ဦးဇင်းဘုရား...တပည့်တော်မသည်
အရှင်ဘုရားအားရိုသေလေးမြတ်စွာ ရှိခိုးကန့်တော့ပါဧ။် ယနေ့ကျရောက်သော
ဝါဆိုလပြည့် ဥပုပ်နေ့အခါ၌ တပည့်တော်မအတွက် တရားတစ်ပုဒ်လောက်
ချီးမြှင့်ပေးပါရန် တောင်းခံပါသည် အရှင်ဘုရား။
ကဲ့ အခုလို ပရိသတ်က တောင်းဆိုလာပြီဆိုတော့လဲ ရေးရသေးတာပေါ့၊
အလွန်အင်မတန်မှ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခုလို လပြည့်နေ့မှာ ဟု အစချီပြီး ဆက်လက် ရေးသား ဟောကြားလိုက်သည်။
(မင်္ဂလာတရား)
ဗုဒ္ဓဘာသာ မြန်မာအများစု နုတ်ဖျားမှာ ရေပန်းစားနေတဲ့ ဒီ မင်္ဂလာတရားဟာ၊
အပြောလွယ်ကူသလောက်၊ လူတော်တော်များများကလည်း လိုချင်တောင်းတ တတ်ကြပါတယ်။
ဒီတော့ အဲဒီ မင်္ဂလာတရား ရှိလာအောင် ဘယ်လိုလုပ်ကြမလဲ၊ မိမိတို့ လူ့ဘဝ
လူ့လောကမှာ နေထိုင်ရုန်းကန်နေကြရတဲ့ လူတွေဟာ၊ တစ်နေ့တစ်နေ့ စားဝတ်နေရေး
လူ့မူရေးတွေနှင့်ပဲ လုံးထွေး ပွေလိမ်နေကြရတော့၊ မင်္ဂလာရှိအောင်
ဘယ်လိုနေထိုင်ကြမလဲ မင်္ဂလာတရားတွေ ပိုင်ဆိုင်ခွင့် မရှိကြတော့ဘူးလား
ဆိုတာကို စဉ်းစားစရာ တစ်ခုဖြစ်လာပါပြီး။
အမှန်တော့ မိမိတို့
နေ့စဉ် လှုပ်ရှား ရုန်းကန်နေရင်းနှင့်ပဲ အလွန်တရာ တောင်းတနေတဲ့ အဲဒီ
မင်္ဂလာတရားတွေကို ရယူပိုင်ဆိုင်နိုင်ကြပါတယ်။
ပထမဦးဆုံး
မိဘအရွယ်ရောက်နေတဲ့ လူတစ်ယောက်အနေနဲ့ မိမိတို့ရဲ့ သားသား မီးမီးလေးတွေ
စားဝတ်နေရေး ကျန်းမာရေးအတွက် ရှာဖွေနေရခြင်းသည်ပင်လျှင် ပုတ္တ ဒါရဿ သင်္ဂဟ
ဆိုတဲ့ မင်္ဂလာတရား တစ်ပါးပါပဲ။
ထိုနည်းတူစွာ သားသမီးအရွယ်ဖြစ်တဲ
့လူငယ်တွေ အနေနှင့်လည်းပဲ မိဘတွေ အတွက် ရုန်းကန် လှုပ်ရှား
ရှာဖွေပေးနေရခြင်းသည် မာတာ ပိတု ဥပ္ပဋ္ဌာန မင်္ဂလာပါ။
မိဘလည်း မရှိ
သားသမီးလည်း မရှိကြသေးတဲ့ လူလွတ်တွေအတွက် ညီအစ်ကို မောင်နှမ
ဆွေးမျိုးသားချင်းတွေ အတွက် ရုန်းကန်လှုပ်ရှား ရှာဖွေပေးနေခြင်းသည်၊
ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာပါ။
အထက်က ဖော်ပြခဲ့သည်မှာ မိမိတို့ နေ့ဓဒူဝ သွားလာလှုပ်ရှားနေရင်း လက်ဝယ် ပိုင်ပိုင် ရရှိနေသော မင်္ဂလာ မျှသာ ဖြစ်ပါသေးသည်။
လူတိုင်း လူတိုင်းသည် မိမိတို့ ဘဝ ရပ်တည်နေနိုင်ရေးကို
ကျိုးစားရင်းနှင့်ပင်၊ ကုသိုလ်တရား မင်္ဂလာတရားများကိုလည်း
ပွားများလျှက်ဖြစ်နေကြောင်းကို သိထားစေချင်ပါတယ်
မင်္ဂလာ
Posted by ရွာဦးကျောင်း ဆရာတော် at 9:22 PM 0 comments
တရားပွဲ ဖိတ်ကြားလွှာ
ရွှေဆံပင်တံတားလမ်း အကျိုးတော်ဆောင် ဆရာတော် အရှင် ဝေပုလ္လ(သာသန ဓဇ ဓမ္မာစရိယ - ဥဘတောဝိ ဘင်္ဂဓရ)၏ တရားပွဲ
ဓမ္မမိတ်ဆွေအပေါင်းတို့…………..
လမ်းတံတားပြုပြင်ထိန်းသိမ်းရေး အကျိုးတော်ဆောင်ဆရာတော် အရှင်ဝေပုလ္လမှ၏ တရားပွဲကို စင်ကာပူနိုင်ငံတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
နေ့ရက်။ ။ ၁၈ မတ်လ ၂၀၁၂ ( တနင်္ဂနွေနေ့ )
အချိန်။ ။ ညနေ ၇း၀၀နာရီမှ ၉:၀၀ နာရီ
တရားပွဲ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။
http://www.dhammadownload.com/live1.htm
ဆက်သွယ်ရန်ဖုန်းနံပါတ်များ
မခိုင်ခိုင်ဝင်း (၉၁၈၇၃၅၅၈)
မဆွေမာဦး (၉၈၈၆၀၄၂၅)
မောင်မြမင်းစိန် (၉၀၀၉၁၀၄၇)
ကိုမြင့်စိုး (၉၈၁၈၆၄၄၇)
မမြဆွေဦး (၉၃၄၉၃၈၇၉)
Type the rest of your post here.
Posted by ရွာဦးကျောင်း ဆရာတော် at 7:36 AM 0 comments
Labels: သတင်း
A S M A အဖွဲ့ နာယက ဆရာတော် ဦးသုမင်္ဂလ ဈာပန ခမ်းနားစည်ကားသိုက်မြိုက်စွာကျင်းပ
Posted by ရွာဦးကျောင်း ဆရာတော် at 8:16 PM 0 comments
Labels: သတင်း
ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
နေ့ရက်။ ၂၂-၁-၂၀၁၂ တနင်္ဂနွေ နေ့။
နေရာ။ ဝပ်တလုမ်ကျောင်းတိုက်၊ ချလန် ၁၃ လမ်း၊ ဘန်ခေဈေးအနီး၊ ဘန်ကောက်၊။
ဧည့်ခံကျွေးမွေးချိန နံနက် ၉ နာရီမှ၊ နေ့လည် ၁၂- နာရီထိ။ တရားနာချိန်။ နေ့လည် ၁ -နာရီ။ မီးသင်္ဂြိုလ်ချိန်။ နေ့လည် ၃ - နာရီ။
ဆက်သွယ်ရန် ‚ ဦးသုဝဏ္ဏ- ၀၈၁ ၄၁၂ ၅၈၂၀
ဦးပညာသာရဗောဓိ-၀၈၇ ၅၁၁ ၁၂၇၅
ဦးဥာဏဓဇ- ၀၈၂ ၃၄၀ ၈၂၈၅
ဦးဂန္ဓသာရ-၀၈၉ ၆၃၆ ၅၂၃၈
ဦးကုဏ္ဍလ- ၀၈၅ ၁၂၃ ၅၀၅၄
ဦးဋ္ဌေးဝင်း( အေဒီတာ)-၀၈၆ ၉၃၆ ၈၇၂၁
ကိုအချိုင်-၀၈၁ ၆၂၅ ၅၄၆၃
ဦးအံ့မောင်-၀၈၁ ၀၁၀ ၂၉၄၂
အောင်မြင့်သိန်း-၀၈၅ ၁၂၉ ၉၁၅၃
ကိုစောအောင်-၀၉၀ ၀၁၄ ၄၄၁၉
ကိုတင်ထွန်း- ၀၈၁ ၆၅၁ ၉၂၂၅
Posted by ရွာဦးကျောင်း ဆရာတော် at 10:16 PM 0 comments
Labels: သတင်း
သံဃာ့ဂိုဏ်း မသင့်စေဖို့ 
မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည် "အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံးရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည် အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည် လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ် ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည် သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင် နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။ သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍ တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကိုတည်ထောင်တော်မူသည်တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှပို့ ချတော်မူခဲ့သည် ၁၉၉၃ ၁၃၅၂ ခု နှစ် မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအားသပိတ်မှောက် သံဃာကံပြုတော်မူကြသည်။ သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည် သပိတ်မှောက်ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအားသြ၀ါဒပေးတော်မူသည် သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့ တိုင်အောင် သာသနာတော်တည်နေခြင်းဖြစ်သည် မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော် သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည် သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည်ဟု မိန်တော်မူသည်အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသော ထင်ရှားသောဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်က အတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည် တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအား သပိတ်မှောက်ကံ ပြုစေတော်မူသည် ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော စစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။ မက်မောလောက်အောင် TV အောက်စက်မှ အစ လှူသည် .. သို့ သော် ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည် အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည် ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွန်လွန်သော် အသုဘသို့ ကြွရောက်ခါ ရစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိဖြစ်ရသည် မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချောတွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ ထိုသတင်းများကို သိခဲ့ရသည် မိသားစုဝင်သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသော အောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များ ပြဿနာ တက်ရတော့မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်။ သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည မြန်မာ့အသံမှ တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည် အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများ အဆက်မပြတ်ထုတ်လွှင့်ခဲ့သည် ဆရာတော်က သပိတ်လှန်လက်မှတ်ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကို ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့် ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည် ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည် ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည် န၀တ အစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း စစ်အစိုးရမှ အာဃာတတရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့  သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်။ ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြား တလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည် မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပိုသည် .. ဆရာတော်အား စစ်ဆေးမည့် ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ မင်းစစ်ဆေးရမဲ့သူက တခြားသူမဟုတ်ဘူး တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ ကောင်းကြွယ်ရေးသားသော တိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည် ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည် ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည် ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့် သတင်းများစွာ လွှင့်ခဲ့သည် ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို သတိထား သတိရ သူများ ရှာဖွေကြပါကုန် တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည် နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ ၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသော သံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍ စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည် ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကို ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။ "သီလကြီးလေးပါး လုံခြုံလျှင် သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည် သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည် ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မက ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင် တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည် သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့် ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည် ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက် ထူးကြီးဆရတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များ လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း ထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင် သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့် ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။ ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ သုံးလာကြသည် မြန်မာနိုင်ငံဝယ် သံဃာဦးရေ အရမ်းများနေသည် သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော် သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့  အစပျိုးခြင်းလားဟု ထင်မိပါသည်။ "အထူးသတိပေးချက်" သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏ ၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု ပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည် အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည် ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ က ယူဆနေကြသော သံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ် ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည် တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအား အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို မြင်ရသောအခါ ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည် ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည် ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည် သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမက ဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန် ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်သြကာသပင်ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည် သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့  အင်မတန်မှ ခက်ခဲလေသည် ။ မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည် သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း သံဃာတော်သည် ကြောင့်ကြမဲ့ နေတော်မမူကြပါပေ မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား .. မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့  သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ မဖြစ်စေဖို့  သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည် သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍ သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေသတည်း ။ အမြဲတမ်း ဘေးမသန်းပဲအေးချမ်းသာယာ သံသရာဝယ် ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။ မှတ်ချက်။ ။ ကိုယ်ပိုင် ဆောင်းပါ မဟုတ်၊ မေးလ်မှတစ်ဆင့် ရလာသော ဆောင်းပါးအား သဘောကျ၍ ပြန်လည် တင်ပြလိုက်သည်။
Posted by ရွာဦးကျောင်း ဆရာတော် at 6:43 PM 0 comments
Labels: ဆောင်းပါး
ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ၈၄-နစ်ပြည့် မွေးနေ့။
Posted by ရွာဦးကျောင်း ဆရာတော် at 7:08 AM 0 comments
Labels: ဆောင်းပါး
ကပ္ပိယကျော်ခေါင် နှင့် ဒန်အိုးပျံ
တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ဦးဇင်းငယ်တစ်ပါးနှင့် လိုက်ပါလျှက် တာမွေမြို့နယ်အတွင်း လှည့်လည်ကာ၊ ဆွမ်းအလို့ငှာ ဖိတ်မန်တကာ့ ပြုနေလေတော့၏၊ ရန်ကုန် စာသင်သားတို့ထုံစံအတိုင်း အိမ်စဉ်လှည့်လည်ကာ ဆွမ်းဖိတ်နေခြင်း ဖြစ်လေသည်။ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ဆွမ်းဖိတ်လာခဲ့သည်မှာ ရပ်ကွက်ပေါင်းမနည်းတော့ပေ၊ သို့သော် အကျွန်ုပ်၏ အားနည်းချက်ကြောင့် ပေလော့၊ သို့တည်းမဟုတ် ဦးဇင်းငယ်၏ ပါရမီဘုန်းကံနည်းပါးခြင်းကြောင့်ပေလော့ မဆိုနိုင်ပေ၊ ညနေ ၆ နာရီ ထိုခါနီး အချိန်ထိ ဆွမ်းခံအိမ်ဟူ၍ မည်မည်ရရ မရသေးချေ။. ရန်ကုန်တွင် ဆွမ်းခံအိမ် လိုက်၍ဖိတ်ရခြင်းမှာ စာသင်သား ရဟန်းပျိုများအတွက် အလွန်တရာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်လေသည်။ မိမိသဘောကျသော စာသင်တိုက်ဖြစ်၍ နေချင်သော်လည်း ဆွမ်းခံအိမ် အလုံအလောက်မရှိခဲ့သော် အခက်ကြုံတတ်ကြရလေသည်။ ဆွမ်းဖိတ်ရာ၌ တွေ့ရတတ်သော အခက်အခဲများမှာ ဤသို့တည်း။ အချို့သော ဒကာ ဒကာများမှာ မိမိတို့အိမ်တွင် ဆွမ်းခံကြွနေသော ကိုယ်တော်လေးများ မြောက်များစွာ ရှိနေကြ၍ လက်မခံလိုကြတော့ကြောင်း ပြောဆိုတတ်ကြခြင်း၊ အချို့သော ဒကာ ဒကာမများမူကာ၊ မိမိတို့ကို မိမိ ဧည့်သည်ဟုဆိုကာ အိမ်ရှင်များ မရှိ၍ လက်မခံလိုကြောင်း ငြင်းတတ်ကြလေသည်။ သို့သော် ထိုပုဂ္ဂိုလ်များသည်ကား အမှန်စင်စစ် ဧည့်သည်များ ဟုတ် မဟုတ်ကို ကြည့်ရုံနှင့် သိနိုင်လေသည်၊ လက်မခံလို၍ အကြောင်းပြခြင်းသာဖြစ်လေသည်။ ထို့သို့ အစရှိသော အကြောင်းပြချက်ပေါင်းစုံများဖြင့် တစ်နေကုန် ဆွမ်းခံအိမ် ဖိတ်၍ မရသည့်အဆုံးတွင်ကား၊ နောက်ဆုံးအနေဖြင့် ဤတိုက်တစ်လုံးကို တက်၍ ဖိတ်တော့မည်ဟု ဆုံးဖြတ်ချက်ချကာ၊ ရှစ်ထပ်တိုက်ကြီး တစ်လုံးကို ဗဟိုပြုလျှက် နစ်ဦးသားလျှောက်လှမ်းလာခဲ့လေတော့သည်။ တိုက်ပေါ်သို့ မတက်မီ လှေကားဝတွင် မင်္ဂလာမရှိစွာဖြင့်ပင် အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသာတစ်ဦတို့ အားပေါင်အာရင်းသန်သန်ဖြင့် ငြင်းခုံနေကြသည် အကျွန်ုပ်ကပ္ပိယကျော်ခေါင် အကဲခမ်မိခဲ့လေသည်။ ၄င်းအသံသည်ကာ မြေညီထပ်မှသည် ငါးထပ်မြောက်ထိအောင် ဆူညံနေလေတော့၏၊ ဤသို့နှင့်ပင် အကျွန်ုပ်တို့နစ်ဦးသား ဆွမ်းခံအိမ်အလို့ငှာ မရလည်း ရလည်းအမြတ်ဟု ဆိုကာ တိုက်ခန်းများကို တစ်ခန်းပြီး တစ်ခန်း စတင်ဖိတ်လေတော့၏၊ သို့သော် အပေါ်ဆုံးထပ်သို့ ရောက်သည့်တိုင်အောင် မည့်သည့်အိမ်ကမျှ လက်ခံခဲ့ခြင်း မရှိသေးချေတကား။ ထိုအခါ၌ ကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ စိတ်မရှည်တော့သည်ဖြစ်၍ ၄င်းကိုယ်တော်ငယ်အား တော်တော်ဘုန်းကံပါရမီနည်းတဲ့ ကိုယ်တော်ဟု ပြောဆိုကာဖြင့်၊ ဒီတစ်ကြိမ် ငါကိုယ်တိုင်ဖိတ်မည်၊ ကိုယ်တော် အသာနေဟု ဆိုကာ၊ ရှစ်ထပ်မြောက်သို့ တက်ခဲ့လေတော့၏၊ ရှစ်ထပ်မြောက်သို့အတက်တွင်းကား လင်းမယားစကားများသံလိုလို အသံတစ်ခုကိုကြားမိ၍၊ ငကျော်ခေါင် အသေအချာ နားထောင်စမ်း ဒီအသံ ဘယ်ကလာသလဲဟု မေးလေ၏၊ ကျွန်ုပ်သည်ကား အလွန်တရာပါးနပ်သူဖြစ်၍ ဤသို့ပြန်ဖြေလိုက်လေ၏၊ ဒီကိုယ်တော်နှယ် အောက်ထပ်လှေကားတက်ဝမှာ အာပေါင်အာရင်းသန်သန်နှင့် စကားများနေကြတာကို မမြင်ခဲ့ဘူးလား၊ အဲဒီက လာတဲ့ အသံပေါ့ဟု၊ ခပ်တည်တည်ဖြင့်ပင် ပြန်လည်ဖြေကြားလိုက်လေ၏၊ ရှစ်ထပ်သို့ရောက်သည်နှင့် ၄င်းအသံသည်လည်း အနည်းငယ် ပို၍ကျယ်လောင်လာသကဲ့သို့ထင်ရလေသည်။ အကျွန်ုသည်ကား လှေကားများ၏ ပဲ့တင်သံကြောင့် အောက်ထပ်က အသံဟုသာ တစ်ထစ်ကျတွက်ဆလိုက်လေသည်။ တံခါးမ တစ်ခုရှေ့ တွင် ကိုယ်တော်ငယ်နှင့် အကျွန်ုပ်တို့နစ်ဦးသား မတ်တပ်ရပ်လျှက်၊ ဆွမ်းခံဖိတ်ရန် တံခါးကို အကျွန်ုပ်ကိုယ်တိုင် ခေါက်မည်အပြုတွင်၊ ဒုန်းဟူသော အသံတစ်ခုနှင့် ၄င်း တံခါးမကြီးပွင့်ထွက်လာလေတော့၏၊ တစ်ခဏချင်းဖြင့်ပင်လျှ အလွန်လျှင်မြန်သော အဟုန်ဖြင့်၊ တံခါးဝမှ ဒန်အိုးတစ်လုံး ပလူပျံသကဲ့သို့ ထွက်ကျလာပြီးလျှင်၊ အကျွန်ုပ်၏ နားထင်နားမှ ဖြတ်ကျော်ကာ၊ ဒိုင်းဟူသော အသံနှင့်အတူ တစ်ဖက်နံရန်ကို ထိမှန်လေတော့၏၊ အရာအားလုံးကို ကျွန်ုပ်သဘောပေါက်သွားခဲ့လေပြီ၊ အကျွနု်ပ်သည် ငယ်စဉ်က ဆရာအောင်မြင့်ထံတွင် သင်ခဲ့ဖူးသော၊ မှတ်မိသမျှသော ခရာတေးအကွက်ဖြင့် ၄င်းဒန်အိုးပျံအား တိမ်းရှောင်ကာ လေကဲ့သို့လျှင်မြန်သော အဟုန်ဖြင့် စက္ကန့်ပိုင်းအတွင်း ရှစ်ထပ်တိုက်ကြီး၏ မြေညီထပ်သို့တိုင်အောင်၊ ပြေးဆင်းခဲ့ရလေတော့၏၊ အမှန်မှာ ရှစ်ထပ်သို့အတက်တွင် ကြားခဲ့ရသော အသံမှာ၊ မြေညီထပ်က လာသောအသံ မဟုတ်ပဲ၊ ဆွမ်းဖိတ်ရန်အလို့ငှာ အကျွန်ုပ်ကိုယ်တိုင် တံခါးခေါက်ရန် ကြံစည်နေသော တိုက်ခန်းတွင်းမှ လင်းမယားရန်ဖြစ်နေသော အသံသာ ဖြစ်ကြောင်းကို အကျွန်ုပ် နောက်မှ သိရှိခဲ့ရလေသည်၊ အကယ်၍သာ ထိုနေ့ ထိုအချိန်က ထိုတိုက်ခန်းအား တံခါးခေါက်၍ ဆွမ်းဖိတ်မိခဲ့ပါမူ။ .
Posted by ရွာဦးကျောင်း ဆရာတော် at 10:54 AM 0 comments
Labels: ဆောင်းပါး