သက်နိုင်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ သက်နိုင်: ကာယကံ ဝစီကံ မနောကံ ကံ၃ ပါးတွင် မည်သည့်ကံကို ကျူးလွန်က အပြစ် အကြီး အဆုံးဖြစ်မည် နည်း ရှင်းလင်း ရေးသားထားတော့ ပို့စ် ရှိက ညွှန်ပြပေးစေလိုပါသည်။

ဖြေ။ ။ ကာယဒုစရိတ် သုံးပါး။ ။ပါဏာတိပါတ သူ့အသက်ကို သတ်ခြင်း။ အဒိန္နာဒါန သူ့ဥစ္စာကို ခိုးခြင်း။ ကာမေသုမိစ္ဆာစာရ သူ့သားမယားကို ပြစ်မှားခြင်း။
ဝစီဒုစရိတ် လေးပါး။ ။ မုသာဝါဒါ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း။ ပိသုဏဝါစာ ချစ်သူနစ်ယောက် အချစ်ပျက်အောင် ကုန်းချော့သော စကားကိုဆိုခြင်း။ ဖရုသဝါစာ နားမခံသာအောင် ကြမ်းတမ်းယုတ်မာသော စကားကို ဆိုခြင်း။ သမ္ဖပ္ပလာပဝါစာ (မဂ်ဖိုလ်နိဗ္ဗာန် နှင့် မဆိုင်သော) ပိန်းဖျင်းသော စကား အဓိပ္ပါယ်မဲ့သောစကားများကို ပြောဆိုခြင်း။
မနောဒုစရိတ် သုံးပါး။ ။ အဘိဇ္ဈာ သူတစ်ပါး စည်းစိမ်ကို ငါ့စည်းစိမ်း ဖြစ်ပါစေဟု ကြံစည်ခြင်း။ ဗျာပါဒ သူတစ်ပါး ပျက်စီးစေလိုသော စေတနာရှိခြင်း။ မိစ္ဆာဒိဋ္ဌိ မှားသောအယူကို စွဲယူထားခြင်း။
ကံသုံးပါးတို့တွင် မည်သည့်ကံကို ကျူးလွန်သည်ဖြစ်စေ၊ ဦးစွာပထမ ကြံစည်တွေးတေားရခြင်းဟူသော မနောကံသည်သာ အရင်းခံဖြစ်သောကြောင့်၎င်း၊ သံသရာခရီး၌ အလွန်တရာမှ ဒုက္ခပေးတတ်သော မစ္ဆာဒိဋ္ဌိသည်လည်းမနောကံတွင် ပါဝင်နေသောကြောင့်၎င်း၊ ကံသုံးပါးတို့တွင် မနောကံသည်သာ အပြစ်အကြီးဆုံးဟူ၍ မှတ်ပါ။ မနောကံဟုခေါ်သော စိတ် မပါဝင်ပဲ အမှတ်မထင်လုပ်မိပြုမိသော ကာယကံနှင့် ဝစီကံသည်၊ အပြစ်တစ်စုံတစ်ရာရှိသည်ဟူ၍ မဆိုထိုက်ပေ။ လောကမျက်မြင် ဥပဒေ အရာတွင်ကား စိတ်ဖြင့်ကြံစည်ရုံသက်သက်ဖြင့် အပြစ်ကြီးသည် ဟူ၍ မသတ်မှတ်ကြပေ၊ သို့သော် ကြိုတင်ကြံစည်းမှူရှိသော ရာဇဝတ်မှူမျိုးကိုမူ၊ ထိုက်သည်အားလျှော်စွာ အကြီးလေးဆုံးသော အပြစ်များပေးတတ်ကြသည်ကို၊ ဥပမာယူ၍ မနောကံသည်သာ ပဓာနကျသောကံ၊ အပြစ်ကြီးလေးသောကံဟူ၍ မှတ်ယူပါလေ။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP