သည်းခံခြင်း


ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာသော အကြောင်းအကျိုး အကောင်းအဆိုးတွေကို သည်းခံခြင်းနှင့်၊ မိမိ၏ အလိုဆန္ဒကြောင့် ဖြစ်ပေါ်လာသော လိုချင်တပ်မက်မှူတွေကို သည်းခံခြင်းဟူ၍ သည်းခံခြင်း နစ်မျိုး ရှိရာ တွင်၊ မည့်သည့်အရာက ပို၍ သည်း ခံရ ခက် သနည်းဟု ရှေးဦးစွာစဉ်းစားဖို့လိုလေသည်။
လူတစ်ဦးတစ်ယောက်သည် အလုပ် ထုပ်ခံ ရမည်စိုး၍ မာန်နေဂျာက ဆူပူ ငေါက် ငန်း သည်ကို သည်းခံရခြင်း၊ မယားက ပူညံ ပူညံလုပ်မည်စိုး၍ မိမိသောက်ချင်သော ဘီယာကို မသောက်ပဲ သည်းခံရခြင်း၊ အိမ်ကနှင်ချမည် ကို စိုးရိမ်၍ အိမ်ရှင်၏ ဆူးပူမှူကို သည်းခံခြင်း၊ စသော- ပတ်ဝန်းကျင်ကြောင့် ဖြစ်သော သည်းခံခြင်းများကို အကြောင်းအမျိုးမျိုးကြောင့် သီးခံလာရပေါင်းများမှာ မနည်းလှတော့ပေ။း
သို့သော်= လုပ်ခွင့်လည်းရှိ လုပ်လို့ရမည့်အနေအထားလည်းရှိသည်ဆိုလျှင် မလုပ်ပဲ အဘယ်နစ်ကြိမ်မျှ လောက် သည်းခံဖူးပါသနည်း။ အလုပ်ခွင်တစ်ခု၌ ဥပဒေလမ်းကြောင်းအရ မရိပ်မိနိုင်သော ငွေရပေါက် တစ်ခုကို တွေ့လျှင် အသင်သည် ရရှိသောအခွင့်အရေးကို မယူပဲ ဘယ်နစ်ကြိမ်လောက် သည်းခံပြီးနေခဲ့ဖူးပါ သနည်း။ အမှန်အတိုင်း ဝန်ခံရပါလျှင် လူတိုင်းလူတိုင်းသည် များသောအားဖြင့် မိမိဂုဏ်သိက္ခာကို မထိခိုက်နိုင် ဟု ယူဆရလျှင်၊ သို့တည်းမဟုတ် မည်သူမျှ မရိပ်မိဘူးဟု ယူဆနိုင်လျှင် မည့်သည့်အရာကိုမျှ ယေဘုယျ အား ဖြင့် သီးခံနိုင်စွမ်း မရှိကြပေ။
အင်အားမမျှ၍ သည်းခံလိုက်ရခြင်း၊ ဥပဒေလမ်းကြောင်းအရ တရားရင်ဆိုင်ရမည်ကို သိ၍ သည်းခံလိုက်ရခြင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ မျက်နှာမလှဖြစ်မည်ကိုသိ၍ သည်းခံလိုက်ရခြင်း၊ စသည်စသည် အားဖြင့် ပတ်ဝန်းကျင်ကြောင့် သည်းခံရခြင်းများကိုသာလျှင် မလွဲသာမရှောင်သာ သည်းခံခဲ့ဖူးကြလေ၏။ မိမိ၏ စိတ်၌ ဖြစ်ပေါ်လာသော လိုချင်တပ်မက်မှူများကို လုပ်နိုင်ခွင့် ရှိပါလျှက်နဲ့ မလုပ်ပဲ အဘယ်မျှသည်းခံခဲ့ဖူးပါသနည်း။
ဥပမာ= ဘယ်သူ့ကိုမှလည်း ကြောက်စရာမလို့၊ ဘယ်သူ့မျက်နှာကိုမှလည်းထောက်ထားစရာမလိုပဲ မိမိ၏ စိတ် ဆန္ဒအတိုင်း၊ လုပ်၍ရသော အခြေအနေ အနေအထားမျိုးကို သင်ရရှိနေပါလျှင်၊ အဘယ်မျှသည်းခံနိုင်စွမ်း ရှိပါမည်နည်း။ ရွာဦးကျောင်း၏ မှန်ဘီဒိုကြီးထည့်တွင် အပြည့်ရှိသောမုန်းများကို မည်သူ့မျက်နှာကိုမှ ထောက် ထားစရာမလိုပါပဲ မစားပဲသည်းခံနိုင်သော ရွာဦးကျောင်းဆရာတော်ကဲ့သို့ သင်သည်းခံဖူးပါသလား။ သင်သည် မစားပဲသည်းခံဖူးသည်ဟု ဖြေဆိုလျှင်၊ သင်ကိုယ်တိုင်မစားပဲ သင့်သားသမီးများအတွက် သည်းခံပြီး ချန်ထား ခြင်းသာလျှင်ဖြစ်ပါလိမ့်မည်။
သည်းမခံနိုင်သော အရာကို သည်းခံမှသာလျှင် ပါရမီမြောက် သည်းခံခြင်း ဖြစ်လေသည်။ ငါတို့…မည်သည့် အတိုင်းအတာထိ သည်းခံခဲ့ဖူးကြသနည်း။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP