မအိ မေးမြန်းသော မနုဿတ္တဘာဝေါ ဒုလ္လဘော

မေး။ မအိ၊ ။ လူ့ဘ၀ကိုရခဲတယ်ဆိုတာ ဘာကြောင့်ရခဲတာလဲဘုရား ပါဠိ ၀တ္ထု မြန်မာ စုံလင်စွာဖြေပေးတော်မူပါဘုရား

ဖြေ။ ။ (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀န အတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

အထက်ပါ ရခဲခြင်း ငါးမျိုးအား မြတ်စွာဘုရားသည်၊ မိမိ၏ တပည့် ရဟန်းတော် တို့အား ဆွမ်းခံပြန်ရောက်ချိန်တွင် ဂန္ဓကုဋိတိုက်အဝင်မှ နေ၍ နေ့စဉ်နေ့တိုင်း၊ ဆုံးမနေသော တရားငါးမျိုး ဖြစ်ပါသည်။ ၀တ္ထု ဟူကား ဧရကပတ္တနာဂရာဇ၀တ္ထု-ဓမ္မပဒ ဒုတိယ အုပ်တွင် ဖတ်ပါလေ။

ပါပသသ္မိံရမတိ မနော= သတ္တဝါတို့၏ စိတ်မည်သည်မှာ မကောင်းမှူ အကုသိုလ် ဒုစရိတ်တို့ဖြင့်သာ ပျော်ရွှင်လေ့ ရှိသောကြောင့်၊ မကောင်းမှူများ ကျက်စားရာ အပါယ်လေးဘုံးတို့၌သာ အဖြစ်များကြလေသည်။

လူအဖြစ်ကို ရခဲသည်ဆိုရာတွင်၊ လူသေပြိး၍ နောက်ထပ် လူပြန်ဖြစ်ဖို့ အရေးနှင့် အခြားသော ဘဝမှနေ၍ လူ့ဘဝကိုရဖို့ရန် ခဲယင်းသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်၊ လူဦးရေ အရေအတွက် များနေသည်မှာ လူတစ်မျိုးတည်းကို ကြည့်၍ များနေသည် ဟု ထင်မှတ်ရပါသည်။

လူနှင့် အခြားသော သတ္တဝါများထည့်မှ တိရိစ္ဆာန်တစ်မျိုးတည်းကိုပင် ကြည့်ကြပါစို့၊

လူတစ်မျိုးတည်းကို ကြည့်မည်ဆိုပါက တစ်နေ့ထက် တစ်နေ့ လူဦးရေး များပြားနေသည်ဟု ထင်မှတ်ရသော်လည်း၊ လူတစ်ယောက်၏ ခန္ဓာကိုယ် တစ်ခုမှာရှိသော ပိုးမွားကလေးများနှင့်ပင် အတော်အရေအတွက် ကွာခြားသွားပြိးဖြစ်၏။ လူများလာသလောက် ၄င်း ပိုးမွားကလေးများလည်း များလာမည်ဖြစ်သည်။

ဗုဒ္ဓစာပေ အရ လူတစ်ယောက်သေဆုံးလျှင် တမလွန်၌ ရောက်နိုင်သော ဂတိ ငါးမျိုးရှိပါသည်၊
ဒေဝ(နတ်)၊
မနုဿ(လူ)၊ နိရယ(ငရဲ) ပေတ(ပြိတ္တာ)
တိရိစ္ဆာန(တိရိစ္ဆာန်) ဟူသော သွားရောက်နိုင်သော ဘုံး ငါးမျိုးရှီပါသည်။

၎င်းဘုံများတွင် မည့်သည်ဘုံတွင် အရေအတွက် အများဆုံးဖြစ်သနည်း ဆိုသည်ကို စဉ်းစားကြည့်မှ လူ့ ဘဝကို ရဖို့ခဲယင်းသည်ကို သဘောပေါက်နိုင်ပါသည်။

ဤသည်မှာ အနီးကပ်ဆုံး တိရိစ္ဆာန် တစ်မျိုးတည်းဖြင့် နိုင်ယှဉ် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

1 Comment:

Unknown said...

ရွာဦးကျောင်းဆရာတော်ဘုရားကျန်းမာသာလို့မာပါရဲ့လားဘုရား။
တပည့်တော် ရွာဦးကျောင်းကို အခုမှရောက်ဖူးတာပါဘု ရား။
အဲဒီတော့ ဆရာတော်ဖြေကြားထားတဲ့ မနုဿတ္တဘာဝေါ ဒုလ္လဘော မေးခွန်းမှာ ဖြေကြားထားတဲ့ အထဲမှာ တပည့်တော် တစ်ခုသဘောမပေါက်ဘူးဖြစ်နေတယ်ဘုရား။ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်နဲ့စာရင် အခုခေတ်မှာ လူဦးရေရော၊ တိရစ္ဆာန်ဦးရေရော ပိုပြီး တော့များလာတယ်မလားဘုရား။ အဲဒီများလာတဲ့ လူတွေ၊ တိရစ္ဆာန်တွေ ဟာဘယ်ဘုံဌာနတွေက ဒီလူ့ဘုံ၊ တိရစ္ဆာန်ဘုံတွေကိုရောက်လာကြတာလဲဘုရား။ တပည့်တော်ကြားဖူးသည်မှာ သတ္တ၀ါတစ်ဦးဦးဒီဘ၀မှသေသွားလျှင် နောက်ဘ၀မှာ သွားဖြစ်ရင် ဒီဘ၀မှာ သတ္တ၀ါဦးရေလျှော့ဆင်းသွားရမယ်မလားဘုရား။ အခု က လူတွေလည်းများလာတယ်။ တိရစ္ဆာန်တွေလည်း များလာတယ်။ သတ္တ၀ါတစ်ခု ကံတစ်ခု မဟုတ်လားဘုရား။ သတ္တ၀ါတွေတိုးပွါးလာဖို့အတွက် အဲဒီကံတရားတွေက ဘယ်ကနေတိုးလာတာလဲဘုရား။ ကြောင်း၊ကျိုျးဆီလျော်အောင်ဖြေကြားပေးစေလိုပါတယ် ဘုရား။ မောင်သာဦး

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP