လက္ခဏာတော် ၃၂ ပါး

Guest  မေး။   ။ ဘုရား လက္ခဏာ ၃၂ပါးက ဘုရားဖြစ်ပြီးမှ ပေါ်လာတာလား မွေးတည်းက ပါရှိနေတာ လားဘုရား။
 Guest မေး။     ။ အရင်ဘုရား ဘုရားဟောထဲမှာ ဒိုင်နိုဆောတို့ ကမ္ဘာဦးက အကြောင်းတွေ ပါပါသလား ဘုရား။
အဖြေ။       ။  ဘုရားလက္ခဏာ ၃၂ ပါး ဟူ၍ သိထားမိသောကြောင့် ဤမေးခွန်းကို မေးသည်ဟု ယူဆရပါသည်၊ အမှန်မှာမူ Guest သိထားသော ဘုရားလက္ခဏာ ၃၂ ပါးဟူသည်၊ မဟာပုရိသ လက္ခဏာ ခေါ် ယောင်္ကျားမြတ်တို့၏ လက္ခဏာ ၃၂ ပါးသာဖြစ်ပေသည်၊ ဘုရားအလောင်တော်သည် ၄င်းလက္ခဏာ ၃၂ ပါးနှင့်ပြည့်စုံသော မဟာပုရိသ ဖြစ်လေသည်။ ထို့ကြောင့်သာလျှင် ဗေဒင်လက္ခဏာ ဆရာများဖြစ်ကြသော၊ အရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ် ဧကန် ဖြစ်မည်ဟု ဟောခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အရွယ်နှင့် လိုက်လျှောညီထွေစွာသာလျှင် ၄င်းလက္ခဏာများ ဖြစ်ပေါ်ပေလိမ့်မည်။ ၄င်းလက္ခဏာ ၃၂ ပါးအား ဖော်ပြပေးလိုက်ပါသည်။

ဆက်ဖတ်ရန်.

ထိုင်းဘုရင်းမကြီး သိရိခေတ်


ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP