" အလိုတော်ပြည့် အလင်းရောင်" မဂ္ဂဇင်းစာအုပ်ထုတ်ဝယ်နိုင်ရန် စာမူတောင်းခံအပ်ပါသည်။
ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်ဒေသ သာသနာပြု အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ ဘဒ္ဒန္တဒေါက်တာ အရိယ၀ံသ ထံမှသြ၀ါဒ ခံယူပွဲအခမ်းအနား နှင့် အာစရိယပူဇော်ပွဲကို လာမည့် ၂၀၁၁ ခု ဇန္န၀ါရီလ ဒုတိယအပတ်အတွင်းတွင် စစ်တွေမြို့
အလိုတော်ပြည့်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ယင်းပွဲနှင့်ဆက်စပ်၍ ရခိုင်ပြည်နယ်ရှိ ဆရာတော်ကြီး၏
ဘာသာရေး၊ လူမှုရေး၊ ပရဟိတလုပ်ဆောင်ချက်များပါဝင်သော “အလိုတော်ပြည့် အလင်းရောင်” အမည်ရှိ စာစောင်တစ်ခုထုတ်ဝေသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်မှ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်များ၊တပည့် ရဟန်း ကျောင်းသား များ၊ ဂေါပကအဖွဲ့လူကြီးများနှင့် စာပေ ၀ါသနာရှင်များထံမှ အောက်ဖော်ပြပါအချက်အလက်များပါဝင်သော စာမူများ တောင်းခံအပ်ပါသည်။
(၁)မိမိရေးသားလိုသော အလိုတော်ပြည့်သာသနာပြုလုပ်ဆောင်ချက်များ၊
(၂)ယခင် သာသနာပြုလုပ်ဆောင်ချက်နှင့် ယနေ့သာသနာပြုလုပ်ဆောင်ချက်များ၊
(၃)စာရေးသူဖြစ်ချင်သည့် သဘောထားနှင့် ထင်မြင်ယူဆချက်များ၊
(၄)မိမိစုဆောင်းထားသမျှ မှတ်တမ်း ဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်များ၊
(၅)မိမိတို့ကျောင်းတိုက်အတွင်း ပရိယတ္တိ နှင့် ပဋိပတ္တိ သာသနာပြု လုပ်ဆောင်ချက် များ၊
(၆)လူမှုရေးနှင့် ပရဟိတလုပ်ငန်းများအား ဖေါ်ထုတ်ပေးခြင်း၊
(၇)ရှေးဟောင်း စေတီပုထိုးများ ပြန်လည်တည်ဆောက်ခြင်းများအား မိမိတို့သဘောထားများ၊
(၈)ကျောင်းထိုင်ဘုန်းကြီး၏ ကိုယ့်ရေးအကျဉ်းမှတ်တမ်းများ၊
(၉)ကျောင်းတိုက်ရှိ စာသင်းသားများ၏ သဘောထားနှင့် ထင်မြင်အယူဆများ
(မိမိနှစ်အသက်ဆုံး စာသင်သားတစ်ပါးအား ရေးပေးစေချင်ပါသည်)၊
(၁၀)မိမိတို့ကျောင်းတိုက်တွင် သတိပဋ္ဌာန်ဝိပဿနာ အလုပ်ပေးတရားစခန်းနှင့် ယင်းနှင့် ပတ်သတ်ပြီးတိုးတက်မှုများ၊
(၁၁)ယခင်ကျောင်းတိုက် တိုးတက်မှုနှင့် ယနေ့ကျောင်းတိုက် တိုးတက်မှုအခြေပြဇယား၊
အဆိုပါအကြောင်းအရာများပါဝင်သော စာမူများအား ၂၀၁၀ ခု ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်မြို့
အလိုတော်ပြည့်ကျောင်းတိုက်သို့ မဖြစ်မနေ အမြန်ပေးပို့ပါရန် လျှောက်ထားအပ်ပါသည်။
ဆက်သွယ်ရန်
ဖုန်း 0949234889
Web: www.alodawpyei.org
Emails: alodawpyei@myanmar.com.mmThis e-mail address is being protected from spambots. You need JavaScript enabled to view it / alodawpyei@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it
ရခိုင်ပြည်နယ်အတွင်း အလိုတော်ပြည့် ပ၀ါရဏအုပ်စုဝင် ကျောင်းတိုက်ပဓါနနာယကဆ၇ာတော်များနှင့် ကျောင်းတိုက်အမည့်များ
(၁) ဘဒ္ဒန္တ၀ါရိတ္တ အလိုတော်ပြည့်ပရဟိတဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့
(၂) ဘဒ္ဒန္တဣန္ဒာစရိယ အလိုတော်ပြည့်ကျောင်းတိုက် ဘူးသီးတောင်မြို့
(၃) ဘဒ္ဒန္တမဏိသာရ အလိုတော်ပြည့်ကျောင်းတိုက် မောင်တောမြို့
(၄) ဘဒ္ဒန္တပညာဇောတ အလိုတော်ပြည့်ကျောင်းတိုက် စစ်တွေမြို့
(၅) ဘဒ္ဒန္တဥတ္တမသာရ ဗောဓိသုခဓမ္မရိပ်သာ (ညောင်ပင်လယ်ရွာ) ရသေ့တောင်မြို့နယ်
(၆) ဘဒ္ဒန္တအာစာရ ဗဟိုရ်ကျောင်းတိုက် မောင်တောမြို့
(၇) ဘဒ္ဒန္တဣန္ဒာစာရ အလိုတော်ပြည့်ကျောင်းတိုက် ရသေ့တောင်မြို့
(၈) ဘဒ္ဒန္တတေဇသာရ အလိုတော်ပြည့်ကျောင်းတိုက် မြောက်ဦးမြို့
(၉) ဘဒ္ဒန္တခေမာစာရ ဗောဓိရတနာတပ်ဦးကျောင်း (စကခ ၁၅) ဘူးသီးတောင်မြို့နယ်
(၁၀) ဘဒ္ဒန္တဇောတိက မာရမာကြီးကျောင်းဟောင်း စစ်တွေမြို့
(၁၁) ဘဒ္ဒန္တရ၀ိန္ဒ အလိုတော်ပြည့် ပရဟိတဘုန်းတော်ကြီးကျောင်း၊ မောင်တောမြို့
(၁၂) ဘဒ္ဒန္တသုမင်္ဂလ ဇေယျသုခ တပ်ဦးကျောင်း (နစက ဌာနချုပ်) မောင်တောမြို့နယ်
(၁၃) ဘဒ္ဒန္တစက္ကိန္ဒ မဒေးတောင်အလိုတော်ပြည့် ဓမ္မရိပ်သာ သံတွဲမြို့
(၁၄) ဘဒ္ဒန္တကေသရိန္ဒ ဗုဒ္ဓပါဒခြေတော်ရာအလိုတော်ပြည့်ကျောင်း ရသေ့တောင်မြို့နယ်
(၁၅) ဘဒ္ဒန္တရေ၀တ ဆင်ပိုက်ကျောင်း ရသေ့တောင်မြို့နယ်
(၁၆) ဘဒ္ဒန္တကောဝိဒ ထွန်းရဝေကျောင်း ရသေ့တောင်မြို့နယ်
(၁၇) ဘဒ္ဒန္တသီလာစာရ ပုဗ္ဗာရုံအရှေ့ဘက်ကျောင်း (ငကျဉ်တောက်ရွာ) ဘူးသီးတောင်မြို့နယ်
(၁၈) ဘဒ္ဒန္တ၀ရဗုဒ္ဓိ ဦးကင်းတောင်အလိုတော်ပြည့်တောရကျောင်း ရသေ့တောင်မြို့နယ်
(၁၉) ဘဒ္ဒန္တပညာဇောတ ခြံပြင်ကျောင်း မောင်တောမြို့နယ်
(၂၀) ဘဒ္ဒန္တကောဝိဒ အောင်သာယာကျောင်း မောင်တောမြို့နယ်
(၂၁) ဘဒ္ဒန္တတေဇောဘာသ သက်ကိုင်းညှာကျောင်း မောင်တောမြို့နယ်
(၂၂) ဘဒ္ဒန္တပညာ အထက်ပြူးမကျောင်း မောင်တောမြို့နယ်
(၂၃) ဘဒ္ဒန္တထေရိန္ဒ အ၀ဒါအလိုတော်ပြည့်ကျောင်း ရသေ့တောင်မြို့နယ်
Posted by ရွာဦးကျောင်း ဆရာတော် at 1:43 AM 0 comments
Labels: သတင်း
လူကြီးမင်းအား မြန်မာ နှင့် ရခိုင်ရုပ်ရှင်အနုပညာရှင် ပွဲတော်သို့ဖိတ်ကြားခြင်း
အချိန်။ ။ညနေ့ ၅း၀၀ နာရီ မှ ၉း၀၀ နာရီး ထိ
နေရာ။ ။သုဝဏ္ဏ မိုးလုံလေလုံ အားကစာရုံ(၁)
တီးဝိုင်း။ ။ လေးဝတီရခိုင်အနူပညာအဖွဲ့နှင် ဥက္ကာဦးသာ ၏ Plus +3 Music Band
ပွဲတော်အစီအစဉ်များတွင် ရခိုင်ရိုးရာအကပဒေသများ နှင့် တေးသီချင်းသီဆိုမူများအပြင် မြန်မာနှင့် ရခိုင်ရုပ်ရှင် အနုပညာရှင် အမြောက်အမြားကလည်းပါဝင် ဖြေဖျော်ကြမည် ဖြစ်ပါသည်။ ငွေ နှင့် ပစ္စည်း လှူဒါန်း လိုသူများကလည်း ပွဲတော်မတိုင်မီဖြစ်စေ၊ ပွဲတော်အချိန်တွင် ဖြစ်စေ၊ လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်း နိုးဆော်အပ်ပါသည်။ သို့ပါ၍ ယင်းပွဲတော်သို့ ကြွရောက်ချီးမြင့် ဂုဏ်ပြုပေးပါရန် လူကြီးမင်းအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ပွဲတော်ကျင်းပရေးကော်မတီများ.
ဆက်သွယ်ရန်။ ။ဦးဇင်း ဘီလူး ဖုန်း 0949234889 / ဦးသန်းမောင် ဖုန်း 01.73034288 / ဦးထွန်းဝင်း ဖုန်း 095174891
အလိုတော်ပြည့်သတင်း
Posted by ရွာဦးကျောင်း ဆရာတော် at 6:20 AM 0 comments
Labels: သတင်း
ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၃-နစ်ပြည့် မွေးနေ့။
ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။
သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။
ထို့နောက် ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင် ပညာသင်ကြားခဲ့သည်။ နောင်တော်ဘုရင် အနန္ဒမဟီဒိုး ရုတ်တရက်နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံထီးနန်း၌ စိုးစံလျှက်ရှိသည်။
ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် (၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်) ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ် (Mon Rajawongse Sirikit Kiktiyakara) မင်းသမီးနှင့် ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။
သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကပင် တွေ့မြင်ရင်းနှီးမေတ္တာမျှခဲ့ခြင်းဖြစ်သည်။ သီရီခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင်တွင် အချောအလှဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ စုလျှားရစ်ပတ်ပြီးနောက် ထိုနစ် မေလ ၅ ရက်နေ့၌ပင် ရာဇာဘိသေက အခန်းအနားကို ကြီးကျယ်စွာဆင်ယင် ကျင်းပပြီးဘိသိက်ခံခဲ့သည်။
ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ရွှေနန်းပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြသာဒ်များကို သူ ပိုင်ဆိုင်သည်။ သို့သော် ဘုရင်းတစ်ပါးပင်ဖြစ်သော်ငြား ပြည်သူအကြားသို့ဝင်၍ ပြည့်သူ့ဝန်ကို ထမ်းရွက်နေသူဖြစ်သည်။
ဘုရင်ဘူမိဘောသည်ကား ဆက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်ပေ၊ ထို့ပြင် [အင်နာခင်နှင့် ယိုးဒယား(ထိုင်း) ဘုရင်] ဝတ္ထုထည့်ကလို ဒေါသ မာန်မာနကြီးမား၍ အာဏာစက်ပြင်းလှသော သူ၏ ဘိုးတော်လို ဘုရင်ကြီးလည်းမဟုတ်ပေ။ ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသူ ဖြစ်သည်။ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ အမူအရာခက်ထန်မောက်ကြွားမှုကင်းသည်။ မည်သူ့ကိုမဆို ကူညီရိုင်းပင်းလိုသော လူမှူဝန်ထမ်းစိတ်ရှိ အပြည့်ရှိသည်။ သည်စိတ်ဓာတ်များကြောင့်ပင် သူသည် ရွှေအိမ်နန်း နှင့် ကြငှန်းစံသောဘဝမှနေ၍ မြေကြီးပေါ်သို့ဆင်းကာ ဗျိုက်တော်နှင့် ရွှံ့ညွန်အကြား ခြေစုံပင်ကွဲစေဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် အလုပ်မှန်သမျှ အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ် သယ်ပိုးခဲ့သည်။
လယ်သမားများနှင့် အသိချင်းဖလှယ်ခဲ့သည်။ ဘူမိဘောတိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများလည်းပါသည်။ အထူကုဆရာဝန်များနှင့် သွားအထူးကု ဆရာဝန်များလည်းပါသည်။ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထန်းများက ဒေသခံဆေးရုံများနှင့် ပူးပေင်း၍ အခမဲ့ ကုသပေးသည်။
ယနေ့ထိုင်းနိုင်ငံသည် အာရှတိုက်တွင် ထွန်းသစ်စ စက်မှူနိုင်ငံဘဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်းသည်သာ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံထားသည်။
ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲမွေးတေမှူနှင့် လူမှူပြဿနာရှိနေသမျှ တိုင်းပြည် မတည်ငြိမ်နိုင်ကြောင်း ဘုရင်ဘူမိဘော ကောင်းကောင်း သိသည်။
ထို့ကြောင့်ပင်လျှင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က (ကြိုတင်ကာကွယ်ရေးဆေးဝါး) ဟုတင်စားခဲ့သည်။ ပြည့်သူ့အတွက် ချက်ချင်းဆောင်ရွက်‘‘ ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့  ကျင့်သုံးလျှက်ရှိသည့် ဆောင်ပုဒ်တစ်ခုဖြစ်သည်။
သို့ကလို ပြည်သူ့အကျိုးကို နေ့မအား ညမနား ဆောက်ရွက် ပေးလျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံ တိုင်းသူပြည်သားများ၏ စည်းလုံးညီညွတ်ရေး အထိန်းအမှတ်အဖြစ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ နစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဘူမိဘောနန်းသက်တစ်လျှောက်၌ ကမောက်ကမ ဖြစ်မှူများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။
စစ်တပ်မှ အာဏာသိမ်းပိုက်မှူ ၁၉ ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပျင်ဆင်ရေးအဖွဲ့မှ ၁၀ ကြိမ်နှင့် အကြိမ်ပေါင်း မရေတွက်နိုင်သော ကက်ဘိနက်အစိုးရဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှူများကို တွေ့ကြုံဖြတ်သန်း ခဲ့ရသည်။
ဘုရင်ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်သည်။ သို့ရာတွင် သူကား ပြည့်သူချစ်သော ဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူကိုအလုပ်အကြွေးပြုသော မင်းတစ်ပါးသာ ဖြစ်သည်။ သူ၏ကိုယ်ရေကိုယ်သွေး စွမ်းပကားကား ကြီးမားလှသည်။
သူ၏တည်ဆောက်ရေး လုပ်ငန်းများသည် ထိရောက်အောင်မြင်သော လုပ်ဆောင်မှူများဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သာ ဖြုတ်ချခဲ့သည် ဘုရင်ဘူုမိဘောကိုမူ သစ္စာရှိကြသည်။ အာဏာရယူရေးကိစ္စများတွင် ဘုရင်ဘူမိဘောသည် မည့်သူ့ဖက်မျှမပါဝင်ပဲ သိက္ခာသမာဓိနှင့်နေခဲ့သည်။ ကျောသားရင်သား မခွဲခြားပဲ တရားနည်းလမ်းကျစွာ အဆုံး အဖြတ်ပေးသည်။
ဘူမိဘောသည် ထိုင်းဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏နိုင်ငံတွင် ဒီမိုကရေဆီအပြည့်အဝ ပေါ်ထွန်း ရေးကို ဦးတည်သော လုပ်ဆောင်ချက်များကိုသာ လိုလားနစ်သက်သူဖြစ်သည်။ ထိုင်း ဘုရင်ဘူမိဘော၏ ပုဂ္ဂိုလ်ရေး အာဏာသည် သူ၏ နန်းသက်တစ်လျှောက်တွင် ကြာလေခိုင်မြဲလေ ဖြစ်သည်။ ထိုင်းနိုင်ငံသမိုင်းတွင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့လေပြီ။
ဘုရင်ဘူမိဘောသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို နောင်တော် အနန္ဒမဟီဒိုးမှာ သူ၏ အိပ်ခန်းဆောင်၌ သေနပ်ဒါဏ်ရာဖြင့် ထူးဆန်းစွာလုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် နောင်တော်၏ ထီးနန်းအရိုက်အရာကို ညီတော်ဖြစ်သော ဘူမိဘောက ၁၉၄၆ ခုတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရသည်။
နောင်တော်နတ်ရွာစံစဉ်က ဘုရင်ဘူမိဘောမှာ ၁၈ နစ်သာရှိသေးကာ ဆွစ်ဇာလန်နိုင်ငံ၌ ပညာသင်ကြားနေချိန်ဖြစ်သည်။
ဘူမိဘောသည် ဘုရင်ဖြစ်လာပြီးနောက် နဝမမြောက်ရာမဘုရင် ဘွဲ့ကိုသာမက မဟာရာဇာ ဘွဲ့ကိုပါ ပြည်သူ၏ ဆန္ဒနှင့်အညီခံယူခဲ့သည်။
ဘူမိဘောသည် ၁၇၈၂ ခုနစ်ကပင် စတင်ခဲ့သော ချက်ကရီမင်းဆက် အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ဘုမိဘော၏ ဘိုးတော်မှာ မောင်းကွတ်ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီး အကြောင်းကို မှီငြမ်းရေးဖွဲ့ထားသော ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် ပေါ်ထွက်ခဲ့ဖူးသည်၊ အင်နာခင် နှင့် ယိုဒယား (ထိုင်း) ဘုရင် (Anna and the King Siam) ဖြစ်သည်။
ထိုဝတ္ထုကို နောင်အချိန်တွင် ကမ္ဘာကျော် ခေါင်းတုံးမင်းသား ယူလ်ဘရိုင်နား နှင့် ရုပ်ရှင်ပြန်ရိုက်သောအခါ ဘုရင် နှင့် ကျွန်ုပ် (The King and I) အဖြစ် ကျော်ကြားခဲ့လေ၏။
ထီးနန်းကို ဆက်ခံပြီးနောက် နစ်လကြာသောအခါ ဆွစ်ဇာန်နိုင်ငံ သို့ ပြန်သွားကာ လော့ဆန်းတက္ကသိုလ် တွင် သိပ္ပံ၊ ဥပဒေ ပညာ နှင့် နိုင်ငံရေးပညာရပ်များကို ဆက်လက်သင်ယူခဲ့လေသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ရပြီးနောက် ၁၉၅၁ ခုနစ်တွင် ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ခဲ့သည်။
ထိုအချိန်မှအစပြု၍ ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ထိုင်းနိုင်ငံထီးနန်း၌ သက်တမ်းအကြားဆုံး ချက်ကရီမင်းဆက် နဝမမြောက် ရာမဘုရင်အဖြစ်ဖြင့် ယနေ့ တိုင် ဆက်လက်စိုးစံအုပ်ချုပ်လာခဲ့သည်မှာ သက်တော် ၈၃ နစ် မွေးနေ့သို့ တိုင်ခဲ့လေပြီးဖြစ်သည်။
ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သော် ၈၃ နစ် မြောက် မွေးနေ့ မှသည် နောင်နစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ပါစေသတည်း။
Posted by ရွာဦးကျောင်း ဆရာတော် at 9:28 AM 0 comments
Labels: ဆောင်းပါး
အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်မည်
မန္တလေးတိုင်း ပုဂံ/ညောင်းဦးမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှေးဟောင်း အလိုတော်ပြည့် ဘုရားပွဲတော်ကို ၁၃၇၂-ခုနှစ် နတ်တော်လဆန်း (၁၄-၁၅)ရက် ၂၀၁၀ခုနစ် ဒီဇင်ဘာ ၂၀-၂၁ ရက်နေ့များတွင် ပြည်တွင်းပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်နှင့်
ဂေါပကအဖွဲ့ဝင် များမှ ဦးစီး၍ အမြို့မြို့အနယ်နယ်မှ ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး(၅၀၀၀)တို့ဖြင့် အလိုတော်ပြည့် ဗုဒ္ဓပူဇနိယထီးဖြူတော်ဖွင့်ပွဲ အခမ်းအနားဖြင့် လှူဒါန်းပူဇော်ပြီး ပင့်သံဃာ (၅၂၈)ပါး တို့အား လှူဒါန်းဖွယ်ရာ ၀ထ္ထုများကိုလှူဒါန်း ပူဇော်နိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ပင့်သံဃာတစ်ပါးလျှင် ကျပ်(၁၀၀၀၀)ဖြင့် ငွေပဒသာပင်များ လှူဒါန်းပူဇော်မည်ဖြစ်ပါသည်။
မိမိတို့လောင်းလှူလိုသော ပစ္စည်းများကို ပင့်သံဃာ(၅၂၈)ပါး အတွက် သံဃာ့ဒါန သံဃာစေ့ လှူဒါန်းနိုင်ပါကြောင်း ပြည်တွင်း ပြည်ပရှိ တပည့် ဒကာ/ဒကာမများတို့အား အသိပေးဖိတ်ကြားအပ်ပါသည်။
