၅-၁၂-၂၀၀၉၊ နေ့၊ နံနှက် ၁၀း၀၀ အချိန်တွင်၊ ဘန်ကောက်မြို့၊ ဖိကဆင်လမ်း ၁၂၂- မြန်မာစက်ရုံ အလုပ်သမားများ စုပေါင်း၍၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်လှူဒါန်းကြရာ၊ ၄င်းလှူဒါန်းပွဲအခန်းအနားသို့ ဝပ်တလုမ်ကျောင်းဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဒာ ဦးဆောင်း၍၊ ပင့်သံဃာ မြန်မာရဟန်းတော်များ ၆၀ ပါးခန့်ကြွရောက်ချီးမြင့်ကြောင်း၊ ကြားသိရပါသည်။ ၄င်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်အရပ်ရပ်မှ မြန်မာအလုပ်သမား ၅၀၀၀ ကျော်ရှိကြောင်းနှင့်၊ ဝပ်တလုမ်ကျောင်းတွင် သီးတင်းသုံးနေထိုင်တော်မူရင်း၊ တက္ကသိုလ်အသီးသီးတို့၌ ပညာသင်ယူနေကြသော မြန်မာရဟန်းတော်များအား၊ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း သံဃာသုံးပါးကို အလှည့်ကျ ပညာဒါနအဖြစ် ထောက်ပံ့လှူဒါန်းလျှက်ရှိကြောင်း ကြားသိရပါသည်။
ဘုရင့်မွေးနေ့၌ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆွမ်းဆန်စိမ်းလောင်းလှူ
Posted by ရွာဦးကျောင်း ဆရာတော် at 3:58 AM 0 comments
Labels: သတင်း
ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၂-နစ်ပြည့် မွေးနေ့။

ထိုင်းဘုရင်မင်းမြတ် ဘုမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံတွင် ၁၇၈၂ ခုနစ်မှ စတင်၍စိုးစံလာသော ချက်ကရီမင်းဆက်အနွယ်တော်မှ ဆင်းသက်လာခဲ့သော နဝမမြောက် ရာမဘုရင် ဖြစ်သည်။
ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။ သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။
ထို့နောက် ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင် ပညာသင်ကြားခဲ့သည်။ နောင်တော်ဘုရင် အနန္ဒမဟီဒိုး ရုတ်တရက်နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် နောင်တော်၏အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံထီးနန်း၌ စိုးစံလျှက်ရှိသည်။
ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် (၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်) ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ် (Mon Rajawongse Sirikit Kiktiyakara) မင်းသမီးနှင့် ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။ သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကပင် တွေ့မြင်ရင်းနှီးမေတ္တာမျှခဲ့ခြင်းဖြစ်သည်။ သီရီခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင်တွင် အချောအလှဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ စုလျှားရစ်ပတ်ပြီး နောက် ထိုနစ် မေလ ၅ ရက်နေ့၌ပင် ရာဇာဘိသေက အခန်းအနားကို ကြီးကျယ်စွာဆင်ယင် ကျင်းပပြီးဘိသိက်ခံခဲ့သည်။ ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ရွှေနန်းပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြသာဒ်များကို သူ ပိုင်ဆိုင်သည်။ သို့သော် ဘုရင်းတစ်ပါးပင်ဖြစ်သော်ငြား ပြည်သူအကြားသို့ဝင်၍ ပြည့်သူ့ဝန်ကို ထမ်းရွက်နေသူဖြစ်သည်။
ဘုရင်ဘူမိဘောသည်ကား ဆက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်ပေ၊ ထို့ပြင် [အင်နာခင်နှင့် ယိုးဒယား(ထိုင်း) ဘုရင်] ဝတ္ထုထည့်ကလို ဒေါသ မာန်မာနကြီးမား၍ အာဏာစက်ပြင်းလှသော သူ၏ ဘိုးတော်လို ဘုရင်ကြီးလည်းမဟုတ်ပေ။ ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသူ ဖြစ်သည်။ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ အမူအရာခက်ထန်မောက်ကြွားမှုကင်းသည်။ မည်သူ့ကိုမဆို ကူညီရိုင်းပင်းလိုသော လူမှူဝန်ထမ်းစိတ်ရှိ အပြည့်ရှိသည်။ သည်စိတ်ဓာတ်များကြောင့်ပင် သူသည် ရွှေအိမ်နန်း နှင့် ကြငှန်းစံသောဘဝမှနေ၍ မြေကြီးပေါ်သို့ဆင်းကာ ဗျိုက်တော်နှင့် ရွှံ့ညွန်အကြား ခြေစုံပင်ကွဲစေဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် အလုပ်မှန်သမျှ အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ် သယ်ပိုးခဲ့သည်။
လယ်သမားများနှင့် အသိချင်းဖလှယ်ခဲ့သည်။ ဘူမိဘောတိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများလည်းပါသည်။ အထူကုဆရာဝန်များနှင့် သွားအထူးကု ဆရာဝန်များလည်းပါသည်။ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထန်းများက ဒေသခံဆေးရုံများနှင့် ပူးပေင်း၍ အခမဲ့ ကုသပေးသည်။
ယနေ့ထိုင်းနိုင်ငံသည် အာရှတိုက်တွင် ထွန်းသစ်စ စက်မှူနိုင်ငံဘဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်းသည်သာ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံထားသည်။ ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲမွေးတေမှူနှင့် လူမှူပြဿနာရှိနေသမျှ တိုင်းပြည် မတည်ငြိမ်နိုင်ကြောင်း ဘုရင်ဘူမိဘော ကောင်းကောင်း သိသည်။
ထို့ကြောင့်ပင်လျှင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က (ကြိုတင်ကာကွယ်ရေးဆေးဝါး) ဟုတင်စားခဲ့သည်။ ‘‘ ပြည့်သူ့အတွက် ချက်ချင်းဆောင်ရွက်‘‘ ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့  ကျင့်သုံးလျှက်ရှိသည့် ဆောင်ပုဒ်တစ်ခုဖြစ်သည်။ သို့ကလို ပြည်သူ့အကျိုးကို နေ့မအား ညမနား ဆောက်ရွက် ပေးလျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံတိုင်းသူပြည်သားများ၏ စည်းလုံးညီညွတ်ရေး အထိန်းအမှတ်အဖြစ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ နစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဘူမိဘောနန်းသက်တစ်လျှောက်၌ ကမောက်ကမ ဖြစ်မှူများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။
စစ်တပ်မှ အာဏာသိမ်းပိုက်မှူ ၁၉ ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပျင်ဆင်ရေးအဖွဲ့မှ ၁၀ ကြိမ်နှင့် အကြိမ်ပေါင်း မရေတွက်နိုင်သော ကက်ဘိနက်အစိုးရဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှူများကို တွေ့ကြုံဖြတ်သန်း ခဲ့ရသည်။
ဘုရင်ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်သည်။ သို့ရာတွင် သူကား ပြည့်သူချစ်သောဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူကိုအလုပ်အကြွေးပြုသော မင်းတစ်ပါးသာ ဖြစ်သည်။ သူ၏ကိုယ်ရေကိုယ်သွေးစွမ်းပကားကား ကြီးမားလှသည်။ သူ၏တည်ဆောက်ရေး လုပ်ငန်းများသည် ထိရောက်အောင်မြင်သောလုပ်ဆောင်မှူများဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သာ ဖြုတ်ချခဲ့သည် ဘုရင်ဘူုမိဘောကိုမူ သစ္စာရှိကြသည်။ အာဏာရယူရေးကိစ္စများတွင် ဘုရင်ဘူမိဘောသည် မည့်သူ့ဖက်မျှမပါဝင်ပဲ သိက္ခာသမာဓိနှင့်နေခဲ့သည်။ ကျောသားရင်သား မခွဲခြားပဲ တရားနည်းလမ်းကျစွာ အဆုံး အဖြတ်ပေးသည်။
ဘူမိဘောသည် ထိုင်းဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏နိုင်ငံတွင် ဒီမိုကရေဆီအပြည့်အဝ ပေါ်ထွန်း ရေးကို ဦးတည်သောလုပ်ဆောင်ချက်များကိုသာ လိုလားနစ်သက်သူဖြစ်သည်။ ထိုင်း ဘုရင်ဘူမိဘော၏ ပုဂ္ဂိုလ်ရေး အာဏာသည် သူ၏ နန်းသက်တစ်လျှောက်တွင် ကြာလေခိုင်မြဲလေ ဖြစ်သည်။ ထိုင်းနိုင်ငံသမိုင်းတွင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့လေပြီ။ ဘုရင်ဘူမိဘောသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို နောင်တော် အနန္ဒမဟီဒိုးမှာ သူ၏ အိပ်ခန်းဆောင်၌ သေနပ်ဒါဏ်ရာဖြင့် ထူးဆန်းစွာလုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် နောင်တော်၏ ထီးနန်းအရိုက်အရာကို ညီတော်ဖြစ်သောဘူမိဘောက ၁၉၄၆ ခုတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရသည်။ နောင်တော်နတ်ရွာစံစဉ်က ဘုရင်ဘူမိဘောမှာ ၁၈ နစ်သာရှိသေးကာ ဆွစ်ဇာလန်နိုင်ငံ၌ ပညာသင်ကြားနေချိန်ဖြစ်သည်။
ဘူမိဘောသည် ဘုရင်ဖြစ်လာပြီးနောက် နဝမမြောက်ရာမဘုရင် ဘွဲ့ကိုသာမက မဟာရာဇာ ဘွဲ့ကိုပါ ပြည်သူ၏ ဆန္ဒနှင့်အညီခံယူခဲ့သည်။ ဘူမိဘောသည် ၁၇၈၂ ခုနစ်ကပင် စတင်ခဲ့သော ချက်ကရီမင်းဆက် အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ဘုမိဘော၏ ဘိုးတော်မှာ မောင်းကွတ်ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီး အကြောင်းကို မှီငြမ်းရေးဖွဲ့ထားသော ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် ပေါ်ထွက်ခဲ့ဖူးသည်၊ အင်နာခင် နှင့် ယိုဒယား (ထိုင်း) ဘုရင် (Anna and the King Siam) ဖြစ်သည်။ ထိုဝတ္ထုကို နောင်အချိန်တွင် ကမ္ဘာကျော် ခေါင်းတုံးမင်းသား ယူလ်ဘရိုင်နား နှင့် ရုပ်ရှင်ပြန်ရိုက်သောအခါ ဘုရင် နှင့် ကျွနုပ် (The King and I) အဖြစ် ကျော်ကြားခဲ့လေ၏။
ထီးနန်းကို ဆက်ခံပြီးနောက် နစ်လကြာသောအခါ ဆွစ်ဇာန်နိုင်ငံ သို့ ပြန်သွားကာ လော့ဆန်းတက္ကသိုလ် တွင် သိပ္ပံ၊ ဥပဒေ ပညာ နှင့် နိုင်ငံရေးပညာရပ်များကို ဆက်လက်သင်ယူခဲ့လေသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ရပြီးနောက် ၁၉၅၁ ခုနစ်တွင် ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ခဲ့သည်။ ထိုအချိန်မှအစပြု၍ ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ထိုင်းနိုင်ငံထီးနန်း၌ သက်တမ်းအကြားဆုံး ချက်ကရီမင်းဆက် နဝမမြောက် ရာမဘုရင်အဖြစ်ဖြင့် ယနေ့ တိုင် ဆက်လက်စိုးစံအုပ်ချုပ်လာခဲ့သည်မှာ သက်တော် ၈၂ နစ်မွေးနေ့သို့တိုင်ခဲ့လေပြီးဖြစ်သည်။
ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သော် ၈၂ နစ် မြောက်မွေးနေ့မှသည် နောင်နစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ပါစေသတည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 5:45 AM 0 comments
Labels: ဆောင်းပါး
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ(မြင်းမူ)

ဝပ်တလုမ်-၃-၁၂-၂၀၀၉၊
တိပိဋကဓရ၊ဓမ္မဘဏ္ဍာဂါရိက၊ဆရာတော်ဘဒ္ဒန္တဝံသပါလာလင်္ကာရ သည်၊ ယနေ့ ည ၀၈း၀၀ အချိန်တွင်၊ မြန်မာနိုင်ငံမှ ပညာတော်သင်ရောက်ရှိနေကြသော ရဟန်းတော်များ အများဆုံးသီးတင်းသုံးရာ၊ ဘန်ကောက်မြို့ ဝပ်တလုမ်ကျောင်းတိုက်သို့ ကြွရောက်လာစဉ်၊ ပညာတော်သင်ရဟန်းတော်များမှ ဖူးမျှော်ကြည့်ညို ကန်တော့ ကြပြီး။ ဝပ်တလုမ်ကျောင်းထိုက်ကြီး၏၊ ဦးစီးပဓာနနာယက ဖြစ်တော်မူသော ဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဒာ နှင့်တွေ့ ဆုံကာ၊ မဟာချိုင်မြို့ညတရားပွဲသို့ ဆက်လက်ကြွသွားတော်မူကြောင်း သတင်ရရှိပါသည်။ တိပိဋကဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရသည်၊ မြန်မာနိုင်ငံရှိ မင်းကွန်းတိပိဋကနိကာယ ကျောင်းတိုက်တွင်နေထိုင်သီးတင်းသုံးကာ၊ အနယ်နယ်အရပ်ရပ်သို့၊ လှည့်လည်ကာ တရားဒေသနာတော်များ ဟောကြားတော်မူနေပြီး၊ မိမိမွေးဖွားရာဇာတိဖြစ်သော စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာတွင်၊ အခြေခံပညာအထက်တန်းကျောင်း နှင့် တိပိဋကဇီဝိတဒါန တိုက်နယ် ဆေးရုံတို့ကို ဆောက်လုပ်ကာ၊ ပရဟိတများကိုလည်း စွမ်းစွမ်းတမံ၊ ဆောင်ရွက်လျှက်ရှိကြောင်း၊ ကြားသိရပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 4:47 AM 0 comments
Labels: သတင်း
ကမ္ဘာကြီး တကယ်ပျက်တော့မည်။
အခုတစ်လော ရွာဦးကျောင်းသို့ ရောက်လာသူမှန်သမျှ ကပ္ပိယကျော်ခေါင် မှ အစပြုကာ လူတိုင်းလူတိုင်း၏ စကားဝိုင်းကို သတိထားမိသလောက် ပြန်ပြောပြရရင်၊ လာမည့် ၂၀၁၂- ခုနစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးပျက်မည်ဟူသော စကားကို မကြားချင်အဆုံး ကြားနေရလေသည်၊ ဤစကားသည် အဘယ်မျှမှန်ကန်မှူ ရှိသည်မရှိသည်ကို သိချင်စိတ်နှင့် လေ့လာမိသောအခါ တကယ်ပင်ကမ္ဘာကြီးပျက်စီးချိန်နီးနေပြီဟု ကောက်ချက်ချမိလေတော့၏။ သို့သော် ကပ္ပိယကျော်ခေါင်တို့ ပြောဆို နေသလို ၂၀၁၂- ခု မှာတော့လုံးဝ ဤကမ္ဘာကြီးမပျက်စီးနိုင်သေးကြောင်းကို ရွာဦးကျောင်းဆရာတော် တာဝန်ယူသည်ဟု မုချ ပြောဆိုနိုင်လေသည်။ အကြောင်းမှာကား=ဤဘဒ္ဒကမ္ဘာပေါ်တွင် အရိမိတ္တေယျဘုရားပွင့်တော်မမူသေး၊ ဘုရားလေးဆူသာပွင့်သေးသည်၊ ဘုရားငါးဆူပွင့်တော်မူရန် ဧကန်မုချ ဗျာဒိတ်တော် ရရှိထား သောကြောင့်ဟူ၍ ဘာသာရေးရှူထောင့်က ပြောဆိုနိင်သောကြောင့်တည်း။ နောက်တနည်းမှာ ဤကမ္ဘာပျက်သတင်းကို NASA အဖွဲ့မှ တရားဝင် ထုပ်ပြန် ထားခြင်းလည်းမရှိသေးခြင်း၊ လွန်ခဲ့ပြီးသော နိုဝင်ဘာလကမှ ကမ္ဘာအနီးကို အလွန်နီးကပ်စွာ ဖြတ်သွားခဲ့သော ဂြိုဟ်တစ်လုံးကို ကမ္ဘာသို့ အနီးကပ်ဆုံးမရောက်ခင် ၁၅- နာရီအလိုလောက်မှ သိလိုက်ရခြင်း တို့ကို ထောက်ဆ၍ ဤကမ္ဘာပျက်မည့်အရေးကို လွန်ခဲ့သော ၂၆- နှစ်ခန့် (၁၉၈၃) ခုနစ်ကတည်းက NASA က သိထားနှင့်ပြီး ထိုင်ချန်ထားခဲ့သည်ဆိုသော သတင်းမှာလည်းလုံးဝ ဖြစ်နိုင်ခြေမ ရှိခြင်း၊ စသည် အကြောင်းတရာများကြောင့် လုံးဝ မဟုတ်ကြောင်းကို ရွာဦးကျောင်းဆရာတော် အတိအလင်း ပြောဆို နိုင်လေ သည်။ ပျက်စီးချိန်နီးပြီး ဟုသော စကား ကို အဘယ် ကြောင့်ပြောဆိုနိုင်သနည်းဟုသော်ကား၊ ယခုကဲ့သို့ကောလာဟလ ဖြစ်ထွန်းနေရခြင်းသည် ဗုဒ္ဓဘာသာ ရှု့ထောင့်မှကြည့်လျှင် ကမ္ဘာပျက် မည့်နိမိတ် လက္ခဏာဟုဆိုအပ်သော ကပ္ပကောလာဟလ တစ်ခုဖြစ်နိုင်ကြောင်း နှင့် ကမ္ဘာကြီးဧကန်မု ချပျက်တော့မည် ဆိုလျှင် နစ်ပေါင်းတစ်သိန်းအလိုလောက်ကစ၍ ယခုကဲ့သို့ ကောလာဟလများ ပေါ်ထွက်တတ်ကြောင်းကို
ဗုဒ္ဓစာပေများတွင်လေ့လာမှတ်သားဖူး၏။ အခုတလော ရပ်ထဲရွာထဲတို့၌ ပြသလျှက်ရှိသော ဒါရိုက်တာ ရိုလန်အီမာရစ်ခ်ျ ရိုက်ကူးထားသော Godzilla, Independence Day, The after tomorrow, 2012, ရုပ်ရှင်ကားတို့မှာ နောင်နစ်ပေါင်း တစ်သိန်းလွန်သောအခါ ဤကမ္ဘာကြီးပျက်စီးတော့မည့် အရိုက်အယောင် နိမိတ်လက္ခဏာများသာ ဖြစ်ပါလိမ့်မည်၊ တနည်းဆိုရသော် ကပ္ပကောလာဟလ ကမ္ဘာပျက်မည့် နိမိတ်လက္ခဏာ များသာဖြစ်သေးကြောင်းဟု၍ မှတ်ချက်ချရမည်ဖြစ်၏။ သိပ္ပံပညာရှင်များက လောကတွင် မဖြစ်နိုင်တာ မရှိ မဖြစ်သေးသည်သာရှိ၏ ဟူ၍ ပြောဆိုကြလေ၏၊ ထိုစကားကို ရွာဦင်္းကျောင်းဆရာတော်က ဤသို့ ပြန်၍ ပြောဆိုလိုပေသည်၊ ဖြစ်ပြီးသောအရာမှန်သမျှတို့သည်လည်း မပျက်စီးနိုင်တာမရှိ မပျက်သေးသည်သာ ရှိ၏ ဟူ၍ဖြစ်လေ၏။ ဤသည်မှာလည်း အရမ်းကာရော ပြောကြားခြင်းမဟုတ်ပေ၊ ဗုဒ္ဓဘုရား ဟောတော် မူခဲ့ သော အနိစ္စာ ဝတ သင်္ခါရာ- ဟူသော စကားကိုထောက်၍ ပြောဆိုခြင်းသာလျှင်ဖြစ်လေ၏။ သို့သော် ကမ္ဘာပျက် မည့်အရေးကိုတွေး၍ ကြောက်နေလျှင် တက်တီးတိုးငှက်ငယ်သည် ကောင်ကင်ကြီးပြိုကျပျက်စီးမည်ကို စိုး၍ အလွန်သေးငယ်သော မိမိ၏ ခြေထောက်ငယ်လေးကို မိုးပေါ်သို့ထောင်၍ အိပ်သကဲ့သို့ ရှိလိမ့်မည်တကား။ အကယ်၍ ဤကမ္ဘာကြီး တကယ်ပျက်တော့မည်ဆိုလျှင်သော်မှ အနည်းဆုံး နစ်ပေါင်း တစ်သိန်းအထက် နေရအုံး မည်ဖြစ်ကြောင်း ရွာဦးကျောင်း ပရိဿတ်အား တင်ပြအပ်ပါသည်။ သို့သော် =ဤကမ္ဘာကြီးတကယ် မပျက်သေးပါ။
Posted by ရွာဦးကျောင်း ဆရာတော် at 5:55 AM 0 comments
Labels: ဆောင်းပါး
ကျေးဇူးတော်အရှင် ဖြုးဆရာတော် ၏ အန္တိမအဂ္ဂိ ဈာပန အခမ်းအနား- ဓါတ်ပုံများ
ကိုယ်တိုင်ဖူးတွေ့ရသကဲ့သို့ ကုသိုလ်ပွားများစေရန် ရည်ရွယ်မျှဝေပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 5:41 PM 0 comments
Labels: သတင်း
ဖြူးဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနား
၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)
၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ
၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ
၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ
၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
Posted by ရွာဦးကျောင်း ဆရာတော် at 8:02 PM 0 comments
Labels: သတင်း
ဖြူးဆရာတော်ဘုရားကြီးပျံလွန်တော်မူခြင်း။
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိသည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။
အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။
ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။
ှ
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
Posted by ရွာဦးကျောင်း ဆရာတော် at 1:34 PM 0 comments
Labels: သတင်း