တစ်နေ့သ၌ ရွာဦးကျောင်းရှေ့ သရက်ပင်ကြီးအောက်တွင် ကပ္ပိယကျော်ခေါင် တစ်ယောက် နဂိုကမှ မကြည့်လင်သော သူ၏ မျက်နှာကို ပုပ်သိုးသိုး ဖြစ်အောင် အစွန်းကုန်ဖန်တီးလျှက် ၊ တစ်စုံတစ်ခုကို ဘဝင်မကျသည့် ဟန်ဖြင့် မိမိ၏ လက်မောင်းတို့ကို ကွေးလိုက် ဆန့် လိုက် လုပ်ကာ ၊ ဒေါသ ဖြစ်နေလေ၏။
ထိုအခြင်းအရာကို တွေ့ မြင်သော ရွာဦးကျောင်းဆရာတော်သည်
‘‘ ဟေ့ - ငကျော်ခေါင်း လာခဲ့ စမ်း’’ ဟုခေါ်ကား ၊ မင်းဘာတွေ ဘဝင်မကျဖြစ်နေတာလဲ ပြောစမ်း’’
ဟူ၍ မေးမြန်းလေတော့၏ ။
ထိုအခါ ကပ္ပိယကျော်ခေါင်သည် သူ့၏ ထုံးစံအတိုင်း မျက်စိကို ပေကလပ် ပေကလပ် လုပ်ကာ၊ အတီတေ ဗာရာဏသီ ချီလေတော့၏ ။
‘‘ မှန်လှပါ ဘုရား တပည့်တော် ဟို ငယ်ငယ်လေးကတည်းက ဘယ်သန်လို့ ဘယ်နဲ့ စားရေးလာတာကို ဆရာတော် အသိပါပဲ ဘုရား’’ ။
‘‘အဲဒါ ဘာဖြစ်တာတုန်း ငကျော်ခေါင် ရဲ့ ’’ ၊
မှန်ပါ= အခုမှလာပြီး တပည့်တော်ကို ရွာကကောင်းလေးတွေက ဘယ်ချီးကိုင်လို့ ခေါ်ပါတယ် ဘုရား ။ အဲဒါကို မကြေနပ်လို့ ပါဘုရား။
ထိုအခါ ရွာဦးကျောင်းဆရာတော်သည် မိမိ၏ တပည့်အပေါ် သနားကရုဏာ သက်မိ၍ ။ အောင်ပါ အကြောင်းအရာကို ပြောဆိုကာ အားပေးစကား ပြောလေ၏ ။ ဆရာတော်၏ စကားကို ကြားရပြီးတဲ့နောက်၊ ကပ္ပိယကျော်ခေါင် သည် အင်မတန်မှ လျှင်မြန်သော အဟုန်ဖြင့် ၊ တိုက်ခန်းထဲံတွင်ရှိသော ပိတ်ဖြူစကြီးကို ယူပြီလျှင် ကျောင်းနှင့် မလှန်းမကမ်း တစ်နေရာ၌ အကြီးတကာ့ အကြီးဆုံး ဆိုင်းဘုတ်ကြီးတစ်ခုကို စိုက်ထူလိုက်လေတော့သတည်း ။
၎င်းဆိုင်းဘုတ်ကြီး၌ ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။
( သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ) ။
ပြီးလျှင် ကမ္ဘာကျော် ဘယ်သန်ကြီးများကိုလည်း အောက်ပါအတိုင်း ရေးထားလိုက်လေ၏ ။
၁။ ကပ္ပိယကျော်ခေါင်( ရွာဦးကျောင်း)
၂။ အိုင်စတိုင်း
၃။ ဘေသိုဗင်
၎။ ဘင်ဂျမင်ဖရန်ကလင်
၅။ ဂျူးလီယက်ဆီဇာ
၆။ လီယိုနာဒို ဒါဗင်ချီ
၇။ မက်တွိုင်း
၈။ မိုက်ကယ်အိန်ဂျလို
၉။ နပိုလီယန် ဘိုနာပတ်
၁၀။ ဘတ်ဘလို ပီကာဆို
၁၁။ ၀ိတိုရိယ ဘုရင်မကြီး
၁၂။ စီလင်ဒီယွန်း(ဂီတ)
၁၃။ ဂျော့မိုက်ကယ်(ဘတ်စကက်)
၁၄။ ဂျင်မီဟင်းဒရစ်
၁၅။ ဖီးလ်ကိုလင်း(တင်းနစ်)
၁၆။ ပေါ်လ်မက္ကနေး(us သမ္မတ)
၁၇။ အန်တိုနီပါကင်း
၁၈။ ဘရုစ်လီ
၁၉။ ကာရိုးဘားနတ်
၂၀။ ဒန်နီကာရေး
၂၁။ တွမ်ခရု“
၂၂။ ကီးနူးရိဗ်
၂၃။ မော်ဂန် ဖရီးမင်း
၂၄။ ဆာရာဂျက် ဆီကာ ပတ်ကား
၂၅။ မာရီလင်မွန်ရိုး
၂၇။ အိဗာသွန်ပဆန်
၂၈။ ဂျက်ဆန် အလက်ဇန္ဒြား
၂၉။ ဂျင်ကဲရင်း
၃၀။ ဂျူလီယာရောဘတ်
၃၁။ လုပယ်ရီ
၃၂။ နီကိုကစ်ဒ်မင်း
၃၃။ အော်ပရာဝင်းဖရေး
၃၄။ ပီလီ(ဘောလုံး)
၃၅။ လာရီဘတ်
၃၆။ ဘေးလ်ဝယ်တန်
၃၇။ ဂျင်မီကော်နာစ်
၃၈။ ဂျိမ်းစ် ဂါဖီးလ်
၃၉။ အားဘတ်ဟုးမား
၄၀။ ဟယ်ရီအက်စ် ထရူးမင်း
၄၁။ ဂါးရက်စ်ဖို့ဒ်မင်း
၄၂။ ရော်နယ်လ်ရေဂင်
၄၃။ ဂျော့ဘုခ်ျ
၄၅။ ဘီးလ် ကလင်တန်
၄၆။ ရာဇာနေ၀င်း(ပြည်တွင်းဖြစ်)
၄၇။ အိန္ဒြာကျော်ဇင်( ။ )
၄၈။ သီဟတင်စိုး ( ။ )
၄၉။ သျှီသူုအောင်(ရတီမင်္ဂဇင်းအေဒီတာ) ဟူ၍ ရေးသားထားလေ၏ ။
နဂိုကတည်းကမှ ဆောင့်ကြွကြွနိုင်လွန်းသော ကပ္ပိယကျော်ခေါင်းသည်ကား ၊ ယခုကဲ့သို့ နပိုလီယံက အစ ရာဇာနေ၀င်း အဆုံး ရှိသော ပုဂ္ဂိုလ်များသည်လည်း သူ့ကဲ့သို့ ဘယ်သန်များ ဟု သိလိုက်ရသဖြင့် ။ အလွန်ဂုဏ်ယူ ဝင့်ကြွားလျှက်ရှိလေတော့ သထည်း ။ ။
သြဂုတ်လ ၁၃ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေအာ့း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။ ။
ကပ္ပိယကျော်ခေါင်နှင့် ကမ္ဘာ့ ဘယ်သန်ကြီးများ
Posted by ရွာဦးကျောင်း ဆရာတော် at 1:17 AM 0 comments
Labels: ဆောင်းပါး
ထိုင်းဘုရင်မကြီင်္း၏ ၇၈ နှစ်မြောက်မွေးနေ့
ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။
အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒာမဟီဒိုး နတ်ရွာစံပြီးနောက် နန်းတက်လာသော၊ လက်ရှိ နဝမမြောက် ရာမဘုရင် ဘူမိဘော အဒူလျာဒက်(ဂ်ျ)နှင့် ၁၃၉၅ ခုနစ် ဧပြီလ ၂၈ ရက်နေ့တွင် စုလျာရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။
မိဘုရားသိရိခေတ်နှင့် ဘုရင်ဘူမိဘော တို့သည်၊ ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားနေခဲ့စဉ် ကတည်းက မေတ္တာမျှနေခဲ့ကြသည် ဟု လူသိများကြလေသည်၊ မင်းသမီးသိရိခေတ်သည်ကား နုပျိုစဉ်အရွယ်က ကမ္ဘာပေါ်ရှိတော်ဝင်မင်းသမီးများ ထဲတွင် အချောဆုံးအလှဆုံး စာရင်ဝင်ခဲ့သူ တစ်ယောက်ဖြစ်လေသည်။
မင်းသမီး သိရိခေတ်သည် ဘုရင်ဘူမိဘော နှင့်အတူ သျှောင်းနောက် ဆံထုံးပါ ဆိုသကဲ့သို့ နယ်စွန် နယ်ဖျားများသို့ လိုက်ပါလျှက် ပြည်သူ ပြည်သားများအား လက်ဆောင်များ ပေးခြင်း ဆေးဝါးကုသပေးခြင်း၊ အစရှိသော လူသား အကျိုးပြုလုပ်ငန်းကို မငြီးမညူ လိုက်ပါ ဆောင်ရွက်လေသည်။
အထူးသဖြင့် ထိုင်းအမျိုးသမီးကလေးများ၏ ဘဝဖူလုံရေး အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားစေရန် အားပေး ကူညီခဲ့လေသည်။
သိရီခေတ်သည် ထိုင်းဘုရင် ဘူမိဘော၏ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး အဖြစ်ဖြင့် နေလာခဲ့သည်မှာ ယနေ့ သက်တော် အားဖြင့် ၇၈ နစ်သို့တိုင်ခဲ့လေပြီ။ သို့သော်လည်း မိဖုရားသိရိခေတ်အား မေတ္တာပျက်သော ထိုင်းပြည်သူတစ်ဦင်္းတစ်ယောက်မျှ မရှိသေးပေ။
သီရိခေတ်တို့၏ မိသားစု
အကျွန်ုပ်သည် သူတစ်ပါး တိုင်းပြည့်တွင် လူမဖြစ်ချင်သော်လည်း၊ အကျွန်ုပ် မွေးဖွားသော တိုင်းပြည်တွင်ကား ထိုကဲ့သို့ မင်း မိဖုရားများ ရှိခဲ့ပါမူ ကောင်းလေစွာ့ဟု ဆုတောင်းရင်း၊
တိုင်းသူ ပြည်သားများ အပေါ်တွင် ရင်ဝယ်သားကဲ့သို့ မေတ္တာထားကာ အုပ်ချုပ်နေသော မိဖုရားသီရိခေတ်သည်-၁၂-၈-၂၀၁၀ နေ့တွင် ကျရောက်သော ၇၈ နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာသော ကာလတိုင်အောင်၊ စိုးစံအုပ်ချုပ် မင်းလုပ်နိုင်ပါစေသတည်း
Posted by ရွာဦးကျောင်း ဆရာတော် at 11:21 AM 0 comments
Labels: ဆောင်းပါး
ရဟန်းတော်များနှင့် ကွမ်းယာ ဆေးလိပ်
ဘုန်းဘုန်း...ဘုရား..ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ပါစေ.....
အောက်မှာ တူတော်မောင်တစ်ယောက်က အလွန်သိချင်ပါသဖြင့်..ကရုဏာရှေ့ထားလို့ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်...ဘုရား။
ဒကာ/ ဇော်လင်း
မေး။ ။ ဆရာတော်ဘုရား တပည့်တော်ရိုသေ လေးမြတ်စွာ ဦးခိုက်
လျှောက်ထားပါသည်ဘုရား။ ရဟန်းတော်များကွမ်းစားခြင်းသည် အာပတ်သင့်၊ မသင့် သိလိုပါသည်ဘုရား။
အကယ်၍ အာပတ်သင့်ပါက မည်သို့သော အာပတ်မျိုးဖြစ်ပါသလဲဘုရား။
ဒေသနာ ကြားပါက ပျောက်၊မပျောက် လည်းသိလိုပါသည် ဘုရား။ ဆေးလိပ်သောက်ခြင်း နှင့် ပတ်သက်၍ လည်းသိလိုပါသည်ဘုရား။
ဖြေ။ ။ ရဟန်းတော်များ ကွမ်းစားခြင်းသည် အာပတ်မသင့်ဟု မှတ်ပါ၊ သို့သော်လည်း အချို့အချို့သော ဆရာတော်ကြီးများသည်ကား၊ နေလွဲသောအခါ၌ သုံးဆောင်လေ့မရှိသည်ကို မှတ်သားဖူးပါသည်။
ထို့သို့မသုံးဆောင်းခြင်းသည်လည်း ဝိနည်းကို အလွန်လေးစားသောကြောင့် ဖြစ်ပါသည်၊ စားသုံးနေသော ဆရာတော်များကိုလည်း အာပတ်သင့်သည်ဟု မမှတ်ယူသင့်ပေ။
အနုဇာနာမိ ဘိက္ခဝေ ဓူမနတ္တံ၊ ဘိက္ခဝေ- ရဟန်းတို့၊ ဓူမနတ္တံ- အခိုးလိပ်ကို- ဝါ- ဆေးလိပ်ကို၊ အနုဇာနာမိ- ခွင့်ပြုတော်မူ၏။ ဟူ၍ နေမကောင်းသော ရဟန်းတော်တစ်ပါးအား ဆေးလိပ်သောက်ခွင့် ပေးသည်ကို မဟာဝါပါဠိတော်တွင် မှတ်သားဖူးပါသည်။
နေမကောင်းသောအခါ ဆေးလိပ်သောက်ခွင့်ရှိပါသည်၊ ကျန်းမာနေသောအခါများတွင်ကား မသောက်သင့်ဟု မှတ်ယူရပါမည်။ အာပတ်သင့်မည်ဆိုပါက ဒုက်ကဋ် အာပတ်သင့်ပါသည်၊ ဒုက်ကဋ်အာပတ်သည် အလွန်သေးငယ်သော အာပတ်ဖြစ်ပါသည်၊ ဒေသနာကြားပါက ပျောက်လေသည်။
အာပတ် (၇)မျိုးရှိသည့်အနက်၊ ဒေသနာကြားရုံဖြင့် မပျောက်သော အာပတ်များမှာ သံဃာဒိသေသ်နှင့် ပါရာဇိက နစ်မျိုးသာ ရှိသည်ဟုမှတ်ပါ။ သို့သော် သံဃာဒိသေသ်သည်ကား ပျောက်အောင်ကုစားနည်း ရှိပါသေးသည်။
မေး။ ။ အောက်ပါ ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းစွာသိလိုပါသည် ဘုရား။
(ရဟန်းတို့၏ ကာလိက ၄ ပါး)
၁။ ယာဝကာလိက=ဆွမ်း၊ ဟင်း၊ မုန့်၊ ခဲဖွယ်၊ ဘောဇဉ် စသည်များ(၎င်းတို့ကို နေအရုဏ်တက်မှစ၍ မွန်းမတည့်မီ အကပ်ခံ၍ ရဟန်းတို့ သုံးဆောင်အပ်သည်)
၂။ ယာမကာလိက=အဖျော်ရှစ်ပါး(၎င်းတို့ကို နေလွဲသည်မှစ၍ ညဉ့်သုံးယံပတ်လုံး ဆာလောင်သောအခါ ဘုဉ်းပေးသုံးဆောင်အပ်သည်)
၃။သတ္တာဟကာလိက=ထောပတ်၊ ဆီဦး၊ နှမ်းဆီ၊ ပျား၊ တင်လဲ စသည်များ(၎င်းတို့ကို အကပ်ခံ၍ ခုနစ်ရက်ပတ်လုံး သုံးဆောင်ဘုဉ်းပေးအပ်သည်)
၎။ ယာဝဇီဝက=ဆီးဖြူ၊ သျှိသျှား၊ သဖန်းခါး၊ ငရုတ်စသော သစ်သီးသစ်ရွက်များ (၎င်းတို့ကို အကြောင်းရှိသော် တစ်သက်ပတ်လုံး သုံးဆောင်အပ်သည်) ထို့ကြောင့် ရဟန်းသံဃာများ ကွမ်းစားခြင်း(ကွမ်းရွက်စားခြင်း)သည် အာပတ်မသင့်ပါ။
ယာဝဇီဝက အရ တစ်သက်ပတ်လုံး သုံးဆောင်နိုင်ပါသည်။ (ခုဒ္ဒသိက္ခာ)
ဖြေ။ ။ အထက်ပါ ရေးသားချက်များမှာ နေလွဲညစာ မစားရဟု သိက္ခာပုဒ်ကို ပညတ်လိုက်သည်နှင့် တစ်ပြိုက်နက်၊ မည်သည့် စာသောက်ဖွယ်ရာများကို နေလွဲသော အခါ မစားကောင်းသနည်းဟု ရဟန်းတော်များ သံသယ ဖြစ်လာသည်ကို၊ ဖြေရှင်းထားခြင်းများဖြစ်ပါသည်။
အထက်ပါ လေးမျိုးထဲတွင်၊ အကပ်ခံပြီင်္းသည့်နောက် အရုဏ်တက်သည်အချိန်မှ နေမွန်းမလွဲခင် စားသုံးကောင်းသော အရာ၊ ခုနစ်ရက်ပတ်လုံး စားသုံးအပ်သော အရာ၊ တစ်သက်လုံးစားသုံးကောင်းသော အရာဟု ခွဲပြထားခြင်းဖြစ်ပါသည်။
ကိုရင်ငယ်များအတွက် ထုပ်ထားသော ရှင်ကျင့်ဝတ် စာအုပ်တွင် လေ့လာမှတ်သားနိုင်ပါသည်။
အထက်ပါ အမျိုးအစားများဖြင့် ညှိနိုင်းကြည့်ပြီ်း၊ နီးစပ်ရာ ဆရာတော် သံဃာတော်များကိုလည်း မေးစမ်းကြည့်စေချင်ပါသည်၊ ရွာဦင်္းကျောင်းဆရာတော်လည်း ကြားဖူးနားဝများကိုသာ သိသလောက်ကလေးဖြင့် ဖြေကြားပေးလိုက်ခြင်းသာ ဖြစ်ပါသည်၊
ဝိနည်းအရာဟူသည် အလွန်ကျယ် ပြန့်လှပါသည်။ လူ့လောကတွင်လည်း အလွန်ကျယ်ပြန့်သော ဥပဒေများကို ဥပဒေပညာရှင်များသာ သိနိုင်စွမ်းလေသည်ကို အထူးသတိပြုစေချင်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 3:53 AM 0 comments
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
ရွာဦ်းကျောင်းဆရာတော်နှင့် မနောမယ ဂမ္ဘီရ ရေမန်း
တစ်နေ့သ၌ အင်းစိန်မြို့ ဖော့ကန်ရပ်ကွက် မင်္ဂလာလမ်းတွင် အသက် ၂၅- ၃၀ ဝန်းကျင်ရှိ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ယောက်သည်၊ ရောင်းမထွက်နိုင်သော မိမိ၏ဆိုင်မှ ပေါင်မုန့်များ ကို ပြန်လည် သိပ်ဆည်း ရင်း၊ နှမြှောတသဖြစ်နေခိုက်၊ မိမိ၏ ဆိုင်နှင့်မျက်နှာချင်းဆိုင်တွင်၊ ဆိုင်းခန်းဖွင့်ရန် လာရောက် နေရာချ နေသော တစ်ခြားအမျိုးသမီးငယ်တစ်ယောက်ကို သတိထား မိလေ၏၊
၎င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည်၊ သူမ၏ အတွေ့အကြုံအရ ဤနေရာ ဤဒေသ၌ ဈေးဆိုင် လာဖွင့်သူ မှန်သမျှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပုံများကို ပြန်လည်တွေးကြည့်ရင်း၊ ဆိုင်ခန်းပြင်ဆင် နေသူ အမျိုးသမီး ငယ်လေးကို သနားမိသေးတော့၏။
သူကိုယ်တိုင်းမှာလည်း အရောင်းမသွက်ဖြစ်နေရသည့်အထည့်၊ ဤကဲ့သို့ မိမိဆိုင်နှင့် ကပ်လျှက်နေရာတွင် နောက်ထပ်ဆိုင်တစ်ဆိုင် လာရောက်ဖွင့်ခဲ့ပါက အကျိုးနည်းရချေရဲ့ ဟုလည်း၊ စိတ်ကူးမိလေသည်။ မည်သို့ ပင်ဖြစ်စေ၊ မိမိဆိုင်အရောင်းသွက်ရေးအတွက် မှတ်မိသမျှသော ဂါထာမန္တရားများ ကိုသာ ရွတ်ဖတ် နေမိ လေ၏၊
သို့သော်လည်း နောက်ထပ်ဖွင့်ရန် ပြင်ဆင်နေသော ဆိုင်မှာ မိမိကဲ့သို့ စတိုးဆိုင် မဟုတ်ကြောင်းကို အကဲခပ်မိသဖြင့် အနည်းငယ် နေသာထိုင်သာရှိသွားတော့၏၊ အတော်အသင့် သပ်သပ်ရပ်ရပ်ရှိသော ၄င်းဆိုင်ငယ်လေးသည်၊ စာသောက်ဆိုင်သော်၎င်း၊ ထမင်းဆိုင်သော်၎င်း တစ်ခုခုဖြစ်ရမည်ဟု တွက်ဆထားလိုက်လေ၏။
နောက်တစ်နေ့ နံနက် မိုးလင်း၍ မိမိ၏ စတိုးဆိုင်ကို ဖွင့်ရန်အသွား၊ ပရိတ်သတ်အနည်း ငယ် စည်ကားနေသော ၄င်းဆိုင်ကလေးကို၊ အမှတ်မထင်သတိထားမိသွား၏၊ ရခိုင်မုန့်တီ အာပူလျှာပူဟူ၍လည်း ဆိုင်းပုဒ်ငယ်တစ်ခုကို ခပ်ရိုးရိုးကလေး ချိုတ်ဆွဲထားသေး၏၊
စိတ်ဝင်စားမိ၍ အသေအချုာ လေ့လာကြည့်မိသောအခါတွင်ကား။ ဆိုင်ခန်း၏ ခေါင်းရင်း ဖက်တွင်၊ အသက် ၂၀ ဝန်းကျင်ရှိ ရဟန်းငယ်တစ်ပါးလည်း ရှိနေသည်ကို တွေ့ရသဖြင့် ပို၍ပင် စိတ်ဝင်စားစွာ မိမိဆိုပေါ်မှ နေ၍ အစအဆုံး ဂရုတစိုက် ကြည့်နေမိ၏။
ခဏအကြာတွင် ၄င်းရဟန်းငယ်သည်၊ မိမိ၏ရှေ့တွင်ချထားသော သောက်ရေခွက်ကို ဟန်ပါပါဖြင့် ထက်ဝက်ခန့် သောက်ပြီးနောက်၊ ကျန်ထက်ဝက်ခန့်ကို ပလပ်စတိတ်အိပ်ငယ် တစ်လုံးတွင် ထည့်ကာ၊ ဆိုင်ရှင်အမျိုးသမီးငယ်အား၊ ရော့..ဟူ၍လှမ်းပေးလိုက်လေ၏ ပြီးလျှင် ၄င်းရဟန်းငယ်သည် ဆိုင်ခန်းထဲရှိ လူသူများကို ခပ်ဆပ်ဆပ် စကားအနည်းငယ် ပြောပြီးလျှင်၊ မုန့်တီတစ်ခွက်ကို အားရပါးရ သုံးဆောင်နေလေတော့၏။
ဆိုင်ရှင်အမျိုးသမီးသည်၊ ရဟန်းငယ်ပေးသော ပလပ်စတိတ်ရေထုပ်ကလေးကို တရိုသေ ယူဆောင် လာပြီးလျှင်၊ စာပွဲခင်းကျင်းထားရာ အပေါ်တွင် ကြိုးတစ်ချောင်းဖြင့် တပ်ဆင်လိုက်၏၊ ထိုသို့တပ်ဆင် နေစဉ်တွင်လည်း ၄င်းရဟန်းငယ်မှ မကြာမကြာ အမိန့်ပေးနေသကဲ့သို စကားများ လှန်းလှန်း ပြောနေ သည်ကို ဝိုးတဝါး လှမ်းမြင်နေရလေ၏။ ရဟန်းငယ်သည်ကား ၄င်းဆိုင်ခန်းရှိ သူများအပေါ် အတော် သြဇာရှိပုံရ၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်အင်မတန်မှ စိတ်ဝင်းစားမိသဖြင့်၊ ချက်ချင်း ဆိုသလို၊ မိမိဆိုင်ပေါ်မှ ဆင်းကာ၊ ရခိုင်မုန့်တီတစ်ခွက်ကို သွားရောက်အားပေးလိုက်လေ၏၊ ပြီင်္းလျှင် ၄င်းရဟန်းငယ်အား မိမိဆိုင်ပေါ်သို့ ပင့်ကာ၊ အချိုပွဲအချဉ်ပွဲများဆက်ကပ်လိုကြောင်း လျှောက်ထား လေတော့၏၊
ရဟန်းငယ်ကမူ မိမိမှာ စာချတာဝန်ရှိနေသေး၍ နောက်တစ်ပတ် တနင်္ဂနွေ နေ့နှင့် ဥပုသ်နေ့နှင့် တိုက်ဆိုင်ခဲ့လျှင် မုချလာရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဒကာမကြီင်္း၏ စတိုးဆိုင်ပေါ်သို့ မတက်ရောက်တော့ပဲ ဤမုန့်တီဆိုင်ခန်းသို့ လာရောက်ကပ်နိုင်ကြောင်းကို ပြောကြား လိုက်လေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေတော့၏၊ ၄င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီး၏ အထင်မှာ ဤဦ်းဇင်းငယ်သည်၊ ဈေးရောင်းကောင်းရန်အတွက် ရေမန်းဖြင့် သိဒ္ဓိတင်ပေး သည်ဟု အတိအကျ ယူဆထားလေ၏၊
တိုက်တိုက်ဆိုင်ဆိုင်ပင်လျှင် မုန့်တီဆိုင်ကလေးသည်လည်း တစ်ပတ်အတွင်း အတော်လေးကို ရောင်းအားကောင်းလာခဲ့လေတော့၏ အပျင်းပြေမုန့်တီဆိုင်ဖွင့်ကြည့်သည်ဟု ဆိုစေကာမူ တစ်နေ့ကို မုန့်ဖတ် ၁၂ ပိဿာထိ ရောင်းချရလေ၏၊ မနက်အစောကြိးကတည်းက နေ့လည် ၁ နာရီလောက်ထိ လက်လည်သည်ဟူ၍မရှိပေ။
ထိုမထင်မှတ်ပဲ ဈေးရောင်းကောင်းနေသည်ကို မြင်သောအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် ဦးဇင်းငယ် ကြွလာမည့်နေ့ကို တမျှော်မျှော်ဖြင့် စောင့်နေ ရှာ၏၊ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ တိုက်ဆိုင်လျှင် ကြွလာ မည်ဟု ပြောခဲ့သော ဦးဇင်းငယ်၏ စကားကို အမြဲကြာယောင် နေမိလေ၏၊
အမှန်မှာမူ ဦင်္းဇင်းငယ်ဆိုလိုသည်မှာ ဥပုသ်နေ့များတွင်မှ စာဝါပိတ်သောကြောင့် ဥပုသ်နေ့မှ ကြွလာခဲ့မည် ဟု ဆိုလိုခြင်းဖြစ်လေသည်၊ တနင်္ဂနွေနေ့ နှင့် တိုက် ဆိုင်စေချင်သည် မှာကား ဦင်္်းဇင်းငယ်၏ မောင်နှမများ အလုပ်နားသည့်ရက်နှင့် တိုက်ဆိုင်လိုစေသော ကြောင့်ဖြစ် လေည်။
ဤသည်ကိုပင်လျှင် အလွန်အထင်ကြီးနေသော စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာမူ နေ့ထူး နေ့မြတ်ကို ရွေး၍ ကြွလာမည့်ဟု အထင်ရောက်နေလေတော့သည်။
နောက်တစ်ပတ်ကြာလျှင် ဦးဇင်းငယ် ကြွလာပြီး သူအင်မတန်မှ ကြိုက်နစ်သက်သော ရခိုင်မုန့်တီကို အားရ ပါးရ သုံးဆောင်နေလေတော့၏၊ ၄င်းဦးဇင်းငယ်သည်ကား ရခိုင်မုန့်တ်ီကို အလွန်ကြိုက်နစ်သက်၏၊ ငယ်စဉ်က ဆိုလျှင် ရခိုင်မုန့်တီကျွေးမည်ဟု ပြောပြီးကာမှ အကြောင်းအမျိုးမျိုးကြောင်း မကျွေးဖြစ်ခဲ့လျှင်ကား ထိုနေ့အဖို့ မည်သည့် အစားအစာကိုမှ မစားသောက်တော့ပေ။ ယခု အသက်ကြီးလာသည့်တိုင်အောင် ထိုအကျင့်ကို မစွန့်လွတ်နိုင်သေးပေ။
ရခိုင်မုန့်တီသုံးဆောင်ပြီး၍ မကြာခင်ပင်လျှင် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက် အလွန်ရိုသေသော အမူအယာဖြင့် ရောက်လာလေတော့၏၊ ဦးဇင်းငယ်မှာ ဤမျှရိုသေ ကိုင်းရှိုင်း သော အမူအယာဖြင့် မိမိရှေ့ တွင် လာရောက်ထိုင်နေသော အမျိုးသမီး တစ်ယောက်၏ ရှေ့တွင် ကိုယ့်ကိုကိုယ့် မယုံသင်္ကာဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေလေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလျှောက်ထားသည်မှာကား= မှန်လှပါဦင်္းဇင်းလေးဘုရား၊ တပည့်မတော်မ ဆိုင်ခန်းအတွက် ရေမန်းတစ်ပုလင်းလောက် မန်းပေးတော်မူပါဘုရား.. ဟူ၍ဖြစ်လေ၏၊
ဦင်္းဇင်းငယ်သည် အလွန်အံ့သြသော အမူအယာဖြင့် ဘေးဘီးဝဲယာကို အနည်းငယ် အကဲခပ်ကြည့်ပြီးလျှင်၊ ဒကာမကြီး ဘာပြောတာလဲ ဟု မယုံသင်္ခါ မေးမိလေတော့၏၊ ထိုအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး သည် လည်း၊ ဆိုင်ဖွင့်သည့်နေ့က ဦင်္းဇင်းငယ်ကိုယ်တိုင် ထုတ်ပေးခဲ့ သော ရေထုပ်ကလေးကို လက်ညှိုညွန်ပြကာ၊
ဟော..ဟိုက အရှင်ဘုရား မန်းပေးခဲ့တဲ့ မနောမယဂမ္ဘီရ ရေမန်းလိုမျိုး တပည့်တော်မကိုလည်း ချီင်္းမြင့်ပေးပါ ဘုရားဟု ထပ်မံလျှောက်ထား လိုက်လေတော့၏။
ဦင်္းဇင်းငယ်သည် အရာအားလုံးကို သဘောပေါက်သွားသဖြင့် ရယ်ချင်သောစိတ်ကို အောင့်အီးသီးခံပြီး၊ ဤသို့ပြန်လည် ရှင်းပြရလေတော့၏။
အဲဒီင်္ ..ရေထုတ်က ရေမန်းမဟုတ်ဘူး ဒကာမကြီ်ရဲ့ ….ဟု စအချီကာဖြင့်၊ ၄င်းရေထုပ်ငယ် ကို စာပွဲပေါ်မှ နေ၍ ကြိုးတစ်ချောင်းဖြင့် ချည်ထားသည်မှာကား မုန့်ဖတ်နှင့် အခြား တိုလီ မိုလီများ ကို ယင်ကောင် နားမှာစိုး သဖြင့်၊ ယင်ကောင်များကို ခြောက်လှန့်ရန်အတွက် တမင်သက်သက် စာခြောက်ရုပ်ကဲ့သို့ လုပ်ထားသော ရေထုပ်သာဖြစ်ကြောင်း၊ ဘယ်လို မန္တရားကိုမှ မတတ်ကြောင်း ယင်ကောင်များ မလာနိုင်ရန် ၄င်းရေထုတ်ကလေးကို ယိုင်ထိုးလှုပ်ပေးခြင်းဖြင့် ဟန့်တားထား ခြင်းသာ ဖြစ်ကြောင်း ရှင်းပြရလေတော့၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာလည်း မိမိ၏အဖြစ်ကို မိမိသိရှိရသဖြင့် ၄င်းအမျိုးသမီး နှင့် ဆိုင်ခန်းရှိ ညီအစ်ကို မောင်နှမများ အားလုံးတို့မှာ တစ်ညီင်္တစ်ညွတ်တည်း..ဝါး..ဟား..ဟား ဟူ၍ ပြိုင်တူ ထွက်သွား ကြလေတော့သတည်း။
ထိုစဉ်က ရေမန်းမန်းသော ဦးဇင်းငယ်မှာ ကပ္ပိယကျော်ခေါင်၏ဆရာရင်း ရွာဥိးကျောင်းဆရာတော် ဖြစ်လေသည်၊ မုန့်တီဆိုင်ပိုင်ရှင်မှာ ရွာဦင်္းကျောင်းဆရာတော်၏ အစ်မဖြစ်လေသည်၊ စတိုးဆိုင်ပိုင်ရှင် မှာကား ဖော့ကန်ရပ်ကွက်တွင် အလွန်နာမည်ကြီင်္းသော ဦင်္းတင်မောင်စတိုးဆိုင် ဖြစ်လေသည်။
ဤသို့လျှင် လူတို့မည်သည်၊ မိမိတို့၏ အားကိုးရာကို လွဲမှားစွာ ရှာမှီးတတ်ကြလေသည်၊
Posted by ရွာဦးကျောင်း ဆရာတော် at 2:14 AM 0 comments
Labels: ဆောင်းပါး