တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ(မြင်းမူ)


ဝပ်တလုမ်-၃-၁၂-၂၀၀၉၊

တိပိဋကဓရ၊ဓမ္မဘဏ္ဍာဂါရိက၊ဆရာတော်ဘဒ္ဒန္တဝံသပါလာလင်္ကာရ သည်၊ ယနေ့ ည ၀၈း၀၀ အချိန်တွင်၊ မြန်မာနိုင်ငံမှ ပညာတော်သင်ရောက်ရှိနေကြသော ရဟန်းတော်များ အများဆုံးသီးတင်းသုံးရာ၊ ဘန်ကောက်မြို့ ဝပ်တလုမ်ကျောင်းတိုက်သို့ ကြွရောက်လာစဉ်၊ ပညာတော်သင်ရဟန်းတော်များမှ ဖူးမျှော်ကြည့်ညို ကန်တော့ ကြပြီး။ ဝပ်တလုမ်ကျောင်းထိုက်ကြီး၏၊ ဦးစီးပဓာနနာယက ဖြစ်တော်မူသော ဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဒာ နှင့်တွေ့ ဆုံကာ၊ မဟာချိုင်မြို့ညတရားပွဲသို့ ဆက်လက်ကြွသွားတော်မူကြောင်း သတင်ရရှိပါသည်။ တိပိဋကဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရသည်၊ မြန်မာနိုင်ငံရှိ မင်းကွန်းတိပိဋကနိကာယ ကျောင်းတိုက်တွင်နေထိုင်သီးတင်းသုံးကာ၊ အနယ်နယ်အရပ်ရပ်သို့၊ လှည့်လည်ကာ တရားဒေသနာတော်များ ဟောကြားတော်မူနေပြီး၊ မိမိမွေးဖွားရာဇာတိဖြစ်သော စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာတွင်၊ အခြေခံပညာအထက်တန်းကျောင်း နှင့် တိပိဋကဇီဝိတဒါန တိုက်နယ် ဆေးရုံတို့ကို ဆောက်လုပ်ကာ၊ ပရဟိတများကိုလည်း စွမ်းစွမ်းတမံ၊ ဆောင်ရွက်လျှက်ရှိကြောင်း၊ ကြားသိရပါသည်။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP