" အလိုတော်ပြည့် အလင်းရောင်" မဂ္ဂဇင်းစာအုပ်ထုတ်ဝယ်နိုင်ရန် စာမူတောင်းခံအပ်ပါသည်။



ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်ဒေသ သာသနာပြု အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ ဘဒ္ဒန္တဒေါက်တာ အရိယ၀ံသ ထံမှသြ၀ါဒ ခံယူပွဲအခမ်းအနား နှင့် အာစရိယပူဇော်ပွဲကို လာမည့် ၂၀၁၁ ခု ဇန္န၀ါရီလ ဒုတိယအပတ်အတွင်းတွင် စစ်တွေမြို့


အလိုတော်ပြည့်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ယင်းပွဲနှင့်ဆက်စပ်၍ ရခိုင်ပြည်နယ်ရှိ ဆရာတော်ကြီး၏
ဘာသာရေး၊ လူမှုရေး၊ ပရဟိတလုပ်ဆောင်ချက်များပါဝင်သော “အလိုတော်ပြည့် အလင်းရောင်” အမည်ရှိ

ဆက်ဖတ်ရန်.

လူကြီးမင်းအား မြန်မာ နှင့် ရခိုင်ရုပ်ရှင်အနုပညာရှင် ပွဲတော်သို့ဖိတ်ကြားခြင်း

၂၀၁၀ - ခုနှစ် အောက်တိုဘာလ တွင် တိုက်ခတ် ခဲ့သော ဂီရိလေမုန်တိုင်းကြောင့် အတိဒုက္ခရောက် နေကြရသော ရခိုင်ပြည်နယ် ကျောက်ဖြူ၊မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်များမှ ရခိုင်ပြည်သူ များအတွက် ပြန်လည် တည်ဆောက်ရေးနှင့် ကယ်ဆယ်ရေး ၊ ရံပုံငွေ ရှာဖွေစုဆောင်းရန် ရည်ရွယ်လျှက် လေးဝတီ ရခိုင်အနူပညာရှင်အဖွဲ့ (ရန်ကုန်)နှင့် ဥက္ကာဦးသာ plus+3 Music Band တို့မှာ ကြီးမူး၍ "ရှင်သန်နိုးထ အာရက္ခ" ခေါင်းစဉ်ဖြင့် အနုပညာ ပွဲတော်ကြီးကို အောက်ပါအစီအစဉ်အတိုင်း အခမ်းအနားကို ကျင်းပမည်ဖြစ်ပါသည်။


နေ့ရက်။  ။ ၂၀၁၀-ခုနှစ် ၊ ဒီဇင်ဘာလ (၁၃)ရက် ကြာသပတေးနေ့
အချိန်။  ။ညနေ့ ၅း၀၀ နာရီ မှ ၉း၀၀ နာရီး ထိ
နေရာ။  ။သုဝဏ္ဏ မိုးလုံလေလုံ အားကစာရုံ(၁)


တီးဝိုင်း။  ။ လေးဝတီရခိုင်အနူပညာအဖွဲ့နှင် ဥက္ကာဦးသာ ၏ Plus +3 Music Band
ပွဲတော်အစီအစဉ်များတွင် ရခိုင်ရိုးရာအကပဒေသများ နှင့် တေးသီချင်းသီဆိုမူများအပြင် မြန်မာနှင့် ရခိုင်ရုပ်ရှင် အနုပညာရှင် အမြောက်အမြားကလည်းပါဝင် ဖြေဖျော်ကြမည် ဖြစ်ပါသည်။ ငွေ နှင့် ပစ္စည်း လှူဒါန်း လိုသူများကလည်း ပွဲတော်မတိုင်မီဖြစ်စေ၊ ပွဲတော်အချိန်တွင် ဖြစ်စေ၊ လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်း နိုးဆော်အပ်ပါသည်။ သို့ပါ၍ ယင်းပွဲတော်သို့ ကြွရောက်ချီးမြင့် ဂုဏ်ပြုပေးပါရန် လူကြီးမင်းအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
 

ပွဲတော်ကျင်းပရေးကော်မတီများ.
ဆက်သွယ်ရန်။   ။ဦးဇင်း ဘီလူး ဖုန်း 0949234889 / ဦးသန်းမောင် ဖုန်း 01.73034288 / ဦးထွန်းဝင်း ဖုန်း 095174891


အလိုတော်ပြည့်သတင်း

ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၃-နစ်ပြည့် မွေးနေ့။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံတွင် ၁၇၈၂ ခုနစ်မှ စတင်၍စိုးစံလာသော ချက်ကရီမင်းဆက်အနွယ်တော်မှ ဆင်းသက်လာခဲ့သော နဝမမြောက် ရာမဘုရင် ဖြစ်သည်။

ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။

သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။

ဆက်ဖတ်ရန်.

အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်မည်

အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မည်။

မန္တလေးတိုင်း ပုဂံ/ညောင်းဦးမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှေးဟောင်း အလိုတော်ပြည့် ဘုရားပွဲတော်ကို ၁၃၇၂-ခုနှစ် နတ်တော်လဆန်း (၁၄-၁၅)ရက် ၂၀၁၀ခုနစ် ဒီဇင်ဘာ ၂၀-၂၁ ရက်နေ့များတွင် ပြည်တွင်းပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်နှင့်
ဂေါပကအဖွဲ့ဝင် များမှ ဦးစီး၍ အမြို့မြို့အနယ်နယ်မှ ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး(၅၀၀၀)တို့ဖြင့် အလိုတော်ပြည့် ဗုဒ္ဓပူဇနိယထီးဖြူတော်ဖွင့်ပွဲ အခမ်းအနားဖြင့် လှူဒါန်းပူဇော်ပြီး ပင့်သံဃာ (၅၂၈)ပါး တို့အား လှူဒါန်းဖွယ်ရာ ၀ထ္ထုများကိုလှူဒါန်း ပူဇော်နိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ပင့်သံဃာတစ်ပါးလျှင် ကျပ်(၁၀၀၀၀)ဖြင့် ငွေပဒသာပင်များ လှူဒါန်းပူဇော်မည်ဖြစ်ပါသည်။

မိမိတို့လောင်းလှူလိုသော ပစ္စည်းများကို ပင့်သံဃာ(၅၂၈)ပါး အတွက် သံဃာ့ဒါန သံဃာစေ့ လှူဒါန်းနိုင်ပါကြောင်း ပြည်တွင်း ပြည်ပရှိ တပည့် ဒကာ/ဒကာမများတို့အား အသိပေးဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန် ဖုန်း 01.545337 -
Email: alodawpyei@myanmar.com.mm

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP