ဘဝ၏ သဘာဝ သို့တည်းမဟုတ် သုည

ဘဝ…ပြောတော့လွယ်သည်၊ တကယ်တွေးကြည့်က တကယ်ပင် ခက်ခဲနက်နဲသော ဘဝ။

လူမမည်ခလေးဘဝမှ အစပြုကာ သေဆုံးသည့်တိုင်အောင် အကျွန်ုပ်တို့သည်၊ လူသားများပီပီ ရေကြည်ရာ မြက်နုရာကို သွားကြ၊ ခင်မင်ရာ ရင်းနှီးရာကို ရှာကြ၊ တွေ့ကြ ဆုံကြ ခင်မင်ကြ ထို့နောက် ပြန်လည် ကွဲကွာ သွားကြပြန်၏၊

သုညက စခဲ့ကြသော ကျွန်ုပ်တို့ ဘဝသည် နောက်ဆုံးတွင် သုညဖြင့် ပြန်လည် အဆုံးသတ်ရလေ၏၊ လူတစ်ယောက်နှင့် တစ်ယောက်သည် တစ်ချိန်ချိန်တွင် တစ်နေရာရာ၌ တွေ့ကြ ဆုံကြ၍၊ အကြောင်း တစ်ခုခုဖြင့် စတင်သိကျွမ်းခဲ့ကြလေ၏၊

ထိုသူနစ်ယောက်သည် နောက်ထပ် အကြောင်းအရာ တစ်ခုခုဖြင့် နောက်တစ်ကြိမ် တွေ့ဆုံကြကာ ထို့ထက်ပိုမို ရင်းနှီခဲ့ရပြန်လေ၏၊ ဤသို့ဖြင် တစ်စထက်တစ်စ ရင်းနှီကာ မိတ်ဆွေ သူငယ်ချင်းများ သဖွယ် ဖြစ်သွားကြပြီး ပြောမနာ ဆိုမနာ အရင်းနှီးဆုံးများ အဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိရပြန်သည်။

သူတို့နစ်ဦးသည် ပြောမနာ ဆိုမနာ ဘဝများမှ မထင်မှတ်သော အကြောင်းအရာ တစ်ခုခုဖြင့်၎င်း၊ မိမိ၏ အလိုမကျမူလေးများမှ အစပြုကာ၊ တစ်ဦးနှင့် တစ်ဦး အထင်အမြင် လွဲမူများဖြင့်၎င်း၊ တစ်ယောက်တစ်နေရာစီ ရောက်မှန်းမသိ ရောက်ရှိသွားကာ လမ်းခွဲကြရပြန်လေသည်။ ဤသို့လျှင် သုညက စခဲ့သော ဘဝသည် နောက်ဆုံး သုညသို့ပြန်လည် ရောက်ရှိသွားရလေတော့၏။

သုညဖြင့်စတင်ခဲ့သော အကျွန်ုပ်သည်လည်း မည်သည့်ရက် မည်သည့်အချိန်တွင် မည်ကဲ့သို့ အကြောင်း အရာမျိုးဖြင့် သုညဖြစ်ရအုံမည် ဆိုသည်ကို စောင့်မျှော်ရင်း………………။

လူသားပီပီ ရေကြည်ရာ မြက်နုရာ ခင်မင်ရာ ရင်းနှီးရာများကို ဆက်လက်ရှာဖွေ နေပါအုံးမည်။

လူသဘာဝ လူ့လောက အကြောင်းများကို အတွေ့အကြုံရှိရှိ ပြောဆိုလမ်းညွန် ဆိုဆုံးမပေးနေသော အကျွန်ုပ်၏ မိတ်ဆွေနှင့် ဆွေးနွေးခန်းများကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP