ကပ္ပိယကျော်ခေါင် နှင့် လူမှူဘဝရသစုံလင် ထိုင်းတစ်ခွင်

တစ်နေ့သ၌ ကပ္ပိယကျော်ခေါင်သည်၊ ထိုင်းနိုင်ငံသို့ ရောက်တုန်းရောက်ခိုက် နယ်မြေဗဟုသုတ အလို့ငှာ၊ သူငယ်ချင်းများရှိရာ တောအရပ်ဖက်ဆီသို့ ခရီးဒေသစာရီ လှည့် လည်နေလေတော့၏။ ထိုသို့သွားရောက်လည်ပတ်ရာ အရပ်တိုင်းအရပ်တိုင်း၌လည်း သူသည် အတတ်နိုင်ဆုံး ဗဟုသုတများကို ရှာဖွေစုဆောင်းလေ၏။ ဒီနေ့လည်း သူရောက်ရှိနေသည့် ကျုန်ဖော်မြို့လေး၏ ချောင်းကျကျတစ်နေရာတွင်၊ ခပ်တည်တည်ထိုင်နေရင်းမှ တစ်ဖက်ခန်းမှ စကားသံများ ပွစိပွစိ ပြောဆိုနေသည်ကို ကြားမိ၍၊ ဂရုစိုက်ပြီး နားစွင့်ကြည့်နေမိလေတော့၏၊ ပထမသော် ကပ္ပိယကျော်ခေါင်၏အထင်မှာ သမီးငယ်လေးတစ်ယောက်အား အဖေဖြစ်သူက ချော့မော့နေသည်ဟူ၍ ထင်မိလေ၏။ ထင်မည်ဆိုလည်း ထင်မိစရာပင်၊ ၁၈ နစ်အရွယ် ခန့် မိန်မပျော်လေးတစ်ဦးအား အသက် ၄၀ အရွယ်ရှိ ဗိုက်ပူနံကား ယောက်ျားကြီးတစ်ယောက်က အားပေးစကားပြောကြားနေသည်ကိုတွေ့နေရသောကြောင့်ဖြစ်လေ၏၊ ဤမျှလောက် ကျက်သရေ မရှိလှသော မည်းမည်းတူးတူး ဗိုက်ပူနံကားယောက်ျားကြီးတစ်ယောက်မှာ ယခုကဲ့သို့ အလွန်တရာ ချောမောလှပသော ဖြူဖြူဖွေးဖွေး သမီးလေးတစ်ယောက်ရှိလိမ့်မည်ဟူ၍ ကပ္ပိယကျော်ခေါင်း ထင်မထားမိခဲ့ပေ။ ကံကြမ္မာ၏ အကျိုးပေးကား ဆန်းကြယ်လှပါပေစွတကား။
အရာရာကို မဆီမဆိုင်စပ်စုလွန်းတတ်သော ကပ္ပိယကျော်ခေါင်သည် မနေနိုင် မထိုင်နိုင်ဖြစ်ပြီး သွားရောက်မေးမြန်းချင်စိတ် တစ်ဖွားဖွားဖြစ်ပေါ်နေလေတော့၏၊ ယခုလို မျက်နှာငယ်လေးများဖြင့် ဒုက္ခရောက်နေသော မိန်းမချောလေးများကို ကူညီလိုစိတ် ဖြစ်ရခြင်းသည် ယောက်ျားတော်တော်များများ၏ မွေးရာပါ စေတနာတစ်ခုပင် မဟုတ်ပါလော။ ကျော်ခေါင်တစ်ယောက်သည်လည်း ရင်ထဲ့ကစေတနာကို တားမနိုင်သည့်အဆုံး၊ သွားရောက် မေးမြန်းကြည့်သောအခါ ကိုယ့်ကိုကိုယ် လူကဲခတ် အလွန်းတော်သည်ဟု ယူဆထားသော ကပ္ပိယကျော်ခေါင်သည် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲရလေတော့၏။
ဖြစ်ပုံမှာ ဤသို့တည်း။ ။ ဗိုက်ပူနံကား ယောက်ျားကြီးနှင့် ၄င်းဖြူဖြူဖွေးဖွေး မိန်းခလေးငယ်တို့သည် လွန်ခဲ့သော နစ်နစ်ခန့်လောက်ကတည်းက၊ လူကိုမမြင်ဖူးပဲ ဖုန်းဖြင့် ဆက်သွယ်ကာ တစ်ဦးနှင့် တစ်ဦး သံယောဉ်အမျှင်တန်းနေခဲ့ကြသည်ဟု သိရလေ၏၊ ထိုသို့ လူကိုမဖြင်ဖူးပါပဲ ဖုန်းဖြင့်ဆက်သွယ်နေကြသည်ကို (တော်ကီဟု) ခေါ်သည် ဟူ၍လည်း သိလိုက်ရလေ၏။ ယခုသော် ဘဝတစ်ခုကို လက်တွဲတော့မည်ဟု ဆုံးဖြတ်ချက်ချလျှက် ပွဲစားခ ဘတ် ၄၀၀၀ တိတိ ပေးကာ၊ ဒီနေ့ မနက် မိုးမလင်းခင်ကလေးကမှ ဗိုက်ပူကြီးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ ခါစ သတိုးသမီးလောင်းကလေး ဖြစ်ကြောင်းသိရလေ၏။ ယခု ဗိုက်ပူကြီး၏ ရုပ်သွင်ကို ၄င်းမိန်းခလေးငယ်မှာ လုံးဝ အာရုံပြု လက်ခံ၍မရသဖြင့် မိမိ၏ နယ်ရပ်ကို ပြန်ပို့ပေးရန်၊ တောင်းပန်းနေသည်ဟု သိရလေတော့၏။ အသားမည်းသလောက် စိတ်ကောင်းရှိပုံပေါ်သော ထိုမည်းမည်းတူးတူး ဗိုက်ပူကြီးသည်လည်း၊ ပြန်လည်ကာ ပို့ပေးချင်သော်လည့်း လောလောဆယ် ပွဲစားခ ငွေမရှိဟု သိရသောကြောင့် ကပ္ပိယကျော်ခေါင်နှင့်တကွ အတူနေ သူငယ်ချင်းများစုပေါင်းကာ၊ ပွဲစားငှါးပြီး ပို့ပေးလိုက်ရလေတော့၏။
ကောင်းမလေးအနေဖြင့် ပြန်မည်ဆိုလည်း ပြန်ချင်စရာပင်ဖြစ်လေ၏၊ ၄င်း အသက် ၄၀ အရွယ်ရှိ၊ ဗိုက်ပူနံကား မည်းမည်းတူးတူးကြီးသည်၊ အသံသာသလောက် အလွန်တရာမှ ညစ်ပတ် ပေစုတ်သော၊ တွံတေး နှင့် မအူပင်ကို မီးသွေးတင်ပို့သော မြမြစန်းမော်တော်ဘုတ် ကဲ့သို့ ဖြစ်လေတော့သတည်း။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP