G-mail တစ်ခု ဝယ်ချင်သူ
နွေရာသီကျောင်းပိတ်ရက် မြန်မာနိုင်ငံသို့အလည်ပြန်ဖြစ်သည့်အချိန် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကလေးတစ်ခုပါ။ အခုခေတ်သည်ကား နည်းပညာခေတ်ဖြစ်နေသည် နည်းပညာ၏ပံပို့မှု့ကြောင့် ကိစ္စအတော်များများ အချိန်ကုန်လူပန်းသက်သာ၏၊ လျှပ်တစ်ပြက်အတွင်းမှာ ကမ္ဘာကြီးနှင့် တိုက်ရိုက်ဆက်သွယ် စကားပြောနိုင် ထိတွေ့နိုင်ပြီး ၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေသည်ကိုလည်း မြင်တွေ့နိုင်ပြီဖြစ်သည်။
စာရေးသူတို့နိုင်ငံသည်ကား ဖွံ့ဖြိုးမှုအားနည်းသော်လည်း နည်းပညာပိုင်ဆိုင်ရာမှာ ညံ့သည်ဟု မဆိုင်နိုင်သေးပေ၊ သို့သော်လည်း ပြည်တွင်းက မြန်မာအများစုမှာ ကွန်ပျုတာနှင့် ပတ်သတ်၍ အခေါ်အဝေါ်များကိုမူ အင်္ဂလိပ်အသံထွက်အတိုင်း တိုက်ရိုက်ယူ၍ပြောဆိုသုံးစွဲကြ၏၊ တစ်ခြားနိုင်ငံများတွင် သူ့ဘာသာစကားတစ်ခုကို တတ်လျှင်ပင်လုံလောက်သော်လည်း၊ မြန်မာနိုင်ငံသားများအတွက် မလုံလောက်သေးပေ၊ တစ်ခြားနိုင်များတွင် မည်သည့်ပစ္စည်ပင်ထုတ်ထုတ် သူ့ဘာသာစကားဖြင့် ထည့်သွင်းထားသောကြာင့် မိမိ မိခင်ဘာသာစကား တစ်ခုကိုတတ်လျှင် အလုပ်ဖြစ်ပြီ။
အစစအရာအရာ ထိမ်းချုပ်ခံထားရသောမြန်မာပြည်မှ လူအများစုသည် မျက်စိပိတ် နားပိတ်လျှက် ကမ္ဘာကြီး၏ ပြင်ပတစ်နေရာကို ရောက်နေသကဲ့သို့ဖြစ်နေသည် ။
ထိုင်း၊ မလေးရှား စသော အိမ်နီးချင်း နိုင်ငံများတွင် ဟန်ဖုန်းကိုလူတိုင်း ကိုင်နိုင်သကဲ့သို့၊ အင်တာနက်ကိုလည်း ဖုန်းသုံးလို့ရသော နေရာတိုင်းတွင် သုံးနိုင်သည် ဖုန်းမှတစ်ဆင့်သော်လည်းကောင်း မော်ဒန်ကဒ်စနစ်ဖြင့် သော်လည်းကောင်းသုံးနိုင်၏၊ သို့သော် မြန်မာနိုင်ငံတွင်းမှာမူ ဖုန်းကိုင်နိုင်လျှင် သူဌေးဟု လူအများမှတ်ထင်နေကြတုန်းသာ ရှိသေး၏၊ ထင်လောက်အောင်လည်း ဟန်းဖုန်းကိုင်နိုင်သူများမှာ ငွေကြေးတတ်နိုင်သူများသာ၊ သာမန်လူများကိုင်နိုင်ဖို့ မဖြစ်နိုင်သေးချေ၊ အင်တာနက်ဆိုလျှင်လည်း မြို့ကြီးပြကြီးများလောက်တွင်သာ ကော်နယ်ရှင်ကျခြင် အစိုးရထိန်းချုပ်ခြင်း စသောချုပ်ချယ်ကန့်သတ်မှု များစွာဖြင့်သာ သုံးစွဲနိုင်၏၊
သို့သော်လည်း Google Talk တစ်ခုမှလွဲ၍၊ အခြား ဗဟုသုတဆိုင်ရာ ဝက်ဆိုဒ်များကိုမူ ဖွင့်မရသလောက် ဖြစ်ချေ၏၊ အင်တာနက်သုံးခြင်းသည် ကောင်လေးနှင့် ကောင်းမလေးများ Q ခြင်းမျှလောက်သာ ထင်မှတ်နေတုန်း ရှိသေး၏၊ ပြည်ပရောက် မိမိတို့သူငယ်ချင်းများ ပို့ပေးသော ဖတ်မှတ်စရာ သတင်းများကိုသာ မိမိတို့ မေးထဲမှာ မရ မက ဖွင့်ကာ ဖတ်နေရတုန်းရှိသေး၏။
တစ်နေ့- စာရေးသူတို့အိမ်နားက အင်တာနက်ကဖေးတွင် အင်တာနက်သွားသုံးစဉ် တောမှ လူကြီးတစ်ယောက်သည်၊ မလေးရှားတွင် အလုပ်လုပ်နေသော သားနှင့် စကားပြောရန်ရောက်ရှိလာလေသည်။
စာရေးသူသည်လည်း သူ့ကိုကြည့်လျှက် အကဲခပ်နေမိသည်၊ ဆိုင်ပိုင်ရှင်နှင့် တစ်ခြားအသိတစ်ဦးမှ အကူအညီပေးမှု့ကြောင့် အွန်လိုင်းက ဂျီတော့ပ်ဖြင့်ပင်လျှင်၊ ကော်နယ်ရှင်ကျလိုက် တက်လိုက် ခက်ခက်ခဲခဲ ပြောနေရှာလေသည်။
တောကလာသော ထိုလူကြီးသည် ကော်နယ်ရှင် ကျသွားသည်ကိုလည်းမသိ တက်လာသည်ကိုလည်း မသိပဲ ပြောချင်တိုင်း ပြောနေလေ၏၊ ဘေးမှလူများက ကော်နယ်ချင်ကျနေတယ် ခဏစောင့်ပါဦးဆိုမှ ရပ်လိုက်သည၊် တော်ကြာနေ ကော်နယ်ရှင်တက်လာသောအခါ ပြန်စကားပြောပြန်သည် ဤကဲ့သို့ ပြောလိုက်ရသည်ကို အလွန်အင်မတန်မှ ပီတိသောမနဿဖြစ်နေသော တောကလူကြီးသည် ဆိုင်ရှင်ကိုလှမ်းမေးလိုက်ပုံမှာ။
ငါ့တူ.. အဘ ဂျီးမေးလ်တစ်လုံးလောက်ဝယ်ချင်တယ်ကွာ ဘယ်လောက်ပေးရမလဲ သားနဲစကားပြောချင်ရင် တစ်ခါတစ်ခါ မြို့ကိုလာရတာမလွယ်ဘူးကွဲ့…….ဟူ၍ ဖြစ်လေတော့သတည်း။
အော်…….မြန်မာပြည်မှာ သူ့လို ဂျီးမေလ်းတစ်ခုလောက် ၀ယ်ထားချင်သူတွေ အများကြီး ရှိကြမှာပါ ဟု တွေးမိလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက လူတော်တော်များများ သူများနိုင်ငံမှာ အလုပ်ထွက်လုပ်နေကြရပြီးလေ၊ သူတိုသားသမိးတွေကို တွေ့ချင် မြင်ချင် စကားပြောချင်ကြမှာပေါ့။
ဗမာပြည်ကပြန်အလာ ထိုင်းနိုင်ငံကိုရောက်ပြန်တော့လည်း မိမိ၏ မိတ်ဆွေ မင်းထက်တစ်ယောက် အိမ်ကို ရောက်လာပြန်သည်။
အင်္ဂလိပ်စာလုံးဝ မတတ်သော်လည်း၊ မိတ်ဆွေအပေါင်းသင်းများ၏ အကူအညီအကြောင့် ကွန်ပျုတာ အင်တာနက်များကို အထိုက်အလျှောက်သုံးစွဲနိုင်သော မောင်မင်းထက်သည် သူသိချင် တတ်ချင်သော အရာများအား၊ မရှက်မကြောက် မေးတတ်သူပီပီ အင်တာနက်မှ ဒေါင်းလုပ်လုပ်တာကို သူပြောလိုက်ပုံက၊
ကိုယ့်လူရယ်… ဟု စချီကာဖြင့်၊ အင်တာနက်က ဒေါင်းမင်းဘယ်လို လုပ်ရတယ် ဆိုတာရယ် မြန်မာလိုင်းကို ဘယ်ကဖမ်းရတယ်ဆိုတာရယ်ကို၊ ခဏသင်ပေးစမ်းပါတဲ့၊ မြန်မာပြည်တွင်နေခဲ့စဉ်က ရေဒီယိုကိုသာ သုံးဖူးခဲ့သော တောသားလေးမောင်မင်းထက်တစ်ယောက၊် အင်တာနက်က မြန်မာလိုင်းကို ဖမ်းဖို့ပြောလာလေပြီတကား။
ကဲ… ကိုယ့်လူတို့ရယ်… မရယ်ချင်ကြနဲ့နော် ဘာတွေကွာသလဲလို့သာ စဉ်စားပေးကြပါတော့။
သူငယ်ချင်းတစ်ယောက်၏ အတွေ့အကြုံကို မိမိ၏ အတွေ့အကြုံများဖြင့် ပေါင်းစပ်ကာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ဆက်ဖတ်ရန်.
မရ အဆုံး ဝပ်တလုမ်း
မြန်မာရဟန်းတော်များ အများဆုံးသီတင်းသုံးရာ ဝပ်တလုမ်ကျောင်းတိုက်
ဝပ်တလုမ်ကျောင်းဟု ဆိုလိုက်လျှင်၊ ထိုင်းနိုင်ငံရောက် မြန်မာများအနေဖြင့် မသိသေးသောသူ အလွန်ပင်ရှားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ၄င်းဝပ်တလုမ်ကျောင်းတိုက်အတွင်၊ သီးတင်းသုံးနေသော မြန်မာရဟန်းတော်များမှာ ယခုသုံးလေးနစ်အတွင်း ၁၀၀ ကျော်ကျော်ထိ ရှိလာသောကြောင့် ဖြစ်ပါသည်။
၎င်းကျောင်းတိုက်သည်ကား၊ ဘန်ကောက်မြို့၊ ဘန်ခေဈေးအနီး ချလန် ၁၃ လမ်းတွင်၊ တည်ရှိလေသည်။
ဝပ်တလုမ်ကျောင်းတိုက်
လက်ရှိဝပ်တလုမ်ကျောင်းတိုက်တွင် ဗုဒ္ဓဘာသာနိုင်ငံပေါင်းစုံမှ ရဟန်းတော်များ ၃၀၀ ကျော်ခန့်သီးတင်းသုံး နေထိုင်ကြရာတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစုံ မြန်မာရဟန်းတော်များ ၁၀၀ ကျော်ရှိလေသည်။ ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးတို့တွင် ပညာသင်ကြားနေသော မြန်မာရဟန်းတော်များမှာ၊ ၁၄၀ ခန့်ရှိလေသည်၊ ဘန်ကောက် ချင်းမိုင် ဟတ်ယိုင် စသော မြို့ အသီးသီးတို့တွင် တက္ကသိုလ်ပညာများကို သင်ကြားလျှက်ရှိကြသည်၊ ထိုင်းနိင်ငံတွင် တက္ကသိုလ် တက်ရောက်လိုသော မြန်မာရဟန်းတော်များ အနေဖြင့် လိုအပ်သော ကြိုတင်ပြင်ဆင်မူများကို သိရှိစေရန် ပညာဇာနည်း တွင် ဖတ်ရှူ့နိုင်ပါသည်။
ဘုရားရှိခိုးသွားရန် ပြင်ဆင်နေကြသော မြန်မာရဟန်းတော်များ
ထိုင်းနိုင်ငံသို့ လာရောက်ပညာသင်ကြားနေသော မြန်မာရဟန်းတော်များ၏၊ အခက်အခဲများထဲမှ အရေးအကြီးဆုံးတစ်ခုမှာမူ၊ နေထိုင်စရာ ကျောင်းပင်ဖြစ်လေသည်။ မဟာချူလာတက္ကသိုလ်တွင်ကား ကျောင်သားအဆောင်ရှိလေသည်၊ သို့သော်လည်း နေရာနှင့်ကျောင်းသား မမျှသေးသဖြင့် အခက်အခဲ ဖြစ်ကြရပါသည်။
ထိုင်းရဟန်းတော်များ ပုံစံဖြင့် မြင်တွေ့ရသော မြန်မာရဟန်းတော်များ
ထိုင်းနိုင်ငံရောက် မြန်မာရဟန်းတော်များသည်၊ ပညာသင်ကြားနိုင်ရန်အတွက် နေထိုင်စရာကျောင်းများကို အရေးတကြီးရှာဖွေရလေသည်၊ သို့သော်လည်း ထိုင်းဆရာတော်များသည်ကာ မြန်မာရဟန်းတော်များကို လက်ခံရန် အထူးသဖြင့် ငြင်းဆန်ကြလေသည်၊ တစ်ချို့ ကလည်း သမိုင်းပေးဝဋ်ကြွေးဟု ပြောဆိုကြသုများ ရှိသကဲ့သို့၊ တစ်ချို့ ကလည်း ဆင်းရဲသောနိုင်ငံမှ လာသူဖြစ်သောကြောင့် အထင်ကြီ်း လေးစားမူ မရှိသောကြောင့် လက်မခံလိုကြ ဟူ၍လည်း အမျိုးမျိုးဝေဖန်ကြလေသည်။
  မိမိတို့ဝတ်ဆင်ထားသော ထိုင်းပုံစံများကို မှတ်တမ်းတင်နေကြပုံ
မည်သို့ပင်ဖြစ်စေ၊ ထိုကဲ့သို့ နေရာအခက်အခဲများကို ဒိုင်ခံ၍ ဖြေရှင်းပေးနေသော ပုဂ္ဂိုလ်တစ်ပါးတော့ ရှိလေသေးသည်၊ ထိုပုဂ္ဂိုလ်မှာ မြန်မာရဟန်းတော်များ၏ ကျေးဇူးရှင် ဝပ်တလုမ်ကျောင်း ဆရာတော်ကြီး ဖရမဟာဘုံးထိန် ဇုတိနြေ္ဒာ ပင်ဖြစ်လေသည်၊ ဆရာတော်သည် လာလာသမျှသော ရဟန်းတော်များအား တံခါးမရှိ ဓားမရှိ သာသနာပြုစိတ်ဓာတ် အပြည့်ဖြင့်၊ အမြဲတမ်းကြိုဆိုနေလေသည်။ သို့သော် ဆရာတော်၏ ကျောင်းတိုက်တွင် နေရာမရှိပေ၊ မိမိတို့နေတတ်သလိုသာ နေမည်ဆိုပါက၊ အမြဲတမ်း တံခါးဖွင့်ထားသော သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုရာ ပညောင်ပင်ကြီးသဖွယ် ဖြစ်လေသည်။
ဘုရားရှိခိုးရန် ကြိုတင်ရောက်နေကြသော မြန်မာရဟန်းတော်များ
မြန်မာနိုင်ငံမှ ရောက်လာခါစ ရဟန်းတော်များတစ်ချို့သည်ကား၊ ဝပ်တလုမ်ကျောင်းတိုက်တွင် နေရေးထိုင်ရေး ဆင်းရဲပုံကို တွေ့မြင်ရသဖြင့်၊ အခြားသော ထိုင်းကျောင်းများတွင် နေရာတစ်နေရာ ရလိုရငြား အစွမ်းကုန် ကျိုးစားရှာဖွေကြလေတော့သည်၊ သို့သော်လည်း အချီးနှီိးသာဖြစ်လေ၏၊  မည့်သည်ကျောင်းများတွင်မှ လျှောက်ထား၍ မရသောအချိန်တွင်ကား၊ မြန်မာရဟန်းတော်များ ခိုနားရာ ဝပ်တလုမ်ကျောင်းတိုက်သို့သာ၊ ခြေဦးတည်ကြရလေတော့သည်။ ထို့ကြောင့် မည့်သည့်နေရာများတွင်မှ မရသည့်အဆုံးတွင် ဝပ်တလုမ်ကျောင်းရှိသေးသည်ဟု ဆိုကာ၊ မရအဆုံး ဝပ်တလုမ်းဟူ၍ပင် ပြောစမှတ် ဖြစ်လာရလေတော့သည်တကား။
ဘုရားရှိခိုးရန် နေရာချထားပေးနေစဉ် စောင့်ဆိုင်းနေကြပုံများ
ထို့ကဲ့သို့ နေရာအခက်အခဲများသလောက်  ပညာတော်သင်ရဟန်းတော်များလည်း များပြားလာရာ၊ ဝပ်တလုမ်ကျောင်းဆရာတော်မှ၊ မြေနေရာတစ်ခုကို ပေးသဖြင့်၊ ဝပ်တလုမ်ကျောင်းနေ မြန်မာရဟန်းတော်များမှ စုပေါင်း၍ အလျှားပေ ၄၀ အနံပေ ၆၀  ရှိသော ဝိဇ္ဇာယလမြန်မာကျောင်း တစ်ဆောင်ကို သီးသန့် ဆောက်လုပ်ခွင့် ရရှိလာလေတော့သည်။
ဝိဇ္ဇာလယကျောင်းဆောင် မော်ကွန်း
ထို့သို့သော အခွင့်အရေးမျိုးသည် အလွန်အင်မတန်မှ ကံကောင်းအကြောင်းလှခြင်းသာ ဖြစ်ပေသည်၊ မြန်မာရဟန်းတော်များအတွက် အလွန်အင်မတန်မှ ဝမ်သာစရာ ဖြစ်ကြရပေသည်။ ကျောင်းတိုက်အတွင်းရှိ ဦးဆောင်မြန်မာရဟန်းတော်များ ဦင်္်းစီးကား၊ ဆောက်လုပ်ပြီုးစီးသွားသော ထိုဝိဇ္ဇာလယကျောင်းဆောင်ကို ၂၆-၉-၂၀၁၀ တွင် စည်းကားသိုက်မြိုက်စွာ ရေစက်သွန်ချနိုင်ခဲ့ပြီးဖြစ်လေသည်။
ဝိဇ္ဇာလယ မြန်မာကျောင်းဆောင် မြင်ကွင်း
ပညာတော်သင် မြန်မာရဟန်းတော်များအတွက် ထာဝရခိုးနားရာ နေရာတစ်ခုဖြစ်လေတော့သည်။  မြန်မာရဟန်းတော်များအနေဖြင့်၊ အားတက်စရာဖြစ်လေတော့သည်။ များမကြာမီရက်အတွင်း၊ နေရာမရှိသေးသော မြန်မာရဟန်းတော်များအား ကံစမ်းမဲစနစ်ဖြင့် ခေါင်းဆောင် သံဃာတော်များမှ ဝေငှပေးသွားပေတော့မည်ဖြစ်သည်။
ဝိဇ္ဇာလယ မြန်မာကျောင်းဆောင် မြင်ကွင်း
ယခုအခါ ဝပ်တလုမ်ကျောင်းတိုက်တော်ကြီးသည်ကား၊ ပညာတော်သင် ရဟန်းတော်များသာမက၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက်ပါ၊ သာရေးနာရေး ဘာသာရေးအခန်းအနားများကို၊ လွတ်လပ်စွာ ဝင်ထွက်လုပ်ကိုင်နိုင်သော၊ သစ်ပင်အရိပ်ကြီးတစ်ခုသိဖွယ် ဖြစ်နေပေတော့သည်။
အိုး...သီးတင်းသုံးဖော် သံဃာတော်အပေါင်းတို့ အသင်တို့သည်၊ ထိုင်းနိုင်ငံတွင် လာရောက် ပညာသင်ကြားလိုပါက၊ အကျွန်ုပ်တို့ ဝပ်တလုမ်ကျောင်းတိုက်မှ နွေးထွေးစွာကြိုဆိုပါကြောင်းနှင့်၊ နေရာအခက်အခဲရှိနေကြသော သံဃာတော်များအားလည်း၊ မရအဆုံး ဝပ်တလုမ်းဟု သဘောပိုက်ကာ ကြွလှမ်းတော်မူခဲ့ကြပါရန်၊ မောင်းခတ်လိုက်ရကြောင်းပါ။
ဆက်ဖတ်ရန်.
ကပ္ပိယကျော်ခေါင်နှင့် ကမ္ဘာ့ ဘယ်သန်ကြီးများ
တစ်နေ့သ၌ ရွာဦးကျောင်းရှေ့ သရက်ပင်ကြီးအောက်တွင် ကပ္ပိယကျော်ခေါင် တစ်ယောက် နဂိုကမှ မကြည့်လင်သော သူ၏ မျက်နှာကို ပုပ်သိုးသိုး ဖြစ်အောင် အစွန်းကုန်ဖန်တီးလျှက် ၊ တစ်စုံတစ်ခုကို ဘဝင်မကျသည့် ဟန်ဖြင့် မိမိ၏ လက်မောင်းတို့ကို ကွေးလိုက် ဆန့် လိုက် လုပ်ကာ ၊ ဒေါသ ဖြစ်နေလေ၏။
ထိုအခြင်းအရာကို တွေ့ မြင်သော ရွာဦးကျောင်းဆရာတော်သည်
‘‘ ဟေ့ - ငကျော်ခေါင်း လာခဲ့ စမ်း’’ ဟုခေါ်ကား ၊ မင်းဘာတွေ ဘဝင်မကျဖြစ်နေတာလဲ ပြောစမ်း’’
ဟူ၍ မေးမြန်းလေတော့၏ ။
ထိုအခါ ကပ္ပိယကျော်ခေါင်သည် သူ့၏ ထုံးစံအတိုင်း မျက်စိကို ပေကလပ် ပေကလပ် လုပ်ကာ၊ အတီတေ ဗာရာဏသီ ချီလေတော့၏ ။
‘‘ မှန်လှပါ ဘုရား တပည့်တော် ဟို ငယ်ငယ်လေးကတည်းက ဘယ်သန်လို့ ဘယ်နဲ့ စားရေးလာတာကို ဆရာတော် အသိပါပဲ ဘုရား’’ ။
‘‘အဲဒါ ဘာဖြစ်တာတုန်း ငကျော်ခေါင် ရဲ့ ’’ ၊
မှန်ပါ= အခုမှလာပြီး တပည့်တော်ကို ရွာကကောင်းလေးတွေက ဘယ်ချီးကိုင်လို့ ခေါ်ပါတယ် ဘုရား ။ အဲဒါကို မကြေနပ်လို့ ပါဘုရား။
ထိုအခါ ရွာဦးကျောင်းဆရာတော်သည် မိမိ၏ တပည့်အပေါ် သနားကရုဏာ သက်မိ၍ ။ အောင်ပါ အကြောင်းအရာကို ပြောဆိုကာ အားပေးစကား ပြောလေ၏ ။ ဆရာတော်၏ စကားကို ကြားရပြီးတဲ့နောက်၊ ကပ္ပိယကျော်ခေါင် သည် အင်မတန်မှ လျှင်မြန်သော အဟုန်ဖြင့် ၊ တိုက်ခန်းထဲံတွင်ရှိသော ပိတ်ဖြူစကြီးကို ယူပြီလျှင် ကျောင်းနှင့် မလှန်းမကမ်း တစ်နေရာ၌ အကြီးတကာ့ အကြီးဆုံး ဆိုင်းဘုတ်ကြီးတစ်ခုကို စိုက်ထူလိုက်လေတော့သတည်း ။
၎င်းဆိုင်းဘုတ်ကြီး၌ ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။
( သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ) ။
ပြီးလျှင် ကမ္ဘာကျော် ဘယ်သန်ကြီးများကိုလည်း အောက်ပါအတိုင်း ရေးထားလိုက်လေ၏ ။
၁။ ကပ္ပိယကျော်ခေါင်( ရွာဦးကျောင်း)
၂။ အိုင်စတိုင်း
၃။ ဘေသိုဗင်
၎။ ဘင်ဂျမင်ဖရန်ကလင်
၅။ ဂျူးလီယက်ဆီဇာ
၆။ လီယိုနာဒို ဒါဗင်ချီ
၇။ မက်တွိုင်း
၈။ မိုက်ကယ်အိန်ဂျလို
၉။ နပိုလီယန် ဘိုနာပတ်
၁၀။ ဘတ်ဘလို ပီကာဆို
၁၁။ ၀ိတိုရိယ ဘုရင်မကြီး
၁၂။ စီလင်ဒီယွန်း(ဂီတ)
၁၃။ ဂျော့မိုက်ကယ်(ဘတ်စကက်)
၁၄။ ဂျင်မီဟင်းဒရစ်
၁၅။ ဖီးလ်ကိုလင်း(တင်းနစ်)
၁၆။ ပေါ်လ်မက္ကနေး(us သမ္မတ)
၁၇။ အန်တိုနီပါကင်း
၁၈။ ဘရုစ်လီ
၁၉။ ကာရိုးဘားနတ်
၂၀။ ဒန်နီကာရေး
၂၁။ တွမ်ခရု“
၂၂။ ကီးနူးရိဗ်
၂၃။ မော်ဂန် ဖရီးမင်း
၂၄။ ဆာရာဂျက် ဆီကာ ပတ်ကား
၂၅။ မာရီလင်မွန်ရိုး
၂၇။ အိဗာသွန်ပဆန်
၂၈။ ဂျက်ဆန် အလက်ဇန္ဒြား
၂၉။ ဂျင်ကဲရင်း
၃၀။ ဂျူလီယာရောဘတ်
၃၁။ လုပယ်ရီ
၃၂။ နီကိုကစ်ဒ်မင်း
၃၃။ အော်ပရာဝင်းဖရေး
၃၄။ ပီလီ(ဘောလုံး)
၃၅။ လာရီဘတ်
၃၆။ ဘေးလ်ဝယ်တန်
၃၇။ ဂျင်မီကော်နာစ်
၃၈။ ဂျိမ်းစ် ဂါဖီးလ်
၃၉။ အားဘတ်ဟုးမား
၄၀။ ဟယ်ရီအက်စ် ထရူးမင်း
၄၁။ ဂါးရက်စ်ဖို့ဒ်မင်း
၄၂။ ရော်နယ်လ်ရေဂင်
၄၃။ ဂျော့ဘုခ်ျ
၄၅။ ဘီးလ် ကလင်တန်
၄၆။ ရာဇာနေ၀င်း(ပြည်တွင်းဖြစ်)
၄၇။ အိန္ဒြာကျော်ဇင်( ။ )
၄၈။ သီဟတင်စိုး ( ။ )
၄၉။ သျှီသူုအောင်(ရတီမင်္ဂဇင်းအေဒီတာ) ဟူ၍ ရေးသားထားလေ၏ ။
နဂိုကတည်းကမှ ဆောင့်ကြွကြွနိုင်လွန်းသော ကပ္ပိယကျော်ခေါင်းသည်ကား ၊ ယခုကဲ့သို့ နပိုလီယံက အစ ရာဇာနေ၀င်း အဆုံး ရှိသော ပုဂ္ဂိုလ်များသည်လည်း သူ့ကဲ့သို့ ဘယ်သန်များ ဟု သိလိုက်ရသဖြင့် ။ အလွန်ဂုဏ်ယူ ဝင့်ကြွားလျှက်ရှိလေတော့ သထည်း ။ ။
သြဂုတ်လ ၁၃ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေအာ့း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။ ။
ဆက်ဖတ်ရန်.
ထိုင်းဘုရင်မကြီင်္း၏ ၇၈ နှစ်မြောက်မွေးနေ့
ထိုင်းဘုရင်မကြီး သီရိခေတ်
ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။
ပြည်သူလူထု၏ မေတ္တာကို အပြည့်အဝ ရရှိသော မိဖုရားသီရိခေတ်
အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒာမဟီဒိုး နတ်ရွာစံပြီးနောက် နန်းတက်လာသော၊ လက်ရှိ နဝမမြောက် ရာမဘုရင် ဘူမိဘော အဒူလျာဒက်(ဂ်ျ)နှင့် ၁၃၉၅ ခုနစ် ဧပြီလ ၂၈ ရက်နေ့တွင် စုလျာရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။
စုလျာရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့စဉ်က
မိဘုရားသိရိခေတ်နှင့် ဘုရင်ဘူမိဘော တို့သည်၊ ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားနေခဲ့စဉ် ကတည်းက မေတ္တာမျှနေခဲ့ကြသည် ဟု လူသိများကြလေသည်၊ မင်းသမီးသိရိခေတ်သည်ကား နုပျိုစဉ်အရွယ်က ကမ္ဘာပေါ်ရှိတော်ဝင်မင်းသမီးများ ထဲတွင် အချောဆုံးအလှဆုံး စာရင်ဝင်ခဲ့သူ တစ်ယောက်ဖြစ်လေသည်။
မင်းသမီး သိရိခေတ်သည် ဘုရင်ဘူမိဘော နှင့်အတူ သျှောင်းနောက် ဆံထုံးပါ ဆိုသကဲ့သို့ နယ်စွန် နယ်ဖျားများသို့ လိုက်ပါလျှက် ပြည်သူ ပြည်သားများအား လက်ဆောင်များ ပေးခြင်း ဆေးဝါးကုသပေးခြင်း၊ အစရှိသော လူသား အကျိုးပြုလုပ်ငန်းကို မငြီးမညူ လိုက်ပါ ဆောင်ရွက်လေသည်။
အထူးသဖြင့် ထိုင်းအမျိုးသမီးကလေးများ၏ ဘဝဖူလုံရေး အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားစေရန် အားပေး ကူညီခဲ့လေသည်။
သိရီခေတ်သည် ထိုင်းဘုရင် ဘူမိဘော၏ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး အဖြစ်ဖြင့် နေလာခဲ့သည်မှာ ယနေ့ သက်တော် အားဖြင့် ၇၈ နစ်သို့တိုင်ခဲ့လေပြီ။ သို့သော်လည်း မိဖုရားသိရိခေတ်အား မေတ္တာပျက်သော ထိုင်းပြည်သူတစ်ဦင်္းတစ်ယောက်မျှ မရှိသေးပေ။ 
သီရိခေတ်တို့၏ မိသားစု
အကျွန်ုပ်သည် သူတစ်ပါး တိုင်းပြည့်တွင် လူမဖြစ်ချင်သော်လည်း၊ အကျွန်ုပ် မွေးဖွားသော တိုင်းပြည်တွင်ကား ထိုကဲ့သို့ မင်း မိဖုရားများ ရှိခဲ့ပါမူ ကောင်းလေစွာ့ဟု ဆုတောင်းရင်း၊
တိုင်းသူ ပြည်သားများ အပေါ်တွင် ရင်ဝယ်သားကဲ့သို့ မေတ္တာထားကာ အုပ်ချုပ်နေသော မိဖုရားသီရိခေတ်သည်-၁၂-၈-၂၀၁၀ နေ့တွင် ကျရောက်သော ၇၈ နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာသော ကာလတိုင်အောင်၊ စိုးစံအုပ်ချုပ် မင်းလုပ်နိုင်ပါစေသတည်း
ဆက်ဖတ်ရန်.
ရဟန်းတော်များနှင့် ကွမ်းယာ ဆေးလိပ်
ဘုန်းဘုန်း...ဘုရား..ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ပါစေ.....
အောက်မှာ တူတော်မောင်တစ်ယောက်က အလွန်သိချင်ပါသဖြင့်..ကရုဏာရှေ့ထားလို့ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်...ဘုရား။
ဒကာ/ ဇော်လင်း
မေး။   ။ ဆရာတော်ဘုရား တပည့်တော်ရိုသေ လေးမြတ်စွာ ဦးခိုက်
လျှောက်ထားပါသည်ဘုရား။ ရဟန်းတော်များကွမ်းစားခြင်းသည် အာပတ်သင့်၊ မသင့် သိလိုပါသည်ဘုရား။
အကယ်၍ အာပတ်သင့်ပါက မည်သို့သော အာပတ်မျိုးဖြစ်ပါသလဲဘုရား။
ဒေသနာ ကြားပါက ပျောက်၊မပျောက် လည်းသိလိုပါသည် ဘုရား။ ဆေးလိပ်သောက်ခြင်း နှင့် ပတ်သက်၍ လည်းသိလိုပါသည်ဘုရား။
ဖြေ။    ။ ရဟန်းတော်များ ကွမ်းစားခြင်းသည် အာပတ်မသင့်ဟု မှတ်ပါ၊ သို့သော်လည်း အချို့အချို့သော ဆရာတော်ကြီးများသည်ကား၊ နေလွဲသောအခါ၌ သုံးဆောင်လေ့မရှိသည်ကို မှတ်သားဖူးပါသည်။ 
ထို့သို့မသုံးဆောင်းခြင်းသည်လည်း ဝိနည်းကို အလွန်လေးစားသောကြောင့် ဖြစ်ပါသည်၊ စားသုံးနေသော ဆရာတော်များကိုလည်း အာပတ်သင့်သည်ဟု မမှတ်ယူသင့်ပေ။
အနုဇာနာမိ ဘိက္ခဝေ ဓူမနတ္တံ၊ ဘိက္ခဝေ- ရဟန်းတို့၊ ဓူမနတ္တံ- အခိုးလိပ်ကို- ဝါ- ဆေးလိပ်ကို၊ အနုဇာနာမိ- ခွင့်ပြုတော်မူ၏။ ဟူ၍ နေမကောင်းသော ရဟန်းတော်တစ်ပါးအား ဆေးလိပ်သောက်ခွင့် ပေးသည်ကို မဟာဝါပါဠိတော်တွင် မှတ်သားဖူးပါသည်။
နေမကောင်းသောအခါ ဆေးလိပ်သောက်ခွင့်ရှိပါသည်၊ ကျန်းမာနေသောအခါများတွင်ကား မသောက်သင့်ဟု မှတ်ယူရပါမည်။ အာပတ်သင့်မည်ဆိုပါက ဒုက်ကဋ် အာပတ်သင့်ပါသည်၊ ဒုက်ကဋ်အာပတ်သည် အလွန်သေးငယ်သော အာပတ်ဖြစ်ပါသည်၊ ဒေသနာကြားပါက ပျောက်လေသည်။
အာပတ် (၇)မျိုးရှိသည့်အနက်၊ ဒေသနာကြားရုံဖြင့် မပျောက်သော အာပတ်များမှာ သံဃာဒိသေသ်နှင့် ပါရာဇိက နစ်မျိုးသာ ရှိသည်ဟုမှတ်ပါ။ သို့သော် သံဃာဒိသေသ်သည်ကား ပျောက်အောင်ကုစားနည်း ရှိပါသေးသည်။
မေး။    ။ အောက်ပါ ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းစွာသိလိုပါသည် ဘုရား။
(ရဟန်းတို့၏ ကာလိက ၄ ပါး)
၁။ ယာဝကာလိက=ဆွမ်း၊ ဟင်း၊ မုန့်၊ ခဲဖွယ်၊ ဘောဇဉ် စသည်များ(၎င်းတို့ကို နေအရုဏ်တက်မှစ၍ မွန်းမတည့်မီ အကပ်ခံ၍ ရဟန်းတို့ သုံးဆောင်အပ်သည်)
၂။ ယာမကာလိက=အဖျော်ရှစ်ပါး(၎င်းတို့ကို နေလွဲသည်မှစ၍ ညဉ့်သုံးယံပတ်လုံး ဆာလောင်သောအခါ ဘုဉ်းပေးသုံးဆောင်အပ်သည်)
၃။သတ္တာဟကာလိက=ထောပတ်၊ ဆီဦး၊ နှမ်းဆီ၊ ပျား၊ တင်လဲ စသည်များ(၎င်းတို့ကို အကပ်ခံ၍ ခုနစ်ရက်ပတ်လုံး သုံးဆောင်ဘုဉ်းပေးအပ်သည်)
၎။ ယာဝဇီဝက=ဆီးဖြူ၊ သျှိသျှား၊ သဖန်းခါး၊ ငရုတ်စသော သစ်သီးသစ်ရွက်များ (၎င်းတို့ကို အကြောင်းရှိသော် တစ်သက်ပတ်လုံး သုံးဆောင်အပ်သည်) ထို့ကြောင့် ရဟန်းသံဃာများ ကွမ်းစားခြင်း(ကွမ်းရွက်စားခြင်း)သည် အာပတ်မသင့်ပါ။
ယာဝဇီဝက အရ တစ်သက်ပတ်လုံး သုံးဆောင်နိုင်ပါသည်။ (ခုဒ္ဒသိက္ခာ)
ဖြေ။   ။ အထက်ပါ ရေးသားချက်များမှာ နေလွဲညစာ မစားရဟု သိက္ခာပုဒ်ကို ပညတ်လိုက်သည်နှင့် တစ်ပြိုက်နက်၊ မည်သည့် စာသောက်ဖွယ်ရာများကို နေလွဲသော အခါ မစားကောင်းသနည်းဟု ရဟန်းတော်များ သံသယ ဖြစ်လာသည်ကို၊ ဖြေရှင်းထားခြင်းများဖြစ်ပါသည်။
အထက်ပါ လေးမျိုးထဲတွင်၊ အကပ်ခံပြီင်္းသည့်နောက် အရုဏ်တက်သည်အချိန်မှ နေမွန်းမလွဲခင် စားသုံးကောင်းသော အရာ၊ ခုနစ်ရက်ပတ်လုံး စားသုံးအပ်သော အရာ၊ တစ်သက်လုံးစားသုံးကောင်းသော အရာဟု ခွဲပြထားခြင်းဖြစ်ပါသည်။
ကိုရင်ငယ်များအတွက် ထုပ်ထားသော ရှင်ကျင့်ဝတ် စာအုပ်တွင် လေ့လာမှတ်သားနိုင်ပါသည်။
အထက်ပါ အမျိုးအစားများဖြင့် ညှိနိုင်းကြည့်ပြီ်း၊ နီးစပ်ရာ ဆရာတော် သံဃာတော်များကိုလည်း မေးစမ်းကြည့်စေချင်ပါသည်၊ ရွာဦင်္းကျောင်းဆရာတော်လည်း ကြားဖူးနားဝများကိုသာ သိသလောက်ကလေးဖြင့် ဖြေကြားပေးလိုက်ခြင်းသာ ဖြစ်ပါသည်၊ 
ဝိနည်းအရာဟူသည် အလွန်ကျယ် ပြန့်လှပါသည်။ လူ့လောကတွင်လည်း အလွန်ကျယ်ပြန့်သော ဥပဒေများကို ဥပဒေပညာရှင်များသာ သိနိုင်စွမ်းလေသည်ကို အထူးသတိပြုစေချင်ပါသည်။
ဆက်ဖတ်ရန်.
ရွာဦ်းကျောင်းဆရာတော်နှင့် မနောမယ ဂမ္ဘီရ ရေမန်း
ၹ
တစ်နေ့သ၌ အင်းစိန်မြို့ ဖော့ကန်ရပ်ကွက် မင်္ဂလာလမ်းတွင် အသက် ၂၅- ၃၀ ဝန်းကျင်ရှိ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ယောက်သည်၊ ရောင်းမထွက်နိုင်သော မိမိ၏ဆိုင်မှ ပေါင်မုန့်များ ကို ပြန်လည် သိပ်ဆည်း ရင်း၊ နှမြှောတသဖြစ်နေခိုက်၊ မိမိ၏ ဆိုင်နှင့်မျက်နှာချင်းဆိုင်တွင်၊ ဆိုင်းခန်းဖွင့်ရန် လာရောက် နေရာချ နေသော တစ်ခြားအမျိုးသမီးငယ်တစ်ယောက်ကို သတိထား မိလေ၏၊
၎င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည်၊ သူမ၏ အတွေ့အကြုံအရ ဤနေရာ ဤဒေသ၌ ဈေးဆိုင် လာဖွင့်သူ မှန်သမျှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပုံများကို ပြန်လည်တွေးကြည့်ရင်း၊ ဆိုင်ခန်းပြင်ဆင် နေသူ အမျိုးသမီး ငယ်လေးကို သနားမိသေးတော့၏။
သူကိုယ်တိုင်းမှာလည်း အရောင်းမသွက်ဖြစ်နေရသည့်အထည့်၊ ဤကဲ့သို့ မိမိဆိုင်နှင့် ကပ်လျှက်နေရာတွင် နောက်ထပ်ဆိုင်တစ်ဆိုင် လာရောက်ဖွင့်ခဲ့ပါက အကျိုးနည်းရချေရဲ့ ဟုလည်း၊ စိတ်ကူးမိလေသည်။ မည်သို့ ပင်ဖြစ်စေ၊ မိမိဆိုင်အရောင်းသွက်ရေးအတွက် မှတ်မိသမျှသော ဂါထာမန္တရားများ ကိုသာ ရွတ်ဖတ် နေမိ လေ၏၊
သို့သော်လည်း နောက်ထပ်ဖွင့်ရန် ပြင်ဆင်နေသော ဆိုင်မှာ မိမိကဲ့သို့ စတိုးဆိုင် မဟုတ်ကြောင်းကို အကဲခပ်မိသဖြင့် အနည်းငယ် နေသာထိုင်သာရှိသွားတော့၏၊ အတော်အသင့် သပ်သပ်ရပ်ရပ်ရှိသော ၄င်းဆိုင်ငယ်လေးသည်၊ စာသောက်ဆိုင်သော်၎င်း၊ ထမင်းဆိုင်သော်၎င်း တစ်ခုခုဖြစ်ရမည်ဟု တွက်ဆထားလိုက်လေ၏။
နောက်တစ်နေ့ နံနက် မိုးလင်း၍ မိမိ၏ စတိုးဆိုင်ကို ဖွင့်ရန်အသွား၊ ပရိတ်သတ်အနည်း ငယ် စည်ကားနေသော ၄င်းဆိုင်ကလေးကို၊ အမှတ်မထင်သတိထားမိသွား၏၊ ရခိုင်မုန့်တီ အာပူလျှာပူဟူ၍လည်း ဆိုင်းပုဒ်ငယ်တစ်ခုကို ခပ်ရိုးရိုးကလေး ချိုတ်ဆွဲထားသေး၏၊ 
စိတ်ဝင်စားမိ၍ အသေအချုာ လေ့လာကြည့်မိသောအခါတွင်ကား။ ဆိုင်ခန်း၏ ခေါင်းရင်း ဖက်တွင်၊ အသက် ၂၀ ဝန်းကျင်ရှိ ရဟန်းငယ်တစ်ပါးလည်း ရှိနေသည်ကို တွေ့ရသဖြင့် ပို၍ပင် စိတ်ဝင်စားစွာ မိမိဆိုပေါ်မှ နေ၍ အစအဆုံး ဂရုတစိုက် ကြည့်နေမိ၏။
ခဏအကြာတွင် ၄င်းရဟန်းငယ်သည်၊ မိမိ၏ရှေ့တွင်ချထားသော သောက်ရေခွက်ကို ဟန်ပါပါဖြင့် ထက်ဝက်ခန့် သောက်ပြီးနောက်၊ ကျန်ထက်ဝက်ခန့်ကို ပလပ်စတိတ်အိပ်ငယ် တစ်လုံးတွင် ထည့်ကာ၊ ဆိုင်ရှင်အမျိုးသမီးငယ်အား၊ ရော့..ဟူ၍လှမ်းပေးလိုက်လေ၏ ပြီးလျှင် ၄င်းရဟန်းငယ်သည် ဆိုင်ခန်းထဲရှိ လူသူများကို ခပ်ဆပ်ဆပ် စကားအနည်းငယ် ပြောပြီးလျှင်၊ မုန့်တီတစ်ခွက်ကို အားရပါးရ သုံးဆောင်နေလေတော့၏။
ဆိုင်ရှင်အမျိုးသမီးသည်၊ ရဟန်းငယ်ပေးသော ပလပ်စတိတ်ရေထုပ်ကလေးကို တရိုသေ ယူဆောင် လာပြီးလျှင်၊ စာပွဲခင်းကျင်းထားရာ အပေါ်တွင် ကြိုးတစ်ချောင်းဖြင့် တပ်ဆင်လိုက်၏၊ ထိုသို့တပ်ဆင် နေစဉ်တွင်လည်း ၄င်းရဟန်းငယ်မှ မကြာမကြာ အမိန့်ပေးနေသကဲ့သို စကားများ လှန်းလှန်း ပြောနေ သည်ကို ဝိုးတဝါး လှမ်းမြင်နေရလေ၏။ ရဟန်းငယ်သည်ကား ၄င်းဆိုင်ခန်းရှိ သူများအပေါ် အတော် သြဇာရှိပုံရ၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်အင်မတန်မှ စိတ်ဝင်းစားမိသဖြင့်၊ ချက်ချင်း ဆိုသလို၊ မိမိဆိုင်ပေါ်မှ ဆင်းကာ၊ ရခိုင်မုန့်တီတစ်ခွက်ကို သွားရောက်အားပေးလိုက်လေ၏၊ ပြီင်္းလျှင် ၄င်းရဟန်းငယ်အား မိမိဆိုင်ပေါ်သို့ ပင့်ကာ၊ အချိုပွဲအချဉ်ပွဲများဆက်ကပ်လိုကြောင်း လျှောက်ထား လေတော့၏၊
ရဟန်းငယ်ကမူ မိမိမှာ စာချတာဝန်ရှိနေသေး၍ နောက်တစ်ပတ် တနင်္ဂနွေ နေ့နှင့် ဥပုသ်နေ့နှင့် တိုက်ဆိုင်ခဲ့လျှင် မုချလာရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဒကာမကြီင်္း၏ စတိုးဆိုင်ပေါ်သို့ မတက်ရောက်တော့ပဲ ဤမုန့်တီဆိုင်ခန်းသို့ လာရောက်ကပ်နိုင်ကြောင်းကို ပြောကြား လိုက်လေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေတော့၏၊ ၄င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီး၏ အထင်မှာ ဤဦ်းဇင်းငယ်သည်၊ ဈေးရောင်းကောင်းရန်အတွက် ရေမန်းဖြင့် သိဒ္ဓိတင်ပေး သည်ဟု အတိအကျ ယူဆထားလေ၏၊
တိုက်တိုက်ဆိုင်ဆိုင်ပင်လျှင် မုန့်တီဆိုင်ကလေးသည်လည်း တစ်ပတ်အတွင်း အတော်လေးကို ရောင်းအားကောင်းလာခဲ့လေတော့၏ အပျင်းပြေမုန့်တီဆိုင်ဖွင့်ကြည့်သည်ဟု ဆိုစေကာမူ တစ်နေ့ကို မုန့်ဖတ် ၁၂ ပိဿာထိ ရောင်းချရလေ၏၊ မနက်အစောကြိးကတည်းက နေ့လည် ၁ နာရီလောက်ထိ လက်လည်သည်ဟူ၍မရှိပေ။
ထိုမထင်မှတ်ပဲ ဈေးရောင်းကောင်းနေသည်ကို မြင်သောအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် ဦးဇင်းငယ် ကြွလာမည့်နေ့ကို တမျှော်မျှော်ဖြင့် စောင့်နေ ရှာ၏၊ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ တိုက်ဆိုင်လျှင် ကြွလာ မည်ဟု ပြောခဲ့သော ဦးဇင်းငယ်၏ စကားကို အမြဲကြာယောင် နေမိလေ၏၊
အမှန်မှာမူ ဦင်္းဇင်းငယ်ဆိုလိုသည်မှာ ဥပုသ်နေ့များတွင်မှ စာဝါပိတ်သောကြောင့် ဥပုသ်နေ့မှ ကြွလာခဲ့မည် ဟု ဆိုလိုခြင်းဖြစ်လေသည်၊ တနင်္ဂနွေနေ့ နှင့် တိုက် ဆိုင်စေချင်သည် မှာကား ဦင်္်းဇင်းငယ်၏ မောင်နှမများ အလုပ်နားသည့်ရက်နှင့် တိုက်ဆိုင်လိုစေသော ကြောင့်ဖြစ် လေည်။
ဤသည်ကိုပင်လျှင် အလွန်အထင်ကြီးနေသော စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာမူ နေ့ထူး နေ့မြတ်ကို ရွေး၍ ကြွလာမည့်ဟု အထင်ရောက်နေလေတော့သည်။
နောက်တစ်ပတ်ကြာလျှင် ဦးဇင်းငယ် ကြွလာပြီး သူအင်မတန်မှ ကြိုက်နစ်သက်သော ရခိုင်မုန့်တီကို အားရ ပါးရ သုံးဆောင်နေလေတော့၏၊ ၄င်းဦးဇင်းငယ်သည်ကား ရခိုင်မုန့်တ်ီကို အလွန်ကြိုက်နစ်သက်၏၊ ငယ်စဉ်က ဆိုလျှင် ရခိုင်မုန့်တီကျွေးမည်ဟု ပြောပြီးကာမှ အကြောင်းအမျိုးမျိုးကြောင်း မကျွေးဖြစ်ခဲ့လျှင်ကား ထိုနေ့အဖို့ မည်သည့် အစားအစာကိုမှ မစားသောက်တော့ပေ။ ယခု အသက်ကြီးလာသည့်တိုင်အောင် ထိုအကျင့်ကို မစွန့်လွတ်နိုင်သေးပေ။
ရခိုင်မုန့်တီသုံးဆောင်ပြီး၍ မကြာခင်ပင်လျှင် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက် အလွန်ရိုသေသော အမူအယာဖြင့် ရောက်လာလေတော့၏၊ ဦးဇင်းငယ်မှာ ဤမျှရိုသေ ကိုင်းရှိုင်း သော အမူအယာဖြင့် မိမိရှေ့ တွင် လာရောက်ထိုင်နေသော အမျိုးသမီး တစ်ယောက်၏ ရှေ့တွင် ကိုယ့်ကိုကိုယ့် မယုံသင်္ကာဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေလေတော့၏၊ 
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလျှောက်ထားသည်မှာကား= မှန်လှပါဦင်္းဇင်းလေးဘုရား၊ တပည့်မတော်မ ဆိုင်ခန်းအတွက် ရေမန်းတစ်ပုလင်းလောက် မန်းပေးတော်မူပါဘုရား.. ဟူ၍ဖြစ်လေ၏၊
ဦင်္းဇင်းငယ်သည် အလွန်အံ့သြသော အမူအယာဖြင့် ဘေးဘီးဝဲယာကို အနည်းငယ် အကဲခပ်ကြည့်ပြီးလျှင်၊ ဒကာမကြီး ဘာပြောတာလဲ ဟု မယုံသင်္ခါ မေးမိလေတော့၏၊ ထိုအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး သည် လည်း၊ ဆိုင်ဖွင့်သည့်နေ့က ဦင်္းဇင်းငယ်ကိုယ်တိုင် ထုတ်ပေးခဲ့ သော ရေထုပ်ကလေးကို လက်ညှိုညွန်ပြကာ၊ 
ဟော..ဟိုက အရှင်ဘုရား မန်းပေးခဲ့တဲ့ မနောမယဂမ္ဘီရ ရေမန်းလိုမျိုး တပည့်တော်မကိုလည်း ချီင်္းမြင့်ပေးပါ ဘုရားဟု ထပ်မံလျှောက်ထား လိုက်လေတော့၏။
ဦင်္းဇင်းငယ်သည် အရာအားလုံးကို သဘောပေါက်သွားသဖြင့် ရယ်ချင်သောစိတ်ကို အောင့်အီးသီးခံပြီး၊ ဤသို့ပြန်လည် ရှင်းပြရလေတော့၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာလည်း မိမိ၏အဖြစ်ကို မိမိသိရှိရသဖြင့် ၄င်းအမျိုးသမီး နှင့် ဆိုင်ခန်းရှိ ညီအစ်ကို မောင်နှမများ အားလုံးတို့မှာ တစ်ညီင်္တစ်ညွတ်တည်း..ဝါး..ဟား..ဟား ဟူ၍ ပြိုင်တူ ထွက်သွား ကြလေတော့သတည်း။
ထိုစဉ်က ရေမန်းမန်းသော ဦးဇင်းငယ်မှာ ကပ္ပိယကျော်ခေါင်၏ဆရာရင်း ရွာဥိးကျောင်းဆရာတော် ဖြစ်လေသည်၊ မုန့်တီဆိုင်ပိုင်ရှင်မှာ ရွာဦင်္းကျောင်းဆရာတော်၏ အစ်မဖြစ်လေသည်၊ စတိုးဆိုင်ပိုင်ရှင် မှာကား ဖော့ကန်ရပ်ကွက်တွင် အလွန်နာမည်ကြီင်္းသော ဦင်္းတင်မောင်စတိုးဆိုင် ဖြစ်လေသည်။
ဤသို့လျှင် လူတို့မည်သည်၊ မိမိတို့၏ အားကိုးရာကို လွဲမှားစွာ ရှာမှီးတတ်ကြလေသည်၊
ဆက်ဖတ်ရန်.
အလိုတော်ပြည့်ဆရာတော်ကြီင်္း၏ စင်ကာပူတရားစခန်း
5 Days Intensive Vipassana Meditation Course taught by
the most Venerable His Holiness Alodawpyeit Sayadaw Baddanta
Dr. Ariyavamsa, is being organized at the address for Meditation
Retreat is as follow  (FAIRY POINT CHALLET 2,ALOHA CHANGI).
on and from 14th to 19th August 2010. Singapore  is a land where there was always an
influence of an intrinsic human power which
we acquire from meditation. This is a process which
dates back to the ancient ages. In Pali
(ancient Indian Language) Meditation is known as Vipassana.
By practicing Vipassana, the power to develop
the concentration of mind in turn helps in doing well in life.
It is a therapy to bring in peace and tranquility of mind.
As our mind and body are closely related, the healthy
mind transmits healthy stimulation to the body.
Meditation is more relevant in the present day world.
ဆက်သွယ်စုံစမ်းနိုင်ရန်အတွက် တပည့်ဒကာ ဒကာမ များ ကိုသိန်းထွန်းအောင် ဖုန်း98356554
ဒေါ်ရတနာရှိန် ဖုန်း90484205 ဒေါ်သန္တာမြင့် ဖုန်း 90603792 သို့ဆက်သွယ်မေးနိုင်ပါတယ်
မှတ်ချက်။  ။ အလိုတော်ပြည့်တရားစခန်းသို့ ၀င်ရောက်လိုသောယောဂီများ(၁.ရ.၂၀၁၀)မှစ၍စာရင်းပေးသွင်းနိုင်ပါသည်
တရားစခန်းယာယီကျောင်းဆောင်၊တရားဟောခန်းမ၊ကမ္မဋ္ဌာနာစရိယဆရာတော်လေယာဉ်လက်မှတ်၊အရုဏ်ဆွမ်း၊
သောက်ရေသန့်၊အအေး၊လှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်လှူဒါန်းရန်။     ။ Mahamuni Buddhist Society
No.264.Westwood Ave,(Off jurong West Ave 5) Singapore 648464
Tel:6777 7018 - 67909279 - Hp: 91852924
for more information to visit www.alodawpyei.org
email: contact@alodawpyei.orgThis e-mail address is being protected from spambots. You need JavaScript enabled to view it
ဆက်ဖတ်ရန်.
ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။
"အို ကာလာမတို့-
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=
ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။
  © Blogger templates Palm by Ourblogtemplates.com 2008
Back to TOP