သေချင်ရင် စိန်မစားနဲ့ 

အခုတလော ထိုင်းနိုင်ငံတွင် အောက်ပါသတင်းများကို လူအများစိတ်ဝင်းစားလျှက်ရှိပါသည်။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဤရွာဦးကျောင်းမှနေ၍ အကျွန်ုပ်ကပ္ပိယကျော်ခေါင် ကြော်ငြား လိုက်ပါသည်။

အောက်ပါဖုန်းနံပါတ်များဖြင့် မိမိဖုန်းသို့ ဝင်လာပါက မကိုင်ကြစေရန် ထိုင်း အမှတ် ၃ စလောင်းမှ ကြော်ငြာထားသည်ဟု တစ်ဆင့်စကားများကြားသိရပါသည်။ ကိုယ်တိုင်လည်း ထိုင်းစကားနားမလည်ပါသဖြင့် တစ်ဆင့်စကားသာဖြစ်ပါသည်။
၎င်းဖုန်းနံပါတ်များဖြင့် ဝင်လာသော ဖုန်းများကို ကိုင်မိ၍ နားမှ သွေးများ ယိုစီးကာ ဆေးရုံသို့တက်ရောက်ကြရသည် ဟူ၍လည်း တစ်ဆင့်စကားများ ကြားသိရပါသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို အကျွနုပ်ကပ္ပိယကျော်ခေါင် နားမလည်နိုင်ကြောင်းပါ။ အားလုံး အရှိနဲ့ အသိ ထာဝရမြဲကြပါစေ။

ဖုန်းနံပါတ်တွေက


083-333-6768
083-333-6867
083-356-6867
083-336-6567
083-373-6657
081-336-6657
080-889-8887

http://blog.nweyoe.net/2010/01/21/warning-thai-phone/ ဒီဆိုဒ်မှာလည်း ဝင်ကြည့်လို့ ရပါတယ်။

0 Comments:

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

"အို ကာလမတို့-

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြလျှက်=

ဤဘလော့၌ ရွာဦးကျောင်းဆရာတော် ဤကဲ့သို့ ဖြေကြားထားသည်ဟူ၍လည်း ဟုတ်လှပြီဟု အပြီးသတ် မမှတ်ယူကြစေချင်ပါ။


  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP