sweetpeony ၏ မေမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ sweetpeony: အရှင်ဘုရား ဗုဒ္ဓဘာသာစစ်စစ်ဟာ ဗေဒင်တွေ နတ်တွေကို မယုံရဘူးလို့ မှတ်ထားဖူးပါတယ်။ ဘိုးမင်းခေါင်တို့ ဘိုးဘိုးအောင်တို့ကို ရှိခိုးနေတာကျတော့ကောဘုရား။ တချို့က အဲဒါတွေကို ရှိခိုးလို့ ၀က်သား မစားတာတွေ ဘာတွေ တွေ့ဖူးလို့ပါဘုရား။ ဗုဒ္ဓဘာသာအနေနဲ့ကြည့်ရင် ဘယ်လိုပါလဲဘုရား။

ဖြေ။ ။ ဗုဒ္ဓဘာသာဖြစ်တာနဲ့ ဗေဒင်တွေ နတ်တွေကို မယုံရဘူးဟူ၍ မဆိုလိုပါ၊ သို့သော် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဗေဒင်ဟောပြောနေခြင်းကို ဘုရားမကြိုက်တာတော့ အမှန်ပါ။ နတ်ကိုလည်း မယုံရဘူးဟူ၍ မဆိုလိုပါ။ ကျမ်းဂန်တွေမှာလည်း နတ်ဒေဝါတို့အထင်အရှားရှိလေသည်။ သို့သော် ၄င်းနတ်များကို ကိုးကွယ်ဆည်းကပ်စရာ မလိုဟူ၍ မှတ်ရပါမည်။ ဘိုးမင်းခေါင် ဘိုးဘိုးအောင်တို့သည်လည်း ကိုးကွယ်ဆည်းကပ်စရာ မဟုတ်သောကြောင့် ဗုဒ္ဓဘာသာများအနေဖြင့်၊ ရတနာသုံးပါးမှ တစ်ပါး ဘယ်နတ်ဒေဝါကိုမျှကိုးကွယ်ဆည်ကပ်စရာမလိုဟု၍မှတ်ပါလေ။ ကိုးကွယ်းဆည်းကပ်စရာမလိုသည်ကို ကိုးကွယ်ဆည်းကပ်မိလျှင်၊ ဘုရားအလိုတော်ကျမဟုတ်၍၊ ဗုဒ္ဓဘာသာ စစ်စစ်မှန်လျှင် နတ်ကိုးကွယ်မှူကို ရှောင်ရမည်ဖြစ်၏။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP