ကိုယ်တိုင်ဖူးတွေ့ရသကဲ့သို့ ကုသိုလ်ပွားများစေရန် ရည်ရွယ်မျှဝေပါသည်။
ကျေးဇူးတော်အရှင် ဖြုးဆရာတော် ၏ အန္တိမအဂ္ဂိ ဈာပန အခမ်းအနား- ဓါတ်ပုံများ
Posted by ရွာဦးကျောင်း ဆရာတော် at 5:41 PM 0 comments
Labels: သတင်း
ဖြူးဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနား
၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)
၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ
၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ
၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ
၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
Posted by ရွာဦးကျောင်း ဆရာတော် at 8:02 PM 0 comments
Labels: သတင်း
ဖြူးဆရာတော်ဘုရားကြီးပျံလွန်တော်မူခြင်း။
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိသည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။
အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။
ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။
ှ
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
Posted by ရွာဦးကျောင်း ဆရာတော် at 1:34 PM 0 comments
Labels: သတင်း
နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် ဆေးအလှူတော်ငွေဆက်ကပ်လှူဒါန်း
ဘန်ကောက်မြို့ ဖလန်ကောက် ဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိသော နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော် ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးအတွက်၊ စာတုပတီ မြန်မာအလုပ်သမားများအဖွဲ့ ၊ ဖိကစင် ၆၂/၁ မိသားစုများအဖွဲ့ နှင့် စေတနာရှင် မြန်မာအလုပ်သမားများစုပေါင်း၍ ၊ ဆေးအလှူတော်ငွေ လှူဒါန်းပွဲအခန်းအနားကို ဘန်ကောက်မြို့ ဝပ်တလုမ်ကျောင်းတိုက်၌ ပြုလုပ်လှူဒါန်းကျင်းပရာ၊ ဖြူးဆရာတော်၏ တပည့်များဖြစ်ကြသော အရှင်အာလောက နှင့် အရှင်ဇာဂရ တို့မှ လက်ခံရယု၍ လှူဒါန်းမှူအစုစုတို့ အတွက် ရေစက်သွန်ချ အမျှပေးဝေကြကြောင်းကို သိရှိရပါသဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါရန် စေတနာရှင်များအား အသိပေးအပ်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 8:46 PM 0 comments
Labels: သတင်း
အလိုတော်ပြည့်ဗုဒ္ဓပူဇာနိယပွဲတော်
for more information to visit / www.alodawpyi.multiply.com
Posted by ရွာဦးကျောင်း ဆရာတော် at 10:09 PM 0 comments
Labels: သတင်း
ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း

ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။
ှ
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
------------------------------------------------------------------------------------------------------------
ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေပါသည်။
ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။
ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။
သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်
း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။
ထိုင်းနိုင်ငံ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။
စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀
မြန်မာနိုင်ငံ
ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄
ဘလောဂါ ဝိမုတ္တိသုခ ၏ မေတ္တာရပ်ခံခြင်းအား ကူညီသောအားဖြင့်၎င်း၊ အလွန်တရာမှ ကြည့်ညိုလေးစားရသော ဖြူးဆရာတော်ကြီး၏ ကျန်းမာရေး အတွက်၎င်း ဤသတင်းအား ဝိမုတ္တိသုခ၏ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 5:16 AM 0 comments
Labels: သတင်း
ကပ္ပိယကျော်ခေါင်း နှင့် တစ်ကြော့ပြန် ဘိုးမှန်
အခု တလော ရွာဦးကျောင်းဆရာတော်၏ အလွန်တရာအားကိုး အားထားရသော တပည့်ကျော် ကပ္ပိယကျော်ခေါင် တစ်ယောက် ပျောက်ခြင်းမလှ ပျောက်နေရခြင်းမှာကား တစ်ကြော့ပြန်ဘိုးမှန် ဆိုသူ၏ ပယောက မကင်းလှပေ၊ ၄င်း တစ်ကြော့ပြန်ဘိုးမှန် ဆိုသူသည် နာမည်နဲ့ လိုက်ဖက်ညီအောင် စကားကို ထပ်ခါတလေ့လေ့ ပြောဆိုလေ့ရှိ၏၊ ပြောပြီးသောစကားကို အနည်းဆုံး တစ်ကြော့ပြန်၍ မပြောရလျှင် စာဝင်အိပ်ပျော်ရှိလှသူမဟုတ်ပေ။
စကားပြောလျှင်လည်း ” ခုနားက ပြောခဲ့သလို ” ဟူ၍ နိဒါန်းချီကာ ပြောဆိုတတ်လေ၏၊ သူပြောသော စကားများတွင် ဂျပန်ခေတ် မြန်မာပြည်အကြောင်းမပါလျှင် မပြီး၊ တစ်ခုခုကို နှိုင်းယှဉ်၍ ပြောရာတွင် လည်း ” ငါ ဂျပန်ခေတ်က လုပ်ခဲ့သလိုမျိုးပေါ့” ” ဂျပန်ခေတ်က ငါ့ အဖိုးကိုင်ခဲ့တဲ့ ဓားမျိုးပေါ့” ” ဇာဇီပြင်ကုန်းမှာ ဂျပန်စစ်သားတစ်ယောက်ကို ငါတို့အဖွဲ့လက်ပြန်ကြိုးတုတ်ခဲ့တုန်းကပေါ့” စသည်စသည်ဖြင့် အာဘောင်အားရင်း သံသံ ပြောဆိုလေ့ရှိ၏။
အခုလည်းကြည့်.. မြို့မှာ ငါးထောင်တန်း ထွက်တယ်ဆိုလား ဘာဆိုလား ကြားတာနဲ့ ၊ ဂျပန်ခေတ်ကို ရောက်သွားပြန်ရော့၊ ” အံမယ်..ငါတို့ ဂျပန်ခေတ်တုန်းက ဆိုရင် လက်ထည့်မှာ ငွေ ၁၀ လောက်ရှိရင် မြို့ကိုသွား ပုဆိုးတစ်ထည်ဝယ် အင်္ကျီးတစ်ထည်ဝယ် မုန့်အဝစား ဒါတောင် ငွေက မကုန်နိုင်သေးလို့ ၊ ဟို…ဂျပန်စကားပြန် လုပ်စားနေတဲ့ ဖိုးလုံးနဲ့  အတူ ယမကာလေး ဘာလေး သောက်လိုက်သေးတယ် မင်းတို့ခေတ်ကျမှ ဘာတွေလည်းကွာ” ဟူ၍ ညဉ်းတွားနေလေတော့၏ ။ သိုသော် ကပ္ပိယကျော်ခေါင် နှင့် ရွာသားလူငယ်တစ်စုတို့သည်လည်း တစ်ကြော့ပြန်ဘိုးမှန်၏ စကားကို မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်လည် ချေပနိုင်ခဲ့ခြင်း မရှိကြပေ။ ကိုယ့်ကိုကိုယ့် အလွန်ဗဟုသုတ ရှိသူဟု ယူဆထားသော ကပ္ပိယကျော်ခေါင်သည်ပင်လျှင် ဘာမျှ ပြန်မပြောနိုင်ခဲ့ပေ။ အကြောင်းမှာကား… ဂျပန်ခေတ်က သုံးခဲ့သည်ဆိုသော ငွေစက္ကူကို၎င်း၊ ယ္ခုထွက်နေသည်ဆိုသော ငွေစက္ကူကို၎င်း ကပ္ပိယကျော်ခေါင် နှင့်တကွ ရွာသူရွာသားများ အားလုံး မည်သူမျှ မြင်ဖူးခဲ့ခြင်းမရှိသေး သောကြောင့်တည်း။ ။
Posted by ရွာဦးကျောင်း ဆရာတော် at 9:47 AM 0 comments
Labels: ဆောင်းပါး
