ထွက်ပေါက်
တစ်လောကလုံးက ငါ့အား မကောင်းဆိုးဝါးကြီးသဖွယ် ကြည့်နေကြပြီ။ စက်ဆုတ်ရွံရှာဖွယ် သတ္တဝါကြီးတစ်ကောင်လို သဘောထားနေကြပြီ။ အန္တရာယ်ကောင်းကြီးသဖွယ် ကျိန်ဆဲနေကြပြီ။ ငါလာရာ လမ်းကြောင်းတစ်လျှောက် အတားအဆီးများစွာတို့ဖြင့် ငါ့အား ကန့်ကွက်နေကြလေပြီ။ ငါ့ကို အပြီးပိုင် တိုက်ထုပ်နိုင်ရန် မဟာစီမံကိန်းကြီးများ ချမှတ်နေကြလေပြီ။ ငါ့၏ကျေးဇူးတရားကိုမျှ မထောက်ထားတော့ပဲ ဆန့်ကျင်နေကြလေပြီတကား၊
ငါ အမှန်အတိုင်း ဝန်ခံရပါမူ လွန်ခဲ့သော အနှစ် ငါးဆယ်ခန့်ကတည်းက ငါ့၏ လွတ်လပ်မှူကို အပြီးပိုင်စွန့်လွတ်ခဲ့ကာ ယနေ့အထိ ငါ လုံးဝ စိတ်ပျက်အားငယ်မှူမရှိပဲ၊ အစွန်းကုန် ကြိုးစားရုန်းကန်လျှက်၊ ပြည်သူလူထုများ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပြီးပြီ။
မရှိမဖြစ်လိုအပ်သော မီး ရရှိရေအတွက် ငါ အစွမ်းကုန် ရုန်းကန်ခဲ့ရပြီးပြီ၊ မရှိမဖြစ်လိုအပ်သော ရေ အတွက်လည်း ငါ့၏ အသွေးအသားများအား ထက်ဝက်ခွဲဝေပေးခဲ့ရပြီးပြီ၊ သဘာဝတောတောင် သယံဇာတများကို ငါအစွမ်းကုန် ကြိုးစားရုန်းကန်လျှက် ထွန်းလင်း တောက်ပ စိမ်းလန်းစိုပြေစေခဲ့ပြီးပြီ။
အနှစ် ငါးဆယ်လုံးလုံး အကျဉ်စံဘဝဖြင့် ငါ အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ပြီးတဲ့ နောက်၊ ငါ အတောင်းတဆုံး အလိုချင်ဆုံးဖြစ်သော လွတ်လပ်မှူကို ရှာဖွေရန် အလွန်တရာကျဉ်းမြောင်းလှသော လှောင်အိမ်ထဲမှ ထွက်ခွါသွားရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
အကျဉ်စံဘဝဖြင့် အနှစ်ငါးဆယ်လုံးလုံး နေခဲ့ရခြင်းသည်လည်း၊ ပြစ်မှူ တစ်စုံတစ်ရာ ကြူးလွန်းခဲ့၍မဟုတ်၊ သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ငါ့အား ချုပ်နှောင်ထားခဲ့ကြခြင်းသာဖြစ်လေသည်။ ငါသည်ကား သဘာဝအလျှောက် အမြဲတမ်း စီးဆင်းနေရမှ ရှင်သန်ရသော အမျိုးဖြစ်လေသည်။
သို့သော် လူတို့၏ အတော်မသတ်နိုင်သော လောဘဇောကြောင့် အနှစ်ငါးဆယ်လုံးလုံး ကျဉ်းမြောင်းကျပ်တည်းလှစွာ အလုပ်လုပ်ခဲ့ရလေသည်။
အခု ငါ ထွက်ခွါသွားတော့မည် ငါ့အား မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးမှူမပြုနှင့်တော့။
မည်သို့ပင် တောင်းမန်သော်လည်း ငါလာရာ လမ်းတစ်လျှောက် ငါ့အား အမျိုးမျိုး အဖုံဖုံသော အတားအဆီးများဖြင့် မရ ရအောင် ပိတ်ပင်ကြလေသည်၊ သို့သော် ငါ့ကို ချစ်၍တားကြသည်မဟုတ်၊ ငါ့အား မကောင်းဆိုးဝါးကြီးတစ်ကောင် သဖွယ် တားဆီးကြခြင်းသာ ဖြစ်လေသည်။ ငါသည်ကား မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်မဟုတ်၊ သက်ရှိ သက်မဲ့ မှန်သမျကို အကျိုးပြုနေသော၊ သဘ၀အတိုင်း စီးဆင်းနေသော ရေ သာလျှင် ဖြစ်လေသည်။
ရေ ဟု ဆိုအပ်သော ထိုငါအား၊ လွန်ခဲ့သော နစ်ပေါင်းများစွာကတည်းက ပိတ်လှောင်၍ အလွန်တရာကြီးကျယ်လှသော ရေလှောင်ကန်ကြီးဖြင့်၊ စုဆောင်းထားခဲ့ရမှ ယနေ့ တားမနိုင်ဆီးမရဖြစ်ကာ၊ ပွင့်အန် ထွက်ချလာခြင်းသာဖြစ်လေသည်၊ လူသားတို့အား ဒုက္ခပေးရန် ငါ စောင့်ဆိုင်း၍ နေခဲ့သည်မဟုတ်။
မည်သူက မည်မျှပင်တားတား ငါ လုံးဝ နောက်ဆုတ်တော့မည်မဟုတ်၊ တား၍လည်း ရမည်မဟုတ်တော့၊ ငါ၏ သွားလိုရာကား ငါတို့အမျိုးအနွယ်တို့၏ ပျော်စံရာ မဟာသမုဒ္ဒရာပင် ဖြစ်လေသည်။
သို့သော်လည်း လူတို့သည် ပြုခဲ့ဖူးသော ငါ့၏ကျေးဇူးကိုမျှမထောင်ထားပဲ၊ အမျိုးမျိုးအဖုံဖုံ နှောင့်ယှက် တားဆီး နေလေတော့သတည်း။
0 Comments:
Post a Comment