မေး။ ။ အေးမြ: ဘုန်းဘုန်း-ထိန်းရခက်သော မနောကံကို ဘာနှင့် နိုင်နင်းအောင် ထိန်းရပါမလဲဘုရား။
ဖြေ။ ။ ဇလေန ဇာယတေ ပင်္ကံ၊ ဇလေနေဝ ဝိသုဇ္ဈတိ။ စိတ္တေန ဇာယတေ သောကော၊ စိတ္တေနေဝ ဝိသုဇ္ဈတိ။ ဟူ၍ ပါဋ္ဌိအဆုံးအမ လာရှိသောကြောင့် ရေကြောင့်ဖြစ်သော ညွံကို ရေနဲ့ ဆေးမှ သန့်ရှင်းသကဲ့ သို့ ၊ စိတ်ကြောင့်ဖြစ်သော မနောကံ အကုသိုလ်ကိုလည်း စိတ်ဖြင့်သာလျှင် ထိန်းသိမ်းရသည်ဟုမှတ်ပါ။
0 Comments:
Post a Comment