသနာ့အဖွဲ့အစည်းကြီး တည့်တံ့ဖို့အတွက်လည်း၊ ဘက်ပေါင်းစုံမှ ပညာရှင်များ၊ လိုအပ်လေသည်၊ ကွန်ပျူတာ ကျွမ်းကျင်သော ဆရာတော်များက ကွန်ပျူတာဖြင့်၊ ဗုဒ္ဓစာပေများကို မှတ်သားထားနိုင်သကဲ့သို့၊ ဘာသန္တရ စာပေများ ကျွမ်းကျင်သော ဆရာတော်များသည်လည်း၊ ဗုဒ္ဓစာပေများကို အခြားသော ဘာသာစကားများ စာပေများဖြင့် ဘာသာပြန်နိုင်လေသည်၊။
အထက်ပါမေးခွန်းများကို မေးမြန်းကြသော မေးခွန်းရှင်များအား အနည်းငယ်သိထားစေချင်သည်မှာ၊ ဘာသာစကားနှင့် ဘာသာတရားကို ကွဲပြားဖို့ လိုလေသည်။ ဘာသာစကားဟူသည်မှာ ဘာသာတရား မဟုတ်သေးသကဲ့သို့၊ ဘာသာတရားသည်လည်း ဘာသာစကား တစ်ခုမဟုတ်သေးပေ၊ မိမိတို့ထင်ထားသည်မှာ ပါဠိစာပေသည်သာ ဗုဒ္ဓစကား၊ ပါဠိစာဖြင့်ရေးသားထားသော စာသည်သာ ဗုဒ္ဓစာပေ ဟူ၍မှတ်သားထားကြသောကြောင့်၊ အထက်ပါ သို့လော သို့လောမေးခွန်းများကို မရှင်းမလင်း နိုင်ကြခြင်းဖြစ်လေသည်။
အမှန်မှာမူ ပါဠိစာပေသည်လည်း ဘာသာစကားတစ်ခုမျှသာ ဖြစ်သောကြောင့်၊ ပါဠိဖြင့်ရေးသားထားမှ ဗုဒ္ဓစကားဟူ၍ မှတ်ထားရန် မသင့်ပေ၊ ပါဠိစကားကို သုံးသော ပါဠိဘာသာကိုပြောသော လူများသည်လည်း၊ မိမိတို့ ပါဠိဘာသာဖြင့် အကြောင်းအရာပေါင်းစုံကို ၄င်းပါဠိစာပေဖြင့်သာ မှတ်သားထားခဲ့ကြပေလိမ့်မည်၊
ထိုအထဲတွင် ဗုဒ္ဓတရားတော်များကိုလည်း ပါဠိဖြင့် မှတ်သားခဲ့ကြသကဲ့သို့၊ အခြားသော လူ့မူရေးအကြောင်းအရာ၊ နိုင်ငံရေး အကြောင်းအရာ၊ စသည်စသည်အားဖြင့် အကြောင်းအရာများ စုံလင်မည်သာဖြစ်၏။
ထိုမျှလောက် သိထားခဲ့လျှင်ပင်၊ ဘာသာခြားစာပေများကို သင်ယူနေကြသော ရှင်ငယ်ရဟန်းငယ်များအပေါ်၊ နားလည် သဘော ပေါက်နိုင်လောက်ပေသည်။ ဘာသာစကားသည် ဘာသာတရားမဟုတ်ဟူသော အသိကို သိရှိထားဖို့ လိုအပ်လှလေသည်။
ဥပမာအားဖြင့် = ပါဠိစာပေသည်သာလျှင် ဗုဒ္ဓဘာသာဟူ ထင်မှတ်ထားသော လူတစ်ယောက်အား အောက်ပါ မေးခွန်းကို ဖြေစေချင်ပါသည်။
အင်္ဂလိပ်စာဖြင့် ရေးသားထားသော ငါးပါးသီလ ကို ဘယ်ဘာသာဟူ၍ ဆုံးဖြတ်ချင်ပါသည်နည်း၊
ထိုနည်းတူစွာ ရဟူဒီ၊ ဘင်ဂါလီ၊ တရုတ်၊ စသည်စသည် ဘာသာစကားများဖြင့် ရေးသားထားသော ဗုဒ္ဓဘာသာလာ အသုံးအနုန်း အခေါ်အဝေါ်များကို တွေ့ ခဲ့လျှင် အသင်သည်၊ ၄င်း အယူအဆများသည်၊ ပါဠိစာပေးဖြင့် ရေးသားထားခြင်း မဟုတ်သောကြောင့် ဟူသော၊ အကြောင်းပြချက်ဖြင့် ဗုဒ္ဓစကားမဟုတ် ဗုဒ္ဓဘာသာလာ အသုံးအနှုန်းများ မဟုတ်ဟု ဆုံးဖြတ်ချင်ပါသလား.။ မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း..။
Posted by ရွာဦးကျောင်း ဆရာတော် at 4:08 AM 0 comments
Labels: ဆောင်းပါး
အပေါ်ကို မော့ကြည့်ပါ
တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ ပန်းဆိုးတန်းစာအုပ် အဟောင်းဆိုင်များနှင့် အလှန်းဝေးနေသည်အားလျှော်စွာ၊ ဗဟုသုတရလို ရငြားဖြင့် နီးစပ်ရာ ဘလော့ပေါင်းများစွာတို့ကို၊ ဝင်ရောက်ဖတ်ရှု့နေရင်း၊ တစ်နေရာသို့ အရောက်တွင်။
သတိမော့မကြည့်ရ ဟူသော၊ ကန့်သတ် တားမြစ်ချက်ကို တွေ့ရသဖြင့်၊ ကြည့်ဖြစ်အောင် မော့ကြည့်မိလေတော့၏။
မှန်ပါပေသည်၊ ဘန်ကောက်သူလေးများ၏ ဝတ်ပုံစားပုံများနှင့် အလွန်တစ်ရာမှ ပေါများလှသော လူကူးခုန်းကျော် တံထားများသည်၊ တကယ်ပင်လျှင် အပေါ်သို့ မော့မကြည့်ဝံ့စရာ။ သို့သော်လည်း အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်ကား ကြည့်ဖြစ်အောင် ကြည့်မိသည် သာတည်း။
ဘန်ကောက်သူလေးများ၏၊ စကပ်တိုတို ခါးပေါ်ပေါ်၊ ဝတ်စားဆင်ယင် ထားခြင်းသည်ကား ဒီအရပ်နှင့် ဒီဇာတ် လိုက်ဖက်ညီလှ သောကြောင့်၊ အပေါ်ကို မော့မကြည့်ရသည်ကို၊ အကျွနုပ်ကပ္ပိယတစ်ယောက်အနေဖြင့်၊ ဘာမှမပြောလိုတော့ပေ။
သတိ အပေါ်ကို မော့ကြည့်ပါဆိုသော ဆိုင်းပုတ်လေးကြောင့်၊ မလွဲသာ အရှောင်သာ အပေါ်ကို မော့ကြည့်ခဲ့မိ၍၊ (မအေနှင့်) ကော်တုတ် ခံခဲ့ရဖူးသော၊ မြန်မာနိုင်ငံ တစ်နေရာမှ အကျွန်ုပ်၏ ဖြစ်ရပ်ကိုကား၊ လူစုံတုန်းရှင်းပြရပေတော့မည်။
အကျွန်ုပ်သည် ငယ်ပေါင်းသူငယ်ချင်းများဖြစ်သော ဒဂုံတက္ကသိုလ်ကျောင်းသူ လေးများနှင့်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကိုယ့်ဌာနေ ကိုယ်မပြန်ခင်၊ ရန်ကုန်မြို့အနှံ့ ကားစီးလုံးငှားကာ၊ ဘုရားဖူးထွက်လာခဲ့ကြလေ၏။ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင်၊ ကမ္ဘာအေး၊ စွယ်တော်၊ ထိုမှတစ်ဆင့် ဒဂုံတက္ကသိုလ်သို့ အပြန်လမ်းတွင်၊ မယ်လမုဘုရားကိုလည်း ဝင်ခဲ့ကြလေ၏။
မယ်လမုဘုရားသို့ အရောက်တွင်ကား၊ နေ့လည်က စားတော်စုံခဲ့သမျှ ခဝါချချင်လာသဖြင့်၊ အိမ်သာကို လိုက်ရှာရသေတော့၏၊ အကျွန်ုပ်နည်းတူပင်လျှင် အားလုံးသော မိန်းခလေးများမှာလည်း၊ အိမ်သာအတွက် တီးတိုးတိုင်ပင်နေကြလေပြီ။
အလွန်တစ်ရာမှ လိမ္မာပါးနပ်သော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်လည်၊ ချက်ချင်းဆိုသလို အကဲခတ်မိကာ၊
ဟေ့-ကလေးမလေးတွေ၊ ဟော့-ဟိုမှာ အိမ်သာရှိတယ်၊ ငါအရင်သွားလိုက်မယ် ပြီးမှနင်တို့အလှည့် ဟု ဆိုကာ၊ အိမ်သာရှိရာသို့ ဒုန်းစိုင်းခဲ့လေ၏။
လက်ရှိ မယ်လမုဘုရားဝင်းတွင် အသုံးပြုနေသော အိမ်သာမှာ ထိုစဉ်က ဆောက်လုပ်ဆဲသာ ဖြစ်သေး၍၊ ယာယီအသုံးပြုနိုင်ရန်၊ အထပ်သားများဖြင့် ပြုလုပ်ထားသော အိမ်သာတစ်လုံးသာလျှင်ရှိလေသည်။
အကျွန်ုပ်သည် ဘာကိုမျှဂရုမစိုက်တော့ပဲ၊ အိမ်သာထဲ့သို့ ဝုန်းခနဲဝင်ကာ၊ တံခါးကို ဒုန်းခနဲ ပိတ်လိုက်ပြီး ဆပ်ခနဲထိုင်ချလိုက်ပြီးမှ၊ ဘေးဘီးဝဲယာကို အကဲခပ်မိတော့၏၊ ကျွန်ုပ်၏ ရှေ့တည့်တည့် တံခါးရွက်တွင်ကား၊ ဆေးရောင်အဖြူဖြင့် ရေးထားသော သတိ အပေါ်ကို မော့ကြည့်ပါ ဟူသော သတိပေးစာတမ်းလေးကို၊ လမ်းညွန် မျှားလေးနှင့်တကွ၊ တွေ့ရလေတော့၏။
အကျွန်ုပ်သည်လည်းစိတ်ဝင်စားလွန်းလှသဖြင့်၊ အလို…ဘာများပါလိမ့်ဟု အကြံဖြင့်၊ မျှားပြရာသို့ အစဉ်အတိုင်းလိုက်၍ အပေါ်ကို့ မော့ကြည့်ရာ၊ မျက်နှာကျက်သို့ ရောက်သည့်တိုင်အောင်၊ မျှားက မဆုံးသေချေ၊ ကျွနုပ်သည် စိတ်ဝင်စားလွန်းသော ကြောင့်သာ ခေါင်းကို မော့နိုင်သမျှမော့၍၊ ကြည့်ရှု့နေလေတော့၏။
အကျွန်ုပ်၏ဘဝတွင်၊ ထိုအခါကကဲ့သို့  ဘယ်တုန်းကမျှ ခေါင်းကို ထိုင်လျှက်နှင့် မမော့ဖူးချေတကား။ ခေါင်းကို အစွမ်းကုန် မော့ပြီးမှ၊ လမ်းညွန်မျှားလေး၏ အဆုံးတွင်၊ ရေးသားထားသောစာမှာ (နားနဲ့ မနာ ဖဝါနဲ့သာနာကြပါတော့)၊
ငါ့ (…) စားချင်လို့ကြည့်လား။ ဟူသော စာတန်းလေးကို တွေ့ရသဖြင့်၊ နဂိုကမှ ခေါင်းကို အစွမ်းကုန် မော့ထားရသဖြင့် သိပ်ဘဝင်မကျလှသော အကျွန်ုပ်သည်၊ ဖျင်းခနဲ ဒေါသထွက်လေတော့၏။
အကျွန်ုပ်ကဲ့သို့ပင်လျှင် ၄င်းအိမ်သာကို ဝင်ခဲ့ကြသော၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေးများသည်လည်း၊ အပေါ်ကို မော့ကြည့်ခဲ့ကြမည်မှာ သေချာလေတော့၏။
ထိုမှတစ်ဆင့် အိမ်အပြန်လမ်း ကားပေါ်တွင်ကား၊ ကျွန်ုပ်တို့ လူတစ်စုသည်၊ အနည်းငယ်တိတ်ဆိတ်နေကြပြီးမှ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာဖြင့်၊ ကြိုတင်တိုင်ပင်ထားဖိသကဲ့သို့၊ သတိ အပေါ်ကိုမော့ကြည့်ပါ ဟု ပြိုင်တူရွတ်ဆိုကာ၊ ဝါး..ဟား ဟား။ ဟူ၍ ရယ်မိကြလေတော့သတည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 6:18 PM 0 comments
Labels: ဆောင်းပါး
ကပ္ပိယကျော်ခေါင်နှင့် ဘုရားဒကာ ကျောင်းဒကာ ကုဋီဒကာ
တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ ကပ္ပိယဟုဆိုအပ်သော ဂုဏ်ထူးဝိသေသကို မြတ်နိုးစွာ ရင်ဝယ်ပိုက်လျှက်၊ ရွာလူကြီးများစုဝေးရာ ရွာဦးကျောင်း ဇရပ်ပျက်ကြီးသို့သွားကာ အသာချောင်းလျှက် တစ်စောင်းက နားထောင်နေလေတော့၏။
စည်းဝေးရခြင်း၏ အကြောင်းမှာကား ဤသို့တည်း=
နစ်စဉ်ပြုလုပ်ကျင်းပမြဲဖြစ်သော ရွာဘုံရဟန်းခံ ရှင်ပြုပွဲကြီးကို၊ ရွာလူကြီးဖိုးလူနှင့် သူကြီးကတော် ဒေါမငယ်တို့မှ တာဝန်ယူကာ ပြုလုပ်ကျင်းပနိုင်ရေး အတွက်၊ နေ့ရက်များကို တိတိကျကျ သတ်မှတ် နေကြခြင်းဖြစ်လေသည်။ သူတို့၏ တစ်ဦးတည်းသောသား မောင်ဖိုးတေကိုလည်း သာသနာ့ ဘောင်သို့ သွပ်သွင်းမည်ဟုကြားသိရလေ၏။
အလှူရက်သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် အန်မတန်မှ ဂုဏ်ပကာသနကို မက်မောတတ်သော သူကြီးကတော် ဒေါ်မငယ်သည်၊ ကျန်တော်မျိုးကြီး ကပ္ပိယကျော်ခေါင်ဖက်သို့ လှည့်ကာဖြင့်၊ ဤသို့ဆိုလေ၏
” ဟေ့ ငကျော်ခေါင် ဒီစာရွက်မှာရေးထားတဲ့အတိုင်း တစ်ရွာလုံးကို လိုက်ပြီး ကြော်ငြားစမ်း”ဟူ၍ဖြစ်လေ၏။
အမှန်မှာ ဤသို့ကြော်ငြားရခြင်းသည် အကျွန်ုပ်အနေဖြင့် အလွန်တရာ ကျွန်းကျင်ပြီးသား အလုပ်တစ်ခု ဖြစ်လေသောကြောင့် စာတစ်တန်း ပေတစ်ဖွဲ့ ရေးဖွဲ့စရာပင် မလိုတော့ပြီးတကား။ ယ္ခုကဲ့သို့ စာဖြင့်ရေးပေး နေခြင်းသည်ပင်လျှင် ကပ္ပိယဟုဆိုအပ်သော အကျွန်ုပ်၏ ဂုဏ်ထူးဝိသေကို စော်ကားသကဲ့သို့ ဖြစ်နေလေတော့၏။
သို့နှင့်ပင်လျှင် အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်လည်း မိမိ၏ ဂုဏ်ထူးဝိသေသကို အထူး စောင့်ထိန်းသော အားဖြင့်၊ ၄င်း သူကြီးကတော်ဆိုသူ ဒေါ်မငယ် ပေးသောစာရွက်ကို တာဝန်ကြေ သဘောဖြင့် လှမ်းယူပြီးလျှင် စာရွက်ကို တစ်ချက်မျှ စောင့်ငဲ့ကြည့်ရှုပြီး၊ ဣနြေ္ဒမပျက် ခတ်တည်တည်ဖြင့်ပင် အင်္ကျီးအိပ်ထည့်သို့ ထည့်ထားလိုက်လေတော့၏။
အကျွန်ုပ် အနေဖြင့် ဤကဲ့သို့ ခပ်တည်တည် ပြုလုပ်နေခြင်းသည်ပင်လျှင် သူကြီးကတော် ဒေါ်မငယ်၏ မျက်စိကို စပါးမွှေး စူးနေလေတော့၏၊ သို့သော်လည်း အကျွန်ုပ်ဘာမျှမတတ်နိုင်ပေ၊
ကပ္ပိယကျော်ခေါင် ဟု ဆိုအပ်သော အကျွန်ုပ်သည်လည်း ခေသူတော့မဟုတ်။
ကပ္ပိယ ဟု ဆိုအပ်သော ဂုဏ်ထူးဝိသေသကို ထည့်၍မခေါ်လျှင် ရွာဦးကျောင်းဆရာတော်မှတစ်ပါး မည့်သူကိုမျှ ဂရုစိုက်သူ မဟုတ်။ ချွင်းချက်အနေဖြင့်ကား ရွာလယ်က ဒေါ်ပု ကုန်စုံဆိုင်တွင် ဈေးရောင်းနေသော ညိုပြာညက်ကလေး နန်းကုတ်ကုတ် ကိုတော့ ချန်ထားပါသေးသည်။
မည်သို့ဆိုစေ အလှူမင်္ဂလာပွဲကြီးအတွက် ကပ္ပိယတို့တတ်အပ်သော အတတ်ဖြင့်ပင်လျှင် ရွာနီးချုပ်စပ်များသို့ လိုက်လံ၍ ဖိတ်မန်တကာ့ ပြုရပေးအုံးမည်။
။…ညောင်ပင်ကုန်းကျေးရွာ အတွင်း၌ မှီတင်းနေထိုင်းကြကုန်သော….ဟု အစချီကာဖြင့် ထုံစံအတိုင်း ရွာရိုးကိုးပေါက်လျှောက်၍ ကြော်ငြားနေရင်း၊ တစ်နေရာသို့ အရောက်တွင်၊ သူကြီးကတော်ကို အကျွန်ုပ်မြင်လိုက်ရလေတော့၏။ သူကြီးကတော်သည် အကျွန်ုပ်ဆီသို့  သုပ်သုပ် သုပ်သုပ်နှင့် ရောက်ချလာပြီ၊
” ဟေ့ ငကျော်ခေါင် နင့်ကို ငါရေးပေးထားတဲ့  စာထည့်မှာပါတဲ့ ဘုရားဒကာ ကျောင်းဒကာ ဆိုတာတွေကိုလည်း ထည့်ထည့်ပြီး ကြော်ငြာအုံးမှပေါ့” ဟူ၍ ဆူပူကြိမ်းမောင်းလေတော့၏။ ဟုတ်ကဲ့အဒေါ် အဒေါ်တို့ လှူထားသမျှ အကုန်ပါအောင် ကျွန်တော်မျိုးကြီး ကြော်ငြာပေးပါ့မယ်။
သို့နှင့်ပင် အင်မတန်မှ ရိုစင်သော အကျွန်ုပ်၏ ကြော်ငြာ စာသားများကို အနည်းငယ် ကွန့်မြူစေလျှက်ဤသို့ ကြော်ငြာလိုက်လေတော့၏။
ညောင်ပင်ကုန်း ကျေးရွာအတွင်း၌ မှီးတင်းနေထိုင်ကြကုန်သော…. သပ္ပုရိသနွယ်ဝင် (ဝင်တာမဝင်တာ အကြောင်းမဟုတ်) သူတော်စင်ပုဂ္ဂိုလ် အပေါင်းတို့ ခင်ဗျား…၊ (သူကြီးကတော် အနည်းငယ် နားစွင့်နေသည်ကို သတိထားကြည့်မိ၏)
မိဘများဖြစ်ကြကုန်သော ဘုရားဒကာ ကျောင်းဒကာ သိမ်ဒကာ(သူကြီးတော် ပြုံး၍လာလေပြီတကား) ကုဋီဒကာ (ကုဋီဒကာဟု ဆိုလိုက်လျှင် မျက်နှာအနည်းငယ် ပျက်စပြုသွားတော့၏) ရွာလူကြီးဦ်းဖိုးလူနှင့် သူကြီးကတော်ဒေါ်မငယ် တို့၏ ရင်နစ်သည်းချား သားရတနာဖြစ်သော ကျပ်မပြည့် မောင်ဖိုးတေအား (ထိုအခါ၌ ဂုဏ်ပကာသနကို အလွန်တရာ မက်မောတတ်သော သူကြီးကတော် ဒေါ်မငယ်သည် ဒေါသ ထွက်လေတော့၏)
သာသနာ့ဝန်ထမ်း ရှင်ရဟန်းအဖြစ်သို့ သွပ်သွင်းမည်ဖြစ်ပါသောကြောင့်၊ သွပ်မိုး ကြမ်းခင်း ကုလားဖျင်းနှင့် လှည်းနေ လှည်းအောင်း မြင်းဇောင်းမကျန်၊ မည်သူမဆို လာရောက်ပြီး သုံးဆောင်နိုင်ပါကြောင်း ကျွန်တော်မျိုးကြီး ကပ္ပိယကျော်ခေါင် မှ ကပ္ပိယတို့ ကျင့်အပ်သော ဝတ်တရားအတိုင်း ထမင်းရည်ချောင်းစီး မောင်းတီးလိုက်ရကြောင်းပါ ခင်ဗျား…။
Posted by ရွာဦးကျောင်း ဆရာတော် at 12:10 PM 0 comments
Labels: ဆောင်းပါး
တန်ပြန်သက်ရောက်မှူ
သက်ရောက်မှူတိုင်းတွင် တန်ပြန်သက်ရောက်မူရှိသည်ဟု နယူတန်၏ အယူအဆများကို ငယ်စဉ်က သင်ယူခဲ့ဖူး၏၊ နံရံသို့ ခဲတစ်လုံးကို ပစ်ချလိုက်၍ ပြန်လည် ကန်ထွက်လာခြင်းသည် တန်ပြန်သက်ရောက်မှူတစ်ခု ဖြစ်သည်ဟု သိခဲ့ရ၏။ ဤသည်မှာ ငယ်စဉ်က အသိဖြစ်လေသည်။
ယနေ့= တပည့်ကျော်ကပ္ပိယကျော်ခေါင်၏ အစ်မတော်တစ်ယောက် ရွာဦ်းကျောင်းသို့ ရောက်ရှိလာပြီး ၄င်းတန်ပြန်သက်ရောက်မှူများအကြောင်းကိုမေးမြန်လေတော့၏၊ သို့သော် သူမေးသော တန်ပြန်သက်ရောက်မှူများမှာကား နယူတန်၏ တန်ပြန်သက်ရောက်မှူမျိုးမဟုတ်၊
ကံ၏နိယာမ၊ ကံ၏အကျိုးပေးမှူ၊ ကံကြောင့်ဖြစ်ပေါ်လာသော ဝဋ်ကြွေးများအကြောင်းကို မေးမြန်း ဆွေးနွေးခဲ့ခြင်းဖြစ်လေသည်။ ဤနေရာ၌ တန်ပြန်သက်ရောက်မှူဟူသည်၊ မိမိပြုလုပ်မိသောကံ (အလုပ်)၏၊ စွမ်းအားနှင့် ပြုလုပ်ခံရသူ(အရာဝတ္တု)တို့၏ စွမ်းအားကို၊ သတိထားမိဖို့ လိုအပ်လေသည်။
ပုရွက်ဆိပ်ကလေးတစ်ကောင်ကို သတ်ခြင်းသည်၊ ဆင်ကြီးတစ်ကောင်ကို သတ်ရသလောက် လုံးလမစိုက်ရသဖြင့်၊ သတ္တဝါချင်း တူသော်လည်း အကျိုးပေးခြင်းကွာပေမည်။ အဘယ်ကြောင့်ဆိုသော် ပြုလုပ်ခံရသူတို့၏ စွမ်းအားကွာခြားသောကြောင့်ဖြစ်လေ၏။
မိမိတို့နေ့စဉ် လှုပ်ရှားနေကြရသော ဤလူ့ဘဝ ဒွန္နယာကြီးထည့်တွင် လူပေါင်းစုံ အလွှာပေါင်းစုံဖြင့် ဆက်ဆံကျင်လည် နေကြရသောကြောင့် စကားပေါင်းစုံကို ပုံစံမျိုးစုံဖြင့်ပြောဆိုကာ လှည့်လည်နေကြရသေသည်။
ထို့ကြောင့် မိမိ၏ အမှတ်မထင် ပြောဆိုမိသော စကားကလေး တစ်ခွန်းဖြင့်၊ အလုပ်ထုပ်ခံရခြင်း၊ ရာထူးလျှော့ချခံရခြင်း သံသရာအကြွေးတင်ခံရခြင်း စသော မကောင်းကျိုးများ မတိုးပွားကြစေရန်နှင့်၊ ထို့သို့ အမှတ်မထင် စကားကလေးတစ်ခွန်းကို ပြောဆိုမိခဲ့ကြ၍ သံသရာ အကြွေးကို ပြန်လည်ကာပေးဆပ်ကြရသော၊ အတီတေ ဗာရာဏသီများ အကြောင်းကို အနည်းငယ် ဖော်ပြလိုက်ပါသည်။
အမ္ဗပါလီ= သိခီဘုရားရှင်လက်ထက်တွင်၊ စေတီရင်ပြင်တစ်ခုသို့ သွားရင်း၊ ရဟန္တာမထေရ်မကြီးတစ်ပါး၏ တံထွေးကို စေတီရင်ပြင်ပေါ်၌ တွေ့ သောအခါ မဆင်မခြင်” ဘယ်..ပြည့်တန်ဆာမတွေကများ ထွေးထားသလဲ” ဟု မဲ့ကာရွဲ့ကာ ပြောဆိုမိသော မိမိ၏ ဝစီဘေဒ အကုသိုလ်ကံကြောင့် ဂေါတမဘုရားရှင်လက်ထက်တွင်၊ ပြည့်တန်ဆာမဖြစ်ရလေသည်။
သီရိမာ= သူသည်လည်း ထိုနည်း၎င်း၊ စေတီရင်ပြင်တစ်ခုတွင် ထိုင်းနေရင်း မိမိ၏ ခြုံပါဝါတွင် ပယ်ကျံနေသော တံထွေးကို တွေ့ရှိသဖြင့်၊ ” အဘယ် ပြည့်တန်ဆာမ ထွေးထား ခဲ့သလဲ” ဟု ပြောဆိုမိခဲ့သဖြင့်၊ ပြည့်တန်ဆာမ အဖြစ်ဖြင့် ပေးဆပ်ရလေသည်။ အမှန်မှာ ၄င်းတံထွေး သည်လည်း ရဟန္တာမကြီင်္းတစ်ပါး၏ အမှတ်မထင် ထွေးခဲ့မိသော တံထွေးဖြစ်ကြောင်း သိရလေသည်။
သာမာဝတီ= သူသည်ကား အလွန်တရာ မေတ္တာတရားနှင့်ပြည့်စုံပြီး ထင်ရှားသော မိဖုရားတစ်ဦး ဖြစ်လေသည်၊ သို့သော်- ရှေးဘဝက ပစ္စေကဗုဒ္ဓါ တစ်ပါးအား မီးလျှို့သတ်ခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင် ဘုရင်ဥတေနမင်းကြီး၏ တောင်ညာစံ မာဂန္ဓီ၏ လက်ချက်ဖြင့် မီးလောင်တိုက်ကို သွင်း၍ အသတ်ခံခဲ့ရသေသည်။
ခုဇ္ဇုတ္တရာ= သူသည်လည်း အလွန်တရား ဥာဏ်ကောင်းသော ဧတဒက်ရ ရဟန္တာထေရီမ တစ်ပါးဖြစ်လေသည်၊ သို့သော်= ရှေးဘဝက ခါးအနည်းငယ်ကုန်းဟန်ရှိနေသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ပျော်စေလိုသော သဘောထားဖြင့်၊ ”ငါတို့အိမ်သို့ ဆွမ်းခံကြွတဲ့ ဘုန်းကြီးက ဒီလို ဒီလို ကြွတယ်-ဟု ဆိုကာ” မိမိခါးကို ကုန်ကွကွလုပ်၍ လမ်းလျှောက် လှောင်ပြောင် ပြခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင်၊ ခါးကုန်းခြင်းဟုဆိုသော ဆိုးကျိုးကို ခံစားခဲ့ရလေသည်။
အထက်ပါ အကြောင်းအရာများကို ဖတ်ရှုလေ့လာမိသဖြင့်၊ အန်မတန်မှ လွယ်ကူစွာ ပြုလုပ်လိုက်ရသော မိမိ၏ အမှတ်မထင် စကားကလေးတစ်ခွန်းသည်၊ ပြုလုပ်ခံရသူတို့၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟု ဆိုအပ်သော၊ စွမ်းအားများကြောင့် မိမိအတွက် သံသရာတွင် အကြွေးတင်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း။
ရွာဦးကျောင်းဆရာတော်နှင့် ကပ္ပိယကျော်ခေါင်၏ အစ်မတော်တို့ ဆွေးနွေးခန်းအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။
ဝစီဘေဒ ထိတိုင်းရှ၊
Posted by ရွာဦးကျောင်း ဆရာတော် at 1:30 AM 0 comments
Labels: ဆောင်းပါး
မပြောချင်ပဲ ပြောရအုံးမယ်
ဘာမဆိုင် ညာမဆိုင် လက်ပံပင်ကို ဓားနဲ့ ချိန် ဆိုသကဲ့သို့ ၊ မပြောချင်ပဲ ပြောရပေအုံးမည်။ အခုတလော . Valentine's Day ဆိုလား ဘာဆိုလားပဲ၊ တော်တော်လေးကို ဟိုဒင်းဖြစ်နေတာ တွေ့တော့၊ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်လေသံနဲ့ ကိုယ့်လူတွေကို ပြောရအုံးမယ်။
ခရစ်တော်ပေါ်ပြီး နစ်ပေါင်း သုံးရာလောက်မှာ (အေဒီ ၃ ရာစု) အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဆိုတာ ရှိခဲ့တယ်တဲ့ ၊ အဲဒီဘုရင်လက်ထက်မှာ စစ်ပွဲတွေက များလွန်းတော့ ယောက်ျားသားတွေဟာ စစ်ကို မုန်းတီးပြီး စစ်ထည့်ကို မဝင်ချင်ကြတော့ဘုးတဲ့ ၊ အဲဒါကို ဘုရင်ကြီးအထင်မှာ မိန်းမတွေ ချစ်သူတွေအပေါ်မှာ သံယောဇဉ် မပြတ်နိုင်လို့ စစ်ထည့်ကို မဝင်ချင်ကြဘူုးလို့ အထင်နဲ့ ၊ သူ့ရဲ့နိုင်ငံမှာနေတဲ့ ဘယ်သူတစ်ဦင်္းတစ်ယောက်ကမှ၊ မိန်းမ မယူရဘူးလို့ အမိန့်တော် ချမှတ်လိုက်ပါသတဲ့ ၊
အဲဒီင်္နိုင်ငံမှာလည်းပဲ Saint Valentine ခေါ်တဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ပါး ရှိသတဲ့ ၊ သူက ဘုရင့်အာဏာကိုဖီဆန်ပြီးတော့(အာဏာရှင် ဘုရင်ကြီး အထင်ပါ) ချစ်သူစုံတွဲတွေကို လက်ထပ်ပေးသတဲ့ ၊ အဲဒါကို ဘုရင်ကြီးက သိသွားတော့ အမျက်တော်ရှပြီး အဆုံး စီရင်ပါလေရော့ တဲ့။
Saint Valentine လို့ ခေါ်တဲ့ ခရစ်ယာန် ဘုန်းကြီး ဆုံးသွားတဲ့  ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို Valentine's Day ဆိုပြီးတော့ သတ်မှတ်လိုက်ကြတယ်လို့ ကြားဖူးတာပဲ။
ကျွနိုမျိုးကြီး ကပ္ပိယကျော်ခေါင် ပြောချင်တာ ဒါ မဟုတ်သေးပါဘူး။ ဆက်နားထောင်=
ပြောချင်တာက ဒီင်္လိုပါ- အများအတွက် ကိုယ့်ကျိုးကို မကြည့်ပဲ စွန့်စားသွားတဲ့  ဘယ်သူ့ကို မဆို အမြဲသတိရနေတာတော့ ကောင်းပါတယ်၊ ဒါပေမယ့်= အနှော်တို့နိုင်ငံက လူတွေက ဘယ်ကလာမှန်းလည်း မသိ၊ ဘယ်သူဘယ်ဝါရယ်လို့ လည်း မသိ၊ ကိုယ်နှင့်လည်း မဆိုင်ပါပဲနဲ့ ၊ အဲဒီင်္ ချစ်သူများနေ့ ဆိုတာကြီးကို ဂလိုအရေးတစ်ကြီး ဆင်နွဲ့နေတာကို တွေ့တော့ အာဇာနည်ကုန်းကို အားနာမိပါတယ်၊ ဂလိုပြောလိုက်တော့ တစ်ပွဲစားဖိုးတေးက အနို့ကို အပြစ်ပြောပါတယ်၊ မင်းက ချစ်သူမရှိလို့ ပြောတာပါ တဲ့ ။
တစ်ပွဲစားဖိုးတေကို အကျွန်ုပ်ကပ္ပိယကျော်ခေါင် ဘာမှ ပြန်ပြီးစောဒက မတက်တော့ပါဘူုး၊ သူခများလည်း အနို့လိုပါပဲ၊ ကျွနိုမျီုးကြီး ပြောချင်တာက ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို အားနာတယ် ...လို့ ။
Posted by ရွာဦးကျောင်း ဆရာတော် at 7:44 PM 2 comments
Labels: ဆောင်းပါး
ကပ္ပိယကျော်ခေါင်နှင့် စိန်စီသောည
တစ်နေ့သ၌် ကပ္ပိယကျော်ခေါင်သည်၊ ရွာဦးကျောင်းဆရာတော် နှင့် ရပ်မိရပ်ဘ လူကြီးများတို့၏ တရားစကား ပြောကြားနေသည်ကို တစ်နေရာမှထိုင်ကာ သူသိလိုလို ဘာလိုလိုနှင့်၊ နားထောင်နေလေတော့၏။
ဆရာတော် ပြောစကားများကိုလည်း သူ၏ ဝသီအတိုင်း တိတ်တဆိတ် ဝေဖန်နေသေး၏၊ ရွာဦးကျောင်းဆရာတော်နှင့် ရပ်မိရပ်ဘ လူကြီးများ ဆွေးနွေးနေကြသည်မှာ၊ အောက်ပါအတိုင်း ဖြစ်လေ၏။
ဒီလိုကွယ့် ဒကာတို့ရဲ့…၊ တစ်ချို့က ရတနာ သုံးပါး အပေါ်မှာသာ လှူရေးတန်းရေးကို ပြုလုပ်ကြပေမယ့်၊ လူ့မှူရေးဖက်ကြတော့ လက်တွန့်နေကြတယ်…။
ဥပမာ အားဖြင့် ဒို့ဗုဒ္ဓဘာသာတွေ ဆိုရင် ရတနာသုံးပါး မိဘဆရာသမားတွေကိုတော့ လှူဖို့တန်းဖို့ကို လက်မတွန့်ကြဘူး၊ မရှိဆင်းရဲတဲ့ ကိုယ့်ရဲ့ အိမ်နီးနားချင်းတွေကို ဆိုတော့ မကူညီချင် မလှူတန်းချင်ကြဘူးလေ..။ တစ်ချို့ ဘာသာတွေကျတော့ ဒုက္ခရောက်နေသူ မည်သူ့ ကိုမဆို ကူညီဖို့အသင့် ရှိကြတယ်၊ တစ်ချို့  ဘာသာတွေဆိုပြန်တော့လည်း ကိုယ့်ဘာသာ ကိုယ့် လူမျိုးက လွဲရင်၊ တစ်ခြားဘာသာ တစ်ခြားလူမျိုးတွေကို၊ လှူဖို့ဒါန်းဖို့ ကူညီဖို့ကို ဝန်လေး နေတတ်တယ် - ဟု….အစချီကာ၊
ဟေတီနိုင်ငံ မြေငလျှင် ဒုက္ခသည်များအပေါ် လူသားများကိုယ်ချင်စာသော အားဖြင့် ကူညီခဲ့သည်မှ အစပြုကာ၊ နာဂစ်မုန်းတိုင်း အကြောင်း၊ ပိဋကတ်တော်လာ ပုံတိုပတ်စများပါမကျန် ထွေရာလေးပါး ပြောကြား နေလေတော့၏၊
ထိုအထည့်တွင် ကပ္ပိယကျော်ခေါင် စိတ်အဝင်စားဆုံးမှာကား- ပိဋကတ်တော်လာ သူငယ်ချင်း နှစ်ယောက်တို့၏၊ ရှေးရှေးဘဝများက လူမှူရေးကို စိတ်ဝင်တစား လုပ်ခဲ့၍ ယခုဘဝတွင် ဘုရင့်သားတော် အဖြစ်ဖြင့် ရွှေပုခက်နှင့် အိပ်ရပြီ၊ လူမှူရေးကို စိတ်မဝင်စားခဲ့သဖြင့် အထိန်းတော်၏ သားဖြစ်ကာ စံကောနှင့် အိပ်ရသည်ဆိုသော အကြောင်းကို အထူး စိတ်ဝင်စားမိ နေလေတော့၏။
ရွာဦးကျောင်းဆရာတော် နှင့် ရပ်မိရပ်ဘ လူကြီးများ စကားစ ပြတ်သည်နှင့် တစ်ပြိုင်နက်၊ ကပ္ပိယကျော်ခေါင်သည် ဆရာတော်အား ဤသို့ လျှောက်ထား လိုက်လေတော့၏။
မှန်လှပါ… ဒီလောက်ရှားပါးတဲ့ ရွှေကို ပုခက်လုပ်ပြီး စီးရတယ်ဆိုတာ တပည့်တော်ဖြင့် ယုံရခက်ခက်ပါဘုရား..။ ရွှေဈေးကလည်း ကြီးပါဖိသနဲ့ ..ဟူ၍ မဆိုင်းမတွ မေးလျှောက်လေ တော့၏။
ထိုအခါ.. ရွာဦးကျောင်းဆရာတော် ဖြေကြားလိုက်သည်မှာကား…
ငကျော်ခေါင်….မင်းတော်တော် ဗဟုသုတမရှိတဲ့ ကောင်ပဲ၊ အဲဒါ… ဘုရင့်သားတော်လေကွာ၊ ရွှေတွေ ငွေတွေလောက်ကတော့ အပျော့ပေါ့၊
မင်း..စိန်စီတဲ့ ည ကို မကြည့်ဖူးဘူးလား .. ဟူ၍ ဖြစ်လေတော့သတည်း။
ကပ္ပိယကျော်ခေါင်သည်လည်း သူ့ကို ဆရာတော်က ဗဟုသုတမရှိဟု ဆိုသည်ကို အားမလိုအားမရ ဖြစ်ကာ၊ ဘီဒိုတည့်တွင် ဝှက်ထားသော ပြားပြားချပ်ချပ် ပစ္စည်းလေးတစ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ၊ ရွာလယ်က ဒေါ်ပုအိမ်သို့ ဒုန်းစိုင်းရလေတော့သတည်း။
အကြောင်းမှာကား ရွာလယ်က ဒေါ်ပုအိမ်တွင် တီဗီ နှင့် အောက်စက် ရှိသော ကြောင့်တည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 12:17 AM 0 comments
Labels: ဆောင်းပါး
ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ကြရသူများ
အလုပ်တစ်ခုမှာ တစ်ယောက်က သူခင်တဲ့သူ၊ သူ အားကိုးနေရတဲ့သူကို အလုပ်မပြောင်းနဲ့နော် နင်မရှိရင် ငါတို့မဖြစ်ဘူးတဲ့၊ ဒါပေမဲ့ ပြောတဲ့သူက သာတဲ့နေရာ ရတော့ ပြောင်းသွားတယ်။
နောက် လင်နဲ့မယား၊ မိန်းမက ကွဲမယ် ကွာမယ်ပြောနေတယ်၊ ယောက်ျားက တကယ် ကွာလိုက်တော့ မိန်းမ ကျန်ခဲ့တယ်။
ကျောင်းတက်တဲ့ ကျောင်းသူနှစ်ယောက် နင်ကျောင်းမပြောင်းနဲ့နော် တဲ့၊ သူ့သူငယ်ချင်းကို တဖွဖွပြောတယ်၊ ပြောတဲ့သူကပဲ အရင် နောက်တစ်ကျောင်းပြောင်းသွားတယ်။
မိဘက ငါမရှိရင် နင်တို့ ခွေးဖြစ်မယ်နော်၊ ငါမရှိမှ ငါ့အကြောင်း သိမယ်ပြောတယ် သေသွားရတာပဲ။
တစ်ယောက်ကို မှီမယ်လို့ တွေးရင် ကိုယ်မှီမယ့်သူက ခွဲခွာခြင်း မတည်မြဲခြင်း သဘောတရားတွေက အမြဲစိုးမိုးလို့နေတယ် ဒါတွေက ဘုရားဟောလည်း ဟုတ်တယ် ကိုယ်ရှာဖွေရင်လည်း တွေ့မှာပဲ၊ ဒါဟာသဘာဝတရားပဲ သဘာဝထဲမှာပဲ နေကြရအောင်၊။
အမှန်တရားဟာ ခါးတယ် ရင်ဆိုင်ဖို့ ခက်တယ်၊ ရင်ဆိုင်ကြရတယ် ရှောင်လို့မရဘူး၊
အရက်သောက်တဲ့သူဟာ အရက်ကို ချိုလို့ သောက်တာလားမေးကြည့် အဲလိုပဲ၊ လက်မခံချင်ပဲ တွန့်နေမယ့်အစား လက်ခံလိုက်တာက ကြိုက်လိုက်တာက ကိုယ့်အတွက်သက်သာတယ်။
အော် … သဘာဝတရားတွေပဲကိုး။
အထက်ပါ ပြောဆိုမှူများကို လက်မခံချင်သကဲ့သို့ရှိပေလိမ်မည်။ အကျွန်ုကိုယ်တိုင်းလည်း လက်မခံချင်ပေ၊ အဘယ်ကြောင့် လက်မခံချင်သနည်းဟု၊ စစ်ဆေးကြည့်သော် ဤကဲ့သို့ ခွဲခွါရမည်ကို ကြောက်သောကြောင့်ဟု ဖြေရပေလိမ့်မည်။
မှန်ပေသည် လူတိုင်းလူတိုင်းသည် မိမိတို့ ချစ်ခင်မြတ်နိုးသူများ၊ အားကိုးအားထား ပြုရသူများနဲ့ ၊ မခွဲခွါလိုကြပေ။ သို့သော် အနှစ်တရာ မကြာသော အလွန်တိုတောင့်လှသော ကာလအတွင်းဝယ် မလွဲမသွေ ခွဲခွါကြရမည်ဖြစ်၏။
သူမရှိလျှင် မဖြစ်ဟု အားကိုးအားထား ပြုနေခဲ့ရသူများသည်၎င်း၊ ငါမရှိလျှင် မဖြစ်ဟု အထင်ကြီးနေခဲ့သူများသည်၎င်း၊ မည်၍ မည်မျှ မျက်ကွယ်ပြုသွားကြလေသနည်း ဟူသည်မှာ ရေတွက်၍ မကုန်နိုင်တော့ပေ။
ငါမရှိလျှင် လုံးဝမဖြစ်ဟု ထင်မိခဲ့သော ပြင်သစ်ဧကရစ် နပိုလီယံ ဘိုနာပတ်သည်၎င်း၊ အမေရိကန်သမ္မတ အေပရာဟင်လင်ကွန်းသည်၎င်း၊ သဲကန္တာရမြေခွေးဟု တင်စားခံခဲ့ရသော စစ်သူကြီးရွှမ်းမဲ သည်၎င်း၊ မဟာမိတ်တပ်တို့၏ ဦးစီးဦးဆောင် စစ်သူကြီးမောင့်ဂိုမာရီသည်၎င်း၊ ထိုကဲ့သို့သော အားကောင်းမောင်းသန် ယောက်ျားကြီးများသည်၎င်း၊ အသီးသိး မျက်ကွယ်ပြုသွား ခဲ့ကြလေပြီ။ သို့သော်= သူတို့မရှိတော့သော်လည်း ဖြစ်နေကြသည်သာ။
အမှန်မှာမူ= အားကြီးသူတို့အပေါ် အားကိုးတတ်သော အားငယ်သူ တို့၏ အယူအဆသည်၎င်း၊ အားငယ်သူတို့အား အားကိုးမှူကို ပေးတတ်သော အားကြီးသူတို့၏ အယူအဆသည်၎င်း၊ မိမိတို့၏ စွဲလမ်းမှုတည်းဟူသော ဥပါဒါန်သာဖြစ်လေသည်။
အချုပ်အားဖြင်ဆိုရပါမူ။ ။ အားကြီးသူကို အားကိုးနေရ ခြင်းဟုဆိုအပ်သော ဒုက္ခ၊ အားငယ်သူကို စိတ်မချခြင်းဟု ဆိုအပ်သော ဒုက္ခ၊ စသည် စည် ဒုက္ခအဖုံဖုံတို့သည်၊ တစ်ပါးသူတို့အပေါ် မိမိ၏ စွဲလမ်းမှူ ဥပါဒါန်ကြောင့် ဒုက္ခရောက်နေကြခြင်းသာလျှင် ဖြစ်လေ၏။
အတ္တာဟိ အတ္တနော နာထော၊ မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။
မိတ်ဆွေတစ်ဦး၏ ပြောပြခြင်းများအား ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 6:25 AM 0 comments
Labels: ဆောင်းပါး