ဆက်သွယ်လှူဒါန်းနိုင်ရန် ဖုန်း 01.545337 -
Email: alodawpyei@myanmar.com.mm
Posted by ရွာဦးကျောင်း ဆရာတော် at 11:29 AM 0 comments
Labels: သတင်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စုပေါင်းမဟာဘုံကထိန်ပွဲ
ဘန်ကောက် ၁၄-၁၁-၂၀၁၀၊
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခေအရပ်ရှိ ဝပ်တလုမ်ကျောင်းတိုက်တွင်၊ စုပေါင်းမဟာ ဘုံကထိန်ပွဲကြီး တစ်ရပ်ကို စည်ကားသိုက်မြိုက်စွာဖြင့်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများမှ စုပေါင်း၍၊ ယနေ့ ပြုလုပ်ကျင်းပခဲ့ပြီး ပရိဿတ်အင်အား တစ်ထောင်ကျော်ခန့် လာရောက်ကာ ကထိန်အနုမောဒနာ တရားများ နာယူကြကြောင်း ကြားသိရပါသည်၊
အခန်းအနားကို အစီအစဉ်ကိုးရပ်ဖြင့် ကျင်းပခဲ့ပြီး ဝပ်တလုမ်ကျောင်းတိုက်တွင် သီးတင်းသုံးနေတော်မူ သော ဦးခေမာဝံသ မှ ကထိန်အနုမောဒနာ တရားကို ချီးမြင့်ပေးခဲ့ကြောင်း၊ ဝပ်တလုမ်ကျောင်းတိုက်၏ ပဓာန နာယကဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဒာ ကလည်း မြန်မာရဟန်းတော်များနှင့် ကြွရောက်လာကြသော တရားနာ ပရိဿတ်အား သြဝါဒ စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၎င်းဝပ်တလုမ်ကျောင်းတိုက်တွင် မြန်မာရဟန်းတော် ၁၀၀ ကျော်နှင့် ဘင်္ဂလား လာအို ကမ္ဘောဒီးယား အိန္ဒိယ သီရိလင်္ကာ စသောနိုင်ငံများမှ ရဟန်းတော်များ သီတင်းသုံးနေထိုင်ကာ ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်းကြားနေကြကြောင်း၊ သိရှိရပါသည်။
ယခုလက်ရှိအချိန်တွင် မြန်မာရဟန်းတော် ၁၀၀ ကျော်အပါအဝင် နိုင်ငံတကာ ရဟန်းတော်များ ၄၀၀ ကျော်သီးတင်းသုံးနေထိုင်းကြကြောင်း၊ သို့သော် နေရာအခက်များရှိနေသည့်အတွက် နောက်ထပ် ငါးထပ်ကျောင်းဆောင် တစ်ဆောင်ကို ဆောက်လုပ်ကာ မြန်မာအပါအဝင် နိုင်ငံတကာမှ ရဟန်းတော်များကို တိုးချဲ့လက်ခံသွားမည် ဖြစ်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
ယနေ့ပြုလုပ်ခဲ့သော ကထိန်ပွဲလာ ပရိဿတ်များမှာ ထောင်ကျော်နေသဖြင့်၊ မြန်မာများတင်မက ထိုင်းများကပါ အံ့အားသင့်ခဲ့ရကြောင်းနှင့် နစ်စဉ်နှစ်တိုင်းလည်း ယခုကဲ့သို တက်ညီလက်ညီ ဆောက်ရွက်သွားကြပါက၊ ယခု ဒုတိယအကြိမ်မှသည် နောင် အကြိမ်ပေါင်းများစွာ ဖြစ်လာအုံးမည် ဖြစ်ကြောင်း ဝပ်တလုမ်ကျောင်းဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 5:03 AM 0 comments
Labels: သတင်း
အထူးဖိတ်ကြားခြင်း (အလိုတောာ်ပြည့် ရန်ကုန်)
သဘာဝဘေးအန္တရယ်(ဂီရိ)မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တောမြို့ များ၌ ပြည်တွင်းပြည်ပ နယ်စပ်ဒေသ သာသနာပြု အလိုတော်ကျောင်းတိုက်များ၏အဓိပတိ ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးမှ ဦးစီပြီး အဆိုပါ လေဘေးဒဏ်ခံခဲ့ရသော ဒေသများတွင် အထွေထွေပစ္စည်းများ လှူဒါန်းနိင်ရေးအတွက် ၄င်းဒေသများသို့  အလိုတော်ပြည့်ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်လှူဒါန်းမည်ဖြစ်ပါသောကြောင့် စေတနာရှင်တပည့်ဒကာ၊ ဒကာမများတို့အား ၀တ္တုပစ္စည်းများ လှူဒါန်းမည့် အခမ်းအနားသို့ အထူးဖိတ်ကြားအပ်ပါသည်။
ကျင်းပပြုလုပ်မည်နေ့ရက်
၁၃၇၂-ခု သီတင်းကျွတ်လပြည့်ကျော်(၉)ရက် တနင်္လာနေ့ (၁.၁၁.၂၀၁၀)ရက်နေ့ .......နေ့လည် ၃း၀၀ နာရီ မှ (၄း၀၀)နာရီထိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျာင်းတိုက် ပင်ရွှေညောင်းလမ်း တာမွေကလေးရပ်ကွက် တာမွေမြို့နယ် ရန်ကုန်မြို့၊ ဆက်သွယ်နိုင်ရန် ဖုန်း ၅၄၅၃၃၇
Web:www.alodawpyei.org //Email: alodawpyei@myanmar.com.mm
Posted by ရွာဦးကျောင်း ဆရာတော် at 1:26 AM 0 comments
Labels: သတင်း
ရခိုင်ပြည် ဂီရိမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ၏ နိုးဆော်လွှာ
ရခိုင်ပြည်အတွင်း မကြာသေးမှီက တိုက်ခတ်သွားသော အင်အားပြင်း ဂီရီမုန်းတိုင်းဒါဏ်ကြောင့် အိုးအိမ်စွန့်ခွါသွားရသော လေဘေးဒုက္ခသည်များအရေးကို ကူညီဖြေရှင်းနိုင်ရန်အတွက်၊ ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသားဟရန်းတော်များအဖွဲ့မှ ရခိုင်ပြည် ဂီရိမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ တစ်ရပ်ကို အရေးပေါ် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိပါသည်။ လေဘေးဒုက္ခသည်များကို ကူညီလိုသော အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင်များအနေဖြင့် အောက်ပါ လိပ်စာများသို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။
Giri Donation Collection Annoucement
Posted by ရွာဦးကျောင်း ဆရာတော် at 10:39 PM 0 comments
Labels: သတင်း
လူ့အဖြစ်ကို ရခဲခြင်းနှင့် လူဦးရေတိုးပွားလာရခြင်း၊ (မောင်သာဦး- အမေး)
ရွာဦးကျောင်းကို အခုမှရောက်ဖူးတာပါဘုရား။
အဲဒီတော့ ဆရာတော်ဖြေကြားထားတဲ့ မနုဿတ္တဘာဝေါ ဒုလ္လဘော မေးခွန်းမှာ ဖြေကြားထားတဲ့ အထဲမှာ တပည့်တော် တစ်ခုသဘောမပေါက်ဘူး ဖြစ်နေတယ်ဘုရား။ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်နဲ့စာရင် အခုခေတ်မှာ လူဦးရေရော၊ တိရစ္ဆာန်ဦးရေရော ပိုပြီး တော့များလာတယ်မလားဘုရား။
အဲဒီများလာတဲ့ လူတွေ၊ တိရစ္ဆာန်တွေ ဟာဘယ်ဘုံဌာနတွေက ဒီလူ့ဘုံ၊ တိရစ္ဆာန်ဘုံတွေကို ရောက်လာကြတာလဲဘုရား။ တပည့်တော်ကြားဖူးသည်မှာ သတ္တ၀ါတစ်ဦးဦးဒီဘ၀မှ သေသွားလျှင် နောက်ဘ၀မှာ သွားဖြစ်ရင် ဒီဘ၀မှာ သတ္တ၀ါဦးရေ လျှော့ဆင်းသွားရမယ်မလားဘုရား။
အခုက လူတွေလည်းများလာတယ်။ တိရစ္ဆာန်တွေလည်း များလာတယ်။ သတ္တ၀ါတစ်ခု ကံတစ်ခု မဟုတ်လားဘုရား။ သတ္တ၀ါတွေ တိုးပွါးလာဖို့အတွက် အဲဒီကံတရားတွေက ဘယ်ကနေတိုးလာတာလဲဘုရား။ ကြောင်းကျိုး ဆီလျော်အောင် ဖြေကြားပေးစေလိုပါတယ် ဘုရား။ မောင်သာဦး
ဖြေ။ ။ လွန်ခဲ့သော နစ်ပေါင်း ၁၀၀ လောက်နှင့် စာလျှင် လူဦင်္းရေတိုးပွားလာသည် ဆိုသည်မှာ မှန်ပေသည်၊ လူ့အဖြစ်ကိုရခဲ၏ဟု ဘုရားဟောထားခဲ့ခြင်းသည်လည်း လူဦးရေမတိုးပွားတော့ဘူုး၊ တစ်နစ်ထက် တစ်နစ်လျှော့နည်းသွားမည်ဟု ဟောခဲ့ခြင်း မဟုတ်ပေ။ လူ့အဖြစ်ဆိုတာ အလွန်ရခဲသည်၊ ရရှိနေသောလူ့ဘဝကို အကျိုးရှိရှိ အသုံးချကြပါဟု တိုက်တွန်းခဲ့ခြင်းသာဖြစ်ပေသည်။ လှူု့အဖြစ်ကို ရခဲသော်လည်း လူဦးရေ လျှော့နည်းမသွားပါ၊ ရတောင့်ရခဲ ရနေကြမည်သာဖြစ်၏။
(တပည့်တော်ကြားဖူးသည်မှာ သတ္တ၀ါတစ်ဦးဦး ဒီဘ၀မှသေသွားလျှင် နောက်ဘ၀မှာ သွားဖြစ်ရင် ဒီဘ၀မှာ သတ္တ၀ါဦးရေလျှော့ဆင်းသွားရမယ်မလားဘုရား။) ဒကာတော် ဤသို့ကြားဖူးသည် ဆိုသည်မှာ အရပ်စကား လူငယ်တို့စကားသာ ဖြစ်ပေလိမ့်မယ်၊ ဘဝတစ်ခုမှ သေဆုံးပြီးလျှင် နောက်ဘဝတစ်ခုတွင် ဖြစ်တတ်သည်ဆိုသည်မှာ မှန်သော်လည်။ ဒီဘဝမှ သတ္တဝါများ ဦးရေလျှော့ဆင်းသွားရမည်ဆိုသည်မှာ မမှန်ပေ။ အဘယ်ကြောင့်ဆိုသော်၊ သေသူရှိသကဲ့သို့၊ မွေးဖွားလာသူလည်း ရှိနေမည်သာ။ ဤသည်ကိုပင်လျှင် သံသရာလည်သည်ဟု ခေါ်သည်ဟူ၍မှတ်ပါလေ။
သတ္တဝါတစ်ခု ကံတစ်ခုဟု ဆိုရာတွင်၊ သဗ္ဗေသတ္တာ ကမ္မသကတာ- ဟူုသောပါဠိမှ ဆင်းသက်လာဖွယ်ရှိသည်၊ သတ္တဝါတို့မည်သည် မိမိအကြောင်း မိမိဖန်တီးနေကြသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။
ဒကာတော် ဆိုလိုသည်မှာ၊ သတ္တဝါတို့သည်၊ မည်သည့်ဘုံဋ္ဌာနကမှ ရောက်လာခြင်း မဟုတ်ပဲ၊ ယခုမှ အသစ်စက်စက် ပေါ်ပေါက်လာကြ၍ သတ္တဝါဦင်္းရေများ များပြားလာရသည်ဟု ဆိုလိုချင်ပုံပေါ်သည်။ အကယ်၍သာ ခွေးတစ်ကောင် သေ၍ လူဖြစ်ခဲ့လျှင် လူဦးရေ တစ်ယောက်တိုးပြီး၊ ခွေးဦးရေ တစ်ကောင်နည်းသွားရမည်ဟု အယူရှိနေပုံပေါ်နေသည်။
သတ္တဝါများ တိုးပွားလာရခြင်းသည်ကား၊ မည်သည့်ဘုံမျိုးတွင်မှ မဖြစ်ဖူးသေးပဲ အခုမှ ကံအသစ်ဖြင့် သတ္တဝါသစ်တစ်ခု အသစ်စက်စက် ဖြစ်လာခြင်းမျိုးမဟုတ်ပေ။ ၃၁ ဘုံတွင် လူသားများ သိရှိလေ့လာနိုင်သော ဘုံမှာ လူ့ဘုံနှင့် တိရိစ္ဆာန်ဘုံသာ ရှိပါသည်၊ အခြားအခြားသော မြောက်များစွာသော နတ်ဘုံ ဗြဟ္မာဘုံများကိုမူ လူသားများ အိမ်ထောင်စုစာရင်း ကောက်ယူဖို့ရန် မဖြစ်နိုင် မသိနိုင်သော နေရာများ ဖြစ်သည်၊ ၄င်းဘုံများမှလည်း ဤလူ့ဘုံသို့ ရောက်ရှိလာနိုင်ကြောင်းကို ဗုဒ္ဓစာပေများတွင် မြောက်များစွာ ဖတ်မှတ်ဖူးပါသည်။
လွန်ခဲ့သော နစ်ပေါင်းများစွာက ရှိခဲ့ဖူးသော ဒိုင်နိုဆောကဲ့သို့ သတ္တဝါများ မျိုးပြုန်းသွားခဲ့သည်ကို မှတ်သားဖူးပါသည်။ လူသာအရေအတွက်များလာသော်လည်း တစ်ဖက်တွင် မျိုးတုန်းသွားသော သတ္တဝါများ မြောက်များစွာ ရှိသည်ကို သတိထား သင့်ပေသည်။ ထိုနည်းတူစွာ အထက်က ပြောခဲ့သလို လူသားများ မမြင်နိုင်မတွေ့ နိုင်သော နာနာဘာဝ အစရှိသော နတ် ဗြဟ္မာများမှလည်း လူ့ဘုံ လူ့ဘဝသို့ ကူးပြောင်းလာနိုင်ကြောင်းကို ဖြေကြားလိုက်ရပါသည်။
အထက်ပါ မေးခွန်းများအား ကျမ်းတတ်အကျော် ဆရာတော်များကိုလည်း မေးမြန်း၍ ကြည့်စေချင်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 1:23 AM 0 comments
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
ကဲ့ ..အခု ဘယ်လိုလုပ်မလဲ
တစ်ခါက မြို့ငယ်တစ်မြို့တွင်၊ စီးပွားဥစ္စာ အသင့်အတင့်ရှိသော၊ လက်ထပ်ပြီးခါစ ဗုဒ္ဓဘာသာ ဇနီးမောင်နှံ နစ်ယောက်သည်၊ ဘဝရှေးရေးအတွက် စီးပွားတစ်ခုခုကို လုပ်ကိုင်ရန်ရည်ရွယ်၍၊ မြို့ကြီးတစ်မြို့ကို တက်လာခဲ့လေသည်။
သူတို့ဇနီးမောင်နှံနစ်ယောက်သည်ကား၊ ဟိုစပ်စပ် ဒီစပ်စပ် စီးပွားရေးများကို လုပ်ကိုင်းနေရင်း၊ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ရရှိလေတော့၏၊ ထိုမိတ်ဆွေသည်လည်း သူတို့နည်းတူ လက်ထပ်ခါစ စုံတွဲတစ်တွဲ ဖြစ်လေသောကြောင့် စီးပွားရေးတစ်ခုကို မယ်မယ်ရရ လိုက်ချင်ကိုင်ချင်နေသဖြင့် ဆန္ဒချင်း တူညီနေကာ ပိုမိုရင်းနှီး ခင်မင်သွားကြလေသည်။
တစ်ခု ကွာခြားသည်မှာ နယ်မြို့မှ တက်လာသော ဇနီးမောင်နှံများက ဗုဒ္ဓဘာသာဖြစ်ပြီး၊ မြို့မှ မိတ်ဆွေလင်းမယားသည်ကာ၊ မူဆလင်ဘာသာဝင်များဖြစ်လေသည်။ သို့သော် သူတို့ မိသားစုများသည် ညားခါစ မိသားစုလေးများဖြစ်နေခြင်း၊ စီးပွားတစ်ခုကို ဇောက်ချ၍လုပ်ကိုင်လိုခြင်း အစရှိသော တူညီချက်ကလေးများကြောင့်ပင်၊ အလွန်ရင်းနှီးသွားကြလေသည်။
ဗုဒ္ဓဘာသာ ဇနီးမောင်နှံများက အမြဲတမ်း ဘုရားသွား ကျောင်းတက် လုပ်သကဲ့သို့ မူဆလင် ဇနီးမောင်နှံများသည်လည်း အမြဲတမ်း ဗလီတက် ဝတ်ပြုလေ့ရှိကြသေလည်။ သူတို့စုံတွဲများသည် မိမိတို့ ကိုးကွယ် ဆည်းကပ်သော ဘာသာတရားများကို အလွန်ရိုသေလေးစားသူများ ဖြစ်ကြလေသည်၊ ၄င်းဇနီးမောင်နှံ မိတ်ဆွေများသည်၊ အလုပ်တစ်ခုကို စပ်တူလုပ်ကိုင်းရင်း မြို့မျက်နှာဖုံးတမျှ ကြီးပွားတိုးတက် လာလေတော့သည်။
ဘာသာတရားများနှင့် ပတ်သက်၍မူ မည်သူကမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ၊ တကယ့် မိတ်ကောင်း ဆွေကောင်းများအဖြစ် နေထိုင်လုပ်ကိုင်လာခဲ့ကြလေသည်၊ ဗုဒ္ဓဘာသာ ဇနီးမောင်နှံများမှာလည်း၊ ဘာသာတရားကို လိုက်စားသူများပီပီ အလွန်အေးချမ်းသော မိသားစုလေး တစ်စုဖြစ်လေ၏၊ ထို့အတူ မူဆလင်ဇနီးမောင်နှံတို့သည်လည်း အလွန်အေးချမ်းစွာ နေထိုင်တတ်သော ဇနီးမောင်နှံများ ဖြစ်ကြလေသည်။
နစ်ကာလများကြာလာသည်နှင့်အမျှ မူဆလင်ဇနီးမောင်နှံတွင် သားယောက်ျားလေးတစ်ယောက် ထွန်းကားပြီး၊ ဗုဒ္ဓဘာသာ ဇနီးမောင်တို့တွင် သမီးလေးတစ်ယောက် ထွန်းကားလေတော့၏၊ မူဆလင်းသားလေးသည် မိဘစကားကို အလွန်ရိုသေသူပီပီ မူဆလင်ဘာသာတရားကိုလည်း အလွန်ယုံကြည် သက်ဝင်သူတစ်ယောက် ဖြစ်လာလေ၏။
ထို့အတူ ဗုဒ္ဓဘာသာ သမီးလေးသည်လည်း မိဘစကားကို မြေဝယ်မကျနာခံတတ်ပြီး၊ ငယ်စဉ်ကတည်းက ဥပုသ်သီလများ ဆောက်တည်ကား နွေရာသီကျောင်းပိတ်ရက်များတွင်၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် ဝိပဿနာ ၇ ရက်တရားစခန်းများကိုပင် အရွယ်နှင့်မလိုက်အောင် ဝင်ရောက်တရားထိုင်ဖြစ်လေ၏။
နစ်ဖက်မိဘများ ရင်းနှီးမူကို အကြောင်းပြုကာ သူတို့လူငယ်နစ်ဦးသည် ငယ်စဉ်ကတည်းကပင် ရင်းနှီးသော သူငယ်ချင်းများအဖြစ် နေထိုင်လာခဲ့ကြသည်မှာ၊ ယခု အရွယ်ရောက်သည် အထိဖြစ်လေ၏။ အရွယ်ရောက်လာသည်နှင့်အမျှ၊ လူငယ်တို့သဘာဝ မေတ္တာမျှသွားကြမည်ကိုလည်း နစ်ဖက်မိဘများ စိုးရိမ်းလျှက်ရှိကြလေသည်၊ သို့သော်လည်း မိဘများ၏ မျက်နှာကြောင့်ပင်လျှင် ကောင်လေးနှင့် ကောင်မလေး တစ်တွဲတွဲသွားလာနေသည်ကို မတားရက်နိုင်ကြပေ။
မူဆလင်းမိဘများသည်ကား ၄င်းတို့၏ တစ်ဦးတည်းသောသားကို ဘာသာတူ မူဆလင်းသမီးပျိုတစ်ဦးနှင့် လက်ဆက်ပေးရန် ရွယ်ထားသကဲ့သို့၊ ဗုဒ္ဓဘာသာ မိဘများသည်လည်း မိမိတို့၏ တစ်ဦးတည်းသော သမီးလိမ္မာလေးကို ဘာသာတူ အယူတူသူနှင့်သာ နီးစပ်စေချင်နေလေတော့၏။
သို့သော် အလွန်တရာမှ ရင်းနှီးပြီး စီးပွားအတူလုပ်နေကြသော မိဘများသည်၊ သူတို့၏ သားမသီးများကို မိမိတို့၏ အလိုဆန္ဒအတိုင်း ဖြစ်စေချင်ခဲ့သော်လည်း နောက်ဆုံးတွင်၊ မူဆလင်းသားလေးနှင့် ဗုဒ္ဓဘာသာ သမီးလေးတို့သည် မိဘများတားသည့်ကြားကပင်လျှင် ခိုးရာလိုက်ပြေးသွားတော့၏။
နစ်ဖက်မိဘများ၏ ရင်းနှီးမူကို အခြေခံ၍၊ သူတို့ဇနီးမောင်နှံသည်လည်း၊ ညားခါစတွင် ဘာသာတရားကိုးကွယ်မှူကို၊ မိခင်ဘာသာများကိုသာ စိတ်ကြိုက်ခွင့်ပြုပေးထားလေတော့၏၊ သို့သော် ယခုလက်ရှိအချိန်တွင် သားယောက်ျားလေးတစ်ယောက် ထွန်းကားနေပြီဖြစ်၍၊ မူဆလင်ဘာသာဝင် လင်တော်မောင်ကလည်း မိမိ၏သားလေးကို မူဆလင်ဖြစ်စေချင်နေသကဲ့သို့၊ ဗုဒ္ဓဘာသာ မိခင်သည်လည်း မိမိ၏ သားလေးကို ဗုဒ္ဓဘာသာတို့ ထုံးစံအတိုင်း ရှင်ပြုရဟန်းခံများ ပြုလုပ်ပေးချင်လျှက်ရှိပေသည်။
------------------------------------------------------------------------------
တောမှတက်လာသော ဗုဒ္ဓဘာသာဇနီးမောင်နှံများနှင့် စပ်တူစီးပွားလုပ်တော့မည့်ဟု သိရစဉ်တုန်းက၊ မြို့ပေါ်မှ မူဆလင်ဇနီးမောင်နှံကို ဗလီဆရာများက တားခဲ့သော်လည်း ကိုယ့်စိတ်ကို ကိုယ်နိုင်သည်ဟု ဆိုကာ တားဆီး၍မရခဲ့ဟုသိရသကဲ့သို့၊ ဗုဒ္ဓဘာသာ ဇနီးမောင်နှံများကိုလည်း မူဆလင်များနှင့် အလုပ်အတူတွဲမလုပ်ရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှ တားခဲ့သည်က၊ို မိမိတို့သည် မည်သည့်အကြောင်းကြောင့်မျှ ဘာသာမပြောင်းပါ ဟုဆိုကာ စီးပွားလုပ်ဖြစ်သွားကြသည်ဟု သိရပါသည်။
ယခုလက်ရှိအနေအထားတွင်ကား မိမိတို့သားသမီးများ လက်ထက်ကို ရောက်မှန်းမသိ ရောက်ရှိလာပြီဖြစ်၍၊ မူဆလင်မိဘများ ကိုယ့်စိတ်ကို ကိုယ်နိုင်ခဲ့သကဲ့သို့ ၄င်းတို့၏သားမှာ နိုင်တော့မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာမိဘများသည်လည်း မည်သည့်အကြောင်းကြောင့်မျှ ဘာသာမပြောင်းပဲ နေနိုင်ခဲ့သော်လည်း ၄င်းတို့၏သမီးငယ် နေနိုင်မည်မဟုတ်တော့ပေ၊ သမီးငယ်လေးက နေနိုင်သည်ထားဦးတော့၊ မီမီတို့၏ မြေးလေးသည်ကာ လုံးဝမသေချာတော့ပေ။
အထက်ပါအဖြစ်အပျက်ကို ဖတ်ရူ့ပြီး ယခုကဲ့သို့၊ မိဘနစ်ပါးနှင့် ဘိုးဘွားများ ဗျာများနေရခြင်းသည်၊ မည်သူ့အပြစ် ဟု စာဖတ်သူများရူ့မြင်သုံးသတ်ပါသနည်။
Posted by ရွာဦးကျောင်း ဆရာတော် at 3:22 AM 0 comments
Labels: ဆောင်းပါး
တကယ်လိုအပ်သော နေရာတွင် တကယ်လှူဒါန်းလိုက်ကြလေပြီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာစာသင်သား ရဟန်းတော်များ သတင်းသုံးရန်အတွက် ကျောင်းဆောင်ငယ် တစ်ဆောင်ကို စာသင်သားများကိုယ်တိုင် ကမကထ ပြုလုပ်ကာ ဆောက်လုပ်ခဲ့ကြပြီး ယင်းကျောင်းရေစက်ချပွဲကို ယမန်နေ့ က ဘန်ကောက်မြို့  ဘန်းခေးအရပ်ရှိ ၀ပ်တလုမ့် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။
အထူးသဖြင့် ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်းတွင် ပြည်ပသို့ ထွက်ခွါကာ ခေတ်မီနည်းစနစ်များဖြင့် သင်ကြားမှုကို ပိုမိုခုံမင်လာကြသည်။ ထို့ ကြောင့် အိန္ဒိယ။ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံများရှိ တက္ကသိုလ်များတွင် မြန်မာစာသင်သား ရဟန်းငယ် များစွာကို ဖူးတွေ့ လာကြရသည်။
´ဦးဇင်းတို့  ဒီမှာ ကျောင်းတက်ရတာ အဆင်ပြေပေမဲ့ နေရေးထိုင်ရေး အရမ်းခက်ခဲတယ်ဒကာ။ အခု ဦးဇင်း နေရတဲ့ အခန်းက တပါးစာဘဲရှိတယ်။ ဒီနေရာလေးကို သုံးပါးနေရတယ်။ ဒါကြောင့် ဦးဇင်းတို့ ကို လက်ခံထားတဲ့ ၀ပ်တလုမ့်ကျောင်း ဆရာတော်က မင်းတို့ ကို ငါမြေနေရာပေးမယ် တတ်နိုင်ရင်ဆောက်ကြဆိုလို့  ဒီမှာရှိနေတဲ့ မြန်မာ သံဃာ တရာကျော်က တပါးစီကို ဘတ် ၅၀၀ စီ စုပြီး စလုပ်ကြတာ´ ဟု မိန့် ကြားသည်။ ဦးကုဏ္ဍလသည် မြန်မာ စာသင်သား ရဟန်းတော်များအဖွဲ့ (ထိုင်း) ၏ ပြန်ကြားရေးအဖွဲ့ ဝင်ဖြစ်သည်။
ထို့ ပြင် ယခုနှစ်တွင် ပထမအကြိမ်ပြုလုပ်သော ၀ါဆိုသင်္ကန်းကပ်ပွဲမှ ရရှိသော အလှူငွေများနှင့် စက်ရုံအလုပ်ရုံများမှ ရွှေ့ ပြောင်းအလုပ်သမားများ၏ စုပေါင်းလှူဒါန်းခြင်းများဖြင့် ယခုကျောင်းဆောင်သစ် ပေါ်ထွန်းလာခြင်းဖြစ်သည်ဟု သိရသည်။
မဟာမကုတက္ကသိုလ်နှင့် မြန်မာရဟန်းတော်တစ်ပါး
ယင်းဝါဆိုသင်္ကန်းကပ်ပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကျော် ဓမ္မကထိ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) လာရောက် ဟောကြားသဖြင့် ထောင်ချီသော ပရိသတ်များ လာရောက်ကာ လှူဒါန်းခဲ့ကြသည်။
´၀ါဆိုသင်္ကန်းကပ်ပွဲက ရတဲ့ ပိုက်ဆံကိုလည်း ကျောင်းဆောက်တဲ့နေရာမှာဘဲ သုံးကြတယ်။ နောက်ပိုင်း ဒကာ ဒကာမတွေ တဆင့်စကား တဆင့်နားကြားလာကြလို့  လာလာလှူကြတယ်´ ဟု ဦးကုဏ္ဍလက ဆိုသည်။
မြန်မာ ရဟန်းတော် ၁၀၀ ကျော် အပါအ၀င် နိုင်ငံခြးသား သံဃာ ၃၀၀ခန့် မျှ သီတင်းသုံးနေသော ကျောင်းမှာ ဘန်ကောက်မြို့  ဘန်းခေအရပ်ရှိ ၀ပ်တလုမ့် ကျောင်းဖြစ်သည်။ အဆိုပါ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ဘွဲ့ တော်မှာ ဖရမဟာဘုန်းထိန် ဇုတိနြေ္ဒာ ဖြစ်သည်။
ဆရာတော်သည် ငယ်စဉ်က အိန္ဒိယတွင် သွားရောက်ကာ M.A ဘွဲ့ ကို ရယူခဲ့သည်။ ထို့ ကြောင့် နိုင်ငံခြားသား စာသင်သားများ၏ အခက်အခဲကို ကိုယ်တိုင် တွေ့ ကြုံခံစားဖူးသဖြင့် စာနာကာ မြန်မာအပါအ၀င် သီရိလင်္ကာ။ ဘင်္ဂလာဒေ့ရှ်။ နီပေါ။ အိန္ဒိယ။ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံသား စာသင်သားများကို လက်ခံထားသည်။
´ ဒီဆရာတော် လက်မခံခင်က ဆိုရင် လွန်ခဲ့တဲ့ နစ်နစ်လောက်ကပေါ့ အဲဒီင်္တုန်းက ဆိုရင် ဒီကျောင်းကို မသိသေးတဲ့ ကိုယ်တော်တွေလာရင် ဝပ်မဟာထကိုပဲ ရောက်ကြတာလေ အဲဒီမှာ နေစရာမရှိ ဘာမရှိနဲ့ ၊ သစ်ပင်အောင်မှာ နေဝင်သွားကြတယ်၊ နောက်မှာ အနီးအနားက ထိုင်းဒကာတွေက ဟိုတယ်လိုက်ပို့ မှ ဟိုတယ်မှာ အိပ်ခဲ့ရတဲ့ ကိုယ်တော်တွေလည်း တော်တော် များကြတယ်လို့ သိရတယ်၊ ဦင်္းဇင်းတို့ လာတုန်းကတော့ ဒီကျောင်းကို တန်းပြီးလာတာပါ ဒီမှာက လူခံရှိနေတာဆိုတော့ အဲဒိဒုက္ခကို မခံစားလိုက်ရပါဘူး၊´ ဟု ဦးကုဏ္ဍလက ရှေးဦးစွာ ရောက်ရှိလာကြသော စာသင်သားများ၏ အခက်အခဲကို ရှင်းပြသည်။
ယခုအခါ Mahchulalongkorn Rajavidyalaya University, Ayutthaya, တွင် (M.A ) Buddhist Studies, IMAP တက်ရောက်သင်ကြားနေသူ အရှင်ပညာစာရ ဗောဓိက ကိုယ်တိုင် ခက်ခက်ခဲခဲ နေထိုင့်ခဲ့ရပုံကို ယခုကဲ့သို့  ပြန်ပြောပြသည်။
´ဦးပဇင်းရောက်စတုန်းကတော့ သိပ်အဆင်မပြေဘူးလေ။ အိပ်စရာ နေရာမရှိဆိုတော့ ကျောင်းအောက်ထပ် တမန်တလင်းပေါမှာပဲ အိပ်ခဲ့ရတယ်ပေါ့ ကြောင်တို့  ခွေးတိုနဲ့အတူတူလေ။ ကိုယ်အိပ်နေတုန်း ခွေးတွေက ကျော်သွားတာမျိုးလည်း ရှိခဲ့ပါတယ်၊ အခုလိုကျောင်းဖွင့်လိုက်တော့ သံဃာအားလုံးအဆင်ပြေတာပေါ့´ဟု ပြောသည်။
ဘန်ကောက်မြို့ Mahidol University, Faculty of Social Science, တွင် Religious Stududies နှင့် ပါရဂူတန်း တက်ခွင့်ရရန်ကြိုးစားနေသော အရှင်ခေမာဝံသကလည်း ´အဲဒီတုန်းက မဟာကျူလာက ကျောင်းသားတွေကို အဆောင် မပေးနိုင်ဘူး။ ဒါကြောင့် နေရေးထိုင်ရေးက အရမ်းခက်ခဲပါတယ်။ ဒီလိုအခက်အခဲရှိတဲ့ ဦးပဉ္ဖင်းတွေကို ၀ပ်တလုမ့် ဆရာတော်က လက်ခံတယ်။ ဒါပေမဲ့ ဆရာတော်ကျောင်းမှာလည်း နေစရာက ကျယ်ကျယ်ဝန်းဝန်းမရှိတော့ ဖြစ်သလိုနေခဲ့ကြရတယ်။ တချို့ ဆို ရပ်ကွက်ထဲမှာ နေပြီး တက်နေရပြီဆိုတော့ ရပ်ကွက်ထဲမှာ တိုက်ခန်းငှါးနေကြတဲ့သူတွေလည်း ရှိခဲ့တယ်´ ဟု ပြောပြသည်။
ထိုင်းဘုန်းကြီးကျောင်းများတွင် မီးသဂြိုဟ်စက်များ အလောင်းထည့်သော ခေါင်းများကို ထားရှိသည်မှာ ထိုင်းဓလေ့ ဖြစ်သော်လည်း မြန်မာများအတွက်မူ သင်္ချိုင်းမြေနှင့် သင်္ချိုင်းနှင့် ဆိုင်သောပစ္စည်းများမှာ ထိတ်လန့် ဖွယ် ကြက်သီးထဖွယ်ကောင်းသော ကြောက်စရာ ပစ္စည်းများ ဖြစ်ကြသည်။ ပြည်တွင်းမှ မိတ်ဆွေများက ထိုင်းတက္ကသိုလ်များတွင် ပညာသင်နေ၍ အဆင့်မြင့်မြင့် နေထိုင်ကာ ပညာသင်နေသည်ဟု ထင်ကြသော်လည်း စာသင်သား ရဟန်းတော်များသည် မီးသင်္ဂြိုဟ်စက် အောက်ထပ်နှင့် ခေါင်းတလားများကြားတွင် အိပ်စက်ခြင်း စာကျက်ခြင်း ဆွမ်းစားခြင်းများကို စသည်ဖြင့် နေထိုင် သီတင်းသုံးနေကြသည်ကိုတွေ့ ရသည်။
ယခု ဆောက်လုပ်သော ကျောင်းဆောင်ကို ဝိဇ္ဇာလယ မြန်မာကျောင်းဆောင် ဟု အမည်ပေးထားကြောင်း သိရသည်။ ပေ ၄၀x ပေ ၆၀ တထပ် ကျောင်းဆောင်ဖြစ်သည်။ သံဃာ ၁၂ ပါးခန့် သာ သီတင်းသုံးနိုင်ဖွယ် ရှိသော်လည်း နေစရာနေရာ အတိအကျ မရသေးသော သံဃာ ၄၀ ကို မဲနှိုက်ကာ နေရာချထားမည်ဟု သိရသည်။
ယခုကျောင်းဆောက်လုပ်မှုနှင့် ပတ်သက်၍ ဦးပညာစာရ ဗောဓိက´သံဃာတော်တွေလည်း ချမ်းသာစွာမိမိတို့  ပညာရေးကို တစိုက်မတ်မတ် သင်းကြားနိုင်တာပေါ့ ကျောင်းဆရာတော်ကတော့ နေဖိုအခွင့်ကိုသာ ပေးထားတာပါ။ ဒါပေမယ့် သူကနေစရာကို မပေးနိုင်လေ။ သို့သော် ဆရာတော်ကတော့ ထိုင်းဆရာတော်တွေထဲမှာ မြန်မာ စာသင်သားတွေအတွက် အလွန်ကျေးဇူးကြီးမာတဲ့ ဆရာတော်ပါ။ အခုလို ဆရာတော် ကျောင်းဝန်းထဲမှာ ကျောင်းလှူဒါန်းတာက မြန်မာစာသင်သား သံဃားတွေအတွက် များစွား အဆင်ပြေသလို ဆရာတော်ကိုလည်း ကျေးဇူဆပ်ရာရောက်ပါတယ်´ဟု မိန့် သည်။
ထို့ အတူ ဦးခေမာဝံသကလည်း ´ဦးဇင်းအနေနဲ့  ၀မ်းသာပါတယ်။ ဦးဆောင်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်တယ်။ ဒကာဒကာမတွေကိုလည်း ကျေးဇူးတင်တယ်။ ဒါက တကယ်လိုအပ်တဲ့နေရာမှာ တကယ်လှူဒါန်းလိုက်တာဘဲလေ။ ဒီလိုလုပ်တဲ့အတွက် မြန်မာနိုင်ငံသားများ ဆောက်လုပ်တဲ့ ကျောင်းလေး တစ်ဆောင်တော့ ကျန်ခဲ့တာပေါ့။ နောင်လာမဲ့ မြန်မာ စာသင်သား ရဟန်းသံဃာတွေအတွက် အရိပ်အာဝါသ တခု ရတာပေါ့´ ဟု ပြောသည်။
ထိုင်းနိုင်ငံတွင်းရှိ ဘန်ကောက်။ ချင်းမိုင်။ ဟတ်ယိုင်။ အယုဒ္ဓယ အစရှိသောမြို့ များရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာ နိုင်ငံသား စာသင်သား ရဟန်းသံဃာ ၁၄၀ ခန့် ရှိသည်ဟု သိရသည်။
ဝပ်တလုမ့်ကျောင်းတစ်ခုတည်းတွင်ပင် မြန်မာနိုင်ငံသားများဖြစ်ကြသော ဗမာ။ ရခိုင်။ ရှမ်း။ မွန်။ ကရင်။ ကချင်။ ပအို့ ဝ်။ ပလောင်။ ဓနု။ ထားဝယ် စသည်ဖြင့် တိုင်းရင်းသား ရဟန်းတော်မျိုးစုံ သီတင်းသုံးလျှက်ရှိကြောင်း သိရသည်။
မဟာချူလာ ပုံရိမ်များကို ပညာဇာနည် တွင် ကြည့်ရှု့နိုင်ပါသည်။
ဘစောတင်(ဧရာဝတီ)၏ မူရင်း သတင်းအား ပြန်လည်တင်ပြအပ်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 6:00 AM 0 comments
Labels: သတင်း
G-mail တစ်ခု ဝယ်ချင်သူ
စာရေးသူတို့နိုင်ငံသည်ကား ဖွံ့ဖြိုးမှုအားနည်းသော်လည်း နည်းပညာပိုင်ဆိုင်ရာမှာ ညံ့သည်ဟု မဆိုင်နိုင်သေးပေ၊ သို့သော်လည်း ပြည်တွင်းက မြန်မာအများစုမှာ ကွန်ပျုတာနှင့် ပတ်သတ်၍ အခေါ်အဝေါ်များကိုမူ အင်္ဂလိပ်အသံထွက်အတိုင်း တိုက်ရိုက်ယူ၍ပြောဆိုသုံးစွဲကြ၏၊ တစ်ခြားနိုင်ငံများတွင် သူ့ဘာသာစကားတစ်ခုကို တတ်လျှင်ပင်လုံလောက်သော်လည်း၊ မြန်မာနိုင်ငံသားများအတွက် မလုံလောက်သေးပေ၊ တစ်ခြားနိုင်များတွင် မည်သည့်ပစ္စည်ပင်ထုတ်ထုတ် သူ့ဘာသာစကားဖြင့် ထည့်သွင်းထားသောကြာင့် မိမိ မိခင်ဘာသာစကား တစ်ခုကိုတတ်လျှင် အလုပ်ဖြစ်ပြီ။
အစစအရာအရာ ထိမ်းချုပ်ခံထားရသောမြန်မာပြည်မှ လူအများစုသည် မျက်စိပိတ် နားပိတ်လျှက် ကမ္ဘာကြီး၏ ပြင်ပတစ်နေရာကို ရောက်နေသကဲ့သို့ဖြစ်နေသည် ။
ထိုင်း၊ မလေးရှား စသော အိမ်နီးချင်း နိုင်ငံများတွင် ဟန်ဖုန်းကိုလူတိုင်း ကိုင်နိုင်သကဲ့သို့၊ အင်တာနက်ကိုလည်း ဖုန်းသုံးလို့ရသော နေရာတိုင်းတွင် သုံးနိုင်သည် ဖုန်းမှတစ်ဆင့်သော်လည်းကောင်း မော်ဒန်ကဒ်စနစ်ဖြင့် သော်လည်းကောင်းသုံးနိုင်၏၊ သို့သော် မြန်မာနိုင်ငံတွင်းမှာမူ ဖုန်းကိုင်နိုင်လျှင် သူဌေးဟု လူအများမှတ်ထင်နေကြတုန်းသာ ရှိသေး၏၊ ထင်လောက်အောင်လည်း ဟန်းဖုန်းကိုင်နိုင်သူများမှာ ငွေကြေးတတ်နိုင်သူများသာ၊ သာမန်လူများကိုင်နိုင်ဖို့ မဖြစ်နိုင်သေးချေ၊ အင်တာနက်ဆိုလျှင်လည်း မြို့ကြီးပြကြီးများလောက်တွင်သာ ကော်နယ်ရှင်ကျခြင် အစိုးရထိန်းချုပ်ခြင်း စသောချုပ်ချယ်ကန့်သတ်မှု များစွာဖြင့်သာ သုံးစွဲနိုင်၏၊
သို့သော်လည်း Google Talk တစ်ခုမှလွဲ၍၊ အခြား ဗဟုသုတဆိုင်ရာ ဝက်ဆိုဒ်များကိုမူ ဖွင့်မရသလောက် ဖြစ်ချေ၏၊ အင်တာနက်သုံးခြင်းသည် ကောင်လေးနှင့် ကောင်းမလေးများ Q ခြင်းမျှလောက်သာ ထင်မှတ်နေတုန်း ရှိသေး၏၊ ပြည်ပရောက် မိမိတို့သူငယ်ချင်းများ ပို့ပေးသော ဖတ်မှတ်စရာ သတင်းများကိုသာ မိမိတို့ မေးထဲမှာ မရ မက ဖွင့်ကာ ဖတ်နေရတုန်းရှိသေး၏။
တစ်နေ့- စာရေးသူတို့အိမ်နားက အင်တာနက်ကဖေးတွင် အင်တာနက်သွားသုံးစဉ် တောမှ လူကြီးတစ်ယောက်သည်၊ မလေးရှားတွင် အလုပ်လုပ်နေသော သားနှင့် စကားပြောရန်ရောက်ရှိလာလေသည်။
စာရေးသူသည်လည်း သူ့ကိုကြည့်လျှက် အကဲခပ်နေမိသည်၊ ဆိုင်ပိုင်ရှင်နှင့် တစ်ခြားအသိတစ်ဦးမှ အကူအညီပေးမှု့ကြောင့် အွန်လိုင်းက ဂျီတော့ပ်ဖြင့်ပင်လျှင်၊ ကော်နယ်ရှင်ကျလိုက် တက်လိုက် ခက်ခက်ခဲခဲ ပြောနေရှာလေသည်။
တောကလာသော ထိုလူကြီးသည် ကော်နယ်ရှင် ကျသွားသည်ကိုလည်းမသိ တက်လာသည်ကိုလည်း မသိပဲ ပြောချင်တိုင်း ပြောနေလေ၏၊ ဘေးမှလူများက ကော်နယ်ချင်ကျနေတယ် ခဏစောင့်ပါဦးဆိုမှ ရပ်လိုက်သည၊် တော်ကြာနေ ကော်နယ်ရှင်တက်လာသောအခါ ပြန်စကားပြောပြန်သည် ဤကဲ့သို့ ပြောလိုက်ရသည်ကို အလွန်အင်မတန်မှ ပီတိသောမနဿဖြစ်နေသော တောကလူကြီးသည် ဆိုင်ရှင်ကိုလှမ်းမေးလိုက်ပုံမှာ။
ငါ့တူ.. အဘ ဂျီးမေးလ်တစ်လုံးလောက်ဝယ်ချင်တယ်ကွာ ဘယ်လောက်ပေးရမလဲ သားနဲစကားပြောချင်ရင် တစ်ခါတစ်ခါ မြို့ကိုလာရတာမလွယ်ဘူးကွဲ့…….ဟူ၍ ဖြစ်လေတော့သတည်း။
အော်…….မြန်မာပြည်မှာ သူ့လို ဂျီးမေလ်းတစ်ခုလောက် ၀ယ်ထားချင်သူတွေ အများကြီး ရှိကြမှာပါ ဟု တွေးမိလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက လူတော်တော်များများ သူများနိုင်ငံမှာ အလုပ်ထွက်လုပ်နေကြရပြီးလေ၊ သူတိုသားသမိးတွေကို တွေ့ချင် မြင်ချင် စကားပြောချင်ကြမှာပေါ့။
ဗမာပြည်ကပြန်အလာ ထိုင်းနိုင်ငံကိုရောက်ပြန်တော့လည်း မိမိ၏ မိတ်ဆွေ မင်းထက်တစ်ယောက် အိမ်ကို ရောက်လာပြန်သည်။
အင်္ဂလိပ်စာလုံးဝ မတတ်သော်လည်း၊ မိတ်ဆွေအပေါင်းသင်းများ၏ အကူအညီအကြောင့် ကွန်ပျုတာ အင်တာနက်များကို အထိုက်အလျှောက်သုံးစွဲနိုင်သော မောင်မင်းထက်သည် သူသိချင် တတ်ချင်သော အရာများအား၊ မရှက်မကြောက် မေးတတ်သူပီပီ အင်တာနက်မှ ဒေါင်းလုပ်လုပ်တာကို သူပြောလိုက်ပုံက၊
ကိုယ့်လူရယ်… ဟု စချီကာဖြင့်၊ အင်တာနက်က ဒေါင်းမင်းဘယ်လို လုပ်ရတယ် ဆိုတာရယ် မြန်မာလိုင်းကို ဘယ်ကဖမ်းရတယ်ဆိုတာရယ်ကို၊ ခဏသင်ပေးစမ်းပါတဲ့၊ မြန်မာပြည်တွင်နေခဲ့စဉ်က ရေဒီယိုကိုသာ သုံးဖူးခဲ့သော တောသားလေးမောင်မင်းထက်တစ်ယောက၊် အင်တာနက်က မြန်မာလိုင်းကို ဖမ်းဖို့ပြောလာလေပြီတကား။
ကဲ… ကိုယ့်လူတို့ရယ်… မရယ်ချင်ကြနဲ့နော် ဘာတွေကွာသလဲလို့သာ စဉ်စားပေးကြပါတော့။
သူငယ်ချင်းတစ်ယောက်၏ အတွေ့အကြုံကို မိမိ၏ အတွေ့အကြုံများဖြင့် ပေါင်းစပ်ကာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 11:10 PM 0 comments
Labels: ဆောင်းပါး
မရ အဆုံး ဝပ်တလုမ်း
လက်ရှိဝပ်တလုမ်ကျောင်းတိုက်တွင် ဗုဒ္ဓဘာသာနိုင်ငံပေါင်းစုံမှ ရဟန်းတော်များ ၃၀၀ ကျော်ခန့်သီးတင်းသုံး နေထိုင်ကြရာတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစုံ မြန်မာရဟန်းတော်များ ၁၀၀ ကျော်ရှိလေသည်။ ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးတို့တွင် ပညာသင်ကြားနေသော မြန်မာရဟန်းတော်များမှာ၊ ၁၄၀ ခန့်ရှိလေသည်၊ ဘန်ကောက် ချင်းမိုင် ဟတ်ယိုင် စသော မြို့ အသီးသီးတို့တွင် တက္ကသိုလ်ပညာများကို သင်ကြားလျှက်ရှိကြသည်၊ ထိုင်းနိင်ငံတွင် တက္ကသိုလ် တက်ရောက်လိုသော မြန်မာရဟန်းတော်များ အနေဖြင့် လိုအပ်သော ကြိုတင်ပြင်ဆင်မူများကို သိရှိစေရန် ပညာဇာနည်း တွင် ဖတ်ရှူ့နိုင်ပါသည်။
ထိုင်းနိုင်ငံသို့ လာရောက်ပညာသင်ကြားနေသော မြန်မာရဟန်းတော်များ၏၊ အခက်အခဲများထဲမှ အရေးအကြီးဆုံးတစ်ခုမှာမူ၊ နေထိုင်စရာ ကျောင်းပင်ဖြစ်လေသည်။ မဟာချူလာတက္ကသိုလ်တွင်ကား ကျောင်သားအဆောင်ရှိလေသည်၊ သို့သော်လည်း နေရာနှင့်ကျောင်းသား မမျှသေးသဖြင့် အခက်အခဲ ဖြစ်ကြရပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာရဟန်းတော်များသည်၊ ပညာသင်ကြားနိုင်ရန်အတွက် နေထိုင်စရာကျောင်းများကို အရေးတကြီးရှာဖွေရလေသည်၊ သို့သော်လည်း ထိုင်းဆရာတော်များသည်ကာ မြန်မာရဟန်းတော်များကို လက်ခံရန် အထူးသဖြင့် ငြင်းဆန်ကြလေသည်၊ တစ်ချို့ ကလည်း သမိုင်းပေးဝဋ်ကြွေးဟု ပြောဆိုကြသုများ ရှိသကဲ့သို့၊ တစ်ချို့ ကလည်း ဆင်းရဲသောနိုင်ငံမှ လာသူဖြစ်သောကြောင့် အထင်ကြီ်း လေးစားမူ မရှိသောကြောင့် လက်မခံလိုကြ ဟူ၍လည်း အမျိုးမျိုးဝေဖန်ကြလေသည်။
မည်သို့ပင်ဖြစ်စေ၊ ထိုကဲ့သို့ နေရာအခက်အခဲများကို ဒိုင်ခံ၍ ဖြေရှင်းပေးနေသော ပုဂ္ဂိုလ်တစ်ပါးတော့ ရှိလေသေးသည်၊ ထိုပုဂ္ဂိုလ်မှာ မြန်မာရဟန်းတော်များ၏ ကျေးဇူးရှင် ဝပ်တလုမ်ကျောင်း ဆရာတော်ကြီး ဖရမဟာဘုံးထိန် ဇုတိနြေ္ဒာ ပင်ဖြစ်လေသည်၊ ဆရာတော်သည် လာလာသမျှသော ရဟန်းတော်များအား တံခါးမရှိ ဓားမရှိ သာသနာပြုစိတ်ဓာတ် အပြည့်ဖြင့်၊ အမြဲတမ်းကြိုဆိုနေလေသည်။ သို့သော် ဆရာတော်၏ ကျောင်းတိုက်တွင် နေရာမရှိပေ၊ မိမိတို့နေတတ်သလိုသာ နေမည်ဆိုပါက၊ အမြဲတမ်း တံခါးဖွင့်ထားသော သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုရာ ပညောင်ပင်ကြီးသဖွယ် ဖြစ်လေသည်။
မြန်မာနိုင်ငံမှ ရောက်လာခါစ ရဟန်းတော်များတစ်ချို့သည်ကား၊ ဝပ်တလုမ်ကျောင်းတိုက်တွင် နေရေးထိုင်ရေး ဆင်းရဲပုံကို တွေ့မြင်ရသဖြင့်၊ အခြားသော ထိုင်းကျောင်းများတွင် နေရာတစ်နေရာ ရလိုရငြား အစွမ်းကုန် ကျိုးစားရှာဖွေကြလေတော့သည်၊ သို့သော်လည်း အချီးနှီိးသာဖြစ်လေ၏၊ မည့်သည်ကျောင်းများတွင်မှ လျှောက်ထား၍ မရသောအချိန်တွင်ကား၊ မြန်မာရဟန်းတော်များ ခိုနားရာ ဝပ်တလုမ်ကျောင်းတိုက်သို့သာ၊ ခြေဦးတည်ကြရလေတော့သည်။ ထို့ကြောင့် မည့်သည့်နေရာများတွင်မှ မရသည့်အဆုံးတွင် ဝပ်တလုမ်ကျောင်းရှိသေးသည်ဟု ဆိုကာ၊ မရအဆုံး ဝပ်တလုမ်းဟူ၍ပင် ပြောစမှတ် ဖြစ်လာရလေတော့သည်တကား။
ထို့ကဲ့သို့ နေရာအခက်အခဲများသလောက် ပညာတော်သင်ရဟန်းတော်များလည်း များပြားလာရာ၊ ဝပ်တလုမ်ကျောင်းဆရာတော်မှ၊ မြေနေရာတစ်ခုကို ပေးသဖြင့်၊ ဝပ်တလုမ်ကျောင်းနေ မြန်မာရဟန်းတော်များမှ စုပေါင်း၍ အလျှားပေ ၄၀ အနံပေ ၆၀ ရှိသော ဝိဇ္ဇာယလမြန်မာကျောင်း တစ်ဆောင်ကို သီးသန့် ဆောက်လုပ်ခွင့် ရရှိလာလေတော့သည်။
ထို့သို့သော အခွင့်အရေးမျိုးသည် အလွန်အင်မတန်မှ ကံကောင်းအကြောင်းလှခြင်းသာ ဖြစ်ပေသည်၊ မြန်မာရဟန်းတော်များအတွက် အလွန်အင်မတန်မှ ဝမ်သာစရာ ဖြစ်ကြရပေသည်။ ကျောင်းတိုက်အတွင်းရှိ ဦးဆောင်မြန်မာရဟန်းတော်များ ဦင်္်းစီးကား၊ ဆောက်လုပ်ပြီုးစီးသွားသော ထိုဝိဇ္ဇာလယကျောင်းဆောင်ကို ၂၆-၉-၂၀၁၀ တွင် စည်းကားသိုက်မြိုက်စွာ ရေစက်သွန်ချနိုင်ခဲ့ပြီးဖြစ်လေသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 4:00 AM 0 comments
Labels: သတင်း
ကပ္ပိယကျော်ခေါင်နှင့် ကမ္ဘာ့ ဘယ်သန်ကြီးများ
တစ်နေ့သ၌ ရွာဦးကျောင်းရှေ့ သရက်ပင်ကြီးအောက်တွင် ကပ္ပိယကျော်ခေါင် တစ်ယောက် နဂိုကမှ မကြည့်လင်သော သူ၏ မျက်နှာကို ပုပ်သိုးသိုး ဖြစ်အောင် အစွန်းကုန်ဖန်တီးလျှက် ၊ တစ်စုံတစ်ခုကို ဘဝင်မကျသည့် ဟန်ဖြင့် မိမိ၏ လက်မောင်းတို့ကို ကွေးလိုက် ဆန့် လိုက် လုပ်ကာ ၊ ဒေါသ ဖြစ်နေလေ၏။
ထိုအခြင်းအရာကို တွေ့ မြင်သော ရွာဦးကျောင်းဆရာတော်သည်
‘‘ ဟေ့ - ငကျော်ခေါင်း လာခဲ့ စမ်း’’ ဟုခေါ်ကား ၊ မင်းဘာတွေ ဘဝင်မကျဖြစ်နေတာလဲ ပြောစမ်း’’
ဟူ၍ မေးမြန်းလေတော့၏ ။
ထိုအခါ ကပ္ပိယကျော်ခေါင်သည် သူ့၏ ထုံးစံအတိုင်း မျက်စိကို ပေကလပ် ပေကလပ် လုပ်ကာ၊ အတီတေ ဗာရာဏသီ ချီလေတော့၏ ။
‘‘ မှန်လှပါ ဘုရား တပည့်တော် ဟို ငယ်ငယ်လေးကတည်းက ဘယ်သန်လို့ ဘယ်နဲ့ စားရေးလာတာကို ဆရာတော် အသိပါပဲ ဘုရား’’ ။
‘‘အဲဒါ ဘာဖြစ်တာတုန်း ငကျော်ခေါင် ရဲ့ ’’ ၊
မှန်ပါ= အခုမှလာပြီး တပည့်တော်ကို ရွာကကောင်းလေးတွေက ဘယ်ချီးကိုင်လို့ ခေါ်ပါတယ် ဘုရား ။ အဲဒါကို မကြေနပ်လို့ ပါဘုရား။
ထိုအခါ ရွာဦးကျောင်းဆရာတော်သည် မိမိ၏ တပည့်အပေါ် သနားကရုဏာ သက်မိ၍ ။ အောင်ပါ အကြောင်းအရာကို ပြောဆိုကာ အားပေးစကား ပြောလေ၏ ။ ဆရာတော်၏ စကားကို ကြားရပြီးတဲ့နောက်၊ ကပ္ပိယကျော်ခေါင် သည် အင်မတန်မှ လျှင်မြန်သော အဟုန်ဖြင့် ၊ တိုက်ခန်းထဲံတွင်ရှိသော ပိတ်ဖြူစကြီးကို ယူပြီလျှင် ကျောင်းနှင့် မလှန်းမကမ်း တစ်နေရာ၌ အကြီးတကာ့ အကြီးဆုံး ဆိုင်းဘုတ်ကြီးတစ်ခုကို စိုက်ထူလိုက်လေတော့သတည်း ။
၎င်းဆိုင်းဘုတ်ကြီး၌ ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။
( သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ) ။
ပြီးလျှင် ကမ္ဘာကျော် ဘယ်သန်ကြီးများကိုလည်း အောက်ပါအတိုင်း ရေးထားလိုက်လေ၏ ။
၁။ ကပ္ပိယကျော်ခေါင်( ရွာဦးကျောင်း)
၂။ အိုင်စတိုင်း
၃။ ဘေသိုဗင်
၎။ ဘင်ဂျမင်ဖရန်ကလင်
၅။ ဂျူးလီယက်ဆီဇာ
၆။ လီယိုနာဒို ဒါဗင်ချီ
၇။ မက်တွိုင်း
၈။ မိုက်ကယ်အိန်ဂျလို
၉။ နပိုလီယန် ဘိုနာပတ်
၁၀။ ဘတ်ဘလို ပီကာဆို
၁၁။ ၀ိတိုရိယ ဘုရင်မကြီး
၁၂။ စီလင်ဒီယွန်း(ဂီတ)
၁၃။ ဂျော့မိုက်ကယ်(ဘတ်စကက်)
၁၄။ ဂျင်မီဟင်းဒရစ်
၁၅။ ဖီးလ်ကိုလင်း(တင်းနစ်)
၁၆။ ပေါ်လ်မက္ကနေး(us သမ္မတ)
၁၇။ အန်တိုနီပါကင်း
၁၈။ ဘရုစ်လီ
၁၉။ ကာရိုးဘားနတ်
၂၀။ ဒန်နီကာရေး
၂၁။ တွမ်ခရု“
၂၂။ ကီးနူးရိဗ်
၂၃။ မော်ဂန် ဖရီးမင်း
၂၄။ ဆာရာဂျက် ဆီကာ ပတ်ကား
၂၅။ မာရီလင်မွန်ရိုး
၂၇။ အိဗာသွန်ပဆန်
၂၈။ ဂျက်ဆန် အလက်ဇန္ဒြား
၂၉။ ဂျင်ကဲရင်း
၃၀။ ဂျူလီယာရောဘတ်
၃၁။ လုပယ်ရီ
၃၂။ နီကိုကစ်ဒ်မင်း
၃၃။ အော်ပရာဝင်းဖရေး
၃၄။ ပီလီ(ဘောလုံး)
၃၅။ လာရီဘတ်
၃၆။ ဘေးလ်ဝယ်တန်
၃၇။ ဂျင်မီကော်နာစ်
၃၈။ ဂျိမ်းစ် ဂါဖီးလ်
၃၉။ အားဘတ်ဟုးမား
၄၀။ ဟယ်ရီအက်စ် ထရူးမင်း
၄၁။ ဂါးရက်စ်ဖို့ဒ်မင်း
၄၂။ ရော်နယ်လ်ရေဂင်
၄၃။ ဂျော့ဘုခ်ျ
၄၅။ ဘီးလ် ကလင်တန်
၄၆။ ရာဇာနေ၀င်း(ပြည်တွင်းဖြစ်)
၄၇။ အိန္ဒြာကျော်ဇင်( ။ )
၄၈။ သီဟတင်စိုး ( ။ )
၄၉။ သျှီသူုအောင်(ရတီမင်္ဂဇင်းအေဒီတာ) ဟူ၍ ရေးသားထားလေ၏ ။
နဂိုကတည်းကမှ ဆောင့်ကြွကြွနိုင်လွန်းသော ကပ္ပိယကျော်ခေါင်းသည်ကား ၊ ယခုကဲ့သို့ နပိုလီယံက အစ ရာဇာနေ၀င်း အဆုံး ရှိသော ပုဂ္ဂိုလ်များသည်လည်း သူ့ကဲ့သို့ ဘယ်သန်များ ဟု သိလိုက်ရသဖြင့် ။ အလွန်ဂုဏ်ယူ ဝင့်ကြွားလျှက်ရှိလေတော့ သထည်း ။ ။
သြဂုတ်လ ၁၃ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေအာ့း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။ ။
Posted by ရွာဦးကျောင်း ဆရာတော် at 1:17 AM 0 comments
Labels: ဆောင်းပါး
ထိုင်းဘုရင်မကြီင်္း၏ ၇၈ နှစ်မြောက်မွေးနေ့
ထိုင်း ဘုရင်မကြီး သိရိခေတ် (สมเด็จพระนางเจ้าสิริกิติ์ พระบรมราชินีนาถ ) (Somdej Phra Nangchao Sirikit Phra Boromarajininat) ကို ၁၉၃၂ ခု သြဂုတ်လ ၁၂ ရက်နေ့တွင်၊ မွေးဖွားခဲ့သည်၊ ခမည်းတော်မှာ ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ် ဖြစ်သည်။
အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒာမဟီဒိုး နတ်ရွာစံပြီးနောက် နန်းတက်လာသော၊ လက်ရှိ နဝမမြောက် ရာမဘုရင် ဘူမိဘော အဒူလျာဒက်(ဂ်ျ)နှင့် ၁၃၉၅ ခုနစ် ဧပြီလ ၂၈ ရက်နေ့တွင် စုလျာရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။
မိဘုရားသိရိခေတ်နှင့် ဘုရင်ဘူမိဘော တို့သည်၊ ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားနေခဲ့စဉ် ကတည်းက မေတ္တာမျှနေခဲ့ကြသည် ဟု လူသိများကြလေသည်၊ မင်းသမီးသိရိခေတ်သည်ကား နုပျိုစဉ်အရွယ်က ကမ္ဘာပေါ်ရှိတော်ဝင်မင်းသမီးများ ထဲတွင် အချောဆုံးအလှဆုံး စာရင်ဝင်ခဲ့သူ တစ်ယောက်ဖြစ်လေသည်။
မင်းသမီး သိရိခေတ်သည် ဘုရင်ဘူမိဘော နှင့်အတူ သျှောင်းနောက် ဆံထုံးပါ ဆိုသကဲ့သို့ နယ်စွန် နယ်ဖျားများသို့ လိုက်ပါလျှက် ပြည်သူ ပြည်သားများအား လက်ဆောင်များ ပေးခြင်း ဆေးဝါးကုသပေးခြင်း၊ အစရှိသော လူသား အကျိုးပြုလုပ်ငန်းကို မငြီးမညူ လိုက်ပါ ဆောင်ရွက်လေသည်။
အထူးသဖြင့် ထိုင်းအမျိုးသမီးကလေးများ၏ ဘဝဖူလုံရေး အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားစေရန် အားပေး ကူညီခဲ့လေသည်။
သိရီခေတ်သည် ထိုင်းဘုရင် ဘူမိဘော၏ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး အဖြစ်ဖြင့် နေလာခဲ့သည်မှာ ယနေ့ သက်တော် အားဖြင့် ၇၈ နစ်သို့တိုင်ခဲ့လေပြီ။ သို့သော်လည်း မိဖုရားသိရိခေတ်အား မေတ္တာပျက်သော ထိုင်းပြည်သူတစ်ဦင်္းတစ်ယောက်မျှ မရှိသေးပေ။
သီရိခေတ်တို့၏ မိသားစု
အကျွန်ုပ်သည် သူတစ်ပါး တိုင်းပြည့်တွင် လူမဖြစ်ချင်သော်လည်း၊ အကျွန်ုပ် မွေးဖွားသော တိုင်းပြည်တွင်ကား ထိုကဲ့သို့ မင်း မိဖုရားများ ရှိခဲ့ပါမူ ကောင်းလေစွာ့ဟု ဆုတောင်းရင်း၊
တိုင်းသူ ပြည်သားများ အပေါ်တွင် ရင်ဝယ်သားကဲ့သို့ မေတ္တာထားကာ အုပ်ချုပ်နေသော မိဖုရားသီရိခေတ်သည်-၁၂-၈-၂၀၁၀ နေ့တွင် ကျရောက်သော ၇၈ နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာသော ကာလတိုင်အောင်၊ စိုးစံအုပ်ချုပ် မင်းလုပ်နိုင်ပါစေသတည်း
Posted by ရွာဦးကျောင်း ဆရာတော် at 11:21 AM 0 comments
Labels: ဆောင်းပါး
ရဟန်းတော်များနှင့် ကွမ်းယာ ဆေးလိပ်
ဘုန်းဘုန်း...ဘုရား..ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ပါစေ.....
အောက်မှာ တူတော်မောင်တစ်ယောက်က အလွန်သိချင်ပါသဖြင့်..ကရုဏာရှေ့ထားလို့ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်...ဘုရား။
ဒကာ/ ဇော်လင်း
မေး။ ။ ဆရာတော်ဘုရား တပည့်တော်ရိုသေ လေးမြတ်စွာ ဦးခိုက်
လျှောက်ထားပါသည်ဘုရား။ ရဟန်းတော်များကွမ်းစားခြင်းသည် အာပတ်သင့်၊ မသင့် သိလိုပါသည်ဘုရား။
အကယ်၍ အာပတ်သင့်ပါက မည်သို့သော အာပတ်မျိုးဖြစ်ပါသလဲဘုရား။
ဒေသနာ ကြားပါက ပျောက်၊မပျောက် လည်းသိလိုပါသည် ဘုရား။ ဆေးလိပ်သောက်ခြင်း နှင့် ပတ်သက်၍ လည်းသိလိုပါသည်ဘုရား။
ဖြေ။ ။ ရဟန်းတော်များ ကွမ်းစားခြင်းသည် အာပတ်မသင့်ဟု မှတ်ပါ၊ သို့သော်လည်း အချို့အချို့သော ဆရာတော်ကြီးများသည်ကား၊ နေလွဲသောအခါ၌ သုံးဆောင်လေ့မရှိသည်ကို မှတ်သားဖူးပါသည်။
ထို့သို့မသုံးဆောင်းခြင်းသည်လည်း ဝိနည်းကို အလွန်လေးစားသောကြောင့် ဖြစ်ပါသည်၊ စားသုံးနေသော ဆရာတော်များကိုလည်း အာပတ်သင့်သည်ဟု မမှတ်ယူသင့်ပေ။
အနုဇာနာမိ ဘိက္ခဝေ ဓူမနတ္တံ၊ ဘိက္ခဝေ- ရဟန်းတို့၊ ဓူမနတ္တံ- အခိုးလိပ်ကို- ဝါ- ဆေးလိပ်ကို၊ အနုဇာနာမိ- ခွင့်ပြုတော်မူ၏။ ဟူ၍ နေမကောင်းသော ရဟန်းတော်တစ်ပါးအား ဆေးလိပ်သောက်ခွင့် ပေးသည်ကို မဟာဝါပါဠိတော်တွင် မှတ်သားဖူးပါသည်။
နေမကောင်းသောအခါ ဆေးလိပ်သောက်ခွင့်ရှိပါသည်၊ ကျန်းမာနေသောအခါများတွင်ကား မသောက်သင့်ဟု မှတ်ယူရပါမည်။ အာပတ်သင့်မည်ဆိုပါက ဒုက်ကဋ် အာပတ်သင့်ပါသည်၊ ဒုက်ကဋ်အာပတ်သည် အလွန်သေးငယ်သော အာပတ်ဖြစ်ပါသည်၊ ဒေသနာကြားပါက ပျောက်လေသည်။
အာပတ် (၇)မျိုးရှိသည့်အနက်၊ ဒေသနာကြားရုံဖြင့် မပျောက်သော အာပတ်များမှာ သံဃာဒိသေသ်နှင့် ပါရာဇိက နစ်မျိုးသာ ရှိသည်ဟုမှတ်ပါ။ သို့သော် သံဃာဒိသေသ်သည်ကား ပျောက်အောင်ကုစားနည်း ရှိပါသေးသည်။
မေး။ ။ အောက်ပါ ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းစွာသိလိုပါသည် ဘုရား။
(ရဟန်းတို့၏ ကာလိက ၄ ပါး)
၁။ ယာဝကာလိက=ဆွမ်း၊ ဟင်း၊ မုန့်၊ ခဲဖွယ်၊ ဘောဇဉ် စသည်များ(၎င်းတို့ကို နေအရုဏ်တက်မှစ၍ မွန်းမတည့်မီ အကပ်ခံ၍ ရဟန်းတို့ သုံးဆောင်အပ်သည်)
၂။ ယာမကာလိက=အဖျော်ရှစ်ပါး(၎င်းတို့ကို နေလွဲသည်မှစ၍ ညဉ့်သုံးယံပတ်လုံး ဆာလောင်သောအခါ ဘုဉ်းပေးသုံးဆောင်အပ်သည်)
၃။သတ္တာဟကာလိက=ထောပတ်၊ ဆီဦး၊ နှမ်းဆီ၊ ပျား၊ တင်လဲ စသည်များ(၎င်းတို့ကို အကပ်ခံ၍ ခုနစ်ရက်ပတ်လုံး သုံးဆောင်ဘုဉ်းပေးအပ်သည်)
၎။ ယာဝဇီဝက=ဆီးဖြူ၊ သျှိသျှား၊ သဖန်းခါး၊ ငရုတ်စသော သစ်သီးသစ်ရွက်များ (၎င်းတို့ကို အကြောင်းရှိသော် တစ်သက်ပတ်လုံး သုံးဆောင်အပ်သည်) ထို့ကြောင့် ရဟန်းသံဃာများ ကွမ်းစားခြင်း(ကွမ်းရွက်စားခြင်း)သည် အာပတ်မသင့်ပါ။
ယာဝဇီဝက အရ တစ်သက်ပတ်လုံး သုံးဆောင်နိုင်ပါသည်။ (ခုဒ္ဒသိက္ခာ)
ဖြေ။ ။ အထက်ပါ ရေးသားချက်များမှာ နေလွဲညစာ မစားရဟု သိက္ခာပုဒ်ကို ပညတ်လိုက်သည်နှင့် တစ်ပြိုက်နက်၊ မည်သည့် စာသောက်ဖွယ်ရာများကို နေလွဲသော အခါ မစားကောင်းသနည်းဟု ရဟန်းတော်များ သံသယ ဖြစ်လာသည်ကို၊ ဖြေရှင်းထားခြင်းများဖြစ်ပါသည်။
အထက်ပါ လေးမျိုးထဲတွင်၊ အကပ်ခံပြီင်္းသည့်နောက် အရုဏ်တက်သည်အချိန်မှ နေမွန်းမလွဲခင် စားသုံးကောင်းသော အရာ၊ ခုနစ်ရက်ပတ်လုံး စားသုံးအပ်သော အရာ၊ တစ်သက်လုံးစားသုံးကောင်းသော အရာဟု ခွဲပြထားခြင်းဖြစ်ပါသည်။
ကိုရင်ငယ်များအတွက် ထုပ်ထားသော ရှင်ကျင့်ဝတ် စာအုပ်တွင် လေ့လာမှတ်သားနိုင်ပါသည်။
အထက်ပါ အမျိုးအစားများဖြင့် ညှိနိုင်းကြည့်ပြီ်း၊ နီးစပ်ရာ ဆရာတော် သံဃာတော်များကိုလည်း မေးစမ်းကြည့်စေချင်ပါသည်၊ ရွာဦင်္းကျောင်းဆရာတော်လည်း ကြားဖူးနားဝများကိုသာ သိသလောက်ကလေးဖြင့် ဖြေကြားပေးလိုက်ခြင်းသာ ဖြစ်ပါသည်၊
ဝိနည်းအရာဟူသည် အလွန်ကျယ် ပြန့်လှပါသည်။ လူ့လောကတွင်လည်း အလွန်ကျယ်ပြန့်သော ဥပဒေများကို ဥပဒေပညာရှင်များသာ သိနိုင်စွမ်းလေသည်ကို အထူးသတိပြုစေချင်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 3:53 AM 0 comments
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
ရွာဦ်းကျောင်းဆရာတော်နှင့် မနောမယ ဂမ္ဘီရ ရေမန်း
တစ်နေ့သ၌ အင်းစိန်မြို့ ဖော့ကန်ရပ်ကွက် မင်္ဂလာလမ်းတွင် အသက် ၂၅- ၃၀ ဝန်းကျင်ရှိ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ယောက်သည်၊ ရောင်းမထွက်နိုင်သော မိမိ၏ဆိုင်မှ ပေါင်မုန့်များ ကို ပြန်လည် သိပ်ဆည်း ရင်း၊ နှမြှောတသဖြစ်နေခိုက်၊ မိမိ၏ ဆိုင်နှင့်မျက်နှာချင်းဆိုင်တွင်၊ ဆိုင်းခန်းဖွင့်ရန် လာရောက် နေရာချ နေသော တစ်ခြားအမျိုးသမီးငယ်တစ်ယောက်ကို သတိထား မိလေ၏၊
၎င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည်၊ သူမ၏ အတွေ့အကြုံအရ ဤနေရာ ဤဒေသ၌ ဈေးဆိုင် လာဖွင့်သူ မှန်သမျှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပုံများကို ပြန်လည်တွေးကြည့်ရင်း၊ ဆိုင်ခန်းပြင်ဆင် နေသူ အမျိုးသမီး ငယ်လေးကို သနားမိသေးတော့၏။
သူကိုယ်တိုင်းမှာလည်း အရောင်းမသွက်ဖြစ်နေရသည့်အထည့်၊ ဤကဲ့သို့ မိမိဆိုင်နှင့် ကပ်လျှက်နေရာတွင် နောက်ထပ်ဆိုင်တစ်ဆိုင် လာရောက်ဖွင့်ခဲ့ပါက အကျိုးနည်းရချေရဲ့ ဟုလည်း၊ စိတ်ကူးမိလေသည်။ မည်သို့ ပင်ဖြစ်စေ၊ မိမိဆိုင်အရောင်းသွက်ရေးအတွက် မှတ်မိသမျှသော ဂါထာမန္တရားများ ကိုသာ ရွတ်ဖတ် နေမိ လေ၏၊
သို့သော်လည်း နောက်ထပ်ဖွင့်ရန် ပြင်ဆင်နေသော ဆိုင်မှာ မိမိကဲ့သို့ စတိုးဆိုင် မဟုတ်ကြောင်းကို အကဲခပ်မိသဖြင့် အနည်းငယ် နေသာထိုင်သာရှိသွားတော့၏၊ အတော်အသင့် သပ်သပ်ရပ်ရပ်ရှိသော ၄င်းဆိုင်ငယ်လေးသည်၊ စာသောက်ဆိုင်သော်၎င်း၊ ထမင်းဆိုင်သော်၎င်း တစ်ခုခုဖြစ်ရမည်ဟု တွက်ဆထားလိုက်လေ၏။
နောက်တစ်နေ့ နံနက် မိုးလင်း၍ မိမိ၏ စတိုးဆိုင်ကို ဖွင့်ရန်အသွား၊ ပရိတ်သတ်အနည်း ငယ် စည်ကားနေသော ၄င်းဆိုင်ကလေးကို၊ အမှတ်မထင်သတိထားမိသွား၏၊ ရခိုင်မုန့်တီ အာပူလျှာပူဟူ၍လည်း ဆိုင်းပုဒ်ငယ်တစ်ခုကို ခပ်ရိုးရိုးကလေး ချိုတ်ဆွဲထားသေး၏၊
စိတ်ဝင်စားမိ၍ အသေအချုာ လေ့လာကြည့်မိသောအခါတွင်ကား။ ဆိုင်ခန်း၏ ခေါင်းရင်း ဖက်တွင်၊ အသက် ၂၀ ဝန်းကျင်ရှိ ရဟန်းငယ်တစ်ပါးလည်း ရှိနေသည်ကို တွေ့ရသဖြင့် ပို၍ပင် စိတ်ဝင်စားစွာ မိမိဆိုပေါ်မှ နေ၍ အစအဆုံး ဂရုတစိုက် ကြည့်နေမိ၏။
ခဏအကြာတွင် ၄င်းရဟန်းငယ်သည်၊ မိမိ၏ရှေ့တွင်ချထားသော သောက်ရေခွက်ကို ဟန်ပါပါဖြင့် ထက်ဝက်ခန့် သောက်ပြီးနောက်၊ ကျန်ထက်ဝက်ခန့်ကို ပလပ်စတိတ်အိပ်ငယ် တစ်လုံးတွင် ထည့်ကာ၊ ဆိုင်ရှင်အမျိုးသမီးငယ်အား၊ ရော့..ဟူ၍လှမ်းပေးလိုက်လေ၏ ပြီးလျှင် ၄င်းရဟန်းငယ်သည် ဆိုင်ခန်းထဲရှိ လူသူများကို ခပ်ဆပ်ဆပ် စကားအနည်းငယ် ပြောပြီးလျှင်၊ မုန့်တီတစ်ခွက်ကို အားရပါးရ သုံးဆောင်နေလေတော့၏။
ဆိုင်ရှင်အမျိုးသမီးသည်၊ ရဟန်းငယ်ပေးသော ပလပ်စတိတ်ရေထုပ်ကလေးကို တရိုသေ ယူဆောင် လာပြီးလျှင်၊ စာပွဲခင်းကျင်းထားရာ အပေါ်တွင် ကြိုးတစ်ချောင်းဖြင့် တပ်ဆင်လိုက်၏၊ ထိုသို့တပ်ဆင် နေစဉ်တွင်လည်း ၄င်းရဟန်းငယ်မှ မကြာမကြာ အမိန့်ပေးနေသကဲ့သို စကားများ လှန်းလှန်း ပြောနေ သည်ကို ဝိုးတဝါး လှမ်းမြင်နေရလေ၏။ ရဟန်းငယ်သည်ကား ၄င်းဆိုင်ခန်းရှိ သူများအပေါ် အတော် သြဇာရှိပုံရ၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်အင်မတန်မှ စိတ်ဝင်းစားမိသဖြင့်၊ ချက်ချင်း ဆိုသလို၊ မိမိဆိုင်ပေါ်မှ ဆင်းကာ၊ ရခိုင်မုန့်တီတစ်ခွက်ကို သွားရောက်အားပေးလိုက်လေ၏၊ ပြီင်္းလျှင် ၄င်းရဟန်းငယ်အား မိမိဆိုင်ပေါ်သို့ ပင့်ကာ၊ အချိုပွဲအချဉ်ပွဲများဆက်ကပ်လိုကြောင်း လျှောက်ထား လေတော့၏၊
ရဟန်းငယ်ကမူ မိမိမှာ စာချတာဝန်ရှိနေသေး၍ နောက်တစ်ပတ် တနင်္ဂနွေ နေ့နှင့် ဥပုသ်နေ့နှင့် တိုက်ဆိုင်ခဲ့လျှင် မုချလာရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဒကာမကြီင်္း၏ စတိုးဆိုင်ပေါ်သို့ မတက်ရောက်တော့ပဲ ဤမုန့်တီဆိုင်ခန်းသို့ လာရောက်ကပ်နိုင်ကြောင်းကို ပြောကြား လိုက်လေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေတော့၏၊ ၄င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီး၏ အထင်မှာ ဤဦ်းဇင်းငယ်သည်၊ ဈေးရောင်းကောင်းရန်အတွက် ရေမန်းဖြင့် သိဒ္ဓိတင်ပေး သည်ဟု အတိအကျ ယူဆထားလေ၏၊
တိုက်တိုက်ဆိုင်ဆိုင်ပင်လျှင် မုန့်တီဆိုင်ကလေးသည်လည်း တစ်ပတ်အတွင်း အတော်လေးကို ရောင်းအားကောင်းလာခဲ့လေတော့၏ အပျင်းပြေမုန့်တီဆိုင်ဖွင့်ကြည့်သည်ဟု ဆိုစေကာမူ တစ်နေ့ကို မုန့်ဖတ် ၁၂ ပိဿာထိ ရောင်းချရလေ၏၊ မနက်အစောကြိးကတည်းက နေ့လည် ၁ နာရီလောက်ထိ လက်လည်သည်ဟူ၍မရှိပေ။
ထိုမထင်မှတ်ပဲ ဈေးရောင်းကောင်းနေသည်ကို မြင်သောအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် ဦးဇင်းငယ် ကြွလာမည့်နေ့ကို တမျှော်မျှော်ဖြင့် စောင့်နေ ရှာ၏၊ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ တိုက်ဆိုင်လျှင် ကြွလာ မည်ဟု ပြောခဲ့သော ဦးဇင်းငယ်၏ စကားကို အမြဲကြာယောင် နေမိလေ၏၊
အမှန်မှာမူ ဦင်္းဇင်းငယ်ဆိုလိုသည်မှာ ဥပုသ်နေ့များတွင်မှ စာဝါပိတ်သောကြောင့် ဥပုသ်နေ့မှ ကြွလာခဲ့မည် ဟု ဆိုလိုခြင်းဖြစ်လေသည်၊ တနင်္ဂနွေနေ့ နှင့် တိုက် ဆိုင်စေချင်သည် မှာကား ဦင်္်းဇင်းငယ်၏ မောင်နှမများ အလုပ်နားသည့်ရက်နှင့် တိုက်ဆိုင်လိုစေသော ကြောင့်ဖြစ် လေည်။
ဤသည်ကိုပင်လျှင် အလွန်အထင်ကြီးနေသော စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာမူ နေ့ထူး နေ့မြတ်ကို ရွေး၍ ကြွလာမည့်ဟု အထင်ရောက်နေလေတော့သည်။
နောက်တစ်ပတ်ကြာလျှင် ဦးဇင်းငယ် ကြွလာပြီး သူအင်မတန်မှ ကြိုက်နစ်သက်သော ရခိုင်မုန့်တီကို အားရ ပါးရ သုံးဆောင်နေလေတော့၏၊ ၄င်းဦးဇင်းငယ်သည်ကား ရခိုင်မုန့်တ်ီကို အလွန်ကြိုက်နစ်သက်၏၊ ငယ်စဉ်က ဆိုလျှင် ရခိုင်မုန့်တီကျွေးမည်ဟု ပြောပြီးကာမှ အကြောင်းအမျိုးမျိုးကြောင်း မကျွေးဖြစ်ခဲ့လျှင်ကား ထိုနေ့အဖို့ မည်သည့် အစားအစာကိုမှ မစားသောက်တော့ပေ။ ယခု အသက်ကြီးလာသည့်တိုင်အောင် ထိုအကျင့်ကို မစွန့်လွတ်နိုင်သေးပေ။
ရခိုင်မုန့်တီသုံးဆောင်ပြီး၍ မကြာခင်ပင်လျှင် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက် အလွန်ရိုသေသော အမူအယာဖြင့် ရောက်လာလေတော့၏၊ ဦးဇင်းငယ်မှာ ဤမျှရိုသေ ကိုင်းရှိုင်း သော အမူအယာဖြင့် မိမိရှေ့ တွင် လာရောက်ထိုင်နေသော အမျိုးသမီး တစ်ယောက်၏ ရှေ့တွင် ကိုယ့်ကိုကိုယ့် မယုံသင်္ကာဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေလေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလျှောက်ထားသည်မှာကား= မှန်လှပါဦင်္းဇင်းလေးဘုရား၊ တပည့်မတော်မ ဆိုင်ခန်းအတွက် ရေမန်းတစ်ပုလင်းလောက် မန်းပေးတော်မူပါဘုရား.. ဟူ၍ဖြစ်လေ၏၊
ဦင်္းဇင်းငယ်သည် အလွန်အံ့သြသော အမူအယာဖြင့် ဘေးဘီးဝဲယာကို အနည်းငယ် အကဲခပ်ကြည့်ပြီးလျှင်၊ ဒကာမကြီး ဘာပြောတာလဲ ဟု မယုံသင်္ခါ မေးမိလေတော့၏၊ ထိုအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး သည် လည်း၊ ဆိုင်ဖွင့်သည့်နေ့က ဦင်္းဇင်းငယ်ကိုယ်တိုင် ထုတ်ပေးခဲ့ သော ရေထုပ်ကလေးကို လက်ညှိုညွန်ပြကာ၊
ဟော..ဟိုက အရှင်ဘုရား မန်းပေးခဲ့တဲ့ မနောမယဂမ္ဘီရ ရေမန်းလိုမျိုး တပည့်တော်မကိုလည်း ချီင်္းမြင့်ပေးပါ ဘုရားဟု ထပ်မံလျှောက်ထား လိုက်လေတော့၏။
ဦင်္းဇင်းငယ်သည် အရာအားလုံးကို သဘောပေါက်သွားသဖြင့် ရယ်ချင်သောစိတ်ကို အောင့်အီးသီးခံပြီး၊ ဤသို့ပြန်လည် ရှင်းပြရလေတော့၏။
အဲဒီင်္ ..ရေထုတ်က ရေမန်းမဟုတ်ဘူး ဒကာမကြီ်ရဲ့ ….ဟု စအချီကာဖြင့်၊ ၄င်းရေထုပ်ငယ် ကို စာပွဲပေါ်မှ နေ၍ ကြိုးတစ်ချောင်းဖြင့် ချည်ထားသည်မှာကား မုန့်ဖတ်နှင့် အခြား တိုလီ မိုလီများ ကို ယင်ကောင် နားမှာစိုး သဖြင့်၊ ယင်ကောင်များကို ခြောက်လှန့်ရန်အတွက် တမင်သက်သက် စာခြောက်ရုပ်ကဲ့သို့ လုပ်ထားသော ရေထုပ်သာဖြစ်ကြောင်း၊ ဘယ်လို မန္တရားကိုမှ မတတ်ကြောင်း ယင်ကောင်များ မလာနိုင်ရန် ၄င်းရေထုတ်ကလေးကို ယိုင်ထိုးလှုပ်ပေးခြင်းဖြင့် ဟန့်တားထား ခြင်းသာ ဖြစ်ကြောင်း ရှင်းပြရလေတော့၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာလည်း မိမိ၏အဖြစ်ကို မိမိသိရှိရသဖြင့် ၄င်းအမျိုးသမီး နှင့် ဆိုင်ခန်းရှိ ညီအစ်ကို မောင်နှမများ အားလုံးတို့မှာ တစ်ညီင်္တစ်ညွတ်တည်း..ဝါး..ဟား..ဟား ဟူ၍ ပြိုင်တူ ထွက်သွား ကြလေတော့သတည်း။
ထိုစဉ်က ရေမန်းမန်းသော ဦးဇင်းငယ်မှာ ကပ္ပိယကျော်ခေါင်၏ဆရာရင်း ရွာဥိးကျောင်းဆရာတော် ဖြစ်လေသည်၊ မုန့်တီဆိုင်ပိုင်ရှင်မှာ ရွာဦင်္းကျောင်းဆရာတော်၏ အစ်မဖြစ်လေသည်၊ စတိုးဆိုင်ပိုင်ရှင် မှာကား ဖော့ကန်ရပ်ကွက်တွင် အလွန်နာမည်ကြီင်္းသော ဦင်္းတင်မောင်စတိုးဆိုင် ဖြစ်လေသည်။
ဤသို့လျှင် လူတို့မည်သည်၊ မိမိတို့၏ အားကိုးရာကို လွဲမှားစွာ ရှာမှီးတတ်ကြလေသည်၊
Posted by ရွာဦးကျောင်း ဆရာတော် at 2:14 AM 0 comments
Labels: ဆောင်းပါး
အလိုတော်ပြည့်ဆရာတော်ကြီင်္း၏ စင်ကာပူတရားစခန်း
the most Venerable His Holiness Alodawpyeit Sayadaw Baddanta
Dr. Ariyavamsa, is being organized at the address for Meditation
Retreat is as follow (FAIRY POINT CHALLET 2,ALOHA CHANGI).
on and from 14th to 19th August 2010. Singapore is a land where there was always an
influence of an intrinsic human power which
we acquire from meditation. This is a process which
dates back to the ancient ages. In Pali
(ancient Indian Language) Meditation is known as Vipassana.
By practicing Vipassana, the power to develop
the concentration of mind in turn helps in doing well in life.
It is a therapy to bring in peace and tranquility of mind.
As our mind and body are closely related, the healthy
mind transmits healthy stimulation to the body.
Meditation is more relevant in the present day world.
ဆက်သွယ်စုံစမ်းနိုင်ရန်အတွက် တပည့်ဒကာ ဒကာမ များ ကိုသိန်းထွန်းအောင် ဖုန်း98356554
ဒေါ်ရတနာရှိန် ဖုန်း90484205 ဒေါ်သန္တာမြင့် ဖုန်း 90603792 သို့ဆက်သွယ်မေးနိုင်ပါတယ်
မှတ်ချက်။ ။ အလိုတော်ပြည့်တရားစခန်းသို့ ၀င်ရောက်လိုသောယောဂီများ(၁.ရ.
တရားစခန်းယာယီကျောင်းဆောင်၊တရား
သောက်ရေသန့်၊အအေး၊လှူဒါန်းလိုသူ
No.264.Westwood Ave,(Off jurong West Ave 5) Singapore 648464
Tel:6777 7018 - 67909279 - Hp: 91852924
for more information to visit www.alodawpyei.org
email: contact@alodawpyei.orgThis e-mail address is being protected from spambots. You need JavaScript enabled to view it
Posted by ရွာဦးကျောင်း ဆရာတော် at 7:35 AM 0 comments
Labels: သတင်း