ကပ္ပိယကျော်ခေါင် နှင့် ကမ္ဘာ့အံ့ဖွယ်နစ်ပါး

တစ်နေ့သ၌ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်၊ ထိုင်နိုင်ငံ ဘန်ကောက်မြို့အတွင်း၌ တက္ကဆီကားတစ်စီးပေါ်တွင် အခန့်သားထိုင်လျှက် တက္ကဆီသမား၏ ပြောစကားများကို နားမလည်သော်လည်း လည်သကဲ့သို့ ခေါင်းတစ်ညိတ်ညိတ်ဖြင့်၊ ဟန်ကိုယ့်ဖို့ဟုဆိုကာ၊ ဣနြေ္ဒမပျက် စီးနင်းလိုက်ပါလာလေတော့၏၊ အကြောင်းမှာကား ထိုင်း လဝက ၏ ဥပဒေအရ ဟု ဆိုကာ သုံးလလျှင်တစ်ကြိမ်းနှုန်းဖြင့် လဝကရုံးသို့ သွားရောက်ပြသရခြင်းဖြစ်လေသည်။ အကျွန်ုပ် ကပ္ပိယကျော်ခေါင်သည်ကား ပြလို၍ ပြရခြင်း မဟုတ်သလို သူတို့ကလည်း ကြည့်လို၍ ပြခိုင်းခြင်း တော့ မဟုတ်လောက်တန်ရာ။

ထိုသို့သွားလာနေစဉ် သတင်းထူးနစ်ခုကို တိုက်တိုက်ဆိုင်ဆိုင်ပင်၊ ကြားလိုက်ရလေ၏၊ တစ်ခုမှာကား = အင်မတန်မှ မီးပြတ်ခဲလှသော ဘန်ကောက်မြို့၏ အချက်အချာကျရာနေရာတစ်ခု ဖြစ်သော၊ မန်ချက်စတာယူနိက်တက်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးစကားခဲ့ရာနေရာ၏အနီးလည်းဖြစ်၊ နာမည်ကျော်ကြားလူသိများသော အေဘက် တက္ကသိုလ်၏ အနီးလည်းဖြစ်သော၊ ဘန်ကပီ လန်ခမ်ဟန်လမ်း ဟွားမတ်ရပ်ကွက်တွင် နံနက် ၈ နာရီမှ နံနက် ၉ နာရီ အထိ လျှက်စစ်မီးများ တစ်နာရီတိတိပြတ်တောက်သွားကြောင်း သိရှိရလေ၏။

အလား(မ)တူစွာပင်လျှင်-ဧရာဝတီတိုင်း လပွတ္တာမြို့၏ အချက်အချာဖြစ်သော မြို့မဈေး တွင်လည်း၊ မကြုံစဖူး ထူးကဲစွာ နံနက် ၈ နာရီမှ နံနက် ၉ နာရီအထိ လျှက်စစ်မီးများ တစ်နာရီတိတိ ရရှိခဲ့ကြောင်းကိုလည်းကြားသိခဲ့ရပါသည်၊ ယခုကဲ့သို့ လပွတ္တာမြို့အတွင်း နေခင်းကြောင်တောင် မီးရရှိမူမှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်းဟူ၍လည်း သိရှိရပါသည်။

ဤကဲ့သို့ အဖြစ်အပျက်များနဲ့ ပတ်သက်၍၊ တိုက်တိုက် ရင်ဆိုင်ခဲ့ရသူများအနေဖြင့် တအံ့ တသြဖြစ်ရကြောင်းကိုလည်း အကျွန်ုပ်ကပ္ပိယကျော်ခေါင်မှ မှတ်တမ်းတင်သိရှိခဲ့ရပါသည်။
တစ်ခုထူးခြားသည်မှာကား ဘန်ကောက်မြို့ ဘန်ကပီ လန်ကမ်ဟန် တွင် လျှက်စစ်မီးများ တစ်နာရီ တိတိပြတ်တောက်သွားသည်ကို အံ့သြုကသူများနှင့်၊ ဧရာဝတီတိုင်း လပွတ္တာမြိုမှ လျပ်စစ်မီးများ ထူးထူးခြားခြား တစ်နာရီတိတိရရှိ၍ အံ့သြကြသူများသည် မည့်သည့်ကွာဟချက်များ ရှိသည်ဆို သည့်အချက်ကို မတင်ပြနိုင်မူများမှာ အကျွန်ုပ်ကပ္ပိယကျော်ခေါင်၏ ပေါ့လျှော့ ညံ့ဖျင်းမူတစ်ခုသာ လျှင်ဖြစ်လောက်တန်ရာ၏ ဟု မရိုးမသား မဝံ့မရဲ ဝန်ခံလိုက်ရပါကြောင်း။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP