မေး။ ။ အတ္တ: ၀ိပဿနာရှုသည့်အခါတွင် ပညတ်ကို မြင်အောင်ရှုသလား၊ သို့မဟုတ် ပရမတ်ကို မြင်အောင်ရှုသလားဆိုသည်ကို ကွဲကွဲပြားပြား ကျမ်းကိုးနှင့်တကွ သိလိုပါသည်ဘုရား...။
ဖြေ။ ။ ပညတ်ဟူသည်မှာ မိမိတို့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ ခေါ်ဝေါ်သမုတ်ထားသော အမည်နာမမျှသာဖြစ်ပါသည်၊ ဒေသကွဲလျှင် အခေါ်အဝေါ်လည်း ကွဲသွားလိမ့်မည်ဖြစ်သည်။ ပရမတ်ဆိုသည်မှာ အရှိတရား အမှန်တရားဖြစ်သော စိတ် စေတသိတ် ရုပ် နိဗ္ဗာန်ကို ခေါ်ပါသည်။ ဝိပဿနာရှုသည့်အခါတွင် ပရမတ်ကို မြင်အောင် ရှုရပါမည်၊ ပရမတ်ကို မြင်ဖို့ အတွက် ပညတ်ကိုလည်း မြင်ရပါမည်၊
ဥပမာ။ ။ မိမိအလိုရှိသော အရာဝတ္တုတစ်ခုကို သန့်သန့်ရှင်းရှင်း ဖြစ်စေချင်လျှင် မလိုအပ်သော အရာဝတ္တုများကို ရှေးဦးစွာသိရမည်ဖြစ်၏။ သိမှသာလျှင် ရွေးထုတ်ယူငင်နိုင်မည်ဖြစ်သကဲ့သို့၊ ပညတ်နှင့် ပရမတ်ကိုသိအောင်လုပ်ခြင်းသည်ပင်လျှင် ဝိဿနာရှုသည်ဟူ၍ အလွယ်အားဖြင့် မှတ်ထားစေချင်ပါသည်။ သို့သော် ပရမတ်ကိုမြင်မှ ဥာဏ်အမြင်ဆိုက်မည်၊ ဥာဏ်အမြင်ဆိုက်မှ ကိလေသာကိုပယ်မည်၊ ကိလေသာပယ်မှ မဂ်ဖိုလ်နိဗ္ဗာန်ဝင်မည်။
ကျမ်းကိုးအနေအားဖြင့် မြောက်များစွာရှိပါသည်၊ ရွာဦးကျောင်းအနေဖြင့် ရွှေဥမင်ဆရာတော်၏ တရားများကို နာပါဟူ၍ တိုက်တွန်းလိုပါသည်။
အတ္တ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 2:45 AM
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
0 Comments:
Post a Comment