သံဃာ့ဂိုဏ်း မသင့်စေဖို့ 

မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည် "အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံးရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည် အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည် လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ် ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည် သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင် နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။ သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍ တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကိုတည်ထောင်တော်မူသည်တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှပို့ ချတော်မူခဲ့သည် ၁၉၉၃ ၁၃၅၂ ခု နှစ် မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအားသပိတ်မှောက် သံဃာကံပြုတော်မူကြသည်။ သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည် သပိတ်မှောက်ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအားသြ၀ါဒပေးတော်မူသည် သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့ တိုင်အောင် သာသနာတော်တည်နေခြင်းဖြစ်သည် မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော် သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည် သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည်ဟု မိန်တော်မူသည်အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသော ထင်ရှားသောဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်က အတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည် တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအား သပိတ်မှောက်ကံ ပြုစေတော်မူသည် ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော စစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။ မက်မောလောက်အောင် TV အောက်စက်မှ အစ လှူသည် .. သို့ သော် ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည် အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည် ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွန်လွန်သော် အသုဘသို့ ကြွရောက်ခါ ရစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိဖြစ်ရသည် မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချောတွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ ထိုသတင်းများကို သိခဲ့ရသည် မိသားစုဝင်သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသော အောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များ ပြဿနာ တက်ရတော့မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်။ သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည မြန်မာ့အသံမှ တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည် အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများ အဆက်မပြတ်ထုတ်လွှင့်ခဲ့သည် ဆရာတော်က သပိတ်လှန်လက်မှတ်ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကို ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့် ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည် ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည် ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည် န၀တ အစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း စစ်အစိုးရမှ အာဃာတတရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့  သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်။ ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြား တလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည် မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပိုသည် .. ဆရာတော်အား စစ်ဆေးမည့် ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ မင်းစစ်ဆေးရမဲ့သူက တခြားသူမဟုတ်ဘူး တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ ကောင်းကြွယ်ရေးသားသော တိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည် ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည် ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည် ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့် သတင်းများစွာ လွှင့်ခဲ့သည် ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို သတိထား သတိရ သူများ ရှာဖွေကြပါကုန် တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည် နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ ၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသော သံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍ စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည် ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကို ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။ "သီလကြီးလေးပါး လုံခြုံလျှင် သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည် သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည် ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မက ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင် တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည် သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့် ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည် ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက် ထူးကြီးဆရတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များ လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း ထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင် သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့် ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။ ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ သုံးလာကြသည် မြန်မာနိုင်ငံဝယ် သံဃာဦးရေ အရမ်းများနေသည် သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော် သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့  အစပျိုးခြင်းလားဟု ထင်မိပါသည်။ "အထူးသတိပေးချက်" သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏ ၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု ပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည် အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည် ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ က ယူဆနေကြသော သံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ် ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည် တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအား အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို မြင်ရသောအခါ ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည် ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည် ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည် သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမက ဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန် ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်သြကာသပင်ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည် သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့  အင်မတန်မှ ခက်ခဲလေသည် ။ မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည် သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း သံဃာတော်သည် ကြောင့်ကြမဲ့ နေတော်မမူကြပါပေ မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား .. မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့  သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ မဖြစ်စေဖို့  သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည် သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍ သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေသတည်း ။ အမြဲတမ်း ဘေးမသန်းပဲအေးချမ်းသာယာ သံသရာဝယ် ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။ မှတ်ချက်။ ။ ကိုယ်ပိုင် ဆောင်းပါ မဟုတ်၊ မေးလ်မှတစ်ဆင့် ရလာသော ဆောင်းပါးအား သဘောကျ၍ ပြန်လည် တင်ပြလိုက်သည်။

ဆက်ဖတ်ရန်.

ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၄-နစ်ပြည့် မွေးနေ့။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံတွင် ၁၇၈၂ ခုနစ်မှ စတင်၍စိုးစံလာသော ချက်ကရီမင်းဆက်အနွယ်တော်မှ ဆင်းသက်လာခဲ့သော နဝမမြောက် ရာမဘုရင် ဖြစ်သည်။ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။ သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။ ထို့နောက် ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင် ပညာသင်ကြားခဲ့သည်။ နောင်တော်ဘုရင် အနန္ဒမဟီဒိုး ရုတ်တရက်နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံထီးနန်း၌ စိုးစံလျှက်ရှိသည်။ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် (၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်) ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ် (Mon Rajawongse Sirikit Kiktiyakara) မင်းသမီးနှင့် ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။ သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကပင် တွေ့မြင်ရင်းနှီးမေတ္တာမျှခဲ့ခြင်းဖြစ်သည်။ သီရီခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင်တွင် အချောအလှဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ စုလျှားရစ်ပတ်ပြီးနောက် ထိုနစ် မေလ ၅ ရက်နေ့၌ပင် ရာဇာဘိသေက အခန်းအနားကို ကြီးကျယ်စွာဆင်ယင် ကျင်းပပြီးဘိသိက်ခံခဲ့သည်။ ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ရွှေနန်းပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြသာဒ်များကို သူ ပိုင်ဆိုင်သည်။ သို့သော် ဘုရင်းတစ်ပါးပင်ဖြစ်သော်ငြား ပြည်သူအကြားသို့ဝင်၍ ပြည့်သူ့ဝန်ကို ထမ်းရွက်နေသူဖြစ်သည်။ ဘုရင်ဘူမိဘောသည်ကား ဆက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်ပေ၊ ထို့ပြင် [အင်နာခင်နှင့် ယိုးဒယား(ထိုင်း) ဘုရင်] ဝတ္ထုထည့်ကလို ဒေါသ မာန်မာနကြီးမား၍ အာဏာစက်ပြင်းလှသော သူ၏ ဘိုးတော်လို ဘုရင်ကြီးလည်းမဟုတ်ပေ။ ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသူ ဖြစ်သည်။ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ အမူအရာခက်ထန်မောက်ကြွားမှုကင်းသည်။ မည်သူ့ကိုမဆို ကူညီရိုင်းပင်းလိုသော လူမှူဝန်ထမ်းစိတ်ရှိ အပြည့်ရှိသည်။ သည်စိတ်ဓာတ်များကြောင့်ပင် သူသည် ရွှေအိမ်နန်း နှင့် ကြငှန်းစံသောဘဝမှနေ၍ မြေကြီးပေါ်သို့ဆင်းကာ ဗျိုက်တော်နှင့် ရွှံ့ညွန်အကြား ခြေစုံပင်ကွဲစေဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် အလုပ်မှန်သမျှ အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ် သယ်ပိုးခဲ့သည်။ လယ်သမားများနှင့် အသိချင်းဖလှယ်ခဲ့သည်။ ဘူမိဘောတိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများလည်းပါသည်။ အထူကုဆရာဝန်များနှင့် သွားအထူးကု ဆရာဝန်များလည်းပါသည်။ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထန်းများက ဒေသခံဆေးရုံများနှင့် ပူးပေင်း၍ အခမဲ့ ကုသပေးသည်။ ယနေ့ထိုင်းနိုင်ငံသည် အာရှတိုက်တွင် ထွန်းသစ်စ စက်မှူနိုင်ငံဘဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်းသည်သာ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံထားသည်။ ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲမွေးတေမှူနှင့် လူမှူပြဿနာရှိနေသမျှ တိုင်းပြည် မတည်ငြိမ်နိုင်ကြောင်း ဘုရင်ဘူမိဘော ကောင်းကောင်း သိသည်။ ထို့ကြောင့်ပင်လျှင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က (ကြိုတင်ကာကွယ်ရေးဆေးဝါး) ဟုတင်စားခဲ့သည်။ ပြည့်သူ့အတွက် ချက်ချင်းဆောင်ရွက်‘‘ ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့  ကျင့်သုံးလျှက်ရှိသည့် ဆောင်ပုဒ်တစ်ခုဖြစ်သည်။ သို့ကလို ပြည်သူ့အကျိုးကို နေ့မအား ညမနား ဆောက်ရွက် ပေးလျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံ တိုင်းသူပြည်သားများ၏ စည်းလုံးညီညွတ်ရေး အထိန်းအမှတ်အဖြစ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ နစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဘူမိဘောနန်းသက်တစ်လျှောက်၌ ကမောက်ကမ ဖြစ်မှူများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။ စစ်တပ်မှ အာဏာသိမ်းပိုက်မှူ ၁၉ ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပျင်ဆင်ရေးအဖွဲ့မှ ၁၀ ကြိမ်နှင့် အကြိမ်ပေါင်း မရေတွက်နိုင်သော ကက်ဘိနက်အစိုးရဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှူများကို တွေ့ကြုံဖြတ်သန်း ခဲ့ရသည်။ ဘုရင်ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်သည်။ သို့ရာတွင် သူကား ပြည့်သူချစ်သော ဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူကိုအလုပ်အကြွေးပြုသော မင်းတစ်ပါးသာ ဖြစ်သည်။ သူ၏ကိုယ်ရေကိုယ်သွေး စွမ်းပကားကား ကြီးမားလှသည်။ သူ၏တည်ဆောက်ရေး လုပ်ငန်းများသည် ထိရောက်အောင်မြင်သော လုပ်ဆောင်မှူများဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သာ ဖြုတ်ချခဲ့သည် ဘုရင်ဘူုမိဘောကိုမူ သစ္စာရှိကြသည်။ အာဏာရယူရေးကိစ္စများတွင် ဘုရင်ဘူမိဘောသည် မည့်သူ့ဖက်မျှမပါဝင်ပဲ သိက္ခာသမာဓိနှင့်နေခဲ့သည်။ ကျောသားရင်သား မခွဲခြားပဲ တရားနည်းလမ်းကျစွာ အဆုံး အဖြတ်ပေးသည်။ ဘူမိဘောသည် ထိုင်းဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏နိုင်ငံတွင် ဒီမိုကရေဆီအပြည့်အဝ ပေါ်ထွန်း ရေးကို ဦးတည်သော လုပ်ဆောင်ချက်များကိုသာ လိုလားနစ်သက်သူဖြစ်သည်။ ထိုင်း ဘုရင်ဘူမိဘော၏ ပုဂ္ဂိုလ်ရေး အာဏာသည် သူ၏ နန်းသက်တစ်လျှောက်တွင် ကြာလေခိုင်မြဲလေ ဖြစ်သည်။ ထိုင်းနိုင်ငံသမိုင်းတွင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့လေပြီ။ ဘုရင်ဘူမိဘောသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို နောင်တော် အနန္ဒမဟီဒိုးမှာ သူ၏ အိပ်ခန်းဆောင်၌ သေနပ်ဒါဏ်ရာဖြင့် ထူးဆန်းစွာလုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် နောင်တော်၏ ထီးနန်းအရိုက်အရာကို ညီတော်ဖြစ်သော ဘူမိဘောက ၁၉၄၆ ခုတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရသည်။ နောင်တော်နတ်ရွာစံစဉ်က ဘုရင်ဘူမိဘောမှာ ၁၈ နစ်သာရှိသေးကာ ဆွစ်ဇာလန်နိုင်ငံ၌ ပညာသင်ကြားနေချိန်ဖြစ်သည်။ ဘူမိဘောသည် ဘုရင်ဖြစ်လာပြီးနောက် နဝမမြောက်ရာမဘုရင် ဘွဲ့ကိုသာမက မဟာရာဇာ ဘွဲ့ကိုပါ ပြည်သူ၏ ဆန္ဒနှင့်အညီခံယူခဲ့သည်။ ဘူမိဘောသည် ၁၇၈၂ ခုနစ်ကပင် စတင်ခဲ့သော ချက်ကရီမင်းဆက် အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ဘုမိဘော၏ ဘိုးတော်မှာ မောင်းကွတ်ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီး အကြောင်းကို မှီငြမ်းရေးဖွဲ့ထားသော ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် ပေါ်ထွက်ခဲ့ဖူးသည်၊ အင်နာခင် နှင့် ယိုဒယား (ထိုင်း) ဘုရင် (Anna and the King Siam) ဖြစ်သည်။ ထိုဝတ္ထုကို နောင်အချိန်တွင် ကမ္ဘာကျော် ခေါင်းတုံးမင်းသား ယူလ်ဘရိုင်နား နှင့် ရုပ်ရှင်ပြန်ရိုက်သောအခါ ဘုရင် နှင့် ကျွန်ုပ် (The King and I) အဖြစ် ကျော်ကြားခဲ့လေ၏။ ထီးနန်းကို ဆက်ခံပြီးနောက် နစ်လကြာသောအခါ ဆွစ်ဇာန်နိုင်ငံ သို့ ပြန်သွားကာ လော့ဆန်းတက္ကသိုလ် တွင် သိပ္ပံ၊ ဥပဒေ ပညာ နှင့် နိုင်ငံရေးပညာရပ်များကို ဆက်လက်သင်ယူခဲ့လေသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ရပြီးနောက် ၁၉၅၁ ခုနစ်တွင် ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ခဲ့သည်။ ထိုအချိန်မှအစပြု၍ ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ထိုင်းနိုင်ငံထီးနန်း၌ သက်တမ်းအကြားဆုံး ချက်ကရီမင်းဆက် နဝမမြောက် ရာမဘုရင်အဖြစ်ဖြင့် ယနေ့ တိုင် ဆက်လက်စိုးစံအုပ်ချုပ်လာခဲ့သည်မှာ သက်တော် ၈၃ နစ် မွေးနေ့သို့ တိုင်ခဲ့လေပြီးဖြစ်သည်။ ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သော် ၈၄ နစ် မြောက် မွေးနေ့ မှသည် နောင်နစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ပါစေသတည်း။

ဆက်ဖတ်ရန်.

ကပ္ပိယကျော်ခေါင် နှင့် ဒန်အိုးပျံ

တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ဦးဇင်းငယ်တစ်ပါးနှင့် လိုက်ပါလျှက် တာမွေမြို့နယ်အတွင်း လှည့်လည်ကာ၊ ဆွမ်းအလို့ငှာ ဖိတ်မန်တကာ့ ပြုနေလေတော့၏၊ ရန်ကုန် စာသင်သားတို့ထုံစံအတိုင်း အိမ်စဉ်လှည့်လည်ကာ ဆွမ်းဖိတ်နေခြင်း ဖြစ်လေသည်။ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ဆွမ်းဖိတ်လာခဲ့သည်မှာ ရပ်ကွက်ပေါင်းမနည်းတော့ပေ၊ သို့သော် အကျွန်ုပ်၏ အားနည်းချက်ကြောင့် ပေလော့၊ သို့တည်းမဟုတ် ဦးဇင်းငယ်၏ ပါရမီဘုန်းကံနည်းပါးခြင်းကြောင့်ပေလော့ မဆိုနိုင်ပေ၊ ညနေ ၆ နာရီ ထိုခါနီး အချိန်ထိ ဆွမ်းခံအိမ်ဟူ၍ မည်မည်ရရ မရသေးချေ။. ရန်ကုန်တွင် ဆွမ်းခံအိမ် လိုက်၍ဖိတ်ရခြင်းမှာ စာသင်သား ရဟန်းပျိုများအတွက် အလွန်တရာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်လေသည်။ မိမိသဘောကျသော စာသင်တိုက်ဖြစ်၍ နေချင်သော်လည်း ဆွမ်းခံအိမ် အလုံအလောက်မရှိခဲ့သော် အခက်ကြုံတတ်ကြရလေသည်။ ဆွမ်းဖိတ်ရာ၌ တွေ့ရတတ်သော အခက်အခဲများမှာ ဤသို့တည်း။ အချို့သော ဒကာ ဒကာများမှာ မိမိတို့အိမ်တွင် ဆွမ်းခံကြွနေသော ကိုယ်တော်လေးများ မြောက်များစွာ ရှိနေကြ၍ လက်မခံလိုကြတော့ကြောင်း ပြောဆိုတတ်ကြခြင်း၊ အချို့သော ဒကာ ဒကာမများမူကာ၊ မိမိတို့ကို မိမိ ဧည့်သည်ဟုဆိုကာ အိမ်ရှင်များ မရှိ၍ လက်မခံလိုကြောင်း ငြင်းတတ်ကြလေသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည်ကား အမှန်စင်စစ် ဧည့်သည်များ ဟုတ် မဟုတ်ကို ကြည့်ရုံနှင့် သိနိုင်လေသည်၊ လက်မခံလို၍ အကြောင်းပြခြင်းသာဖြစ်လေသည်။ ထို့သို့ အစရှိသော အကြောင်းပြချက်ပေါင်းစုံများဖြင့် တစ်နေကုန် ဆွမ်းခံအိမ် ဖိတ်၍ မရသည့်အဆုံးတွင်ကား၊ နောက်ဆုံးအနေဖြင့် ဤတိုက်တစ်လုံးကို တက်၍ ဖိတ်တော့မည်ဟု ဆုံးဖြတ်ချက်ချကာ၊ ရှစ်ထပ်တိုက်ကြီး တစ်လုံးကို ဗဟိုပြုလျှက် နစ်ဦးသားလျှောက်လှမ်းလာခဲ့လေတော့သည်။ တိုက်ပေါ်သို့ မတက်မီ လှေကားဝတွင် မင်္ဂလာမရှိစွာဖြင့်ပင် အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသာတစ်ဦတို့ အားပေါင်အာရင်းသန်သန်ဖြင့် ငြင်းခုံနေကြသည် အကျွန်ုပ်ကပ္ပိယကျော်ခေါင် အကဲခမ်မိခဲ့လေသည်။ ၄င်းအသံသည်ကာ မြေညီထပ်မှသည် ငါးထပ်မြောက်ထိအောင် ဆူညံနေလေတော့၏၊ ဤသို့နှင့်ပင် အကျွန်ုပ်တို့နစ်ဦးသား ဆွမ်းခံအိမ်အလို့ငှာ မရလည်း ရလည်းအမြတ်ဟု ဆိုကာ တိုက်ခန်းများကို တစ်ခန်းပြီး တစ်ခန်း စတင်ဖိတ်လေတော့၏၊ သို့သော် အပေါ်ဆုံးထပ်သို့ ရောက်သည့်တိုင်အောင် မည့်သည့်အိမ်ကမျှ လက်ခံခဲ့ခြင်း မရှိသေးချေတကား။ ထိုအခါ၌ ကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ စိတ်မရှည်တော့သည်ဖြစ်၍ ၄င်းကိုယ်တော်ငယ်အား တော်တော်ဘုန်းကံပါရမီနည်းတဲ့ ကိုယ်တော်ဟု ပြောဆိုကာဖြင့်၊ ဒီတစ်ကြိမ် ငါကိုယ်တိုင်ဖိတ်မည်၊ ကိုယ်တော် အသာနေဟု ဆိုကာ၊ ရှစ်ထပ်မြောက်သို့ တက်ခဲ့လေတော့၏၊ ရှစ်ထပ်မြောက်သို့အတက်တွင်းကား လင်းမယားစကားများသံလိုလို အသံတစ်ခုကိုကြားမိ၍၊ ငကျော်ခေါင် အသေအချာ နားထောင်စမ်း ဒီအသံ ဘယ်ကလာသလဲဟု မေးလေ၏၊ ကျွန်ုပ်သည်ကား အလွန်တရာပါးနပ်သူဖြစ်၍ ဤသို့ပြန်ဖြေလိုက်လေ၏၊ ဒီကိုယ်တော်နှယ် အောက်ထပ်လှေကားတက်ဝမှာ အာပေါင်အာရင်းသန်သန်နှင့် စကားများနေကြတာကို မမြင်ခဲ့ဘူးလား၊ အဲဒီက လာတဲ့ အသံပေါ့ဟု၊ ခပ်တည်တည်ဖြင့်ပင် ပြန်လည်ဖြေကြားလိုက်လေ၏၊ ရှစ်ထပ်သို့ရောက်သည်နှင့် ၄င်းအသံသည်လည်း အနည်းငယ် ပို၍ကျယ်လောင်လာသကဲ့သို့ထင်ရလေသည်။ အကျွန်ုသည်ကား လှေကားများ၏ ပဲ့တင်သံကြောင့် အောက်ထပ်က အသံဟုသာ တစ်ထစ်ကျတွက်ဆလိုက်လေသည်။ တံခါးမ တစ်ခုရှေ့ တွင် ကိုယ်တော်ငယ်နှင့် အကျွန်ုပ်တို့နစ်ဦးသား မတ်တပ်ရပ်လျှက်၊ ဆွမ်းခံဖိတ်ရန် တံခါးကို အကျွန်ုပ်ကိုယ်တိုင် ခေါက်မည်အပြုတွင်၊ ဒုန်းဟူသော အသံတစ်ခုနှင့် ၄င်း တံခါးမကြီးပွင့်ထွက်လာလေတော့၏၊ တစ်ခဏချင်းဖြင့်ပင်လျှ အလွန်လျှင်မြန်သော အဟုန်ဖြင့်၊ တံခါးဝမှ ဒန်အိုးတစ်လုံး ပလူပျံသကဲ့သို့ ထွက်ကျလာပြီးလျှင်၊ အကျွန်ုပ်၏ နားထင်နားမှ ဖြတ်ကျော်ကာ၊ ဒိုင်းဟူသော အသံနှင့်အတူ တစ်ဖက်နံရန်ကို ထိမှန်လေတော့၏၊ အရာအားလုံးကို ကျွန်ုပ်သဘောပေါက်သွားခဲ့လေပြီ၊ အကျွနု်ပ်သည် ငယ်စဉ်က ဆရာအောင်မြင့်ထံတွင် သင်ခဲ့ဖူးသော၊ မှတ်မိသမျှသော ခရာတေးအကွက်ဖြင့် ၄င်းဒန်အိုးပျံအား တိမ်းရှောင်ကာ လေကဲ့သို့လျှင်မြန်သော အဟုန်ဖြင့် စက္ကန့်ပိုင်းအတွင်း ရှစ်ထပ်တိုက်ကြီး၏ မြေညီထပ်သို့တိုင်အောင်၊ ပြေးဆင်းခဲ့ရလေတော့၏၊ အမှန်မှာ ရှစ်ထပ်သို့အတက်တွင် ကြားခဲ့ရသော အသံမှာ၊ မြေညီထပ်က လာသောအသံ မဟုတ်ပဲ၊ ဆွမ်းဖိတ်ရန်အလို့ငှာ အကျွန်ုပ်ကိုယ်တိုင် တံခါးခေါက်ရန် ကြံစည်နေသော တိုက်ခန်းတွင်းမှ လင်းမယားရန်ဖြစ်နေသော အသံသာ ဖြစ်ကြောင်းကို အကျွန်ုပ် နောက်မှ သိရှိခဲ့ရလေသည်၊ အကယ်၍သာ ထိုနေ့ ထိုအချိန်က ထိုတိုက်ခန်းအား တံခါးခေါက်၍ ဆွမ်းဖိတ်မိခဲ့ပါမူ။ .

ဆက်ဖတ်ရန်.

ဝပ်တလုမ်ကျောင်း ရေဘေး

ဆက်ဖတ်ရန်.

ထွက်ပေါက်


တစ်လောကလုံးက ငါ့အား မကောင်းဆိုးဝါးကြီးသဖွယ် ကြည့်နေကြပြီ။ စက်ဆုတ်ရွံရှာဖွယ် သတ္တဝါကြီးတစ်ကောင်လို သဘောထားနေကြပြီ။ အန္တရာယ်ကောင်းကြီးသဖွယ် ကျိန်ဆဲနေကြပြီ။ ငါလာရာ လမ်းကြောင်းတစ်လျှောက် အတားအဆီးများစွာတို့ဖြင့် ငါ့အား ကန့်ကွက်နေကြလေပြီ။ ငါ့ကို အပြီးပိုင် တိုက်ထုပ်နိုင်ရန် မဟာစီမံကိန်းကြီးများ ချမှတ်နေကြလေပြီ။ ငါ့၏ကျေးဇူးတရားကိုမျှ မထောက်ထားတော့ပဲ ဆန့်ကျင်နေကြလေပြီတကား၊

ငါ အမှန်အတိုင်း ဝန်ခံရပါမူ လွန်ခဲ့သော အနှစ် ငါးဆယ်ခန့်ကတည်းက ငါ့၏ လွတ်လပ်မှူကို အပြီးပိုင်စွန့်လွတ်ခဲ့ကာ ယနေ့အထိ ငါ လုံးဝ စိတ်ပျက်အားငယ်မှူမရှိပဲ၊ အစွန်းကုန် ကြိုးစားရုန်းကန်လျှက်၊ ပြည်သူလူထုများ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပြီးပြီ။

မရှိမဖြစ်လိုအပ်သော မီး ရရှိရေအတွက် ငါ အစွမ်းကုန် ရုန်းကန်ခဲ့ရပြီးပြီ၊ မရှိမဖြစ်လိုအပ်သော ရေ အတွက်လည်း ငါ့၏ အသွေးအသားများအား ထက်ဝက်ခွဲဝေပေးခဲ့ရပြီးပြီ၊ သဘာဝတောတောင် သယံဇာတများကို ငါအစွမ်းကုန် ကြိုးစားရုန်းကန်လျှက် ထွန်းလင်း တောက်ပ စိမ်းလန်းစိုပြေစေခဲ့ပြီးပြီ။

အနှစ် ငါးဆယ်လုံးလုံး အကျဉ်စံဘဝဖြင့် ငါ အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ပြီးတဲ့ နောက်၊ ငါ အတောင်းတဆုံး အလိုချင်ဆုံးဖြစ်သော လွတ်လပ်မှူကို ရှာဖွေရန် အလွန်တရာကျဉ်းမြောင်းလှသော လှောင်အိမ်ထဲမှ ထွက်ခွါသွားရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

အကျဉ်စံဘဝဖြင့် အနှစ်ငါးဆယ်လုံးလုံး နေခဲ့ရခြင်းသည်လည်း၊ ပြစ်မှူ တစ်စုံတစ်ရာ ကြူးလွန်းခဲ့၍မဟုတ်၊ သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ငါ့အား ချုပ်နှောင်ထားခဲ့ကြခြင်းသာဖြစ်လေသည်။ ငါသည်ကား သဘာဝအလျှောက် အမြဲတမ်း စီးဆင်းနေရမှ ရှင်သန်ရသော အမျိုးဖြစ်လေသည်။

သို့သော် လူတို့၏ အတော်မသတ်နိုင်သော လောဘဇောကြောင့် အနှစ်ငါးဆယ်လုံးလုံး ကျဉ်းမြောင်းကျပ်တည်းလှစွာ အလုပ်လုပ်ခဲ့ရလေသည်။

အခု ငါ ထွက်ခွါသွားတော့မည် ငါ့အား မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးမှူမပြုနှင့်တော့။

မည်သို့ပင် တောင်းမန်သော်လည်း ငါလာရာ လမ်းတစ်လျှောက် ငါ့အား အမျိုးမျိုး အဖုံဖုံသော အတားအဆီးများဖြင့် မရ ရအောင် ပိတ်ပင်ကြလေသည်၊ သို့သော် ငါ့ကို ချစ်၍တားကြသည်မဟုတ်၊ ငါ့အား မကောင်းဆိုးဝါးကြီးတစ်ကောင် သဖွယ် တားဆီးကြခြင်းသာ ဖြစ်လေသည်။ ငါသည်ကား မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်မဟုတ်၊ သက်ရှိ သက်မဲ့ မှန်သမျကို အကျိုးပြုနေသော၊ သဘ၀အတိုင်း စီးဆင်းနေသော ရေ သာလျှင် ဖြစ်လေသည်။

ရေ ဟု ဆိုအပ်သော ထိုငါအား၊ လွန်ခဲ့သော နစ်ပေါင်းများစွာကတည်းက ပိတ်လှောင်၍ အလွန်တရာကြီးကျယ်လှသော ရေလှောင်ကန်ကြီးဖြင့်၊ စုဆောင်းထားခဲ့ရမှ ယနေ့ တားမနိုင်ဆီးမရဖြစ်ကာ၊ ပွင့်အန် ထွက်ချလာခြင်းသာဖြစ်လေသည်၊ လူသားတို့အား ဒုက္ခပေးရန် ငါ စောင့်ဆိုင်း၍ နေခဲ့သည်မဟုတ်။

မည်သူက မည်မျှပင်တားတား ငါ လုံးဝ နောက်ဆုတ်တော့မည်မဟုတ်၊ တား၍လည်း ရမည်မဟုတ်တော့၊ ငါ၏ သွားလိုရာကား ငါတို့အမျိုးအနွယ်တို့၏ ပျော်စံရာ မဟာသမုဒ္ဒရာပင် ဖြစ်လေသည်။

သို့သော်လည်း လူတို့သည် ပြုခဲ့ဖူးသော ငါ့၏ကျေးဇူးကိုမျှမထောင်ထားပဲ၊ အမျိုးမျိုးအဖုံဖုံ နှောင့်ယှက် တားဆီး နေလေတော့သတည်း။

ဆက်ဖတ်ရန်.

ထိုင်းနိုင်ငံ ရေဘေးသင့် မြန်မာများအား A.S.M.A အဖွဲ့မှ သွားရောက်ကူညီ

ဆက်ဖတ်ရန်.

သာဓု ဟူသည် အစွမ်းထက်သော ဂါထာမန္တရား မဟုတ်

အမေး။ ။Guest ဆရာတော်ဘုရား. ဘာသာခြားများက မေးလာတဲ့မေးခွန်းကို သေရှာဖြေနိုင်အောင် ကူညီပါဦးဘုရား။
သာဓုဆိုတာဘာလဲ။ သာဓုခေါ်လိုက်တာနဲ့ ကျွတ်လွတ်သွားရောလား တဲ့။
ကိုယ်တိုင်မလုပ်ဘဲ သာဓုခေါ်လိုက်ရုံနဲ့ ကျွတ်လွတ်သွားရောလား။ အဲလောက်စွမ်းလား ဆိုတဲ့ သဘောနဲ့ မေးကြတယ် ဘုရား။

နောက်ပြီး တပည့်တော်မ သိချင်တာက မကောင်းဆိုးဝါးတွေ မနှောက်ယှက်အောင် အိမ်တို့ ကုတင်အိပ်ယာတို့ကို စည်းချတယ်ဆိုတာ ဘယ်လို လုပ်တာလဲ ဘုရား။


အဖြေ။        ။ သာဓု- ဟူသည် ပါဠိဘာသာဖြစ်သည်၊ မြန်မာလို (ကောင်းလေစွာ့- ကောင်းသည်) ဟု အဓိပ္ပါယ်ရသည်။ ကွယ်လွန်သွားပြီးသောသူများကို အမျှအတန်းပေးဝေရာ၌၊ ၄င်းသေပြီး၍ မကျွတ်မလွတ်သေးသော သူများက သာဓု ဟု ခေါ်ဆိုလိုက်ရလျှင်၊ ကျန်ရစ်သူများ ပြုလုပ်သော ကုသိုလ်ကောင်းမှူ၏ အကျိုးကို မုချရသည်ဟု ဆိုပါသည်။

သို့သော် သာဓု ဟု သာမန်အားဖြင့် ပြောဆိုရုံနှင့် အကျိုးခံစားရသည်ဟု မမှတ်စေချင်ပါ၊ သာဓု ဆိုသော စကားလုံးသည်၊ အစွမ်းထက်သော ဂါထာမန္တရား မဟုတ်ပေ။ မိမိအတွက် ရည်စူး၍ ပြုလုပ်သော ကုသိုလ်ကောင်းမှူကို၊ မြတ်မြတ်နိုးနိုး ဝမ်းသာပီတိဖြစ်၍ သာဓု ခေါ်ဆိုနိုင်မှ အကျိုးရလေသည်၊

အဘယ်ကြောင့် ဆိုသော်- ၄င်းပီတိသည်ပင်လျှင် မဟာကုသိုလ် သောမနဿပီတိ ဖြစ်သောကြောင့်ဟု မှတ်ပါလေ။ သာဓုက အကျိုးပေးသည်မဟုတ်၊ သာဓု (ဝါ) ဝမ်းမြောက် ဝမ်းသာ ဖြစ်သော ကိုသိုလ်သောမနဿ စိတ်က အကျိုးပေးသည်ဟု မှတ်ပါလေ။ ထိုသော ဝမ်းမြောက်မှ သာလျှင် (သာဓု) ခေါ်ဆိုနိုင်လေသည်။ တစ်နည်းအားဖြင့်၊ ငါ ဝမ်းမြောက် ဝမ်းသာဖြစ်သည် (သာဓု) ဟု ပြောခြင်းသာဖြစ်လေသည်။

မကောင်းဆိုးဝါးများ မနှောင့်ယှက်နိုင်အောင် စည်းချခြင်းသည်၊ ရတနာသုံးပါး၏ ဂုဏ်ကို အာရုံပြု၍ မေတ္တာ ဘာဝနာစိတ်ဖြင့် အိပ်စက်ခြင်းကို ဆိုလိုသည်၊ သိုသော်- လောကီနက္ခတ်ပညာ အင်းပညာ မှော်ပညာတို့၏ အစွမ်းများဖြင့် စည်းချခြင်းများလည်းရှိသေးသည်။

ည အိပ်ယာဝင်ခါနီ မေတ္တာပို့ခြင်း၊ ရတနာသုံးပါး မိဘ ဆရာသားများ၏ ဂုဏ်ကို အားပြု ရှိခိုးခြင်း၊ သို့မဟုတ် မိမိရွတ်ဖတ်ပူဇော်လေ့ရှိသော သမ္ဗုဒ္ဓေ အစရှိသော ဂုဏ်တော်များကို ရွတ်ဖတ်၍ မင်္ဂလာရှိစွာ အိပ်စက်ပါလေ။ ထိုသို့ အိပ်စက်ခြင်းသည်ပင်လျှင် စည်းချခြင်းဖြစ်လေသည်။

ဆက်ဖတ်ရန်.

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP