ကပ္ပိယသာချို၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

မေး။ ။ ကပ္ပိယသာချို: အရှင်ဘုရား အဘိဓမ္မာဘုရားဟော ဟုတ်မဟုတ်သိချင်ပါတယ် ဘုရား တကယ်လို့သာဘုရားဟောဆိုရင် ဘယ်လို့အချက်တွေကြောင်းသိနိုင်ပါသလဲ ဘုရား ၊
မေး။ ။ နောက်တစ်ခါ သမ္မာဒိဌိ ဟာ သိပ္ပံပညာရဲ့ ခြေလှမ်းကို လိုက်နိုင်ပါရဲ့လားဘုရား
ဖြေ။ ။ ဤမျှနက်နဲ ခက်ခဲသော ရုပ်နာမ်တရားများကို အ သေးစိပ် ဟောကြားထားသော အဘိဓမ္မာတရားကို ဘုရားမဟောလျှင် အဘယ်သူဟောသည်ဟု ငါ့ရှင်သာချို ယူဆမိပါသနည်း? ။ မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌ အကျယ်တဝင့် ဟောကြားတော်မူပြီး။ အရှင်သာရိပုတ္တရာအား အကျဉ်းအားဖြင့် ဟောကြားတော်မူလေးသည်။ အရှင်သာရိပုတ္တရာ သည်လည်း လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် လက်ဆင့် ကမ်း၍ ဟော ကြားတော်မူခဲ့လေသည်။ ဤသို့လျှင် ဗုဒ္ဓဘုရားရှင်မှ အစပြုကာ ဆရာအစဉ် အဆက် အားဖြင့် လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့သည်မှာ ယနေ့ ကပ္ပိယသာချိုတို့ လက်ထက်တိုင် အောင်ဖြစ်လေ သည်။ ။ရုပ်နာမ်တရား တို့ကို ပိုင်းခြား၍ ဟောထားခြင်း၊ ပရမတ္ထသဘာဝ တရားများကို ဖြစ်စဉ်အတိုင်း အကြွင်း မရှိ ပြည့်စုံစွာ ဆက်စပ် ဟောထားခြင်းတို့ကို ထောက်ဆ၍ သဗ္ဗညုတ ဘုရားရှင်မှတစ်ပါး အခြား တစ်စုံတစ်ဦး သောသူသည် ဟောကြားနိုင်စွမ်း ရှိမည်မဟုတ်ပါ။ အကျယ်ကိုသိလိုလျှင် အောက်ပါလင့်တွင် http://www. dhammaflavour.net/2009/06/blog-post_3899.htmlလေ့လာနိုင်ပါသည်
ဖြေ။ ။ သမ္မာဒိဋ္ဌိသည်=ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ နာမရူပပရိဂ္ဂဟသမ္မာဒိဋ္ဌိ၊ ဟေတုပစ္စယပရိဂ္ဂဟသမ္မာဒိဋ္ဌိ၊ ဝိပဿနာဥာဏဒဿနသမ္မာဒိဋ္ဌိ၊ လောကုတ္တရမဂ္ဂဖလသမ္မာဒိဋ္ဌိ-အားဖြင့် ငါးမျိုး ခွဲခြားနိုင်ပါသည်။ လောကုတ္တရမဂ္ဂဖလသမ္မာဒိဋ္ဌိ သည်ပင်လျှင် သိပ္ပံပညာ၏ ခြေလှမ်းကို ကျော်လွန်သွားပြီး ဖြစ်သည်၊ သို့သော် ၄င်းသမ္မာဒိဋ္ဌိ တရားတို့ကိုကောင်းစွာ သဘောမပေါက်ပဲ၊ မည့်သည့် သိပ္ပံပညာကိုမျှ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပါ။ လက်ရှိသိပ္ပံပညာရှင်များ လေ့လာနေသော သိပ္ပံသည်ကား နာမရူပပရိဂ္ဂဟသမ္မာဒိဋ္ဌိ- မှ-(ရူပ) ဟုဆိုအပ်သော ရုပ်တစ်စိပ် တစ်ဒေသကို သာလျှင် လက်တွေ့ အားဖြင့် လေ့လာနေကြခြင်းသာ ဖြစ်သေး၍၊ ကပ္ပိယသာချို ဆိုလိုသော သမ္မာဒိဋ္ဌိ ကိုသာလျှင် ကောင်းစွာသိရှိ ထားမည်ဆိုပါက၊သိပ္ပံပညာ၏ခြေလှမ်းကို လိုက်နိုင်ရုံမကပဲ၊ ဘုရားရဟန္တာ အရိယာ သူတော်ကောင်းတို့သာလျှင် အာရုံပြုကျက်စားရာဖြစ်သော နိဗ္ဗာန်တိုင်အောင် လျှောက်လှမ်းနိုင် မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP