ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၄-နစ်ပြည့် မွေးနေ့။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံတွင် ၁၇၈၂ ခုနစ်မှ စတင်၍စိုးစံလာသော ချက်ကရီမင်းဆက်အနွယ်တော်မှ ဆင်းသက်လာခဲ့သော နဝမမြောက် ရာမဘုရင် ဖြစ်သည်။ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။ သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။ ထို့နောက် ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင် ပညာသင်ကြားခဲ့သည်။ နောင်တော်ဘုရင် အနန္ဒမဟီဒိုး ရုတ်တရက်နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံထီးနန်း၌ စိုးစံလျှက်ရှိသည်။ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် (၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်) ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ် (Mon Rajawongse Sirikit Kiktiyakara) မင်းသမီးနှင့် ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။ သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကပင် တွေ့မြင်ရင်းနှီးမေတ္တာမျှခဲ့ခြင်းဖြစ်သည်။ သီရီခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင်တွင် အချောအလှဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ စုလျှားရစ်ပတ်ပြီးနောက် ထိုနစ် မေလ ၅ ရက်နေ့၌ပင် ရာဇာဘိသေက အခန်းအနားကို ကြီးကျယ်စွာဆင်ယင် ကျင်းပပြီးဘိသိက်ခံခဲ့သည်။ ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ရွှေနန်းပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြသာဒ်များကို သူ ပိုင်ဆိုင်သည်။ သို့သော် ဘုရင်းတစ်ပါးပင်ဖြစ်သော်ငြား ပြည်သူအကြားသို့ဝင်၍ ပြည့်သူ့ဝန်ကို ထမ်းရွက်နေသူဖြစ်သည်။ ဘုရင်ဘူမိဘောသည်ကား ဆက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်ပေ၊ ထို့ပြင် [အင်နာခင်နှင့် ယိုးဒယား(ထိုင်း) ဘုရင်] ဝတ္ထုထည့်ကလို ဒေါသ မာန်မာနကြီးမား၍ အာဏာစက်ပြင်းလှသော သူ၏ ဘိုးတော်လို ဘုရင်ကြီးလည်းမဟုတ်ပေ။ ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသူ ဖြစ်သည်။ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ အမူအရာခက်ထန်မောက်ကြွားမှုကင်းသည်။ မည်သူ့ကိုမဆို ကူညီရိုင်းပင်းလိုသော လူမှူဝန်ထမ်းစိတ်ရှိ အပြည့်ရှိသည်။ သည်စိတ်ဓာတ်များကြောင့်ပင် သူသည် ရွှေအိမ်နန်း နှင့် ကြငှန်းစံသောဘဝမှနေ၍ မြေကြီးပေါ်သို့ဆင်းကာ ဗျိုက်တော်နှင့် ရွှံ့ညွန်အကြား ခြေစုံပင်ကွဲစေဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် အလုပ်မှန်သမျှ အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ် သယ်ပိုးခဲ့သည်။ လယ်သမားများနှင့် အသိချင်းဖလှယ်ခဲ့သည်။ ဘူမိဘောတိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများလည်းပါသည်။ အထူကုဆရာဝန်များနှင့် သွားအထူးကု ဆရာဝန်များလည်းပါသည်။ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထန်းများက ဒေသခံဆေးရုံများနှင့် ပူးပေင်း၍ အခမဲ့ ကုသပေးသည်။ ယနေ့ထိုင်းနိုင်ငံသည် အာရှတိုက်တွင် ထွန်းသစ်စ စက်မှူနိုင်ငံဘဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်းသည်သာ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံထားသည်။ ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲမွေးတေမှူနှင့် လူမှူပြဿနာရှိနေသမျှ တိုင်းပြည် မတည်ငြိမ်နိုင်ကြောင်း ဘုရင်ဘူမိဘော ကောင်းကောင်း သိသည်။ ထို့ကြောင့်ပင်လျှင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က (ကြိုတင်ကာကွယ်ရေးဆေးဝါး) ဟုတင်စားခဲ့သည်။ ပြည့်သူ့အတွက် ချက်ချင်းဆောင်ရွက်‘‘ ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့  ကျင့်သုံးလျှက်ရှိသည့် ဆောင်ပုဒ်တစ်ခုဖြစ်သည်။ သို့ကလို ပြည်သူ့အကျိုးကို နေ့မအား ညမနား ဆောက်ရွက် ပေးလျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံ တိုင်းသူပြည်သားများ၏ စည်းလုံးညီညွတ်ရေး အထိန်းအမှတ်အဖြစ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ နစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဘူမိဘောနန်းသက်တစ်လျှောက်၌ ကမောက်ကမ ဖြစ်မှူများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။ စစ်တပ်မှ အာဏာသိမ်းပိုက်မှူ ၁၉ ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပျင်ဆင်ရေးအဖွဲ့မှ ၁၀ ကြိမ်နှင့် အကြိမ်ပေါင်း မရေတွက်နိုင်သော ကက်ဘိနက်အစိုးရဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှူများကို တွေ့ကြုံဖြတ်သန်း ခဲ့ရသည်။ ဘုရင်ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်သည်။ သို့ရာတွင် သူကား ပြည့်သူချစ်သော ဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူကိုအလုပ်အကြွေးပြုသော မင်းတစ်ပါးသာ ဖြစ်သည်။ သူ၏ကိုယ်ရေကိုယ်သွေး စွမ်းပကားကား ကြီးမားလှသည်။ သူ၏တည်ဆောက်ရေး လုပ်ငန်းများသည် ထိရောက်အောင်မြင်သော လုပ်ဆောင်မှူများဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သာ ဖြုတ်ချခဲ့သည် ဘုရင်ဘူုမိဘောကိုမူ သစ္စာရှိကြသည်။ အာဏာရယူရေးကိစ္စများတွင် ဘုရင်ဘူမိဘောသည် မည့်သူ့ဖက်မျှမပါဝင်ပဲ သိက္ခာသမာဓိနှင့်နေခဲ့သည်။ ကျောသားရင်သား မခွဲခြားပဲ တရားနည်းလမ်းကျစွာ အဆုံး အဖြတ်ပေးသည်။ ဘူမိဘောသည် ထိုင်းဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏နိုင်ငံတွင် ဒီမိုကရေဆီအပြည့်အဝ ပေါ်ထွန်း ရေးကို ဦးတည်သော လုပ်ဆောင်ချက်များကိုသာ လိုလားနစ်သက်သူဖြစ်သည်။ ထိုင်း ဘုရင်ဘူမိဘော၏ ပုဂ္ဂိုလ်ရေး အာဏာသည် သူ၏ နန်းသက်တစ်လျှောက်တွင် ကြာလေခိုင်မြဲလေ ဖြစ်သည်။ ထိုင်းနိုင်ငံသမိုင်းတွင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့လေပြီ။ ဘုရင်ဘူမိဘောသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို နောင်တော် အနန္ဒမဟီဒိုးမှာ သူ၏ အိပ်ခန်းဆောင်၌ သေနပ်ဒါဏ်ရာဖြင့် ထူးဆန်းစွာလုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် နောင်တော်၏ ထီးနန်းအရိုက်အရာကို ညီတော်ဖြစ်သော ဘူမိဘောက ၁၉၄၆ ခုတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရသည်။ နောင်တော်နတ်ရွာစံစဉ်က ဘုရင်ဘူမိဘောမှာ ၁၈ နစ်သာရှိသေးကာ ဆွစ်ဇာလန်နိုင်ငံ၌ ပညာသင်ကြားနေချိန်ဖြစ်သည်။ ဘူမိဘောသည် ဘုရင်ဖြစ်လာပြီးနောက် နဝမမြောက်ရာမဘုရင် ဘွဲ့ကိုသာမက မဟာရာဇာ ဘွဲ့ကိုပါ ပြည်သူ၏ ဆန္ဒနှင့်အညီခံယူခဲ့သည်။ ဘူမိဘောသည် ၁၇၈၂ ခုနစ်ကပင် စတင်ခဲ့သော ချက်ကရီမင်းဆက် အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ဘုမိဘော၏ ဘိုးတော်မှာ မောင်းကွတ်ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီး အကြောင်းကို မှီငြမ်းရေးဖွဲ့ထားသော ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် ပေါ်ထွက်ခဲ့ဖူးသည်၊ အင်နာခင် နှင့် ယိုဒယား (ထိုင်း) ဘုရင် (Anna and the King Siam) ဖြစ်သည်။ ထိုဝတ္ထုကို နောင်အချိန်တွင် ကမ္ဘာကျော် ခေါင်းတုံးမင်းသား ယူလ်ဘရိုင်နား နှင့် ရုပ်ရှင်ပြန်ရိုက်သောအခါ ဘုရင် နှင့် ကျွန်ုပ် (The King and I) အဖြစ် ကျော်ကြားခဲ့လေ၏။ ထီးနန်းကို ဆက်ခံပြီးနောက် နစ်လကြာသောအခါ ဆွစ်ဇာန်နိုင်ငံ သို့ ပြန်သွားကာ လော့ဆန်းတက္ကသိုလ် တွင် သိပ္ပံ၊ ဥပဒေ ပညာ နှင့် နိုင်ငံရေးပညာရပ်များကို ဆက်လက်သင်ယူခဲ့လေသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ရပြီးနောက် ၁၉၅၁ ခုနစ်တွင် ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ခဲ့သည်။ ထိုအချိန်မှအစပြု၍ ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ထိုင်းနိုင်ငံထီးနန်း၌ သက်တမ်းအကြားဆုံး ချက်ကရီမင်းဆက် နဝမမြောက် ရာမဘုရင်အဖြစ်ဖြင့် ယနေ့ တိုင် ဆက်လက်စိုးစံအုပ်ချုပ်လာခဲ့သည်မှာ သက်တော် ၈၃ နစ် မွေးနေ့သို့ တိုင်ခဲ့လေပြီးဖြစ်သည်။ ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သော် ၈၄ နစ် မြောက် မွေးနေ့ မှသည် နောင်နစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ပါစေသတည်း။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP