အေးမြ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ အေးမြ: ဘုန်းဘုန်းတို့ဘုရား-ရဟန်းဟု အဘယ်ကြောင့် ခေါ်ဆိုထိုက်ပါသနည်း။ ရဟန်းတရားတော်နဲ့ အညီ နေထိုင်ကျင့်ကြံနေနိုင်ပါလျှင်လည်း လူကိုရော ရဟန်းခေါ်ဆိုထိုက်သည်ဟု ကြားဖူးနားဝရှိပါသောကြောင့် မေးလျှောက်ထားရခြင်းဖြစ်ရပါသည်ဘုရား၊
သူတော်ကောင်းတရားတို့နင့်အညီ နေထိုင်ခြင်းကိုပါ ရှင်းပြပေးပါရန် လျှောက်ထားလိုက်ရပါတယ်ဘုရား။
ဘုန်းဘုန်းတို့အားလုံးကို လေးမြတ်စွာ ဦးချကန်တော့အပ်ပါတယ်ဘုရား။

ဖြေ။ ။ ကျင့်ဆဲဖြစ်သော ရဟန်း၊
ကျင့်ပြီးသော ရဟန်း၊
ကျင့်ဆဲကျင့်ပြီး မဟုတ်သော ရဟန်း၊ ဟူ၍ ရဟန်း အမျိုးမျိုးရှိလေသည်၊ တစ်ချို့သော ပါဠိတော်များ၌ကား ရဟန်းဟု ခေါ်ဝေါ် ပညတ်ခြင်းကြောင့် ရဟန်း၊ ဆွမ်းခံစားလေ့ရှိသော သဘောကြောင့် ရဟန်း၊ အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးတတ်သောကြောင့် ရဟန်း၊
အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးပြီးသောကြောင့် ရဟန်း၊ အဆင့်ဆင့်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊
တစ်ပြိုင်နက်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုကြလေသည်။ မည်သို့ပင် ဖွင့်ဆိုသည်ဖြစ်စေ ရဟန်းဆိုသည်မှာ ‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီး ညီညွတ်သော သံဃာထုက ဆုံဖြတ်၍သမုတ်ပေးလိုက်သော ပုဂ္ဂိုလ်ကို ရဟန်းဟုခေါ်လေသည်။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မည်မျှပင် ရဟန်းတရားနဲ့ ညီအောင်နေစေကာမူ အထက်က ဖော်ပြခဲ့သော‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် ရဟန်းခံမပေးပါက ရဟန်းဟူ၍ မခေါ်နိုင်ဟု မှတ်ပါ။ သို့သော= လူဝတ်ကြောင်ဖြင့်ပင်လျှင် ကျင့်ကျန်အားထုတ်၍ ရဟန္တာဖြစ်နိုင်ပါသည်၊ မြတ်စွာဘုရား၏ ဖခမည်းတော်သည်လည်း လူဝတ်ကြောင်နဲ့ ပင် ရဟန္တာဖြစ်သွားလေသည်။ သို့သော် လူဝတ်ကြောင် သုဒ္ဓေါဓန မင်းကြီးအား ရဟန်းဟူ၍ မခေါ်နိုင်ပေ။
သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ-ဟိရီ-သြတပ္ပ တည်းဟူုသော သူတော်ကောင်းတရားများနဲ့ ပြည့်စုံလျှင် သူတော်ကောင်းတရားတို့နှင့် အညီနေထိုင်ခြင်း ဖြစ်ပါသည်။
သဒ္ဓါ-ကံ ကံ၏ အကျိုးကိုယုံကြည်ခြင်း။ သီလ-ငါးပါးသီ ရှစ်ပါးသီလ တို့နှင့်ပြ့ည်စုံခြင်း။ သုတ-အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံခြင်း။ စာဂ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့်ပြည့်စုံခြင်း။ ပညာ- အမြော်အမြင်ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။ ဟိရီ-မကောင်းမှူများမှ ရှက်ခြင်း။ သြတပ္ပ-မကောင်းမှူမှ ကြောက်ခြင်း။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP