sweetpeony:အမေးနှင့် စုန်း အောက်လမ်း ပြဿနာ အဖြေ။

မေး။ ။ sweetpeony: အရှင်ဘုရား ဗုဒ္ဓဘာသာမှာ စုန်းတွေ အောက်လမ်းတွေ ကို ယုံကြည့်မှု ထားသင့်ပါလားဘုရား။ အဲဒီအပေါ်မှာ ဗုဒ္ဓဘာသာအနေနဲ့ ဘယ်လိုပြန်ပြီး ချေပ ကာကွယ် ရမလဲဘုရား။

ဖြေ။ ။ ယုံကြည့်မှုဆိုရာ၌၊ အမျိုးမျိုးရှိပါသည်၊ ရှိသည်ဟူ၍ ယုံကြည်ခြင်း၊ ကိုးကွယ်အားထားရာ ဟူ၍ ယုံကြည်ခြင်း စသည်စသည်များ ဖြစ်ကြပါသည်။

ဥပမာအားဖြင့်= တစ်နေရာရာ၌ အိုစမာဘင်လာဒင် ရှိနေသည် ဆိုသည်ကို ရွာဦင်္းကျောင်းဆရာတော် ယုံကြည်ပါသည်၊ သို့သော်လည်း ၄င်းဘင်လာဒင်အား သက်ရှိထင်ရှားရှိသည် ဒါမှမဟုတ် ရှိခဲ့သည်ဟု ယုံကြည်ရုံသက်သက် သာဖြစ်ပါသည်၊ ယုံကြည့်ခြင်းသည် ကိုးကွယ်ခြင်းမဟုတ်ပါ။

ဗုဒ္ဓဘာသာ၌ စုန်းတွေ အောက်လမ်းပညာဆရာတွေကို မယုံကြည်ဘူးဟူ၍ မပါရှိပေ၊ သို့သော် ၄င်းတို့ကို ကိုးကွယ်ဆည်းကပ်စရာ မဟုတ်ဟု၍ကား ပါရှိပါသည်။
ထို့ကြောင့် ၄င်း စုန်းတွေ အောက်လမ်းပညာရှင်တွေသည် လောက၌ ရှိသည်မှာ မှန်ပေ၏၊ ရှိသည်ဟူ၍လည်း ယုံပါလေ.။

သို့သော်လည်း အိမ်ပေါ်တင်၍ ငှက်ပျော်ပွဲ အုန်းပွဲများဖြင့် ကိုးကွယ်ဆည်းစရာ မလိုဟူ၍လည်း ဆက်လက်မှတ်သားထားပါလေ။ (ပေတဝတ္တု နိမာနဝတ္တုများကို ဖတ်ပါ)
ကိုးကွယ်ရာနှင့် ယုံကြည်ရာကို ခွဲခြားနိုင်ကြပါစေ။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP