မေး။ ။ သာဂေါင်: မိမိ၏ကိုယ်ရည်ကိုယ်သွေးကို ကြွားဝါလိုခြင်းနှင့် ပညာမာနထားခြင်းသည် ရဟန်းတစ်ပါးအနေဖြင့် မည်သို့သော အကုသိုလ်ဖြစ်ပါသနည်း။
ဖြေ။ ။ မိမိ၌ ရှိသော ပညာကိုအကြောင်းပြု၍ ပညာမာနထားခြင်းအတွက် ဝိနည်းအနေအားဖြင့် အာပတ်ဟူ၍ မဆိုသာပေ၊ ကြွားဝါလျှင်(ညာလျှင်)ကား သမ္ပဇာနမုသာဝါဒ သိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်ပါသည်။ သို့သော် မိမိ၏ကိုယ်ရည်ကိုယ်သွေးကို ကြွားဝါခြင်းဆိုရာ၌ ရှိသည်ကို မရှိသကဲ့သို့ဟန်ဆောင်လျှင် မာယာ ဟုခေါ်ဆိုပြီး၊ မရှိသည်ကို ရှိသကဲ့သိုဟန်ဆောင်လျှင် သာထေယျ ဟုခေါ်လေ၏၊ ရဟန်းတော်များ ဒုက္ကဋ်အာပတ်သင့်၏။
မိမိ၌မရှိသော ဈာန်မဂ်ဖိုလ်ကို ရှိသကဲ့သို့ဟန်ဆောင်ကြွားဝါလျှင်ကား ပါရာဇိကကျလေသည်။
ဤ မာယာ နှင့် သာထေယျသည် ပြုလုပ်ရန်လွယ်ကူသလောက် အလွန်အပြစ်ကြီးသည်ဟူ၍ မှတ်ပါလေ။
မှတ်ချက်။ ။ ဤအမေးပုစ္ဆာသည် ဝိနည်းအရာဖြစ်သောကြောင့် ကျမ်းတတ်အကျော် ဆရာတော်တို့အား ပြန်လည်လျှောက်ထား မေးမြန်းကြည့်စေလိုပါသည်။
သာဂေါင်နှင့် ပညာမာန အမေးအဖြေ
Posted by ရွာဦးကျောင်း ဆရာတော် at 3:37 AM
Labels: ဘာသာရေးအမေးအဖြေကဏ္ဍ
0 Comments:
Post a Comment