တရားပွဲ ဖိတ်ကြားလွှာ

ရွှေဆံပင်တံတားလမ်း အကျိုးတော်ဆောင် ဆရာတော် အရှင် ဝေပုလ္လ(သာသန ဓဇ ဓမ္မာစရိယ - ဥဘတောဝိ ဘင်္ဂဓရ)၏ တရားပွဲ

ဓမ္မမိတ်ဆွေအပေါင်းတို့………….. လမ်းတံတားပြုပြင်ထိန်းသိမ်းရေး အကျိုးတော်ဆောင်ဆရာတော် အရှင်ဝေပုလ္လမှ၏ တရားပွဲကို စင်ကာပူနိုင်ငံတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက်။ ။ ၁၈ မတ်လ ၂၀၁၂ ( တနင်္ဂနွေနေ့ )
အချိန်။ ။ ညနေ ၇း၀၀နာရီမှ ၉:၀၀ နာရီ တရားပွဲ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ http://www.dhammadownload.com/live1.htm

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
မခိုင်ခိုင်ဝင်း (၉၁၈၇၃၅၅၈)
မဆွေမာဦး (၉၈၈၆၀၄၂၅)
မောင်မြမင်းစိန် (၉၀၀၉၁၀၄၇)
ကိုမြင့်စိုး (၉၈၁၈၆၄၄၇)
မမြဆွေဦး (၉၃၄၉၃၈၇၉)

ဆက်ဖတ်ရန်.

A S M A အဖွဲ့ နာယက ဆရာတော် ဦးသုမင်္ဂလ ဈာပန ခမ်းနားစည်ကားသိုက်မြိုက်စွာကျင်းပ


ဘစောတင် ဇန်န၀ါရီ ၂၂

ရခိုင် စာသင်သား ရဟန်းတော်များအဖွဲ့ (ထိုင်း) Arakan Student Monks Association (Thailand) A S M A အဖွဲ့၏ နာယက ဖြစ်သော ဆရာတော် ဦးသုမင်္ဂလ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသား ရဟန်းတော်များ သီတင်းသုံရား ၀ပ်တလုံ့ ကျောင်းတွင် ဇန်န၀ါရီလ ၂၂ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ 
ပျံလွန်တော်မူချိန်တွင် ဆရာတော်သည် သက်တော် ၄၁ နှစ် ၀ါတော် ၂၁ ၀ါ ရှိပြီဖြစ်ကြောင်း သိရသည်။ ဦးသုမင်္ဂလသည် ဇန်န၀ါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက သီတင်းသုံးဖော် ရဟန်းတော်များနှင့် အတူ စကားပြောနေရင်း ရုတ်တရက် သတိလစ်ကာ ပျံလွန်တော်မူသွားခြင်းဖြစ်၏။ သူ့တွင် သွေးတိုးရောဂါရှိသည်ဟု သီတင်းသုံးဖော်များ ပြောပြချက်အရ သိရသည်။
.
ရောဂါ ဝေဒနာကို ကြာရှည်စွာ မခံစားရဘဲ ရုတ်တရက် ပျံလွန်တော်မူသွားခြင်းကြောင့် သီတင်းသုံးဖော်များအနေဖြင့် မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရသည်ဟု ဆိုကြသည်။ 

ဦးသုမင်္ဂလသည် ရန်ကုန်မြို့ သာကေတမြို့နယ် ရွှေစာရံ ပရိယတ္တိ စာသင်တိုက်တွင် စာပေပို့ချခြင်းနှင့် တရားဓမ္မ ဟောပြောခြင်း စသော ဘာသာရေး သာသနာရေး ကိစ္စရပ်များကို ၁၅ ၀ါတိုင်တိုင် ထမ်းရွက်ခဲ့သူ ဖြစ်သည်။ ဆရာတော်နှင့် ပတ်သက်၍ A S M A ၏ ဒုဥက္ကဌ ဖြစ်သူ ဦးကုဏ္ဍလက ယခုကဲ့သို့ မိန့်ကြားသည်။

´ဦးဇင်းတို့ နောင်တော်ကြီး ဦးသုမင်္ဂလဟာ ဘ၀ တလျှောက်လုံးမှာ သာသနာရေး ဘာသာရေးကို စိုက်လိုက်မတ်တတ် လုပ်လာခဲ့တာဖြစ်တယ်။ အခုလဲ ဒီထိုင်းနိုင်ငံကို လာပြီး ဘာသန္တရ ဗဟုသုတ နိုင်ငံတကာ ဗဟုသုတ ထပ်မံဖြည့်စွက်ဖို့ သက်တော် ရွယ်တော်ရလာပေမဲ့ ဇွဲမလျှော့ဘဲ တက္ကသိုလ်ပညာ ဆည်းပူးဖို့ လာရောက်ခဲ့တာပါ။ ကိုယ့်တိုင်းပြည်မှာ ဓမ္မာစရိယဘွဲ့ကို ရထားပြီးပေမဲ့ နိုင်ငံတကာ ဗဟုသုတတွေ ဘာသာရေးနဲ့ ဆိုင်တဲ့ ပညာဗဟုသုတတိုးပွါးစေဖို့ ထိုင်းတက္ကသိုလ်မှာ ပညာလာသင်ရင်း အခုလို ပျံလွန်တော် မူသွားရတာဟာ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်´ ဟု ဦးကုဏ္ဍလမှ မိန့်ကြားသည်။

ဆရာတော်သည် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ မဟာချူလာလောင်ကွန်း တက္ကသိုလ် B.A (ဗုဒ္ဓဘာသာ စာပေ) အတန်းတွင် ပညာဆည်းပူးရင်း ပျံလွန်တော်မူသွားခြင်း ဖြစ်သည်။
 
ထို့ပြင် ဆရာတော်သည် လူမှုရေးကိစ္စများတွင်လည်း စိတ်ရော ကိုယ်ပါ တက်ကြွစွာ ပါဝင်ကူညီခဲ့သူဖြစ်ကြောင်း သိရသည်။ ဆရာတော်၏ အန္တိမ အဂ္ဂိ ဈာပနတွင် ထေရုပ္ပတ္တိကို ဖတ်ကြားသူ အရှင်မောနန္ဒက ´ဆရာတော်ဟာ ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်းတိုက်ခတ်တုန်းက ဒုက္ခရောက်ခဲ့ကြရတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး ဒေသခံ ပြည်သူတွေအတွက် တာတမံဆည်ရာမှာ ပါဝင်ကူညီခဲ့တယ်။ အပင်ပန်းခံပြီး ဦးဇင်းတို့ကိုယ်စား မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ပြည်သူတွေဆီကို သွားခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်´ ဟု ထည့်သွင်းပြောဆိုသွားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် တက္ကသိုလ်ပညာ သင်ကြားနေသော မြန်မာနိုင်ငံသား ရဟန်းတော်များမှာ ၁၅၀ ၀န်းကျင်ခန့်ရှိသည်။ ယင်းတို့အထဲတွင် ရခိုင် ရဟန်းတော် ၅၀ ၀န်းကျင်ရှိ၏။ ထို့ပြင် ၀ပ်တလုံ့ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဘင်္ဂလာဒေ့ရှ် နီပေါ မြန်မာ လာအို ဗီယက်နမ် ကမ္ဘောဒီးယား ထိုင်း နိုင်ငံများမှ တက္ကသိုလ်စာသင်သား ရဟန်းတော် ၄၀၀ ကျော် သီတင်းသုံးနေကြောင်း သိရသည်။

ယင်းသို့ ပညာလာသင်နေကြသော မြန်မာရဟန်းတော်များထဲမှ ဆရာတော် ဦးသုမင်္ဂလမှာ ပထမဆုံး ပျံလွန်တော်မူသော ရဟန်းတော်ဖြစ်သည်။ ထို့ကြောင့် ဘန်ကောက် မဟာချိုင်ဒေသများရှိ စက်ရုံ အလုပ်ရုံများမှ နှစ်ထောင်ကျော်ခန့် လာရောက်ခဲ့ကြကြောင်းသိရသည်။ 

ဘုန်းကြီးပျံပွဲတွင် ပါဝင်လုပ်ဆောင်နေသူ ကိုအောင်မြင့်သိန်းက ´ဆရာတော်ရဲ့ ဘုန်းတန်ခိုးကြောင့်ထင်ပါတယ်။ လာလိုက်ကြတဲ့လူတွေ ဘုန်းကြီးကျောင်းဝင်းတခုလုံး ပြည့်လျှံသွားတာပါဘဲ။ အစက အများဆုံး ရောက်ရင် လူလေးငါးရာလောက်ဘဲလို့ မှန်းခဲ့ကြတာ။ ထောင်နဲ့ချီရောက်လာကြတော့ ဆွမ်းကွမ်းဝေယျာဝစ္စ စီစဉ်သူတွေ ရင်မောနေကြရတယ်။ လောက်အောင်မှ ကျွေးနိုင်ပါ့မလားလို့ပေါ့။ ဒါပေမဲ့ နောက်ဆုံး အားလုံး လောက်လောက်ငင ပြည့်ပြည့်စုံစုံ ဖြစ်သွားတာ ၀မ်းသာစရာပါ။ ဒါဟာ ဆရာတော်ရဲ့ ဘုန်းတန်ခိုးလည်းပါတယ်။ A S M A ရဲ့ ဘုန်းတန်ခိုးလည်း ပါတယ်လို့ ပြောချင်ပါတယ်´ ဟု ဆိုသည်။

ဆရာတော်ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပေါက်အင်းကျေးရွာ၌ (၅. ၁၁.၁၉၇၁ ခုနှစ်) သောကြောနေ့တွင် အဖ ဦးမောင်တိုး မယ်တော် ဒေါ်အေးသွယ်တို့မှ မွေးဖွါးခဲ့သည်။ မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက်သား ဖြစ်သည်။ ငယ်စဉ်ကတည်းက သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ရဟန်းအဖြစ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပျံလွန်တော်မူချိန်တွင် A S M A ရဟန်းတော်များအဖွဲ့၏ နာယကအဖြစ် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်ဖတ်ရန်.

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာ၊ ခမည်းတော် ဦးမောင်တိုး၊ မယ်တော် ဒေါ်အေးသွယ်တို၏ သား၊ သက်တော် ၄၁-နှစ်၊ သိက္ခာတော်၂၁-ဝါ ရှိ၊ ဦးသုမင်္ဂလ (ဓမ္မာစရိယ-ရွှေစာရံပရိယတ္တိစာသင်တိုက် -စာချဆရာတော်) သည်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချလန် ၁၃ လမ်းရှိ၊ ဝပ်တလုမ်ကျောင်းတိုက်တွင် သီိတင်းသုံး နေထိုင်တော်မူရင်း၊ ၁၃-၁-၂၀၁၂ သောကြာနေ့ နံနက် ၁၀း နာရီ ခန့်တွင် ရုတ်တရက် သတိလစ်ကာ၊ ဖိကစင် အမှတ် (၂) ဆေးရုံသို့ တက်ရောက် ကုသခဲ့သော်လည်း၊














ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP