တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်(ဇင်းမယ်)မြို့သို့၊ ရွာဦးကျောင်း ဆရာတော်နှင့်အတူ ရောက်ရှိသွားလေ၏။ အကျွန်ုပ်သည်ကား အလွန်တရာ စပ်စုတတ်လွန်းသည် အားလျှော်စွာ၊ ဟိုစပ်စပ် ဒီင်္ိစပ်စပ်လုပ်လေတော့၏၊
သွားရောက်စပ်စုခဲ့သော နေရာများတွင် အကျွန်ုပ်စိတ်အဝင်စားဆုံးသော နေရာများမှာ၊ ချင်းမိုင်တက္ကသိုလ်၊ ပရဟိတအလုပ်ကို အားကျိုးမာန်တက်လုပ်ဆောင်နေသော၊ ဝပ်စုဖရီဖန္န ကျောင်းတိုက်ကြီင်္းနှင့်၊ ရိုးရာအဝတ်အစားများဖြင့် လှပသေသပ်စွာ ကပြဖျော်ဖြေနေကြသော ချင်းမိုင်တောင်ပေါ်မှ ထိုင်းလှပျိုဖြူလေးများပင် ဖြစ်လေ၏။
ချင်းမိုင်တက္ကသိုလ်တွင် ဘာသာရပ်အလိုက် သင်ကြားပို့ချနေသော ဆရာဆရာမများ မြန်မာရဟန်းတော်များ မြန်မာကျောင်းသား ကျောင်းသူများနှင့် ဗဟုသုတ ဖလှယ်ခဲ့ရခြင်းသည်လည်း၊ အကျွှွှွှွှန်ုပ်အတွက် အလွန်တရာမှ အားရကျေနပ်ဖွယ်ပင်၊
တွေ့ဆုံဆွေးနွေးပွဲတွင် ရွာဦးကျောင်းဆရာတော်၏ ကမ္ဘာကြီးပူနွေလာမှူ အကြောင်းနှင့် ကူးဆက်ရောဂါ များအကြောင်း၊ ဘုန်းကြီးနှင့် ပရဟိတအကြောင်း၊ မန္တလေးတိုင်း ရန်ကင်းတောင်အနီးမှ စိန်ခနောင့်တောင် ကျေးရွာအကြောင်း၊ စသည်စသည်အားဖြင့် အကြောင်းအရာများစုံလင်လှတော့၏။
၎င်း ဝပ်စုဖရိဖန္နကျောင်းတိုက်သည်ကား၊ ပတ်ဝန်းကျင်းရှိ မရှိဆင်းရဲသားများနှင့် မိဘမဲ့ခလေးသူငယ်များကို ပြုစုပျိုးထောင်းနေသော ကျောင်းတစ်ကျောင်းဖြစ်သည်။
0 Comments:
Post a Comment