ကပ္ပိယကျော်ခေါင်နှင့် ဘုရားဒကာ ကျောင်းဒကာ ကုဋီဒကာ

တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ ကပ္ပိယဟုဆိုအပ်သော ဂုဏ်ထူးဝိသေသကို မြတ်နိုးစွာ ရင်ဝယ်ပိုက်လျှက်၊ ရွာလူကြီးများစုဝေးရာ ရွာဦးကျောင်း ဇရပ်ပျက်ကြီးသို့သွားကာ အသာချောင်းလျှက် တစ်စောင်းက နားထောင်နေလေတော့၏။

စည်းဝေးရခြင်း၏ အကြောင်းမှာကား ဤသို့တည်း=

နစ်စဉ်ပြုလုပ်ကျင်းပမြဲဖြစ်သော ရွာဘုံရဟန်းခံ ရှင်ပြုပွဲကြီးကို၊ ရွာလူကြီးဖိုးလူနှင့် သူကြီးကတော် ဒေါမငယ်တို့မှ တာဝန်ယူကာ ပြုလုပ်ကျင်းပနိုင်ရေး အတွက်၊ နေ့ရက်များကို တိတိကျကျ သတ်မှတ် နေကြခြင်းဖြစ်လေသည်။ သူတို့၏ တစ်ဦးတည်းသောသား မောင်ဖိုးတေကိုလည်း သာသနာ့ ဘောင်သို့ သွပ်သွင်းမည်ဟုကြားသိရလေ၏။

အလှူရက်သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် အန်မတန်မှ ဂုဏ်ပကာသနကို မက်မောတတ်သော သူကြီးကတော် ဒေါ်မငယ်သည်၊ ကျန်တော်မျိုးကြီး ကပ္ပိယကျော်ခေါင်ဖက်သို့ လှည့်ကာဖြင့်၊ ဤသို့ဆိုလေ၏
” ဟေ့ ငကျော်ခေါင် ဒီစာရွက်မှာရေးထားတဲ့အတိုင်း တစ်ရွာလုံးကို လိုက်ပြီး ကြော်ငြားစမ်း”ဟူ၍ဖြစ်လေ၏။

အမှန်မှာ ဤသို့ကြော်ငြားရခြင်းသည် အကျွန်ုပ်အနေဖြင့် အလွန်တရာ ကျွန်းကျင်ပြီးသား အလုပ်တစ်ခု ဖြစ်လေသောကြောင့် စာတစ်တန်း ပေတစ်ဖွဲ့ ရေးဖွဲ့စရာပင် မလိုတော့ပြီးတကား။ ယ္ခုကဲ့သို့ စာဖြင့်ရေးပေး နေခြင်းသည်ပင်လျှင် ကပ္ပိယဟုဆိုအပ်သော အကျွန်ုပ်၏ ဂုဏ်ထူးဝိသေကို စော်ကားသကဲ့သို့ ဖြစ်နေလေတော့၏။

သို့နှင့်ပင်လျှင် အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်လည်း မိမိ၏ ဂုဏ်ထူးဝိသေသကို အထူး စောင့်ထိန်းသော အားဖြင့်၊ ၄င်း သူကြီးကတော်ဆိုသူ ဒေါ်မငယ် ပေးသောစာရွက်ကို တာဝန်ကြေ သဘောဖြင့် လှမ်းယူပြီးလျှင် စာရွက်ကို တစ်ချက်မျှ စောင့်ငဲ့ကြည့်ရှုပြီး၊ ဣနြေ္ဒမပျက် ခတ်တည်တည်ဖြင့်ပင် အင်္ကျီးအိပ်ထည့်သို့ ထည့်ထားလိုက်လေတော့၏။

အကျွန်ုပ် အနေဖြင့် ဤကဲ့သို့ ခပ်တည်တည် ပြုလုပ်နေခြင်းသည်ပင်လျှင် သူကြီးကတော် ဒေါ်မငယ်၏ မျက်စိကို စပါးမွှေး စူးနေလေတော့၏၊ သို့သော်လည်း အကျွန်ုပ်ဘာမျှမတတ်နိုင်ပေ၊
ကပ္ပိယကျော်ခေါင် ဟု ဆိုအပ်သော အကျွန်ုပ်သည်လည်း ခေသူတော့မဟုတ်။

ကပ္ပိယ ဟု ဆိုအပ်သော ဂုဏ်ထူးဝိသေသကို ထည့်၍မခေါ်လျှင် ရွာဦးကျောင်းဆရာတော်မှတစ်ပါး မည့်သူကိုမျှ ဂရုစိုက်သူ မဟုတ်။ ချွင်းချက်အနေဖြင့်ကား ရွာလယ်က ဒေါ်ပု ကုန်စုံဆိုင်တွင် ဈေးရောင်းနေသော ညိုပြာညက်ကလေး နန်းကုတ်ကုတ် ကိုတော့ ချန်ထားပါသေးသည်။

မည်သို့ဆိုစေ အလှူမင်္ဂလာပွဲကြီးအတွက် ကပ္ပိယတို့တတ်အပ်သော အတတ်ဖြင့်ပင်လျှင် ရွာနီးချုပ်စပ်များသို့ လိုက်လံ၍ ဖိတ်မန်တကာ့ ပြုရပေးအုံးမည်။

။…ညောင်ပင်ကုန်းကျေးရွာ အတွင်း၌ မှီတင်းနေထိုင်းကြကုန်သော….ဟု အစချီကာဖြင့် ထုံစံအတိုင်း ရွာရိုးကိုးပေါက်လျှောက်၍ ကြော်ငြားနေရင်း၊ တစ်နေရာသို့ အရောက်တွင်၊ သူကြီးကတော်ကို အကျွန်ုပ်မြင်လိုက်ရလေတော့၏။ သူကြီးကတော်သည် အကျွန်ုပ်ဆီသို့  သုပ်သုပ် သုပ်သုပ်နှင့် ရောက်ချလာပြီ၊

” ဟေ့ ငကျော်ခေါင် နင့်ကို ငါရေးပေးထားတဲ့  စာထည့်မှာပါတဲ့ ဘုရားဒကာ ကျောင်းဒကာ ဆိုတာတွေကိုလည်း ထည့်ထည့်ပြီး ကြော်ငြာအုံးမှပေါ့” ဟူ၍ ဆူပူကြိမ်းမောင်းလေတော့၏။ ဟုတ်ကဲ့အဒေါ် အဒေါ်တို့ လှူထားသမျှ အကုန်ပါအောင် ကျွန်တော်မျိုးကြီး ကြော်ငြာပေးပါ့မယ်။

သို့နှင့်ပင် အင်မတန်မှ ရိုစင်သော အကျွန်ုပ်၏ ကြော်ငြာ စာသားများကို အနည်းငယ် ကွန့်မြူစေလျှက်ဤသို့ ကြော်ငြာလိုက်လေတော့၏။

ညောင်ပင်ကုန်း ကျေးရွာအတွင်း၌ မှီးတင်းနေထိုင်ကြကုန်သော…. သပ္ပုရိသနွယ်ဝင် (ဝင်တာမဝင်တာ အကြောင်းမဟုတ်) သူတော်စင်ပုဂ္ဂိုလ် အပေါင်းတို့ ခင်ဗျား…၊ (သူကြီးကတော် အနည်းငယ် နားစွင့်နေသည်ကို သတိထားကြည့်မိ၏)

မိဘများဖြစ်ကြကုန်သော ဘုရားဒကာ ကျောင်းဒကာ သိမ်ဒကာ(သူကြီးတော် ပြုံး၍လာလေပြီတကား) ကုဋီဒကာ (ကုဋီဒကာဟု ဆိုလိုက်လျှင် မျက်နှာအနည်းငယ် ပျက်စပြုသွားတော့၏) ရွာလူကြီးဦ်းဖိုးလူနှင့် သူကြီးကတော်ဒေါ်မငယ် တို့၏ ရင်နစ်သည်းချား သားရတနာဖြစ်သော ကျပ်မပြည့် မောင်ဖိုးတေအား (ထိုအခါ၌ ဂုဏ်ပကာသနကို အလွန်တရာ မက်မောတတ်သော သူကြီးကတော် ဒေါ်မငယ်သည် ဒေါသ ထွက်လေတော့၏)

သာသနာ့ဝန်ထမ်း ရှင်ရဟန်းအဖြစ်သို့ သွပ်သွင်းမည်ဖြစ်ပါသောကြောင့်၊ သွပ်မိုး ကြမ်းခင်း ကုလားဖျင်းနှင့် လှည်းနေ လှည်းအောင်း မြင်းဇောင်းမကျန်၊ မည်သူမဆို လာရောက်ပြီး သုံးဆောင်နိုင်ပါကြောင်း ကျွန်တော်မျိုးကြီး ကပ္ပိယကျော်ခေါင် မှ ကပ္ပိယတို့ ကျင့်အပ်သော ဝတ်တရားအတိုင်း ထမင်းရည်ချောင်းစီး မောင်းတီးလိုက်ရကြောင်းပါ ခင်ဗျား…။

ဆက်ဖတ်ရန်.

တန်ပြန်သက်ရောက်မှူ

သက်ရောက်မှူတိုင်းတွင် တန်ပြန်သက်ရောက်မူရှိသည်ဟု နယူတန်၏ အယူအဆများကို ငယ်စဉ်က သင်ယူခဲ့ဖူး၏၊ နံရံသို့ ခဲတစ်လုံးကို ပစ်ချလိုက်၍ ပြန်လည် ကန်ထွက်လာခြင်းသည် တန်ပြန်သက်ရောက်မှူတစ်ခု ဖြစ်သည်ဟု သိခဲ့ရ၏။ ဤသည်မှာ ငယ်စဉ်က အသိဖြစ်လေသည်။

ယနေ့= တပည့်ကျော်ကပ္ပိယကျော်ခေါင်၏ အစ်မတော်တစ်ယောက် ရွာဦ်းကျောင်းသို့ ရောက်ရှိလာပြီး ၄င်းတန်ပြန်သက်ရောက်မှူများအကြောင်းကိုမေးမြန်လေတော့၏၊ သို့သော် သူမေးသော တန်ပြန်သက်ရောက်မှူများမှာကား နယူတန်၏ တန်ပြန်သက်ရောက်မှူမျိုးမဟုတ်၊

ကံ၏နိယာမ၊ ကံ၏အကျိုးပေးမှူ၊ ကံကြောင့်ဖြစ်ပေါ်လာသော ဝဋ်ကြွေးများအကြောင်းကို မေးမြန်း ဆွေးနွေးခဲ့ခြင်းဖြစ်လေသည်။ ဤနေရာ၌ တန်ပြန်သက်ရောက်မှူဟူသည်၊ မိမိပြုလုပ်မိသောကံ (အလုပ်)၏၊ စွမ်းအားနှင့် ပြုလုပ်ခံရသူ(အရာဝတ္တု)တို့၏ စွမ်းအားကို၊ သတိထားမိဖို့ လိုအပ်လေသည်။

ပုရွက်ဆိပ်ကလေးတစ်ကောင်ကို သတ်ခြင်းသည်၊ ဆင်ကြီးတစ်ကောင်ကို သတ်ရသလောက် လုံးလမစိုက်ရသဖြင့်၊ သတ္တဝါချင်း တူသော်လည်း အကျိုးပေးခြင်းကွာပေမည်။ အဘယ်ကြောင့်ဆိုသော် ပြုလုပ်ခံရသူတို့၏ စွမ်းအားကွာခြားသောကြောင့်ဖြစ်လေ၏။

မိမိတို့နေ့စဉ် လှုပ်ရှားနေကြရသော ဤလူ့ဘဝ ဒွန္နယာကြီးထည့်တွင် လူပေါင်းစုံ အလွှာပေါင်းစုံဖြင့် ဆက်ဆံကျင်လည် နေကြရသောကြောင့် စကားပေါင်းစုံကို ပုံစံမျိုးစုံဖြင့်ပြောဆိုကာ လှည့်လည်နေကြရသေသည်။

ထို့ကြောင့် မိမိ၏ အမှတ်မထင် ပြောဆိုမိသော စကားကလေး တစ်ခွန်းဖြင့်၊ အလုပ်ထုပ်ခံရခြင်း၊ ရာထူးလျှော့ချခံရခြင်း သံသရာအကြွေးတင်ခံရခြင်း စသော မကောင်းကျိုးများ မတိုးပွားကြစေရန်နှင့်၊ ထို့သို့ အမှတ်မထင် စကားကလေးတစ်ခွန်းကို ပြောဆိုမိခဲ့ကြ၍ သံသရာ အကြွေးကို ပြန်လည်ကာပေးဆပ်ကြရသော၊ အတီတေ ဗာရာဏသီများ အကြောင်းကို အနည်းငယ် ဖော်ပြလိုက်ပါသည်။

အမ္ဗပါလီ= သိခီဘုရားရှင်လက်ထက်တွင်၊ စေတီရင်ပြင်တစ်ခုသို့ သွားရင်း၊ ရဟန္တာမထေရ်မကြီးတစ်ပါး၏ တံထွေးကို စေတီရင်ပြင်ပေါ်၌ တွေ့ သောအခါ မဆင်မခြင်” ဘယ်..ပြည့်တန်ဆာမတွေကများ ထွေးထားသလဲ” ဟု မဲ့ကာရွဲ့ကာ ပြောဆိုမိသော မိမိ၏ ဝစီဘေဒ အကုသိုလ်ကံကြောင့် ဂေါတမဘုရားရှင်လက်ထက်တွင်၊ ပြည့်တန်ဆာမဖြစ်ရလေသည်။

သီရိမာ= သူသည်လည်း ထိုနည်း၎င်း၊ စေတီရင်ပြင်တစ်ခုတွင် ထိုင်းနေရင်း မိမိ၏ ခြုံပါဝါတွင် ပယ်ကျံနေသော တံထွေးကို တွေ့ရှိသဖြင့်၊ ” အဘယ် ပြည့်တန်ဆာမ ထွေးထား ခဲ့သလဲ” ဟု ပြောဆိုမိခဲ့သဖြင့်၊ ပြည့်တန်ဆာမ အဖြစ်ဖြင့် ပေးဆပ်ရလေသည်။ အမှန်မှာ ၄င်းတံထွေး သည်လည်း ရဟန္တာမကြီင်္းတစ်ပါး၏ အမှတ်မထင် ထွေးခဲ့မိသော တံထွေးဖြစ်ကြောင်း သိရလေသည်။

သာမာဝတီ= သူသည်ကား အလွန်တရာ မေတ္တာတရားနှင့်ပြည့်စုံပြီး ထင်ရှားသော မိဖုရားတစ်ဦး ဖြစ်လေသည်၊ သို့သော်- ရှေးဘဝက ပစ္စေကဗုဒ္ဓါ တစ်ပါးအား မီးလျှို့သတ်ခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင် ဘုရင်ဥတေနမင်းကြီး၏ တောင်ညာစံ မာဂန္ဓီ၏ လက်ချက်ဖြင့် မီးလောင်တိုက်ကို သွင်း၍ အသတ်ခံခဲ့ရသေသည်။

ခုဇ္ဇုတ္တရာ= သူသည်လည်း အလွန်တရား ဥာဏ်ကောင်းသော ဧတဒက်ရ ရဟန္တာထေရီမ တစ်ပါးဖြစ်လေသည်၊ သို့သော်= ရှေးဘဝက ခါးအနည်းငယ်ကုန်းဟန်ရှိနေသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ပျော်စေလိုသော သဘောထားဖြင့်၊ ”ငါတို့အိမ်သို့ ဆွမ်းခံကြွတဲ့ ဘုန်းကြီးက ဒီလို ဒီလို ကြွတယ်-ဟု ဆိုကာ” မိမိခါးကို ကုန်ကွကွလုပ်၍ လမ်းလျှောက် လှောင်ပြောင် ပြခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင်၊ ခါးကုန်းခြင်းဟုဆိုသော ဆိုးကျိုးကို ခံစားခဲ့ရလေသည်။

အထက်ပါ အကြောင်းအရာများကို ဖတ်ရှုလေ့လာမိသဖြင့်၊ အန်မတန်မှ လွယ်ကူစွာ ပြုလုပ်လိုက်ရသော မိမိ၏ အမှတ်မထင် စကားကလေးတစ်ခွန်းသည်၊ ပြုလုပ်ခံရသူတို့၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟု ဆိုအပ်သော၊ စွမ်းအားများကြောင့် မိမိအတွက် သံသရာတွင် အကြွေးတင်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း။

ရွာဦးကျောင်းဆရာတော်နှင့် ကပ္ပိယကျော်ခေါင်၏ အစ်မတော်တို့ ဆွေးနွေးခန်းအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

ဝစီဘေဒ ထိတိုင်းရှ၊

ဆက်ဖတ်ရန်.

အရှုံးဆိုလည်း အရှုံး အမုန်းဆိုလည်း အမုန်း


ပစ္စုပ္ပန်တည့်တည့်မှာသာ နေထိုင်ရင်းနဲ့


ဘယ်သူ တစ်ဦးတစ်ယောက်ဆီကမှ


ဘာကိုမှ မျှော်လင့် မထားချင်တော့တဲ့ 


ကပ္ပိယကျော်ခေါင်ပါ။


ဒါပေမယ့်..လေ…


အရှုံးဆိုလည်း အရှုံး


အမုန်းဆိုလည်း အမုန်းပေါ့


လောကကြီးဆီက တစ်ခုခုများ မရထိုက်တော့ဘူုးလား..။

ဆက်ဖတ်ရန်.

ဖူးခက်မြို့၏ ကျက်သရေဆောင် ဝပ်ချလောင်

ပြီးစီးသွားပါက ဤကဲ့သို့ ဖူးတွေ့ရမည်ဖြစ်သည်

တစ်နေ့သ၌ အကျွနုပ်ကပ္ပိယကျော်ခေါင်သည် ရွာဦးကျောင်းဆရာတော်နှင့် အတူ ဖူးခက်မြို့သို့ အလည် အပတ်ရောက်ရှိသွားခဲ့လေတော့၏၊ ဖူးခက်မြို့သည် ထိုင်းနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိပြီး ဘန်ကောက်မြို့မှ အဝေးပြေးကားကြီးများဖြင့် သွားလျှင် ၁၂- နာရီ တိတိကြာမြင့်လေသည်။

ဆရာတော်နှင့် လိုက်ပါသွားခဲ့သဖြင့်၊ အကျွန်ုပ် လည်ပတ်လိုသော ကမ်းခြေများသို့ မရောက်ဖြစ်ခဲ့ပေ။ သို့သော်လည်း အလွန်တရာမှ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ဝပ်ချလောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးခဲ့ရခြင်းသည်ပင် အကျွန်ုပ်အတွက် အဖိုးမဖြတ်နိုင်သော ဝမ်းသာပိတီများဖြစ်ခဲ့ရလေသည်။

အမှန်အားဖြင့် ဖူးခက်မြို့သို့ သွားရောက်လည်ပတ်သူများသည် များသောအားဖြင့် ပင်လယ်ကမ်းခြေ အပတ်ဖြေ စခန်းများတို့၌သာ အချိန်ကုန်တတ်ပြီး၊ ထိုကဲ့သို့ ဘာသာရေး အထိန်းအမှတ်များရှိရာများသို့ သွားခဲကြသည်ဟု သိရလေ၏။

ဝပ်ချလောင်းဗုဒ္ဓရုပ်ပွားတော်ကြီးအား ဘေးတိုက်ဖူးတွေ့ရပုံ

"
ဝပ်ချလောင်းရုပ်ပွားတော်ကြီး၏ ကိုယ်ထည်မှာ အင်္ဂတေနှင့်ပြုလုပ်ထားပြီး သင်္ကန်းတော် အဖြစ် စလင်းကျောက်ပြားများကို ကပ်ထားခြင်းဖြစ်လေသည်။

ဝပ်ချလောင်းဗုဒ္ဓရုပ်ပွားတော်ကြီးအား နောက်ဖက်မှ ဖူးတွေ့ရပုံ

ဝပ်ချလောင်းဘုရားတောင်းကုန်ပေါ်မှနေ၍ ကြည့်လိုက်လျှင် အလွန်တရာမှ အပြောကျယ်လှသော ပင်လယ်ကြီး နှင့် ကမ္ဘာအရပ်ရပ်မှ လာရောက်လည်ပတ်သည် ဆိုသော ဖူးခက်ကမ်းခြေကို တမျှော်တစ်ခေါ်တွေ့ ရလေသည်။

ဘုရားဂေါပကလူကြီးများဘုရားပလ္လင်ပေါ်၌ကပ်ရန် စလင်းကျောက်ဖြင့်အဆင်သင့်ပြုလုပ်ထားသော ကြားပန်းပွင့်ချပ်တစ်ခု

၎င်းဝပ်ချလောင်းဘုရားကြီးကို ၂၀၀၂- ခုနစ်ကတည်းက စတင်တည်ဆောက်လာပြီင်္း ယခုအခါတင် ဘုရားကြီးကိုယ်ထည်မှာ အပြီးသတ်ခါနီးဖြစ်ပြီး၊ ရုပ်ပွားတော်ကြီး၏ အတိုင်းအတာကို ထိုင်းစာမတတ်သဖြင့် အတိအကျမပြောနိုင်သော်လည်း အမြင့်အားဖြင့် ၁၀ ထပ်တိုက် တစ်လုံးစားမျှ မြင့်မားကြီးကျယ်လေသည်။

ဝပ်ချလောင်းဘုရားပေါ်မှ လှမ်မျှော်တွေ့ရသော ဖူးခက်ကမ်းခြေ

ဆက်ဖတ်ရန်.

မပြောချင်ပဲ ပြောရအုံးမယ်

ဘာမဆိုင် ညာမဆိုင် လက်ပံပင်ကို ဓားနဲ့ ချိန် ဆိုသကဲ့သို့ ၊ မပြောချင်ပဲ ပြောရပေအုံးမည်။ အခုတလော . Valentine's Day ဆိုလား ဘာဆိုလားပဲ၊ တော်တော်လေးကို ဟိုဒင်းဖြစ်နေတာ တွေ့တော့၊ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်လေသံနဲ့ ကိုယ့်လူတွေကို ပြောရအုံးမယ်။

ခရစ်တော်ပေါ်ပြီး နစ်ပေါင်း သုံးရာလောက်မှာ (အေဒီ ၃ ရာစု) အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဆိုတာ ရှိခဲ့တယ်တဲ့ ၊ အဲဒီဘုရင်လက်ထက်မှာ စစ်ပွဲတွေက များလွန်းတော့ ယောက်ျားသားတွေဟာ စစ်ကို မုန်းတီးပြီး စစ်ထည့်ကို မဝင်ချင်ကြတော့ဘုးတဲ့ ၊ အဲဒါကို ဘုရင်ကြီးအထင်မှာ မိန်းမတွေ ချစ်သူတွေအပေါ်မှာ သံယောဇဉ် မပြတ်နိုင်လို့ စစ်ထည့်ကို မဝင်ချင်ကြဘူုးလို့ အထင်နဲ့ ၊ သူ့ရဲ့နိုင်ငံမှာနေတဲ့ ဘယ်သူတစ်ဦင်္းတစ်ယောက်ကမှ၊ မိန်းမ မယူရဘူးလို့ အမိန့်တော် ချမှတ်လိုက်ပါသတဲ့ ၊

အဲဒီင်္နိုင်ငံမှာလည်းပဲ Saint Valentine ခေါ်တဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ပါး ရှိသတဲ့ ၊ သူက ဘုရင့်အာဏာကိုဖီဆန်ပြီးတော့(အာဏာရှင် ဘုရင်ကြီး အထင်ပါ) ချစ်သူစုံတွဲတွေကို လက်ထပ်ပေးသတဲ့ ၊ အဲဒါကို ဘုရင်ကြီးက သိသွားတော့ အမျက်တော်ရှပြီး အဆုံး စီရင်ပါလေရော့ တဲ့။
Saint Valentine လို့ ခေါ်တဲ့ ခရစ်ယာန် ဘုန်းကြီး ဆုံးသွားတဲ့  ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို Valentine's Day ဆိုပြီးတော့ သတ်မှတ်လိုက်ကြတယ်လို့ ကြားဖူးတာပဲ။

ကျွနိုမျိုးကြီး ကပ္ပိယကျော်ခေါင် ပြောချင်တာ ဒါ မဟုတ်သေးပါဘူး။ ဆက်နားထောင်=
ပြောချင်တာက ဒီင်္လိုပါ- အများအတွက် ကိုယ့်ကျိုးကို မကြည့်ပဲ စွန့်စားသွားတဲ့  ဘယ်သူ့ကို မဆို အမြဲသတိရနေတာတော့ ကောင်းပါတယ်၊ ဒါပေမယ့်= အနှော်တို့နိုင်ငံက လူတွေက ဘယ်ကလာမှန်းလည်း မသိ၊ ဘယ်သူဘယ်ဝါရယ်လို့ လည်း မသိ၊ ကိုယ်နှင့်လည်း မဆိုင်ပါပဲနဲ့ ၊ အဲဒီင်္ ချစ်သူများနေ့ ဆိုတာကြီးကို ဂလိုအရေးတစ်ကြီး ဆင်နွဲ့နေတာကို တွေ့တော့ အာဇာနည်ကုန်းကို အားနာမိပါတယ်၊ ဂလိုပြောလိုက်တော့ တစ်ပွဲစားဖိုးတေးက အနို့ကို အပြစ်ပြောပါတယ်၊ မင်းက ချစ်သူမရှိလို့ ပြောတာပါ တဲ့ ။

တစ်ပွဲစားဖိုးတေကို အကျွန်ုပ်ကပ္ပိယကျော်ခေါင် ဘာမှ ပြန်ပြီးစောဒက မတက်တော့ပါဘူုး၊ သူခများလည်း အနို့လိုပါပဲ၊ ကျွနိုမျီုးကြီး ပြောချင်တာက ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို အားနာတယ် ...လို့ ။

ဆက်ဖတ်ရန်.

မင်းနေ၏ ၁၅၀၀ မေတ္တာ အမေး အဖြေ

မေး။ ။ မင်းနေ: 1500 အချစ်ရဲ့အဓိပ္ပယ်ကို အကျယ်တ၀င့် သိချင်ပါတယ် ဘယ်နစ်မျိုး ပေါင်းစပ် ထားသလဲ ဆိုတာကိုပါ ။

ဖြေ။ ။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)သည် ကိလေသာ ဆယ်ပါးကို အခြေခံသည်၊

ဤနေရာ၌ အချစ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို တပည့်ကျော် ကပ္ပိယကျော်ခေါင်၏ အမြင်မှာ= အချစ်ဟူသည် ရယူလိုခြင်းကို အခြေခံသည်၊ ပေးဆပ်ခြင်း အနစ်နာခံခြင်း စသည်များသည်၊ ရယူလိုခြင်းကြောင့်သာလျှင် ဖြစ်ပေါ်လာရခြင်းများဖြစ်သည်ဟု ခံယူထားလေသည်၊ အစကတည်းကမှ မပိုင်ဆိုင်လို မရယူလိုဘူး ဟုဆိုလျှင် ပေးဆပ်လိုခြင်းများ၊ အနစ်နာခံလိုခြင်းများ မဖြစ်နိုင်ဟု သူက ခံယူထားလေသည်။

သို့သော် ၅၂၈ မေတ္တာများဖြင့် ပေးဆပ်လိုခြင်းများကိုမူ ဤနေရာ၌ သူက မဆိုလိုပေ။

ကိလေသာစိတ် (၁၀) ပါးမှာ အောက်ပါအတိုင်း ဖြစ်သည် -
၁၊ လောဘ ( တပ်မက်ခြင်း)
၂၊ ဒေါသ (ကြမ်းတမ်းခြင်း)
၃၊ မောဟ (တွေဝေခြင်း)
၎၊ မာန (ထောင်လွှားခြင်း)
၅၊ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ )
၆၊ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇၊ ထိန (စိတ်၏ မခန့်ခြင်း)
၈၊ ဥဒ္ဒိစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉၊ အဟီရိက (ဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀၊ အနောတ္တပ္ပ (ဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)

ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်း၊ နာမ်စုစုပေါင်းများနှင့် မြှောက်ရသည်။

ရုပ်စုစုပေါင်းမှာ -

လက္ခဏာရုပ် (၄) ခု
နိပ္ဖန္နရုပ် (၁၈) ခု
နာမ် (၅၃) ပါး

ပေါင်းလိုက်ပါက (၇၅) ရပါဖြစ်ပါသည်။ ၄င်း ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး ဖြင့် မြှောက်သော် ၇၅၀ ရ၏။

၎င်း ၇၅၀ ပါးကို၊ မိမိ၏ အဇ္ဈတ္တ သဏ္ဍာန်၊ သူတစ်ပါး၏ ဗဟိဒ္ဓ သဏ္ဍာန် (၂) မျိုးဖြင့် ထပ်မြှောက်လိုက်ပါက ၁၅၀၀ ကိလေသာ ရလေသည်။

အတိုကောက်မှတ်သားရန်မှာ=

ကိလေသာ ၁၀ ပါး x ရုပ်စုစုပေါင်း (၇၅) ပါး x အဇ္ဈတ္တ ဗဟိဒ္ဓ ၂ = ၁၅၀၀ ဖြစ်လေသည်။

ဆက်ဖတ်ရန်.

မအိ မေးမြန်းသော မနုဿတ္တဘာဝေါ ဒုလ္လဘော

မေး။ မအိ၊ ။ လူ့ဘ၀ကိုရခဲတယ်ဆိုတာ ဘာကြောင့်ရခဲတာလဲဘုရား ပါဠိ ၀တ္ထု မြန်မာ စုံလင်စွာဖြေပေးတော်မူပါဘုရား

ဖြေ။ ။ (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀န အတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

အထက်ပါ ရခဲခြင်း ငါးမျိုးအား မြတ်စွာဘုရားသည်၊ မိမိ၏ တပည့် ရဟန်းတော် တို့အား ဆွမ်းခံပြန်ရောက်ချိန်တွင် ဂန္ဓကုဋိတိုက်အဝင်မှ နေ၍ နေ့စဉ်နေ့တိုင်း၊ ဆုံးမနေသော တရားငါးမျိုး ဖြစ်ပါသည်။ ၀တ္ထု ဟူကား ဧရကပတ္တနာဂရာဇ၀တ္ထု-ဓမ္မပဒ ဒုတိယ အုပ်တွင် ဖတ်ပါလေ။

ပါပသသ္မိံရမတိ မနော= သတ္တဝါတို့၏ စိတ်မည်သည်မှာ မကောင်းမှူ အကုသိုလ် ဒုစရိတ်တို့ဖြင့်သာ ပျော်ရွှင်လေ့ ရှိသောကြောင့်၊ မကောင်းမှူများ ကျက်စားရာ အပါယ်လေးဘုံးတို့၌သာ အဖြစ်များကြလေသည်။

လူအဖြစ်ကို ရခဲသည်ဆိုရာတွင်၊ လူသေပြိး၍ နောက်ထပ် လူပြန်ဖြစ်ဖို့ အရေးနှင့် အခြားသော ဘဝမှနေ၍ လူ့ဘဝကိုရဖို့ရန် ခဲယင်းသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်၊ လူဦးရေ အရေအတွက် များနေသည်မှာ လူတစ်မျိုးတည်းကို ကြည့်၍ များနေသည် ဟု ထင်မှတ်ရပါသည်။

လူနှင့် အခြားသော သတ္တဝါများထည့်မှ တိရိစ္ဆာန်တစ်မျိုးတည်းကိုပင် ကြည့်ကြပါစို့၊

လူတစ်မျိုးတည်းကို ကြည့်မည်ဆိုပါက တစ်နေ့ထက် တစ်နေ့ လူဦးရေး များပြားနေသည်ဟု ထင်မှတ်ရသော်လည်း၊ လူတစ်ယောက်၏ ခန္ဓာကိုယ် တစ်ခုမှာရှိသော ပိုးမွားကလေးများနှင့်ပင် အတော်အရေအတွက် ကွာခြားသွားပြိးဖြစ်၏။ လူများလာသလောက် ၄င်း ပိုးမွားကလေးများလည်း များလာမည်ဖြစ်သည်။

ဗုဒ္ဓစာပေ အရ လူတစ်ယောက်သေဆုံးလျှင် တမလွန်၌ ရောက်နိုင်သော ဂတိ ငါးမျိုးရှိပါသည်၊
ဒေဝ(နတ်)၊
မနုဿ(လူ)၊ နိရယ(ငရဲ) ပေတ(ပြိတ္တာ)
တိရိစ္ဆာန(တိရိစ္ဆာန်) ဟူသော သွားရောက်နိုင်သော ဘုံး ငါးမျိုးရှီပါသည်။

၎င်းဘုံများတွင် မည့်သည်ဘုံတွင် အရေအတွက် အများဆုံးဖြစ်သနည်း ဆိုသည်ကို စဉ်းစားကြည့်မှ လူ့ ဘဝကို ရဖို့ခဲယင်းသည်ကို သဘောပေါက်နိုင်ပါသည်။

ဤသည်မှာ အနီးကပ်ဆုံး တိရိစ္ဆာန် တစ်မျိုးတည်းဖြင့် နိုင်ယှဉ် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

ဆက်ဖတ်ရန်.

မအိနှင့် အာဝါဟ ဝိဝါဟမင်္ဂလာ အမေး အဖြေ

ဆရာတော်ဘုရား ဘာသာခြားတွေက မေးလာတဲ့ မေးခွန်းအချို့ တပည့်တော်မ အဖြေ မပေးနိုင်လို့ လုံးဝ စိတ်မကောင်းပါဘုရား။ ဘာသာရေး အမေး အဖြေကဏ္ဍ တွေ့လိုက်ရလို့ တပည့်တော်မ အရမ်းပဲ ၀မ်းသာမိပါတယ်ဘုရား။ အမေးက ဒီလိုပါဘုရား

မေး။ ။ မအိ ။ ၁- အာဝါဟမင်္ဂလာ ၀ိဝါဟမင်္ဂလာ စရမင်္ဂလာဆိုဒါ ဘုရားဟော ဟုတ်မဟုတ် ပါဠိတော်နှင့်အညီ ဖြေပေးပါ။

ဖြေ။ ။ မင်္ဂလာဆိုသည်မှာ “မင်္ဂံပါပံ ဆိန္ဒတိ လုနာတီတိ မင်္ဂလံ” အဓိပ္ပါယ်ကား= မကောင်းမှု အကုသိုလ် အညစ် အကြေး တို့ကို ရိတ်ဖြတ် ပယ်ဖျောက် တတ်သောကြောင့် မင်္ဂလာ ဟုခေါ်ပါသည်။

အာဝါဟ ဆိုသည်မှာ သတိုးသား အိမ်ရာသို့ သတိုးသမီးကို ခေါ်ဆောင်လာပြီး ပြုသော မင်္ဂလာ၊
ဝိဝါဟ ဆိုသည်မှာ သတိုးသမီး နေထိုင်ရာ အိမ်ဂေဟာ သို့ သတိုးသားက သွားရောက် ဆောင်နှင်းသော မင်္ဂလာဖြစ်ပြီး၊
စရမင်္ဂလာ ဆိုသည်မှာ မိမိအိမ်ရာမှ တစ်ပါး ကြီးကျယ် ခမ်းနားသော အဆောက်အဦး (ဟိုတယ်-ခန်းမ စသည်) ၌ ဆင်နွှဲသော မင်္ဂလာဖြစ်ပါသည်။


ဘုရားဟောသော ၃၈ ဖြာမင်္ဂလာ များမှာကား အောက်ပါ အတိုင်းဖြစ်လေသည်=

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ် မပေါင်းသင်းရခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ် ပေါင်းသင်းရခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည် ထိန်းသိမ်းခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသောသူ ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာ သင်အပ်သော ၀ိနည်းတရား (လူ့မှူုကျင့်ဝတ်) ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာပြောဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား ပြုစုလုပ်ကြွေး ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း(ပရဟိတ) လုပ်ခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို (ငါးပါး ရှစ်ပါးသီလတို့ကို)ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ကူညီင်္ထောက်ပံ့ခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည် သေရက်ကို သောက်စား ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှု ကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူ တို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့် လျောက်ပတ်သော အခါ၌ သူတော်ကောင်း တရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမ အပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေး မေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ိရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ အလိုရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ကြောက်ရွံ့သော ဘေးမရှိခြင်း။ ဟူ၍- ပရိတ်ကြီး မင်္ဂလသုတ်တွင် ၃၈ ဖြာ မင်္ဂလာဟူ၍ ဗုဒ္ဓဟောကြားထားလေသည်။

ဟိန္ဒူ ဗြဟ္မဏဝါဒလာ လောကီမင်္ဂလာ ၁၂ ပါး=

၁၊ ဂဗ္ဘသာဝက မင်္ဂလာ- ပဋိသန္ဓေနေသည့်နေ့မှစ၍ ရံခါရံခါ ပြုလုပ်ပေးသော မင်္ဂလာ။
၂၊ ဝိဇာတ မင်္ဂလာ- ဖွားမြင်သောအခါ ပြုလုပ်သော မင်္ဂလာ။
၃၊ အာဟာရ ပရိဘောဂ မင်္ဂလာ- သူငယ်ကို ထမင်း ခွံသော မင်္ဂလာ။
၎။ တမ္ဗုလ ဘတ္တ မင်္ဂလာ- ကွမ်း ခွံသော မင်္ဂလာ။
၅၊ ဒေါဠာ ကရဏ မင်္ဂလာ- ပုခက်လွှဲသော မင်္ဂလာ။
၆၊ ကေသစ္ဆေဒန မင်္ဂလာ- ဆံပင်ပယ်သော မင်္ဂလာ။
၇၊ ဂေဟကရဏ မင်္ဂလာ- အိမ်သစ်တက်သော မင်္ဂလာ။
၈၊ သာမဏေရ ဗ္ဗဇ္ဇမင်္ဂလာ- ရှင်ပြုပေးသော မင်္ဂလာ။
၉၊ ကဏ္ဏဝိဇ္ဈန မင်္ဂလာ- နားသ မင်္ဂလာ။
၁၀၊ ဒုဿနဂဟ မင်္ဂလာ- ပုဆိုး ထဘီ ဝတ်ပေးသော မင်္ဂလာ။
၁၁၊ စူဠဂဟန မင်္ဂလာ- ဆံထုံးဥသျှောင် ထုံးပေးသော မင်္ဂလာ။
၁၂၊ အာဝါဟ ဝိဝါဟ မင်္ဂလာ- လက်ထပ်မင်္ဂလာ။ ဟူသော မင်္ဂလာ တရား ၁၂ ပါးရှိပါသည်။

အာဝါဟ ဝိဝါဟ မင်္ဂလာ-ခေါ် လက်ထပ်မင်္ဂလာသည် ဘုရားဟော ထားသော ၃၈ ဖြာ မင်္ဂလာ တရား၌ မပါဝင်သော်လည်း၊ ၄င်းမင်္ဂလာကိုြ့ပုလုပ်ကြသော ဇနီးမောင်နှံများ အတွက် ကျင့်ဝတ် တရားများကို ဟောကြားတော်မူခဲ့လေသည်။

မိမိတို့ ငယ်စဉ်က သင်ခဲ့ဖူးသော၊ မြန်မာ့ရိုရာ ကျင့်ဝတ်ခေါ် မယားကျင့်ဝတ် လင့်ကျင့်ဝတ်၊ တပည့်ကျင့်ဝတ် ဆရာကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ် အလုပ်ရှင်ကျင့်ဝတ် စသည်အားဖြင့် သင်ခဲ့ရသမျှ ကျင့်ဝတ်တို့သည်၊ သိင်္ဂါလောဝါဒ သုတ်လာ ဘုရားဟောကြားတော်မူခဲ့သော လူ့မှူ ကျင့်ဝတ်များ ဖြစ်သည်၊ ၄င်းကျင့်ဝတ်များအား လူငယ်များ မှတ်မိလွယ်စေရန် ကဗျာလင်္ကာ များဖြင့် ရေးစပ်သီကုံးထားသောကြောင့် ဘုရားဟော ဟူ၍ မထင်မှတ်ခြင်းဖြစ်ပါသည်၊

မေး။ ။ မအိ။၂။ လူ့ဘ၀ရဲ့တန်ဖိုးနှင့် ပတ်သက်တဲ့ တရားမျိုး ဘုရားဟော ရှိပါသလား ရှိပါက ပါဠိတော်နှင့် အညီ ဖြေပေးပါ။

ဖြေ။ ။ မနုဿတ္တ ဘာဝေါ ဒုလ္လဘော= လူ့ဘဝကို ရရှိခြင်းသည် အလွန်တရာမှ ခဲယင်း၏၊ တန်းဖို့ ရှိ၏ ဟူ၍- ဗုဒ္ဓစကားတော် ရှိပါသည်။

မေးခွန်ရှင် သိလိုသည်မှာ= လူ့ဘဝ၏ တိုးတက်ရာ တိုးတက်ကြောင်း၊ တရားများကို ဆိုလိုသည်ဟု ယူဆရပါသည်။

ဗုဒ္ဓဟောထားခဲ့သော ပါဠိတော် အဋ္ဌကတာ ဋိကာ မှန်သမျှတို့သည်၊ လူ့ဘဝ၏ တိုးတက်ရာ တိုးတက်ကြောင်း တရားများသာ ဖြစ်ပါသည်။ လူ့ဘဝ၏ တိုးတက်ရာ တိုးတက်ကြောင်း မဟုတ်သော ဗုဒ္ဓ၏ စကားဟူ၍ မရှိပေ။

ကိုးကွယ်ဆည်းကပ်သူ လူအများ ပါဠိစာပေကို သင်ယူမှူများ နည်းပါးလာခဲ့ခြင်းကြောင့် ကလေးကျောင်းပို့သည်ကို ကုသိုလ်ရသော ဗုဒ္ဓ၏ ဘာသာရေး အဆုံးအမအဖြစ် သဘောမပေါက်သလို၊ အရွယ်ရောက်လာသော မိမိ၏ သမီး/သားကို အိမ်ရာတည်ထောင်ရန် သင့်တော်ရာ အိမ်ထောင်ဖက်နှင့် ထိမ်းမြား လက်ထပ်ပေးခြင်းကိုလည်း၊ ကုသိုလ်ရစေတဲ့ ဘာသာရေး အဆုံးအမ ဖြစ်ကြောင်းကို မသိကြတော့ပေ။

ဥပမာ...ကလေးဘ၀ ကျောင်းတက်စာသင်ခြင်း အတတ်ပညာ သင်ယူခြင်းသည် (သိပ္ပဉ္စ) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမ ဖြစ်ပါသည်။

အိမ်က ဇနီးမယား သမီးသား အတွက် စီးပွါးဥစ္စာရှာဖွေ နေခြင်းသည် (ပုတ္တဒါရဿ သင်္ဂဟော) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမ ဖြစ်ပါသည်။

အဖေအမေ ကို ပြုစုလုပ်ကျွေးခြင်းသည် (မာတာပိတု ဥပဋ္ဌာနံ) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမဖြစ်ပါသည်။

ကုသိုလ်ဖြစ်စေ. ပညာဖြစ်စေ. စီးပွါးဥစ္စာဖြစ်စေ တစ်ခုခု၊ ဒါမှမဟုတ်အားလုံး ရနိုင်သော အရပ်ဒေသသို့ ပြောင်းရွေ့ အခြေချ နေထိုင်ခြင်းသည် (ပတိရူပ ဒေသ၀ါသောစ) မင်္ဂလာ ကုသိုလ်ရသော ဘုရားရှင်၏ အဆုံးအမ ဖြစ်ပါသည်။

စသည်ဖြင့် ဗုဒ္ဓအဆုံးအမတော် များသည် နေ့စဉ်ဘ၀အရေး အတွက် လမ်းညွန်ချက်များ ရှိသည် ဆိုသည်ကို မသိကြသည်မှာ လူတို့၏ ဘာသာရေး အသိပညာ လေ့လာမှူ နည်းပါးခြင်းကြောင့် သာလျှင်ဖြစ်ပါလိမ့်မည်။

အနီးကပ်အားဖြင့် မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ်၊ စသော မြောက်များလှစွာသော သုတ် အဘိဓမ္မာ တရားတော်များသည် လူ့လောက အကျိုးပြု တရားတော်များသာ ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားလိုက်ပါသည်။

လူ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း မပါဟု ထင်မှတ် ပြောဆို ခြင်းသည်၊ ၄င်းတို့ကိုယ်တိုင် မသိသေး၍သာ ပြောဆိုကြခြင်း ဖြစ်ပေလိမ့်မည်။

မြတ်စွာဘုရားသည်၊ ပါရမီဖြည့်ကျင့်စဉ် ကတည်းက=

လောကတ္တစရိယ= လောကအတွက် ကျင့်၏။
ဥာတတ္တစရိယ= ဆွေတော် မျိုးတော်တို့အတွက် ကျင့်၏။
ဗုဒ္ဓတ္တစရိယ= အလုံးစုံသော တရားများကို သိဖို့အတွက် ကျင့်၏။

ဤအဖြေများသည် အလုံးစုံ မှန်ကန် ပြီးပြည့်စုံပြီဟူ၍ မမှတ်ယူစေချင်ပါ၊ အခြားအခြားသော ဆရာတော်များအားလည်း မေးမြန်းစေချင်ပါသည်။

သင်ရင်းနှင့် ကျင့်၊ ကျင့်ရင်းနှင့် သင်နိုင်ကြပါစေ။

ဆက်ဖတ်ရန်.

ကပ္ပိယကျော်ခေါင်နှင့် မေတ္တာခြုံ လုံပါပေ့၊

တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင် သည် အလွန်တရာမှ ထူးဆန်း အံ့သြဖွယ် ကောင်းသော သတင်း တစ်ပုဒ်ကို ကြားသိရ၍၊ သွားရောက် ကြည့်ရှုလိုစိတ်များ တဖွားဖွား ဖြစ်လျှက်ရှိပေသည်။

ကြားရသော သတင်းမှာ အောက်ပါ အတိုင်းဖြစ်လေသည်။

ကျားနှင့် အတူ လမ်းလျှောက်နေသော ဘုန်းတော်ကြီးများ

ထိုင်းနိုင်ငံ၏ မြို့ငယ် တစ်မြို့တွင်၊ အလွန်တရာမှ ရက်စက်ရိုင်းစိုင်းသော အသားစား ကျားသတ္တဝါ များသည်၊ ဘုန်းတော်ကြီးများ၏ ပို့ သသော မေတ္တာတော်ကြောင့်၊ လူသားကို စားမည့် နေနေ သာသာ ခလေးသူငယ်များဖြင့် ကြောင်းကလေးများပမာ ဆော့စကားနေသည်ဟု ထူုးဆန်းစွာ ကြာသိခဲ့ရလေသည်။

ပြောသံကြားရုံမျှဖြင့် လက်ခံလေ့ မရှိသော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ လက်တွေ့  ကြည့်လို မြင်လိုစိတ်များကို တားမနိုင်ဆီးမရ ဖြစ်နေလေတော့၏။

မေတ္တာပို့ ထားရုံသက်သက်ဖြင့် လူကို ရန်မမူ ဟု ဆိုသော သတင်းကို အကျွန်ုပ်ကပ္ပိယ ကျော်ခေါင် မယုံသည်မှာလည်း၊ အထူးအဆန်းတော့ မဟုတ်ပေ။ များမကြာသေးသော နစ်များက မှ မေတ္တာပို့ လမ်းလျှောက်ကြသည် ဟု ဆိုကာ ထောင်ကျသောဘုန်းကြီးက ကျ၊ သေနပ်နဲ့  အပစ်ခံရသောဘုန်းကြီးက ခံရ၊ တိုင်းတစ်ပါးသို့ ထွက်ပြေးသော ဘုန်ြးုကီးက ထွက်ပြေးရနှင့်၊ ဗြောင်ဆန်သွားသေးသည် မဟုတ်ပါလား။ ထားပါတော့။

သို့နှင့် အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ထိုင်းနိုင်ငံသို့ ရောက်တုန်း ရောက်ခိုက်၊ မမြင်ဖူးသည်များကို မြင်ဖူးရလေအောင် ဟု ဆိုကာ၊ ၄င်း လူကို မကိုက်သော ကျားများကို သွားရောက် ကြည့်ရှူရလေတော့၏( ရွာပြန်ရောက်တော့လည်း ကြွားရတာပေါ့လေ)။
အကျွန်ုပ် ကဲ့သို့သော တောသား တစ်ယောက်က တောတိရိစ္ဆာန်ကို ငွေပေး၍ ကြည့်ရသည် ဆိုပြန် တော့လည်း ရာဇဝင်များရိုင်းလေမလား ဟု စိုးရိမ်မိပြန်သေး၏၊ သို့သော်လည်း မတတ်နိုင်တော့ပေ၊ ဘုန်းတော်ကြီးများ ပို့သသော မေတ္တာကို ခံယူရသောကြောင့် လူကို ရန်မမူ ဟု ဆိုသော ဂုဏ်ထူး ဝိသေသ ကြောင့်ပင်လျှင် ကြေစေတော့။

ကျားနှင့်ဆော့ကစားနေသော ထိုင်းလှပျိုဖြူးလေး တစ်ဦး

အကျွန်ုပ်ရောက်သွားပြီး လက်တွေ့ မြင်လိုက်ရတော့မှ = အား…ပါး…ပါး၊ ကိုးတောင် ဆယ်တောင် ဆယ့်နစ်တောင် ကျားကြီးတွေ ပါလား……….။ တစ်ကောင်… နစ်ကောင်… သုံးကောင်း…. အကျွန်ုပ် ရေကြည့်မိသေးသည်။
ဘုန်းတော်ကြီးတွေ မေတ္တာကို ခံယူရရှိထားလို့ လူကို မကိုက်ဘူး..တဲ့။ အဟင်း……သူတို့က မေတ္တာကို ခံယူတတ်ကြသကိုး..။



၎င်း ကျားကျောင်း ခေါ် ဝပ်ဖလောင်တဘူ ကျောင်းသည် Wat Pha Luang Ta Bua, ကင်ချနပူရီမြို့၊ စီယွတ်နယ်တွင် တည်ရှိပြီး၊ မြန်မာနိုင်ငံနယ်စပ်မှ ကီလိုမီတာ ၃၂၃ သာ ကွာဝေး ပါသည်၊ ဘန်ကောက်မြို့မှ နေ့ချင်းပြန် ကားများဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။

ကျားများကို မကိုင်ရဲသော်လည်း အားငယ်စရာမလို

လက်ရှိတွင် ၄င်းကျောင်းတိုက်၌ ကျားအကောင် ၄၅ ကောင်ခန့်ရှိပြီး၊ တစ်ခြား သားငှက်တိရိစ္ဆာန် စုံလင်စွာ တွေ့မြင်နိုင်ကြောင်း အသိပေးအပ်ပါသည်။

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP