မေး။ ။ အေးမြ: ဘယ်လို သည်းခံခြင်းက မြတ်ပါသလဲ။ ဘာကြောင့်ပါလဲဘုရား။
ဖြေ။ ။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
နဟိ ပဗ္ဗဇ္ဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
ဘယ်အရာမျိုးမှာမဆို မိမိက အသာမစံပဲ အနာခံခြင်းတည်းဟူသော ပါရမီမြောက်သည်းခံခြင်းသည် အမြတ်ဆုံးဖြစ်ပါသည်။
အခွင့်အရေးတစ်ခုခုကို မျှော်လင့်၍ သည်းခံခြင်းသည်ကား ပါရမီမြောက်သည်းခံခြင်းမဟုတ်၍ အဆုံးစွန်ထိအကျိုးပေးသော သည်းခံခြင်း မဖြစ်နိုင်ပေ။
သို့သော် = လောကီအကျိုး တော်တော်များများ၌လည်း သီးခံ၍ စောင့်စားနိုင်သူများသည် ကိစ္စတော်တော်များများ အောင်မြင်နိုင်ကြသည်ကို အလုပ်လုပ်နေသူတိုင်း၊ အခွင့်အရေး တစ်ခုခုကို မျှော်လင့်နေသူတိုင်း၊ သတိထားမိကြပေလိမ့်မည်။
ခန္တီ၏ပင်ကိုယ်တရားသည် မေတ္တာဖြစ်ပါသည်၊ မေတ္တာသည် အဒေါသ စေတသိက်ဖြစ်ပါသည်၊ အဒေါသသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် သည်းခံခြင်းသည်၊ မေတ္တာ၏ ပြယုဂ်ဖြစ်သောကြောင့်၊ အရာရာကို ငြိမ်းအေးစေနိုင်လေသည်။ ကမ္ဘာကြီး၌ ရှိရှိသမျှသော အရေးအခင်း ဟူသမျှတို့သည် သည်းမခံနိုင်ခဲ့ကြခြင်းဟူသော၊ ဒေါသမှ မြစ်ဖျားခံသည်ကို သတိမူစေချင်ပါသည်။
သည်းခံခြင်းနှင့် အေးမြ၏ မေးမြန်းချက်
ပါရမီမြောက် သည်းခံနိုင်ကြပါစေ။
Posted by ရွာဦးကျောင်း ဆရာတော် at 8:11 AM
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
0 Comments:
Post a Comment