သံဃာ့ဂိုဏ်း မသင့်စေဖို့ 

မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည် "အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံးရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည် အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည် မှတ်ချက်။ ။ ကိုယ်ပိုင် ဆောင်းပါ မဟုတ်၊ မေးလ်မှတစ်ဆင့် ရလာသော ဆောင်းပါးအား သဘောကျ၍ ပြန်လည် တင်ပြလိုက်သည်။

ဆက်ဖတ်ရန်.

ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၄-နစ်ပြည့် မွေးနေ့။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံတွင် ၁၇၈၂ ခုနစ်မှ စတင်၍စိုးစံလာသော ချက်ကရီမင်းဆက်အနွယ်တော်မှ ဆင်းသက်လာခဲ့သော နဝမမြောက် ရာမဘုရင် ဖြစ်သည်။ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။

ဆက်ဖတ်ရန်.

ကပ္ပိယကျော်ခေါင် နှင့် ဒန်အိုးပျံ

တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ဦးဇင်းငယ်တစ်ပါးနှင့် လိုက်ပါလျှက် တာမွေမြို့နယ်အတွင်း လှည့်လည်ကာ၊ ဆွမ်းအလို့ငှာ ဖိတ်မန်တကာ့ ပြုနေလေတော့၏၊ ရန်ကုန် စာသင်သားတို့ထုံစံအတိုင်း အိမ်စဉ်လှည့်လည်ကာ ဆွမ်းဖိတ်နေခြင်း ဖြစ်လေသည်။ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ဆွမ်းဖိတ်လာခဲ့သည်မှာ ရပ်ကွက်ပေါင်းမနည်းတော့ပေ၊ သို့သော် အကျွန်ုပ်၏ အားနည်းချက်ကြောင့် ပေလော့၊ သို့တည်းမဟုတ် ဦးဇင်းငယ်၏ ပါရမီဘုန်းကံနည်းပါးခြင်းကြောင့်ပေလော့ မဆိုနိုင်ပေ၊ ညနေ ၆ နာရီ ထိုခါနီး အချိန်ထိ ဆွမ်းခံအိမ်ဟူ၍ မည်မည်ရရ မရသေးချေ။.

ဆက်ဖတ်ရန်.

ဝပ်တလုမ်ကျောင်း ရေဘေး

ထွက်ပေါက်


တစ်လောကလုံးက ငါ့အား မကောင်းဆိုးဝါးကြီးသဖွယ် ကြည့်နေကြပြီ။ စက်ဆုတ်ရွံရှာဖွယ် သတ္တဝါကြီးတစ်ကောင်လို သဘောထားနေကြပြီ။ အန္တရာယ်ကောင်းကြီးသဖွယ် ကျိန်ဆဲနေကြပြီ။ ငါလာရာ လမ်းကြောင်းတစ်လျှောက် အတားအဆီးများစွာတို့ဖြင့် ငါ့အား ကန့်ကွက်နေကြလေပြီ။ ငါ့ကို အပြီးပိုင် တိုက်ထုပ်နိုင်ရန် မဟာစီမံကိန်းကြီးများ ချမှတ်နေကြလေပြီ။

ဆက်ဖတ်ရန်.

ထိုင်းနိုင်ငံ ရေဘေးသင့် မြန်မာများအား A.S.M.A အဖွဲ့မှ သွားရောက်ကူညီ

သာဓု ဟူသည် အစွမ်းထက်သော ဂါထာမန္တရား မဟုတ်

အမေး။ ။Guest ဆရာတော်ဘုရား. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေရှာဖြေနိုင်အောင် ကူညီပါဦးဘုရား။
သာဓုဆိုတာဘာလဲ။ သာဓုခေါ်လိုက်တာနဲ့ ကျွတ်လွတ်သွားရောလား တဲ့။
ကိုယ်တိုင်မလုပ်ဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကျွတ်လွတ်သွားရောလား။ အဲလောက်စွမ်းလား ဆိုတဲ့ သဘောနဲ့ မေးကြတယ် ဘုရား။

နောက်ပြီး တပည့်တော်မ သိချင်တာက မကောင်းဆိုးဝါးတွေ မနှောက်ယှက်အောင် အိမ်တို့ ကုတင်အိပ်ယာတို့ကို စည်းချတယ်ဆိုတာ ဘယ်လို လုပ်တာလဲ ဘုရား။


ဆက်ဖတ်ရန်.

ရေဘေးကယ်ဆယ်ရေး မှတ်တမ်း

ဆက်ဖတ်ရန်.

လက္ခဏာတော် ၃၂ ပါး

Guest  မေး။   ။ ဘုရား လက္ခဏာ ၃၂ပါးက ဘုရားဖြစ်ပြီးမှ ပေါ်လာတာလား မွေးတည်းက ပါရှိနေတာ လားဘုရား။
 Guest မေး။     ။ အရင်ဘုရား ဘုရားဟောထဲမှာ ဒိုင်နိုဆောတို့ ကမ္ဘာဦးက အကြောင်းတွေ ပါပါသလား ဘုရား။
အဖြေ။       ။  ဘုရားလက္ခဏာ ၃၂ ပါး ဟူ၍ သိထားမိသောကြောင့် ဤမေးခွန်းကို မေးသည်ဟု ယူဆရပါသည်၊ အမှန်မှာမူ Guest သိထားသော ဘုရားလက္ခဏာ ၃၂ ပါးဟူသည်၊ မဟာပုရိသ လက္ခဏာ ခေါ် ယောင်္ကျားမြတ်တို့၏ လက္ခဏာ ၃၂ ပါးသာဖြစ်ပေသည်၊ ဘုရားအလောင်တော်သည် ၄င်းလက္ခဏာ ၃၂ ပါးနှင့်ပြည့်စုံသော မဟာပုရိသ ဖြစ်လေသည်။ ထို့ကြောင့်သာလျှင် ဗေဒင်လက္ခဏာ ဆရာများဖြစ်ကြသော၊ အရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ် ဧကန် ဖြစ်မည်ဟု ဟောခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အရွယ်နှင့် လိုက်လျှောညီထွေစွာသာလျှင် ၄င်းလက္ခဏာများ ဖြစ်ပေါ်ပေလိမ့်မည်။ ၄င်းလက္ခဏာ ၃၂ ပါးအား ဖော်ပြပေးလိုက်ပါသည်။

ဆက်ဖတ်ရန်.

ထိုင်းဘုရင်းမကြီး သိရိခေတ်


ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။

ဆက်ဖတ်ရန်.

အဖြေမသိသော ပုစ္ဆာ

ဤသို့အစရှိသည်ဖြင့် အမေးပေါင်းစုံများကို မေးမြန်းခံနေရသော်လည်း မည်သို့မည်ပုံ နားလည်အောင် ပြန်လည်ဖြေကြား ရှင်းပြနိုင်စွမ်းမှ မရှိသေချေ။

ဆက်ဖတ်ရန်.

(နမော တဿ) ဘုရားဟော ဟုတ်မဟုတ်

မေး။ ။ ဝေစန်း "နမော တဿ ဘုရားဟော ဟုတ်မဟုတ် သိလိုပါသည်ဘုရား၊ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါ"

အဖြေ။ ။ အထက်ပါမေးခွန်းမှာ အလွန်သိထားသင့်သော မေးခွန်းဖြစ်သလောက်၊ နီးလျှက်နဲ့ ဝေးသော အဖြေဟုလည်း ဆိုချင်ပါသည်။

လေ့လာမိသလောက် ပြန်လည်ဖြေကြားရသော်၊ နမော တဿသည် ဘုရားရှိခိုး ဖြစ်သည့်အတွက်၊ ဘုရားရှင်အား ဂုဏ်တင်ထားသော၊ ဥဒါန်း၊ သို့မဟုတ်၊ အများနားလည်အောင် ပြောရမည့်ဆိုပါက၊ ဘုန်းတော်ဘွဲ့ တစ်ခု ဖြစ်လေသည်။ ဘုရားရှင်သည် မိမိကို ဂုဏ်တင်သော စကားကို ပြောဆိုမည်မဟုတ်ပေ၊ ဤတစ်ချက်တည်းဖြင့်ပင်လျှင်၊ ဘုရားဟော ဟုတ်မဟုတ် သဘောပေါက်ကြရပေမည်။

နမော တဿကို ရွတ်ဆိုခဲ့ကြသော ကျမ်းဂမ်လာ ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

ဂေါတမဗုဒ္ဓလက်ထက်၊ ဗြဟ္မာယုပုဏ္ဏား၊ ဇာဏုသောဏိပုဏ္ဏား၊ ကာရဏပါလီပုဏ္ဏား၊ အာရာမဒဏ္ဍပုဏ္ဏား၊ ဓနဉ္ဇာနီပုဏ္ဏေးမ၊ ကောသလမင်းကြီး၊ သိကြားမင်း။

ဖုဿဘုရားရှင်လက်ထက်၊ မဟိန္ဒမင်းကြီး၊ အထက်ပါ ပုဂ္ဂိုလ်များသည်၊ မြတ်စွာဘုရားရှင်ကို ကြည်ညိုလှသဖြင့် နမော တဿ ဘဂဝတော အရဟတော သမ္မာသမဒ္ဗုဒ္ဓဿ ဟု ရွတ်ဆိုပြီး ရှိခိုးကန်တော့ခဲ့ကြသည် ဟူ၍မှတ်သားဖူးပါသည်၊

၎င်း နမော တဿ တွင်၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ ဟူ၍ ဗုဒ္ဓ၏ဂုဏ်တော် သုံးမျိုးပါဝင်နေသည်ကိုလည်း တွေ့ရှိရပေသည်။

အကျယ်ကို သိလိုပါက၊ စာအုပ်မြောက်များစွာကို အချိန်ကြာကြာပေး၍ ဖတ်ရှူရပါမည်၊ အချိန်တိုအတွင်း သိလိုသူများသည်၊ (ပုံတော် ဂုဏ်တော်၊ ပရိတ်တော်) စာအုပ်ငယ်တွင် ရှာဖွေဖတ်ရှုလေ့လာနိုင်ပါသည်။

မှတ်သားရန်မှာ၊ နမော တဿသည် ဘုရားဟောမဟုတ်သော်လည်း ဘုရားရှိခိုးဟူ၍ မှတ်သားစေချင်ပါသည်။

တွေ့ရင် ပြောကြားပါ

ဘုန်းဘုန်း
ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။

ပြင်သစ်မှ ဒကာတစ်ဦးက လွန်ခဲ့သော (၂)နှစ်က မဲဆောက်မြို့ Wat Aran Ya Khet ကျောင်းတွင် သီတင်းသုံးနေထိုင်သော ဦးဇင်း ငြိမ်းချမ်း (သို့မဟုတ်) ဦးသုန် အားဖူးတွေ့လိုပါကြောင်း အကြောင်းကြားလာပါတယ်ဘုရား။ ထိုအချိန်က ထိုဘုန်းဘုန်း သို့မဟုတ် ဦးဇင်းသည် ကျန်းမာရေးတော်တော် ဆိုးဝါးနေပါသည်ဟု ပြောပါတယ်။ အဆင်ပြေမယ်ဆိုရင် သတင်းအစအနလေးများ ရလိုရငြား သိရအောင် တောင်းပန်လျှောက်ထားပါတယ်ဘုရား။

ရိုသေစွာရှိခိုးဦးတင်လျှက်
ခရစ္စတလ်

အထက်ပါ အကြောင်းအရာ ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ အခြားအဆက်အသွယ်ရှိသူ တစ်ဦးတစ်ယောက်ယောက်က ဖြစ်စေ ဆက်သွယ်အကြောင်းကြားပေးစေချင်ပါသည်၊

ဆက်သွယ်ရန် ဖုန်း- ၀၈၅ ၁၂၃ ၅၀၅၄၊၊

သန္ဓေတားခြင်း

Guest "လျှောက်တင်ပါရစေဘုရား ကိုယ်ဝန်တားဆေးက သန္ဓေသားဖြစ်လာမယ့်အဆင့် မရောက်အောင် သန္ဓေမအောင်အောင် တားဆီးခြင်းဖြစ်လို့ ပါဏ ဆိုတဲ့ အသက်ကို ဖျက်ဆီးတာ မဟုတ်ဘူးလို့" သိရပါတယ်ဘုရား။




သားလောင်းအဖြစ် ရောက်နိုင်သောအဆင့် မဖြစ်ရလေအောင် ပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလို သန္ဓေမအောင်အောင် တားဆီးခြင်း မပြုလို့ သန္ဓေအောင်သွားရင်တော့ ရုပ်ဇီဝိတ နာမ်ဇီဝိတရှိတဲ့ သန္ဓေသား ဖြစ်လာပါတယ်ဘုရား။




သန္ဓေအောင်ပြီး ဖြစ်တည်လာတဲ့ သန္ဓေသားဆိုလျင်တော့ ရက်သား ဖြစ်စေကာမူ အသက်ရှိပါတယ်။ ထိုအဆင့်ရောက်မှ ပါဏာတိပါတကကံ မြောက်မယ်လို့ သိရပါတယ်ဘုရား။

ဆက်ဖတ်ရန်.

ဘာသာရေး အမေးအဖြေများ

အရှင်ဘုရား.....တပည့် တော် ရှိခိုးကန်တော့ လိုက်ပါတယ်ဘုရား ။ တပည့်တော် မသိတာလေးတွေ မေးစရာရှိလို့ ပါဘုရား။
၁။ ခန္ဓာကိုယ်မှာ ကိုက်ခဲခြင်း ၊ ယားယံခြင်းစတဲ့ ဝေဒနာတွေက ဘယ်အာရုံနဲ့ ဘယ်ဒွါရတိုက်တာလဲဘုရား ။


၂။ အိပ်မက်မက်ခြင်း၊ သေငယ်ဇော မျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့သို့  ရောက်ခြင်းကို အဘိဓမ္မာသဘောနှင့် ရှင်းပြပေးပါ။ တပည့်တော်သဂြိုလ် ၉ ပိုင်းမှာ ဘုံပိုင်း အထိတော့ လေ့လာဘူးပါတယ် အဲဒီကိစ္စကို မစဉ်းစားတက်လို့ပါ။


၃။ ကိုယ်ဝန်တားဆေး သောက်ခြင်း၊ ထိုးခြင်းများသည် ပါဏာတိပါတကံ ထိုက်ပါသလားဘုရား။


၎။ သူများသားပျို၊ သမီးပျိုကို စိတ်ကူးနှင့် ညစ်ညမ်းစွာ တွေးတောလျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်ပါသလားဘုရား။ 

အဖြေ။
အမိဝမ်းထဲ့သို့ မရောက်လာသေးသော သန္ဓေကိုတားလျှင် ကံမထိုက်၊ ရောက်ရှိနေပြီးသော သန္ဓေကိုတားလျှင် မည်သည့်နည်းဖြင့်၊ မည့်သောသို့ အကြောင်းကြောင့် တားသည်ဖြစ်စေ၊ ကံထိုက်ပါသည်။




ဆက်ဖတ်ရန်.

အားနည်းနေရှာသော အနာဂတ်လူငယ်များအား မိမိ၏လက်တစ်ဖက်ကမ်းလှမ်းပေးလိုသူများသို့

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာတွင်  ဆရာတော် ဘဒ္ဒန္တဇာနေယျ ဦးစီးဖွင့်လှစ် တည်ထောင်ထားသော လူငယ်များဖွံ့ဖြိုးရေးပရဟိတကျောင်းကို (၁၉၉၇)နှစ်မှစတင် ဖွင့်လှစ်ထားသည်မှာ ယခုဆိုလျှင် (၁၄)နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါသည်။  
ယခုအခါတွင် ၄င်းကျောင်းတိုက်၌ ပတ်ဝန်းကျင်ရွာပေါင်းအတော်များများမှ ဘ၀ကိုလက်မြှောက်အရုံး မပေး လိုသော အတန်းပေါင်းစုံမှ အနာဂတ်လူငယ်များသည် နှစ်စဉ်နှစ်တိုင်း လာရောက်နေထိုင်၊ ပညာသင်ယူ လျက်ရှိနေကြပါသည်၊ ၄င်းပရဟိတကျောင်း တိုးတက် အောင်မြင်ဖွံ့ဖြိုးနိုင်ရေး အတွက် လူမျိုးမရွေး၊ ဘာသာမရွေး ကလေးငယ်များ၏ ပညာရေးကဏ္ဍတွင် ဆရာတော်နှင့်တန်းတူ ပညာရေး လုပ်ငန်းများကို ပညာဒါနပြုလိုသော စေတနာရှင် အလှူရှင်များအား ဆရာတော်အနေဖြင့် တိုက်တွန်း နှိုးဆော်အပ်ပါသည်။  
 
လှူဒါန်းနိုင်သောဝတ္ထုများ 
၁။  ကျောင်းသားများ၏ တနေ့တာ စားသုံးရန်အတွက် ဆန်(၂၀) ပြည် ချက်ပြုတ်ရပြီး ဟင်းလျာစသည့် အပါအ၀င် တစ်ရက်ကိုငွေကျပ်(၂၀၀၀၀)အသုံးပြုရပါသည်။       

၂။  စာဖတ်ရာတွင် ည၊ နံနက် အသုံးပြုရသောမီးစက်သုံးရေနံဆီ(၁)ဂါလံဖြစ်ပြီး ကာလပေါက်ဈေး တစ်ဂါလံ(၃၅၀၀)ကျပ် ကုန်ကျလျက်ရှိပါသည်၊ ( ၁. ၂၅ .၂၀၁၁ )
                                             
၃။ဆယ်တန်းကျောင်းသားတစ်ဦးအတွက် တစ်နှစ်လျှင်ပညာသင်ကြေးကျပ်(၂၀၀၀၀၀)ဖြစ်ပြီး၊ အတန်းစုံ ကျောင်းသား (၆၃) ဦးအတွက်   ထောက်ပံ့ငွေများလိုအပ်လျက်ရှိနေပါသည်၊          
                                             
၎။ ကျောင်းသား/သူများ၏ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လေးခန်းတွဲ အိမ်သာ များတည်ဆောက် ရန်လိုအပ်နေပါသည်။                                                                                   

၅။ကျောင်းသား/သူများ စိတ်ချမ်းသာစွာ ပညာသင်ကြားရာတွင် နေထိုင်ရန်အတွက် ကျောင်းဆောင်သစ် များလိုအပ်နေပါသည်။
 
၆။တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စာပြကျွမ်းကျင်သော ဆရာ(၃)ဦး ငှားရမ်းနိုင် အတွက် အဓိကလိုအပ်နေပါသည်။ 

ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ ပညာသင်ကြားပြီး လူမျိုးအကျိုး၊ နိုင်ငံအကျိုး၊ လောကအကျိုး သယ်ပိုးဆောင်နိုင်ရန်အတွက် အထက်ဖော်ပြပါ   လိုအပ်ချက်များကို မိမိတို့တတ်နိုင်သည့် ဘက်မှ ပါဝင်ပံ့ပိုးကူညီကြမည်ဆိုပါက ဆရာတော်၏ သာသနာပြုပညာရေး လုပ်ငန်းသည် ဆထက်တိုး အောင်မြင် တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။ တစ်ဦးချင်းဖြစ်စေ၊ မိသားလိုက်ဖြစ်စေ အချင်းချင်း စုပေါင်းခြင်း ဖြင့်ဖြစ်စေ   အောက်ပါလိပ်စာ အတိုင်း ပါဝင် လှူဒါန်းနိင်ကြပါသည်။     

ဆရာတော်ဘဒ္ဒန္တဇာနေယျ ၊ လူငယ်များပရဟိတကျောင်း၊ တိမ်ညိုမြောက်ပိုင်းကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်၊   ဖုန်း098502155(တဆင့်ခေါ်ပါ)

မှတ်ချက်- စိတ်ပါဝင်စား၍ လေ့လာစုံစမ်း မေးမြန်းလိုသူများသည် ဖုန်းမှဆက်သွယ်မေးမြန်းရန် ခက်ခဲခဲ့ သော်
               
အင်တာနက်အီးမေလ်အကောက်... ashinpanna.5@gmail.com, ven.revata09@gmail.com,  myominmg99@gmail.com, များမှတဆင့် စုံစမ်းနိုင်ပါသည်။                

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP